Main menu

Background

Wednesday, 18 Jul 2012

    တရုတ်ကထုတ်ပြန်တဲ့ စီးပွားရေး ကိန်းဂဏန်းများအရ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေတယ် ဆိုတဲ့ အချက်ကို ပိုမို အထောက်အကူဖြစ်စေ ခဲ့ပါတယ်။ ဒါကြောင့် နှစ်လတာကာလ အတွင်းမှာ ဒေသတွင်းစတော့ရှယ်ယာ ဈေးကွက်တွေရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းခဲ့တဲ့အတွက် အာရှငွေကြေး ရက်သတ္တပတ်အလိုက် တန်ဖိုးကျဆင်း တာဟာ ဒုတိယရက်သတ္တပတ် ထဲကိုဝင် ရောက်လာခဲ့ပါတယ်။

Sunday, 15 Jul 2012

      ယခုတစ်ပတ်တွင်   အမေရိကန် ဒေါ်လာဈေးကွက်သည်  ယခင်ရက်  သတ္တပတ်များကလောက် အတက်မ ကြမ်းတော့ ဘဲ ပြန်လည်ငြိမ်သက်လာ သည်ကို တွေ့ရသည်။ ယင်းကဲ့သို့ ငွေ လဲနှုန်းများ   ငြိမ်သက်လာ ရခြင်းမှာ ငွေလဲဈေးကွက်အတွင်း အဝယ်နှင့် အရောင်းမျှခြေတွင်ရှိနေ၍ဖြစ်ကြောင်း ငွေဈေးကွက်အတွင်းမှ  စုံစမ်းသိရှိရ သည်။

Sunday, 8 Jul 2012

        ယခုလအတွင်း အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ ဆက်တိုက်မြင့်တက် နေသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များ အဆင်ပြေေနေသော် လည်း ပြင်ပငွေလဲ ဈေးကွက်တွင် နေ့စဉ်ဖြစ်ပေါ်နေသည့်ဈေးနှုန်းသည် ငွေလဲစင်တာများ၏ ဈေးနှုန်း ထက် ပိုမိုမြင့်မားနေသည့်အတွက် လုပ်ငန်းရှင်များက စိုးရိမ်မကင်း ဖြစ်နေကြ ကြောင်း သိရသည်။

Sunday, 24 Jun 2012

       ဇွန် ၁၇ ရက်မှာကျင်းပမဲ့ ဂရိရွေး ကောက်ပွဲရလဒ်ကြောင့် ဈေးကွက် က သောင်းကနင်းဖြစ်ပါက ဈေးကွက်တည် ငြိမ်အောင်နိုင်ငံအသီးသီးရှိ ဗဟိုဘဏ် တွေက ပေါင်းစပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ခြေလှမ်းပြင်လာကြတဲ့အတွက် ဇွန် ၁၅ ရက်မှာ အာရှထွန်းသစ်စ နိုင်ငံအများ စုရဲ့ ငွေကြေးတွေ တန်ဖိုးမြင့်တက်ခဲ့ပါ တယ်။

Sunday, 24 Jun 2012

    ဥရောပကြွေးမြီအကျပ်အတည်း မြင့်တက်နေတာနဲ့ အမေရိကန်ပြည် ထောင်စုဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေ တာကို ရင်းနှီးမြှုပ်နှံသူတို့က စိုးရိမ်ပူပန် နေချိန်မှာ တရုတ်နိုင်ငံက အတိုးနှုန်းကို ရုတ်တရက်လျှော့ချလိုက်တဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် တစ်ပူပေါ် နှစ်ပူဆင့်သလိုဖြစ်ခဲ့ရပါတယ်။ မေ ၇ ရက်က စပိန်ဘဏ်တွေအတွက် ကယ် တင်မှုရန်ပုံငွေတွေရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဇွန် ၇ ရက်က မြင့်တက်ခဲ့တဲ့ အာရှငွေကြေးတွေ ဇွန် ၈ ရက်နေ့မှာ ပြန်လည်ကျဆင်းခဲ့ပါ တယ်။

Wednesday, 20 Jun 2012

     ဇွန် ၇ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအမျိုးအစားသစ်ကို ထုတ်ဝေမည်ဟု ကြေညာခဲ့ရာ ဇွန် ၈ ရက် နံနက် ပိုင်းမှစ၍ အမေရိကန်ဒေါ်လာဈေး ပြန်တက်လာခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာများ ဝယ်မရသည့်အခြေအနေအထိဖြစ်ခဲ့ကြောင်း သိရသည်။

Thursday, 7 Jun 2012

       မြန်မာနိုင်ငံရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ထိုင်းနိုင်ငံရှိ Karsikorn Bank (KBank)  တို့သည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများစိတ်အေးချမ်းသာစွာဖြင့် ငွေလွှဲပို့နိုင်ရန် ငွေလွှဲလုပ်ငန်းကို လာမည့် ဇွန် ၁ ရက်မှစ၍ စတင် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။

Thursday, 7 Jun 2012

    ယန်းငွေ တန် ဖိုးက ယူရိုနဲ့   ဖလှယ် ရာမှာ  အဆမတန် မြင့်တက်လာတဲ့ အ တွက်ဂျပန်ဘဏ္ဍာရေး ဝန်ကြီးက ပြတ်ပြတ် သားသား အရေးယူ ဆောင်ရွက်ရမယ်လို့ သတိပေးပြောကြား ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံက ဇွန် ၁ ရက်မှာ ယန်းငွေတန်ဖိုး မြင့်တက်နေတာကို ထိန်းချုပ်ဖို့ဈေးကွက်အတွင်း ဝင်ရောက် စီမံဆောင်ရွက်တော့မှာဖြစ်ကြောင်း ပြော ပါတယ်။

Thursday, 7 Jun 2012

    တရုတ်စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေး ခြင်းနဲ့ စပိန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘဏ်လုပ်ငန်းအကျပ်အတည်းတွေက ထွန်းသစ်စဈေး ကွက်တွေမှာ ရှိနေတဲ့ ငွေကြေးစာချုပ်စာတမ်းတွေရဲ့ ဝယ်လို အားလျော့ကျစေခဲ့ပါတယ်။ ဒါကြောင့် အာရှငွေကြေးတွေရဲ့ လအလိုက်တန်ဖိုး ကျဆင်းမှုက စက်တင်ဘာနောက်ပိုင်း မှာ အများဆုံးဖြစ်ခဲ့ပါတယ်။

Wednesday, 30 May 2012

    ဥရောပ၏  ကြွေးမြီအကျပ် အတည်းက ကမ္ဘာ့စီးပွားရေးနာလန်ထူ တာကိုတုံ့နှေးစေလိမ့်မယ်။  အာရှဒေ သတွင်းရှိ  ပို့ကုန်လုပ်ငန်းတွေအတွက် ဝယ်လိုအားကို   ထိခိုက်စေလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အာရှငွေ ကြေးတွေက စတုတ္တပတ်အဖြစ် တန်ဖိုး ဆက်လက်ကျဆင်းခဲ့ပါတယ်။ယခုနှစ် အတွင်း အရှည်ကြာဆုံးတန်ဖိုးကျဆင်း တာလည်းဖြစ်ပါတယ်။

Pages