Main menu

Background

Tuesday, 5 Oct 2010

ပဲကြီး (ရွှေကျွန်း) လည်းအရောင်းအဝယ်ဖြစ်လာ     ပြည်ဈေးကွက် ပဲကြီးဈေးနှုန်းများမှာ လက်လီဈေးတစ်တင်းကို ပဲကြီး(ကမ်းနား) မှာ ၂၉၅ဝဝ ကျပ်၊ လက်ကားဈေး၂၉ဝဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) မှာ ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်ထိ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ယခင်အပတ်က ပဲကြီး(ကမ်းနား)သာ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခု တစ်ပတ်အတွင်း ပဲကြီး(ရွှေကျွန်း)လည်း အနည်း ငယ် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး လိုင်းသမားများ အဝယ်မရှိဘဲ ပဲကြော်လုပ်ငန်းများသာ အဝယ်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၂ဝဝ ခန့် ပုံမှန် အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။                                                                                                                         ခင်ဆွေဝင်း

Tuesday, 5 Oct 2010

ဒီတစ်ပတ်ပဲယင်း တန် ၂ဝဝ တင်         ပင်လယ်ရေကြောင်းက ပဲယင်းတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း တန်ချိန် ၂ဝဝ ထိ တိုးတက်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ဖိလစ်ပိုင်ကို တန် ၅ဝ သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ်မှာ အိန္ဒိယနဲ့ စင်ကာပူကို တင်ပို့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်လိုပဲ FAQတစ်တန်ကို ကန်ဒေါ်လာ၆၆ဝ-၆၈ဝ ရှိတယ်လို့သိရပါတယ်။  

Tuesday, 5 Oct 2010

လက်လီဝယ်ယူမှုများရှိပေမယ့် လက်ကျန်နည်းလို့ ထောပတ်ပဲရောင်းအားကျ    ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲထောပတ်ကတော့ လက်ကျန်နည်းလာပြီဖြစ်တဲ့အတွက် အရောင်း အဝယ်လည်း သိပ်မဖြစ် ကြတော့ဘူးလို့ သိရပါတယ်။ သြဂုတ်လအတွင်းက တစ်ရက်ကို အိတ် ၃ဝ မှ ၄ဝ ခန့် လက်လီသမားများဖြင့် ပုံမှန် အရောင်း အဝယ်ဖြစ်ခဲ့ကြသော်လည်း စက်တင်ဘာလဆန်းမှစလို့ လက်ကျန် နည်းလာခဲ့သလို အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ဝယ်လိုအား တွေရှိပေမယ့် ရောင်းအားကျလာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ စက်တင်ဘာလ နောက်ဆုံးပတ်အထိ တစ်ရက်ကို အိတ် ၂ဝ ခန့် ရောင်းဝယ်ခဲ့ကြပြီး  ယခုစက်တင်ဘာလ ကုန်ရက်မှာတော့ ဈေးနှုန်းက တစ်တင်းကို ၂၆ဝဝဝ ကျပ် ရှိခဲ့ပေမဲ့ ယခင်အပတ် ကလောက် အရောင်းအဝယ် မဖြစ်တော့ကြောင်း သိရပါတယ်။                                                                                                                             ခင်ဆွေဝင်း

Tuesday, 5 Oct 2010

 လက်ကျန်နည်းသွားပြီးဖြစ်တဲ့ မြေထောက်နဲ့ထောပတ်ပဲ တင်ပို့မှုလျော့လာ     ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းသွားပြီဖြစ်တဲ့ မြေထောက်နဲ့ ထောပတ်ပဲဟာ ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းတင်ပို့မှု သိသိသာသာလျော့လာတာတွေ့ရပါတယ်။ စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း ယခုတစ်ပတ်မှာမြေထောက်ပဲတန် ၅ဝ နဲ့ထောပတ်ပဲ တန် ၂၅ ခန့်သာတင်ပို့ခဲ့ပါတယ်။ ယခုနှစ်မှာမြေထောက်ပဲဟာ ရုရှား ကိုတင်ပို့မှု များတယ်လို့ သိရပါတယ်။ ဂျပန်ကဝယ်ယူမှုများတဲ့ ထောပတ်ပဲဟာလည်း  ပြည်ပဝယ်လိုအားကောင်းနေပေမဲ့ ပြည်တွင်း လက်ကျန်မရှိသလောက် နည်းသွားပြီလို့ သိရပါတယ်။     ရန်ကုန် FOB  ဈေးအနေနဲ့ စက်တင်ဘာလ ၃ဝ ရက် ထောပတ်ပဲဈေးမှာ ယခင်ရက်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲၤFAQ  တစ်တန်ကို ကန်ဒေါ်လာ ၈၄ဝ-၈၆ဝ ရှိပြီး မြေတောက်ပဲ  FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၉၅-၇၁၅ ရှိရာမှစက်တင်ဘာလ ၃ဝ ရက်မှာကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ကို လျော့ကျခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက် ပေါက်ဈေး အနေနဲ့ မြေထောက်ပဲ Polished  တစ်တန်ကို ကန်ဒေါ်လာ ၇၉၁၊့Unpolished တစ်တန်ကို ကန်ဒေါ်လာ ၇၆၉ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။                                                                MIRT(MAPT) 

Tuesday, 5 Oct 2010

 ပဲလွန်းဖြူမျိုးပြောင်းလဲဖို့ တောင်သူများလေ့လာ     ပဲလွန်းဖြူမျိုးပြောင်းလဲဖို့ တောင်သူများလေ့လာ ပဲခူးတိုင်းဒေသကြီးအနောက်မှာ ပဲလွန်းဖြူသီးနံှဟာ ဆောင်းသီးနံှ ဖြစ်တဲ့အတွက် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်စိုက်ပိုျးရန် အတွက် စိုက်ဧက ၃၇ဝဝဝ ခန့် လျာထားပြီးဖြစ်ပါတယ်။ ပဲလွန်းဖြူသီးနံှကို မိုးညိုမြို့နယ်မှ အများဆုံးထွက်ပြီး အခြားတိုင်းများ သို့ တင်ပို့မှုနည်းကာ တိုင်းအတွင်းမှာသာ ရောင်းဝယ်မှုရှိပါတယ်။ ယခင်က ပဲလွန်းဖြူပေါ်ချိန်မှာ တစ်တင်းကို ၂ဝဝဝဝ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိပါတယ်။ ယခင်က ပဲလွန်းဖြူ ဒေသ မျိုးကိုသာ စိုက်ပျိုးမှုရှိခဲ့ရာမှ ယခုအချိန်တွင် ပဲလွန်းဖြူချက်နက်မိုျးကို မျိုးပြောင်းလဲစိုက်ပိုျးဖို့အတွက် မျိုးဈေးနှုန်းနဲ့ စိုက်ပျိုးနည်း စနစ်များကို လေ့လာနေကြတယ်လို့ သိရပါတယ်။လွင်လွင်ဆန်း

Tuesday, 5 Oct 2010

 မုံရွာကုလားပဲဈေးတန့်ပေမဲ့ ဝယ်လက်ဆွဲ          မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ စက်တင်ဘာလအတွင်း ဈေးကောင်းနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ပဲကတော့ ကုလားပဲ ဖြစ်ပါတယ်။ ဒီလထဲမှာ ဒေသတွင်း ခွဲစက်၊ နယ်လက်နဲ့ မြို့အတွက် ဝယ်ယူမှုတွေအပြင် ကုန်သည်အချို့ပဲပြောင်းဝယ်ယူ သိုလှောင်မှုရှိတဲ့အတွက် အခုလိုအရောင်းအဝယ်သွက်ခဲ့ခြင်းဖြစ်တယ်လို့ ပွဲရုံရပ် ကွက် က ကြားသိရပါတယ်။ စက်တင်ဘာလအတွင်း တစ်တင်းအနိမ့်အမြင့် ပေါက် ဈေးများအနေနဲ့ ကုလားပဲ (ရိုးရိုး)    ၁၉ဝဝဝ ကျပ်မှ ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂ဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်၊ ကုလားပဲ ဗွီတူး ၁၉၂ဝဝ ကျပ်မှ ၂ဝ၈ဝဝ ကျပ် အသီးသီး အတက်အကျရှိခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် အရောင်း အဝယ် သွက်ခဲ့တယ်လို့ သိရပါတယ်။    စက်တင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ကုလားပဲ စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၈ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၆ဝဝဝ ခန့် ရှိ ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။                                                                                                                                ထွန်းလှိုင်

Tuesday, 5 Oct 2010

 ပြည်ကုလားပဲဈေး အနည်းငယ်မြင့်       ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးမှာ စက်တင်ဘာတတိယပတ်က တစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခု စက်တင်ဘာ နောက်ဆုံး ပတ်မှာ ၂၁၇ဝဝ ကျပ်ဈေးဖြင့်တစ်တင်းကို ၁၂ဝဝ ကျပ် ဈေးမြင့်ခဲ့ပါတယ်။ ကုလားပဲ ဗွီတူးကတော့ ဈေးမပြောင်းပဲ ၂ဝ၇ဝဝ ကျပ်ဖြင့်သာရှိနေပါတယ်။ ပဲခွဲစက်၊ ကြာဇံ စက်များမှ ပုံမှန်အဝယ် ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၂ဝဝ ခန့် အရောင်း အဝယ် ရှိပါတယ်။ လက်လီသမားများ အဝယ်လိုက်လာပြီး အခြားတိုင်းသို့ တင်ပို့ရောင်းချမှု ရှိတဲ့အတွက် ဈေးမြင့် တက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်မှ ရန်ကုန်မြို့သို့ ယခုတစ်ပတ်အတွင်း ကုလားပဲအိတ် ၈ဝဝ တင်ပို့ရောင်း ချခဲ့ရကြောင်း သိရပါတယ်။                                                                                           လွင်လွင်ဆန်း                                                                                                                                                                  

Tuesday, 5 Oct 2010

 မန်းပဲတီစိမ်းဈေး ခပ်အေးအေး         ဈေးကွက်အတွင်း ပဲတီစိမ်းစီးဝင်မှု ရှိနေသော်လည်း တရုတ်ဝယ်လိုအားနဲ့ ရန်ကုန်ဝယ်လက်တို့မှ ဝယ်လိုအား နည်းလာ တဲ့အတွက် ယခုတစ်ပတ်မှာ ဈေးကွက်အတွင်း အရောင်းအေး ဈေးအေးလာတာကို တွေ့ရပါတယ်။ စက်တင်ဘာလ အတွင်း ပဲတီစိမ်းဈေးကွက်ဟာ အမြင့်ဆုံး တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန်ကို ၈၁၆၃ဝဝ ကျပ်အထိ ဈေးရှိခဲ့ပြီး နောက်ဆုံး ပတ်မှာ တစ်ပိဿာကို ၁၁၉၁ ကျပ်၊ တစ်တန်ကို ၇၂၉၃ဝဝ ကျပ် ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဝယ်လို အားနည်းလာ တဲ့အတွက် ဈေးအေးလာပြီး စက်တင်ဘာလ အတွင်း တရုတ်သို့ ၃၂ဝဝ တန်၊ ရန်ကုန်သို့ ၂၅ဝဝ တန် တင်ပို့ခဲ့ပြီး ဈေးကွက် အတွင်း ရောင်းဝယ်မှုအနေနဲ့တော့ ခပ်အေးအေးပဲ ရှိနေဦးမယ်လို့ ကုန်သည်တစ်ချို့မှ ခန့်မှန်း ကြပါတယ်။                                                                                                                      ကျော်ကျော်မိုး

Monday, 4 Oct 2010

 အဝင်နည်း အဆွဲအေးတဲ့ မုံရွာပဲတီစိမ်း    စက်တင်ဘာလကုန်ပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ နယ်စုံမှ ပစ္စည်းအသင့်အတင့်သာ ဝင်ရောက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်တဲ့ပဲတွေ ပိုများလာကြောင်း ပွဲရုံရပ်ကွက်မှ ကြားသိရပါတယ်။ဒေသခွဲစက်နဲ့ ရန်ကုန်၊ မန္တလေးဝယ်လက်တွေက ထိန်းထိန်းသိမ်းသိမ်းဝယ်ယူနေလို့ ဒီရက်သတ္တပတ်ထဲမှာ ပဲတီစိမ်း ကြီးဈေး တည်ငြိမ်နေတာတွေ့ရပါတယ်။ အောက်စတစ်တင်း ၂၁၅ဝဝ ကျပ်မှ ၂၂ဝဝဝ ကျပ်နဲ့ ထိပ်စတစ်တင်း ၂၃၅ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်အတွင်း ဈေးငြိမ်နေပြီး တစ်ရက်ကို တင်း ၃ဝဝ မှ ၅ဝဝ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ စက်တင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းကြီး စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၁၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ခန့်ရှိကြောင်း လေ့လာ သိရှိရပါတယ်။                                                                                                                                                    ထွန်းလှိုင်

Monday, 4 Oct 2010

 ပြည်မှာ ပဲတီစိမ်း အရောင်းအဝယ်ဖြစ်       ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းအသစ်များအဝင်မရှိတော့သလောက်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ကတစ်ရက်ကို အိတ် ၄ဝ ၊ ၅ဝ ခန့်အဝင်ရှိခဲ့ပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ ယခု တစ်ပတ်မှာတော့ ပဲတီစိမ်း တစ်တင်းကို လက်လီဈေး ၂၃၅ဝဝ ကျပ်နဲ့ လက်ကားဈေး ၂၄ဝဝဝ ကျပ်ရှိခဲ့ပြီး ပဲတီစိမ်း မျိုးပဲ ကတော့ ၂၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ တစ်ရက်ကို ၁ဝ အိတ် ၊ ၁၅ အိတ်ခန့် ရောင်းချခဲ့ကြရတယ်လို့ ဈေးကွက် ကသိရပါတယ်။ ယခုတစ်ပတ်အတွင်း လိုင်းသမားများ အဝယ်မရှိတော့တဲ့အတွက် မျိုးပဲတစ်မျိုးသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                   ခင်ဆွေဝင်း

Pages