Main menu

Background

Monday, 30 Sep 2013

မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာဘဲ အမေရိကန်ဗဟိုဘဏ်က စီးပွားရေး တွန်းအားပေး အစီအစဉ် လျှော့ချခြင်းမပြုဘဲထားခဲ့တဲ့အတွက် မလေးရှားငွေကြေး တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ရင်းဂစ်နဲ့တန်ဖိုး သတ်မှတ်တဲ့ စားအုန်းဆီ ကြိုရောင်းဈေးတွေကို လူကြိုက်နည်းခဲ့ပါတယ်။ စားအုန်းဆီဈေးက တစ်လအတွင်း အနိမ့်ဆုံးဖြစ်တဲ့ဈေးအထိ ကျဆင်းခဲ့ပါတယ်။

Thursday, 26 Sep 2013

ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ်ကုလားပဲဖြူလုံးကြီးက လှောင် လက်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ဒေသတွင်းပဲခွဲစက် နဲ့အမှုန့်ကြိတ်စက်တွေကတော့ ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၈၉၅ ကျပ်(တစ်တန်ကို ၅၄၈၀၈၉ ကျပ်)ဈေးနဲ့ နေ့စဉ်အိတ် ၂၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဒါ့အပြင်ဒေသထွက်စီပီပြောင်းကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက် ကျန်နည်းသွားပြီလို့ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၅၀၀ ကျပ်ဈေးနဲ့တစ်ရက်ကိုအိတ် ၂၀၀ခန့်ဖြစ်ခဲ့ကြောင်းသိရပါတယ်။

Thursday, 26 Sep 2013

ဟင်္သာတဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက် က ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျနေတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာ ရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန် ကို ၄၆၈၄၇၈ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၈၀၀ ခန့်သာအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲကလှောင်လက်တွေထံမှာ ပစ္စည်းလက်ကျန်ကျန်သေးပေမယ့် ရန်ကုန်အဆွဲပါးတော့ ဈေးကကျ နေတယ်။ ဒါကြောင့် အရောင်းသိပ်မရှိဘူးလို့ ပွဲရုံရပ်ကွက်ကဆိုပါ တယ်။

Thursday, 26 Sep 2013

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲတီစိမ်းကြီးထိပ်စကို တရုတ် ဝယ်လက်ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်း များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပေ မယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၄၄၀ ကျပ်(တစ်တန်ကို ၈၈၁၈၄၁ ကျပ်) ဈေးနဲ့တစ်ရက်ကိုအိတ် ၈၀၀ မှ ၁၀၀၀ ကြား ဖြစ်ခဲ့ကြောင်း သိရပါတယ်။ စိမ်းကြီးအနေနဲ့ တရုတ်က ထိပ်စကိုသာ အဆွဲများပြီး ပုံမှန်စကိုတော့ ပဲခွဲစက်များက အဝယ်ရှိနေတယ်လို့ ဆိုပါတယ်။

Thursday, 26 Sep 2013

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်သိပ္ပံနှမ်းက ဈေးကွက်သို့စ တင်ဝင်ရောက်ပြီး အဖွင့်ဈေးက တစ်ပိဿာကို ၂၇၁၀ ကျပ်နဲ့ အ ရောင်းရှိခဲ့သလို ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေးပေါ်မူ တည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ဈေးတဖြည်းဖြည်းမြင့်လာပြီး ဈေးကွက်ပိတ်ချိန်မှာတော့ တစ်ပိဿာကို ၂၈၂၅ ကျပ်ဈေးအထိဈေး ကောင်းရပြီး တစ်ရက်ကိုအိတ် ၃၀၀၀ ခန့်ပုံမှန်အရောင်းအဝယ်ရှိခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းအနေနဲ့ ဒီရက်ပိုင်းမှာ မန္တလေး၊ ရန်ကုန်ဝယ်အားပုံမှန်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၁၃၀၀ ကျပ်(တစ်တန်ကို ၇၉၆၁၀၇ ကျပ်)ဈေးနဲ့ နေ့စဉ် အိတ် ၄၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။

Thursday, 26 Sep 2013

ပြည်ဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အိန္ဒိယဈေးကွက်ရဲ့ဝယ်လိုအားပါးနေတဲ့အပေါ် တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းငယ်ကျလာပြီး တစ်ပိဿာကို ၇၇၀ ကျပ်(တစ်တန်ကို ၄၇၁၅၄၀ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၂၀၀ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ ပဲစင်းငုံနီအနေနဲ့ ဒီရက်ပိုင်းမှာ ရန်ကုန်အဆွဲ အေးနေတာကြောင့် မြို့ခံကုန်သည်အချင်းချင်းသာ အရောင်းအဝယ် အနည်းငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ် ပိဿာ ၈၇၀ ကျပ်(တစ်တန်ကို ၅၃၂၇၇၉ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၂၅၀ ခန့်သာဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။

Thursday, 26 Sep 2013

တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်မိုးပြောင်းသစ်တွေ ဈေး ကွက်ထဲဝင်ရောက်နေပေမယ့် အစိုဓါတ်ရှိသေးတာကြောင့် တစ်ပိဿာ ကို ၄၅၀ ကျပ်ဈေးနဲ့ပဲ ဈေးဖွင့်အရောင်းရှိခဲ့တယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နည်းနေသေးတယ်။ အစိုဓာတ်ကင်းရင် တစ်ပိဿာ ၄၅၀ ကျပ်၊ အစိုဓာတ်ရှိနေသေးရင် တစ်ပိဿာ ၃၀၀ ကျပ် ဈေးနဲ့ ပုံမှန်အဝယ်ရှိခဲ့တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦး က ဆိုပါတယ်။ လက်ကျန်ပြောင်းကတော့ ရောင်းသူကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် ရန်ကုန်-မန္တလေးဝယ်လက် ကတော့ ပုံမှန်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ် ပိဿာ ၅၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၂၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Thursday, 26 Sep 2013

လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်မိုးအဆက်မပြတ်ရွာသွန်းခဲ့ပေ မယ့် လက်ကျန်ပြောင်းတွေကတော့ အရင်တစ်ပတ်ဈေးဖြစ်တဲ့ တစ် ပိဿာ ၅၂၀ ကျပ်နဲ့ပဲ တစ်ပတ်အတွင်း ပိဿာချိန် ၃၀၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပြောင်းသစ်မပေါ်မီစပ် ကြား လက်ကျန်ပြောင်းတွေကို လှောင်လက်တွေက ထိန်းရောင်းနေ တယ်လို့ ဒေသခံပြောင်းကုန်သည်တစ်ဦးကဆိုပါတယ်။

Thursday, 26 Sep 2013

မူဆယ်ဈေးကွက်မှာ ဒီတစ်ပတ်တောင်ကြီးဘက်မှ ပြောင်းသစ် တွေဝင်ရောက်လာသလို လက်ကျန်ပြောင်းတွေလည်း တရုတ်အဆွဲ ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီရက်ပိုင်းဝင်တာက တောင်ကြီးဘက် ကပြောင်းတွေဖြစ်ပြီး ရှမ်းမြောက်အနေနဲ့ စိုက်တာနောက်ကျခဲ့လို့ အခုမှအဖူးလောက်ပဲ ရှိသေးတယ်လို့ ဒေသခံပြောင်းကုန်သည်တစ် ဦးကဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပတ်အတွင်း မက်တန် ၈၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဆန်ကြမ်းမှာဆိုရင် ဧည့် ၂၅ မှတ်နဲ့စာရင် ငစိန်ဆန်ကို တရုတ်အဆွဲပိုခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ငစိန်ဆန် ၅၀ ကီလိုတစ်အိတ်ကို ၁၂၆ ယွမ်မှ ၁၂၉ ယွမ်အထိဈေးရခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဝယ်လိုအားနဲ့ စာရင် ရောင်းလိုအားကများတာကြောင့် ဈေးကွက်သဘောသဘာ၀ အရ ဈေးအနည်းငယ်ကျလာပြီး ၅၀ ကီလိုတစ်အိတ်ကို ၁၂၅ ယွမ်မှ ၁၂၇ ယွမ်ဈေးသာဈေးရှိတော့ကြောင်း သိရပါတယ်။ ဧည့်မထ ၂၅  မှတ်ဆန်အနေနဲ့ ယခင်အပတ်နဲ့စာရင် ဈေးတန့်နေပြီး ၅၀ ကီလိုတစ် အိတ်ကို ၁၂၂ ယွမ်မှ ၁၂၄ ယွမ်ကြား တရုတ်ကပုံမှန်အဝယ်ရှိခဲ့ ကြောင်း သိရပါတယ်။ တရုတ်က တန်းမြင့်ဆန် ၁၀ မှတ်ရတနာတိုး ဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၃၃ ယွမ်မှ ၁၃၆ ယွမ်အထိဈေးပေး ကြောင်း ရွှေဘိုစ ၇၄၇ ဆိုရင် ၅၀ ကီလိုတစ်အိတ်ကို ၁၃၅ ယွမ်မှ ၁၃၆ ယွမ်အတွင်း ဈေးပေးအဝယ်ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။

Thursday, 26 Sep 2013

မုံရွာဈေးကွက် ဒီတစ်ပတ်မှာပဲစင်းငုံနီကိုအိတ်စပို့ဝယ်လက်မရှိဘဲ မန္တလေးဝယ်လက်တချို့နဲ့ ဒေသခံကုန်သည်အချင်းချင်းသာအ ဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲက ဒီရက်ပိုင်းအဝယ်အေးတယ်။ ဈေးကျတယ်။ ဒါပေမဲ့ ဒေသတွင်းကုန်သည်တချို့သာ အရောင်း အဝယ်ရှိလို့ အောက်ဈေးနဲ့ နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Pages