Background
အရှိန်မပျက်တင်ပို့မှု ရှိနေသေးတဲ့ ပဲလွန်းဖြူ လက်ကျန်လျော့နည်းလာပြီဖြစ်တဲ့ အခြားပဲအုပ်စုတွေထဲမှာ အရှိန်မပျက် တင်ပို့မှု ရှိနေသေးတဲ့ ပဲကတော့ ပဲလွန်းဖြူ ဘဲဖြစ်ပါတယ်။ အဓိကတင်ပို့နေတဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဖြစ်ပြီး ရုရှားနိုင်ငံကိုလည်း တင်ပို့မှု ရှိနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၁၃ဝဝ ကျော်ရှိပြီး သြဂုတ်လမှာ တန်ချိန် ၁၁ဝဝ ခန့်တင်ပို့ခဲ့တာတွေ့ရ ပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တန်ချိန် ၇ဝဝ ခန့် သာတင်ပို့မှု ရှိခဲ့တာကြောင့် ယခုနှစ်ကာလတူ တင်ပို့မှု သိသိသာသာ ပိုလာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပဲလွန်းဖြူ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ ရှိပြီး အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြL (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၉၂ ) ရှိကြောင်း သိရပါတယ်။ MIRT- MAPT
ဒီတစ်ပတ်တင်ပို့မှု ပြန်လည်တိုးတက်လာတဲ့ မြေထောက်နဲ့ ထောပတ်ပဲ ယခင်တစ်ပတ်က တင်ပို့မှု သိသိသာသာ လျော့ကျခဲ့တဲ့ မြေထောက်ပဲနဲ့ ထောပတ်ပဲဟာ ယခုတစ်ပတ် (စက်တင်ဘာလ ၃ဝ ရက်မှ အောက်တိုဘာလ ၆ ရက်) အတွင်းမှာတော့ တင်ပို့မှု ပြန်လည်တိုးတက်လာတာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာ မြေထောက်ပဲ တန်ချိန် ၁၇ဝ ခန့်ကို ထိုင်းနဲ့ ဖိလစ်ပိုင်ကို တင်ပို့မှု ရှိ ခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၇ဝဝ ခန့်ရှိပြီး၊ သြဂုတ်လမှာ တန်ချိန် ၈ဝဝ ကျော်၊ ၉ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုအနေနဲ့ တန်ချိန် ၃၅ဝ ခန့်သာ တင်ပို့မှုရှိခဲ့ သလို ယခင်နှစ်ကာလတူထက် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၁ ရက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၆၃ဝ-၆၅ဝ ရှိရာမှ အောက်တိုဘာလ ၇ ရက်မှာ ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ကိုလျော့ကျလာတာ တွေ့ရပါတယ်။ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်မှာ ကိုရီးယား၊ ဂျပန်နဲ့ စင်ကာပူကို တန်ချိန် ၁ဝဝ ခန့် ကို တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လလုံး ထောပတ်ပဲတန်ချိန် ၁၉ဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၃ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလမှာ တန်ချိန် ၆၇ဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ထောပတ်ပဲ ဈေးပြောင်းလဲခြင်းမရှိဘဲ တစ်တန်ကို ကန်ဒေါ်လာ ၈၄ဝ-၈၆ဝ ရှိကြောင်း သိရပါတယ်။ MIRT- MAPT
မုံရွာကုလားပဲဈေးကွက် နယ်အဝယ်သွက်နေ မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ပြီးခဲ့တဲ့လကတည်းက တက် ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့သလို အောက်တိုဘာလ ပထမပတ်မှာလည်း ဒေသတွင်း လုပ်ငန်းသုံးသမားတွေအပြင် မန္တလေးနဲ့ ရန်ကုန်ဝယ်လက်တွေ သိသိ သာသာ အဆွဲပိုခဲ့ကြောင်း သိရပါတယ်။ ယခုအပတ်ထဲမှာ ကုလားပဲရိုးရိုး တစ်တင်း ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) တစ်တင်း ၂ဝဝဝဝ ကျပ်နဲ့ ဗွီတူးတစ်တင်း ၂ဝ၈ဝဝ ကျပ်အသီးသီးဈေးမာနေလျက်ရှိကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် တင်း ၃ဝဝ အထက် နေ့စဉ်အရောင်းအဝယ်သွက်နေတယ်လို့ ပွဲရုံရက်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ ကုလားပဲတင်ပို့မှု အနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝဝ ခန့် ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ထွန်းလှိုင်
ပြည်ကုလားပဲ ဈေးဆက်လက်မြင့်တက် ပြည်ဈေးကွက်ကုလားပဲဈေးမှာ စက်တင်ဘာလနောက်ဆုံးပတ်က ၂၁၇ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုအောက်တိုဘာ ပထမပတ်တွင် ၂၂၃ဝဝ ကျပ်ဖြင့် တစ်တင်းကို ၆ဝဝ ကျပ် ဈေးမြင့်တက်ပြီး အဝယ်လိုက်နေကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခင်အပတ်တွင် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ရှိနေပေမဲ့ ယခုအပတ်မှာတော့ အိတ် ၂၅ဝ ခန့် အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းကိုလည်း ယခုတစ်ပတ်တွင် အိတ် ၈ဝဝ တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
အဝယ်သွက်လာတဲ့ မုံရွာပဲတီစိမ်းဈေးကွက် အောက်တိုဘာလ ပထမပတ်အတွင်း အဝယ်သွက်လာတဲ့ ပဲကတော့ ပဲတီစိမ်းပါ။ ဈေးအပြောင်းအလဲမဖြစ်ဘဲတစ်တင်း ၂၂၅ဝဝ ကျပ်-၂၂ဝဝဝ ကျပ်ဈေးနဲ့ အဝယ်သွက်လာပြီး နေ့စဉ်အိတ်ရေ ၁၅ဝဝ ခန့် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ ဝယ်လက်အနေနဲ့ ယခင်က ရန်ကုန်ဝယ်လက်သာရှိနေပြီး ယခုမန္တလေးဝယ်လက်ပါရှိလာလို့ အဝယ်သွက်နေတာဖြစ်ကြောင်း သိရပါတယ်။ အောင်မင်း
မျိုးအတွက်အဝယ်ရှိလာတဲ့ မတ်ပဲ ပဲခူးတိုင်းဒေသကြီး အနောက်မှာ ဆောင်းသီးနံှတစ်ခုဖြစ်တဲ့ မတ်ပဲကို ပဲစိုက်တောင်သူများအဓိကထားပြီး စိုက်ပျိုးတာကို တွေ့ရပြီး ၂ဝ၁ဝ-၂ဝ၁၁ အတွက် မတ်ပဲလျာထား စိုက်ဧက ၅၁၅၈၁၁ ဧကရှိတာကို တွေ့ရပါတယ်။ မတ်ပဲစိုက်တဲ့ ရာသီနီး လာပြီဖြစ်လို့ ပြည်မြို့ရဲ့ ပတ်ဝန်းကျင်ဒေသမှ ပဲစိုက်တောင်သူများ မတ်ပဲမျိူးများကို ဝယ်ယူ နေကြပြီဖြစ်ကြောင်း သိရပါတယ်။ ပဲမျိူး တစ်တင်းကို လက်ကားဝယ်ယူရင် ၂၆ဝဝဝ ကျပ်ဈေးရှိပြီး လက်လီ ဝယ်ယူသူများ ကတော့ ပဲတစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးနဲ့ ဝယ်ယူရတယ်လို့ သိရပါတယ်။ဝယ်ယူတဲ့ မျိုးတွေကတော့ အထွက်နှုန်းကောင်းစေတဲ့ ဒေသမျိးနဲ့ ရေဆင်း ၂၊ ရေဆင်း ၃ မျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။ တင်ပို့ဖို့ အရောင်းအဝယ်လုပ်တဲ့ မတ်ပဲဈေးကတော့ မိုးရာသီနဲ့အပြိုင် အေးနေတာကိုတွေ့ရပါတယ်။ စက်တင်ဘာလရဲ့ ဒုတိယပတ်မှာတော့ ပဲတစ်တင်း ကို ၂၅၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ရန်ကုန် ဝယ်လက် ကလည်း အဝယ်အေးနေပြီး မြို့တွင်းပဲကုန်သည်များကလည်း တစ်နေ့ကို ပဲ တစ်တင်းခွဲအိတ် ၁၅ဝ-၂ဝဝ သာ အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ကို စီးဆင်းတဲ့ ပဲအိတ်အရေအတွက်ကတော့ တစ်နေ့ကို အိတ် ၈ဝဝ လောက်သာ တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
လက်ကျန်နည်းပြီးဈေးအနည်းငယ်မြင့်လာတဲ့ ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးကတော့ ဟင်္သာတဈေးကွက်မှာ အနည်းငယ်မြင့်တက်လာ ပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၅၇ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာတော့ မတ်ပဲဈေးမှာ ၂၅၈ဝဝ ကျပ်ဈေးသို့ အနည်း ငယ် မြင့်တက်လာပါတယ်။ ယခုအချိန်အခါဟာ ကုန်သည်များလက်မှာ ပဲလက်ကျန်နည်းသွားပြီး တောင်သူအချို့မှာလည်း မိုျးပဲလောက်သာ ကျန်ရှိပါတော့ တယ်။ ပဲရောင်းဝယ်မှုအနေနဲ့ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးများဖြင့် တစ်ပတ်အတွင်း ပျမ်းမျှတစ်တင်းခွဲအိတ် ၅ဝဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။အေးအေးခိုင်
ပဲစင်းငုံနီဈေးအငုတ် ဝယ်သူရှိခိုက်ထုတ်ရောင်းနေ အောက်တိုဘာပထမပတ် မုံရွာပဲဈေးကွက်မှာ ပဲစင်းငုံနီ ဈေးဆက်လက် ကျဆင်းနေလျက်ရှိရာ တစ်တင်း ၁၈၆ဝဝ ကျပ်နဲ့ ရန်ကုန်အော်ဒါရှိတဲ့ ကုန်သည် အချို့ဝယ်ယူမှုရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ နောက် ၂ လကျော်ရင် ပဲစင်းငုံနီ အသစ် တွေပေါ်တော့မှာမို့ ကုန်သည်တွေအနေနဲ့ လက်ဝယ်သိမ်းထားဘို့ အခက် အခဲရှိလို့ ရန်ကုန်ဝယ်လက်ရှိတုန်း ထုတ်ရောင်း လျက်ရှိတယ်လို့ သိရပါတယ်။ နေ့စဉ် ပုံမှန်ရောင်းဝယ်မှုအနေနဲ့ တင်း ၃ဝဝ ဝန်းကျင်ရှိပြီး ရန်ကုန်၊ မန္တလေး၊ အဝယ် အော်ဒါ ရှိတဲ့နေ့မှာတော့ တင်း ၁ဝဝဝ မှ ၂ဝဝဝ ထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။ ယခု တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေက ပဲစင်းငုံနီစီးထွက်မှု အခြေအနေကို လေ့လာတဲ့အခါ မန္တလေးကို တင်း ၂၅ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃၅ဝဝ ခန့် တင်ပို့ခဲ့ကြကြောင်း သိရှိရပါတယ်။ထွန်းလှိုင်
ပြည်တွင်းနို့ဆီ လက်ကားဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၆၆ဝ ၆၇ဝဒွန်း( နို့စိမ်း) ၆၁ဝ ၆၂၅မာရီဂိုး(နို့ဆီ) ၅၈ဝ ၅၉၅လပ်ကီးကောင်း( နို့စိမ်း) ၅၃ဝ ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-နို့ဆီလက်လီဈေး တစ်ဘူး/ကျပ် ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၁ဝ ၇၂ဝဒွန်း( နို့စိမ်း) ၆၆ဝ ၆၇၅Falcon နို့ဆီ ၆၁ဝ ၆၂၅Happy Cow ၅၉ဝ ၆ဝဝဝမ်းတီးနို့ဆီ ၆၆ဝ ၆၇၅ယူကေနို့ဆီ ၆ဝဝ ၆၁၅MIRT (DOT)
ပင်လယ်ရေကြောင်းက နို့ဆီ အဝင်တုံ့နှေး စက်တင်ဘာလ စတုတ္ထအပတ် အတွင်း ၂ဝ ရက်နေ့ကနေ၂၆ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကနေ နို့ဆီတန်ချိန် ၇၃၄ ဒသမ ၇၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၉၃၃၈၇ ဒသမ ၂၈ ဒေါ်လာဖိုးကို စင်ကာပူနိုင်ငံ ဘက်က တင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းအဝင်တန်ချိန်ကတော့ တန် ချိန် ၄၇၉ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၇၄၈၅၆ ဖိုးကို စင် ကာပူနိုင်ငံဘက်ကပဲ တင်သွင်းလာတာ တွေ့ရပါတယ်။ ယခင်အပတ်က နို့စိမ်းအဝင်မရှိဘဲ နို့ဆီသာအဝင်ရှိခဲ့ပါတယ်။ နို့ဆီတစ်တန်ကို C & F ၤ ကန် ဒေါ်လာ ၁ဝ၂၃ ဈေးနဲ့ စင်ကာပူနိုင်ငံ က တင်သွင်းခဲ့ပြီး၊ နို့စိမ်းတစ်တန်ကို ကန်ဒေါ်လာ ၉၈၉ ဒသမ ၆ဝ ဈေး နဲ့ စင်ကာပူဈေးကွက်ကနေ ဝယ်ယူတင် သွင်းခဲ့ပါတယ်။ နို့မှုန့်အဝင်ကတော့ တန်ချိန် ၄ ဒသမ ၉၆ တန်ရှိပြီး ထိုင်း၊ စင်ကာပူနဲ့ သြစတြေးလျနိုင်ငံတို့ဘက်မှ တင်သွင်း လာခဲ့ပါတယ်။ ယခင်အပတ်က အဝင် တန်ချိန် ၃၂ ဒသမ ၂၆ တန်ရှိခဲ့တာမို့ ယခုတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၂၇ တန်ကျော် လျော့ဝင်လာတာ တွေ့ ရပါတယ်။MIRT (DOT)
