Background
ဟင်္သာတတောင်သူတို့ မတ်ပဲသစ်များ ပြန်လည်စိုက်ပျိုးပြီ ဟင်္သာတခရိုင်အတွင်းမှာ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များပါဝင်ပြီး ပဲသီးနံှအုပ်စုရဲ့ အဓိကစိုက်ပျိုးရောင်းဝယ်မှု ပြုလုပ်ကြတဲ့ မတ်ပဲကို နှစ်စဉ်နိုဝင်ဘာလမှာ စတင်စိုက်ပျိုးကြပါတယ်။ ဖေဖော်ဝါရီ လမှာ ရောင်းဝယ်မှုများစလုပ်ကြပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ဟင်္သာတ ခရိုင်အတွင်း မတ်ပဲ ဧက ၃၉၃၅၅၆ စိုက်ပျိုးခဲ့ပြီး တင်းသိန်း ၄၅ သိန်းခန့်ထွက် ခဲ့ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာတော့ ဟင်္သာတခရိုင်တွင် မတ်ပဲဧက ၃၉၇၃၉၂ စိုက်ပျိုးဘို့ လျာထား ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာပထမပတ်ထိ မတ်ပဲဧက ၄၅ဝဝ စိုက်ပျိုးပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ရောင်းဝယ်နေတဲ့ မတ်ပဲဈေးက ယခင်အပတ်ထက် တစ်တင်းကို ၁ဝဝဝ ကျပ်ခန့် ဈေးမြင့်လာပြီး ၂၄၆ဝဝ ကျပ်ဖြစ်ခဲ့ကာ နေ့စဉ် ပျမ်းမျှအိတ် ၇၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
မုံရွာ ပဲဈေးကွက်သို့ မိုးမတ်ပဲများ ဝင်ရောက်လာ မုံရွာပဲဈေးကွက်ကို မိုးစိုက်မတ်ပဲများဝင်ရောက်နေပြီလို့ သိရပါတယ်။ တစ်တင်း ၂၆ဝဝဝ ကျပ်၊ ၂၇ဝဝဝ ကျပ်ရှိနေပြီး ပြည်ပဝယ်လက်က အဟောင်းစကို အကြိုက်များကြောင်း သိရပါတယ်။အသစ်ပေါ်တဲ့ မိုးမတ်ပဲမှာ စိုက်ပျိုးရာသီမှာ မိုးကြီးမှု ကြောင့် အရည်အသွေးအနည်းငယ်ညံ့ကြောင်း သိရပြီး နေ့စဉ် ချောင်းဦး၊ အရာတော် မြို့နယ်များမှ အိတ်ရေ ၅ဝဝ ခန့် ဝင်ရောက်နေပြီလို့ သိရပါတယ်။ အောင်မင်း
ယခုအပတ်မူဆယ်ရော စစ်တွေကပါ မတ်ပဲတင်ပို့နိုင် မေလမှ တန်ချိန် ၅၆၈ဝ နီးပါး တင်ပို့နိုင်ခဲ့ပြီးနောက်ပိုင်း တင်ပို့နိုင်ခဲ့ခြင်းမရှိတဲ့ မတ်ပဲကို ယခုအပတ်မှာ တန်ချိန် ၃၁ဝ ၊တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ၃၃၆၄သန်းဖိုး မူဆယ်နယ်စပ်မှပြန်လည်တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် မှာ မူဆယ်အပြင်စစ်တွေနယ်စပ်ကလည်း ဒေသထွက် မတ်ပဲ ၅ တန် တင်ပို့နိုင် ပါသေးတယ်။ မူဆယ်နယ်စပ်မှာ မတ်ပဲ တစ်တန်ပေါက်ဈေးက မိမိဘက် မှာ ၁ဝ၁၇၉၂၇ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၁၁၂၃ ဒေါ်လာ ဝန်းကျင် ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT )
်အောက်တိုဘာလဆန်း မှ နိုဝင်ဘာလဆန်းအတွင်း အိန္ဒိယမတ်ပဲဈေး ကန်ဒေါ်လာ ၈ဝ ခန့်ကွာခြား အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေဝင်ရောက်လာတာရယ်၊ အရောင်းအဝယ်ပါးတာရယ်ကြောင့် အောက်တိုဘာ လဆန်းကနေ နိုဝင်ဘာလဆန်းအတွင်း မတ်ပဲဈေးတစ်တန်ကို ကန်ဒေါ်လာ ၈ဝ ဝန်းကျင် လျော့ကျ ကွာခြား ခဲ့ပါတယ်။ လက်ရှိရာသီအတွင်း ပဲအထွက်မြင့်တက်မယ့် ခန့်မှန်းချက်တွေကြောင့် ဈေးထပ်ကျမယ်လို့ ဈေးကွက်က မျှော်လင့် နေကြပါတယ်။ ဒါပေမဲ့ ကာနာတာကာနဲ့ အတ္တရာပရာဒေ့ရှ်မှာ မိုးရွာသွန်းနေတာကြောင့် မတ်ပဲများ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်လဆန်းနဲ့ ယခုလဆန်း မွန်ဘိုင်းဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၃-၁၁-၁ဝ ၉၂၄-၉၃ဝ ၉၃၅(အညာရွှေဝါ)၄-၁ဝ-၁ဝ ၁ဝ၁၈ ၁၄ဝဝ(ပဲတီရွှေဝါ) MIRT(MAPT)
မတ်ပဲတင်ပို့မှုလည်း အားလျော့လာ ယခင်သီတင်းပတ်များက အပတ်စဉ်မတ်ပဲတန်ချိန် ၁ဝဝဝဝ အထက်မှာ ရှိနေခဲ့ရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၇ဝဝဝ ကျော်ကို တင်ပို့မှု အားပျော့လာတာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လအတွင်း တင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၃၅ဝဝဝ ခန့်ရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၅ဝဝဝဝ နီးပါးတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ မှာတော့ တန်ချိန် ၈ဝဝဝဝ ကျော်ရှိခဲ့တာကြောင့် ယခုနှစ် တစ်လချင်းတင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။ အဓိက ကတော့ အိန္ဒိယမှာ ယခုနှစ် ပဲမျိုးစုံအထွက်ပိုတာကြောင့် ၎င်းတို့ဈေးကွက်တွေမှာ ပဲတွေရရှိနိုင်သေးတဲ့အတွက် ပြည်ပက အဝယ်နှေးကွေးနေတာဖြစ် ပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ပြောင်းလဲမှုများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၄-၁၁-၁ဝ ၉၃ဝ-၉၄ဝ ၁၁၁ဝ-၁၁၂ဝ၂၉-၁ဝ-၁ဝ ၉၄ဝ-၉၅ဝ ၁၁၁ဝ-၁၁၂ဝ MIRT(MAPT)
ပြည်ပဲစင်းငုံ ဈေးဆက်ငြိမ်နေ ပြည်ဈေးကွက်မှာ ဒေသတွင်းထွက်ရှိတဲ့ ပဲစင်းငုံလက်ကျန်မရှိတော့ ပေမယ့် အောက်တိုဘာလအတွင်း အောင်လံမှ အိတ် ၁၅ဝ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ ပဲစင်းငုံဈေးမှာ အောက်တိုဘာ တတိယပတ်က တစ်တင်း ၂ဝဝဝဝ ကျပ် ရှိရာမှ အောက်တိုဘာနောက်ဆုံးပတ်မှာ ၁၈ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ ပါတယ်။ ယခုနိုဝင်ဘာ ပထမပတ်တွင်လည်း ၎င်းဈေးအတိုင်း ဈေးအတက်အကျ မရှိဘဲ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ဆုမွန်ဆွေ
်အောက်တိုဘာလဆန်း မှာ ကန်ဒေါ်လာ ၈ဝဝ ကျော်ပေါက်ခဲ့တဲ့ အိန္ဒိယပဲစင်းငုံ နိုဝင်ဘာလဆန်းမှာ ကန်ဒေါ်လာ ၆ဝဝ ကျော်ကိုရောက်ရှိ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံတစ်တန်ကို ကန်ဒေါ်လာ ၈ဝဝ ဝန်းကျင်ရှိခဲ့ရာမှ ဈေးနှုန်းဆက်လက်ဆင်းခဲ့ရာ နိုဝင်ဘာလဆန်းမှာ ကန်ဒေါ်လာ ၆ဝဝ ကျော်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ်ယခုလိုအချိန်မှာပဲစင်းငုံဈေး ကန်ဒေါ်လာ ၁ဝဝဝ အထက် အတော်များ အောင် ခေါင်ခိုက် မြင့်တက်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ပိုမိုစိုက်ပျိုးလာကြသလို အထွက် လည်း ပိုမိုတာကြောင့် ဈေးနှုန်းက အတက်ဘက်ကိုမသွားဘဲ အဆင်းဘက်ကို ဆက်လက်ဦးတည်နေတာဖြစ်ပါတယ်။ ယခင်လနဲ့ ယခုလဆန်း အိန္ဒိယမွန်ဘိုင်း ဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးကို ဖော်ပြလိုက်ပါတယ ဒေါ်လာ/ တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၃-၁၁-၁ဝ ၆၆၅ ၇၆ဝ၄-၁ဝ-၁ဝ ၇၉၅-၈ဝဝ ၈၂၅ MIRT(MAPT)်
ပဲစင်းငုံတင်ပို့မှု တန်ချိန် ၁ဝဝဝ ဝန်းကျင်ကို လျော့ကျ အိန္ဒိယဝယ်လက်များ အဝယ်နှေးလာတဲ့ ပဲစင်းငုံဟာ ယခုတစ်ပတ် (အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၃ရက်)အတွင်းမှာ ပင်လယ်ရေကြောင်း က တန်ချိန် ၁၄ဝဝ ခန့်သာတင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်ရှိနေသေးတာရယ်၊ တန်ဇန်းနီးယားက တင်သွင်းပဲတွေ ရောက်ရှိလာတာ ရယ်ကြောင့် ပြည်ပပဲတွေအဝယ်နှေးသွားတာဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး ပဲစင်းငုံတင်ပို့မှု အနေနဲ့ တန်ချိန် ၇၅ဝဝ ရှိပြီး စက်တင်ဘာလ တင်ပို့မှု တန်ချိန် ၉ဝဝဝ ရှိလို့ ယခင်လထက်လျော့ကျလာခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ၂ဝဝ၉ ခုနှစ် ကာလတူအောက်တိုဘာလနဲ့ နှိုင်းယှဉ်ရာမှာတော့ တန်ချိန် ၂၂ဝဝ ကျော်သာ အတင်ရှိခဲ့လို့ ယခုနှစ်ကာလတူ တင်ပို့မှု သိသိသာသာပိုခဲ့ပါတယ်။ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပြည်ပအဝယ်အေးနေတာ ကြောင့် ပဲစင်းငုံဈေးလျော့ကျခဲ့ကာ FOB ဈေးမှာလည်း လျော့ကျခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင်တစ်ပတ်နဲ့နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ/ အဖြူ၄-၁၁-၁ဝ ၆၆ဝ-၆၇ဝ ၅၇ဝ-၅၈ဝ၂၉-၁ဝ-၁ဝ ၇ဝဝ-၇၁ဝ ၆ဝဝ-၆၁ဝ MIRT(MAPT)
အရည်အသွေးအလိုက် ဈေးအတက်အကျရှိတဲ့ ကမ်းနားပဲကြီး ပြည်ဈေးကွက်မှာ ပဲကြော်၊ ပဲလှော်ဖိုသမားများနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပဲကတော့ ပဲကြီး (ကမ်းနား)ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အောက်တိုဘာပထမပတ်တွင် ပဲကြီး (ကမ်းနား) မှာတစ်တင်း ၂၈ဝဝဝ ကျပ်မှ ၂၉ဝဝဝကျပ်ထိ ရှိခဲ့ပြီး ယခုအောက်တိုဘာ တတိယပတ်တွင် ပဲအရည်အသွေးပေါ်မူတည်၍ တစ်တင်းကို ၂၉ဝဝဝ ကျပ်မှ ၂၉၅ဝဝကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြတဲ့အတွက် တစ်တင်းကို ၅ဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ပါတယ်။ ပဲကြီး (ရွှေကျွန်း)ကတော့လုံးဝအရောင်းအဝယ်မဖြစ်ခဲ့ဘဲ ပဲကြီး (ကမ်းနား) တစ်မျိုးသာ တစ်ရက်ကို အိတ် ၂ဝဝ တစ်ပတ်လည် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွားတဲ့ ပြည်ထောပတ်ပဲ ပြည်ဈေးကွက်မှာ လက်ကျန်ပြတ်သွားပြီဖြစ်တဲ့ ထောပတ်ပဲဈေးနှုန်းမှာ တစ်တင်းကို ၂၆၅ဝဝ ကျပ်ဖြင့် ဈေးအမြင့်နဲ့အောက်တိုဘာ ဒုတိယပတ်မှာ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့မှုမရှိဘဲဒေသတွင်းသာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခုဆိုရင် ဝယ်လိုအားရှိပေမဲ့ လက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။ယခုနှစ်ထောပတ်ပဲဈေးနှုန်းအနေဖြင့် ဈေးအတက်အကျသိပ်မရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ်ကပဲလက်ကျန်ပြတ်ချိန်တွင် တစ်တင်းကို ၁၄ဝဝဝ ကျပ်ဖြင့် လက်ကျန်ပြတ်သွားခဲ့ပြီး ယခုနှစ်မှာတော့ ၂၆၅ဝဝ ကျပ်ဖြင့်နောက်ဆုံး လက်ကျန်ပြတ်သွားခဲ့တဲ့အတွက် ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ပဲစိုက်တောင်သူများအဖို့ ယခုနှစ်မှာ ဈေးကောင်းရရှိခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
