Background
မလေးရှားစားအုန်းဆီဈေးက မေ ၁ ရက်နေ့က ရက်သတ္တတစ်ပတ်ကျော် နီးပါးအတွင်း အနိမ့်ဆုံးဈေးကို ရောက်ရှိ ခဲ့ပါတယ်။ ပို့ကုန်ဝယ်လိုအားအနည်းငယ်မြင့်တက်မှုက
တချို့ရင်းနှီးမြှုပ်နှံသူတို့က ဈေးနှုန်းမြင့်တက်မှု အရှိန်သေသွားပြီလို့ ယူဆကြတာနဲ့ အဓိက စားအုန်းဆီ စိုက်ပျိူးနယ်မြေတွေက မိုးလေဝသ ခန့်မှန်းချက် အခြေအနေက ရာသီဥတုခြောက်သွေ့မှုကြောင့် ယခုနှစ်အထွက် ကျဆင်းလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုကို သက်သာစေတဲ့အတွက် စားအုန်းဆီဈေးက ၁၇ လအတွင်း အမြင့်ဆုံးရှိရာမှ ပြန်လည် ကျဆင်းခဲ့ပါတယ်။ ဘာဆာ မလေးရှားစာချုပ်စာတမ်း ရောင်းဝယ်ရေးဒိုင်မှာ မေလအတွက် ဖြန့်ချိမဲ့ ကြိုရောင်းဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး မက်ထရစ်တစ်တန်ကို ၂၈၀၈ ရင်းဂစ်(ဒေါ်လာ ၈၆၀ ) နှုန်းရှိခဲ့ပြိး၊ ကွာလာလမ်ပူ မနက်ဈေးမှာ တစ်တန်ကို ၂၈၂၃ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ စားအုန်းဆီကို ဇီဝလောင်စာဆီအဖြစ် ဝယ်လိုအားမြင့်တက်မှုနဲ့ အင်ဒိုနီးရှား နဲ့ မလေးရှားမှာ ပူပြင်းခြောက်သွေ့မှုက ယခုနှစ်နောက်ပိုင်း ရောင်းလိုအား ကျဆင်းမှုကို ဖြစ်စေလိမ့်မယ်ဆိုတာ ခန့်မှန်းချက်တွေကြောင့် ယခုနှစ် ဇူလိုင်က သုံးနှစ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့တဲ့ စားအုန်းဆီဈေးက ကြိုရောင်းဈေးကွက်မှာ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ခြောက်သွေ့တဲ့ အခြေအနေတွေက မတ်လလယ် သို့မဟုတ် အကုန်လောက်မှာ စိုစွတ်လာလိမ့်မယ်လို့ မလေးရှား မိုးလေဝသ ဌာနက မတ် ၃ ရက်က ခန့်မှန်းပါတယ်။ တရုတ်နိုင်ငံဒါလီယံ ဈေးကွက်မှာ စက်တင်ဘာအတွက် စားအုန်း ဆီသန့်ဈေးက ၁ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို ၆၃၁၀ ယွမ်( ၁၀၃၂ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ပဲပုပ်ဆီဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ကို ၇၀၅၈ ယွမ်နှုန်းရှိခဲ့ပါတယ် ။ ဉာဏ်တင်
မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလ တတိယပတ် ဆီထွက်သီးနှံဈေးကွက် အနေနဲ့ နှမ်းမျိုးစုံဒေသတွင်း စိုက်ဧက တိုးချဲ့ပေမဲ့ အထွက်လျော့ကာ တရုတ် ဝယ်လိုအား မြင့်မားခြင်းတို့ကြောင့် ဈေး ကွက်မှာတစ်ရက်ထက် တစ်ရက် တက် ဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ မြေပဲ ဆန်ဈေးကွက်မှာတော့ ဒိုင်နယ်မြေ တစ်ဝိုက် စိုက်ဧကတိုး၊ အထွက်တိုးပေမဲ့ ဝယ်လိုအား လျော့နေတာကြောင့် ဈေး အေးနေပါတယ်။ အမြင့်ဆုံးဈေးများနဲ့ နေ့စဉ်မာနေတဲ့ ဆီဈေးကွက်ရဲ့ လိုအပ် ချက်ကို ယခုအခါ မုံရွာခရိုင်နဲ့ ယင်းမာ ပင်ခရိုင်များမှာ စိုက်ပျိုးခဲ့ကြတဲ့ ဆောင်း နေကြာတွေ ပေါ်စပြုပြီမို့ နေကြာဆီ ထုတ်လုပ်ရောင်းဝယ်မှုတွေ အရှိန်ရစ ပြုနေတာ တွေ့ရပါတယ်။
မုံရွာ ကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲ(လုံးဆန်)ဒိုင်အဝင်များပေမဲ့ ဝယ် လက် စုံလာလု့ိ ဈေးအနည်းငယ်တက် ကာအရောင်းအဝယ်လည်းအနည်းငယ် တက်လာတယ်လို့ ပွဲရုံရပ်ကွက်က သိရ ပါတယ်။ ယခုတစ်ပတ်မှာ မြေပဲဆန်နီ တစ်ပိဿာ ၁၆၃၅ ကျပ်နဲ့ဈေးမာလာ သလို ဆီဆန်ကတော့ တစ်ပိဿာ ၁၄၇၀ ကျပ်မှာ ဈေးငြိမ်ခဲ့ပါတယ်။ ဆီ ဆန်အနေနဲ့ ဒိုင်မှာ ရောင်းလိုအားက များခဲ့ပြီး၊ ဆီစက်သမားအဝယ် ပုံမှန် သာ ရှိခဲ့လို့ တစ်ရက်ပိဿာ ၅၀၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါ တယ်။
ယခုတစ်ပတ် ပြည်ဆောင်းသီးနှံ ပဲ ဈေးကွက်ကို အခြားပဲများ ဝင် ရောက်မှု ပုံမှန်ရှိခဲ့သော်လည်း ပဲပုပ် သီးနှံမှာ တစ်ရက် ၁၀ အိတ်ကျော်သာ ဝင်ရောက်မှုရှိခဲ့ပါတယ်။ ဒါကြောင့် ဒေသတွင်းဝယ်လက်သမားဖြစ်တဲ့ပဲပြား လုပ်ငန်းသမားများနဲ့သာအရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။ ပဲဈေးနှုန်းမှာလည်း ယခင်နှစ်ထက် ဈေးပိုရခဲ့ပြီး၊ တစ်တင်း ၁၉၈၀၀ ကျပ်နဲ့သာ အခြားပဲများနည်း တူ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေခဲ့ တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်း ရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၇၈၃ တန်ကျော်ကို တရုတ်နှစ်ကူး ကာလမှာ တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် မှ နှမ်းဖြူနဲ့ နှမ်းနီ/ညို (အခွံချွတ်)တွေ တင်ပို့မှု မရှိခဲ့ပါဘူး။ ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၇၁၃ တန်ခွဲသာ တင်ပို့နိုင်ခဲ့လို့ ယခု အပတ်နှမ်းတင်ပို့မှု တန်ချိန် ၁၀၇၀ ပိုမိုလာတာ တွေ့ရပါတယ်။
ပြည်ဈေးကွက်ကို ယခုအပတ်မှာ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း ဘက်မှ နှမ်းအိတ်တစ်နေ့ကို ၁၀၀၀ ခန့် ဝင်ရောက်နေပါတယ်။ နှမ်းနက် ဝယ်လက်များက အဝယ်သိပ်မများခြင်း၊ ဈေးကွက်ကို နှမ်းနက်ဝင်ရောက်မှု များပြီး၊ အရည်အသွေးမမီလို့ တရုတ်ဝယ်လက်များ၊ အကြိုက်မတွေ့တာ ကြောင့် နှမ်းနက်ဈေးမှာ ယခင်အပတ်ထက် ဈေးပြန်ကျလာပြီး၊ ယခုအပတ် နှမ်းနီဈေးနဲ့ ဈေးတူနေတာတွေ့ရပါတယ်။
ဇန်နဝါရီလကုန်ပတ် မုံရွာဆီထွက် သီးနှံဈေးကွက်မှာ မြေပဲဈေးဆက်လက် ငြိမ်နေသလောက် နှမ်းဈေး မြောက်ခဲ့ တာတွေ့ရပါတယ်။ တရုတ်ဝယ်လိုအား ဆက်လက်ကောင်းနေတဲ့အတွက် ဈေး ကွက်ထဲဝင်သမျှနှမ်းကို အရောင်မရွေး ဝယ်လိုအားကောင်းခဲ့လို့ ယခု တစ်ပတ် မှာ နှမ်းမျိုးစုံဈေးမြောက်ခဲ့ရာ နှမ်းညို တစ်တင်း ၄၃၅၀၀ ကျပ်ထိ လည်း ကောင်း၊နှမ်းဖြူတစ်တင်း ၅၆၅၀၀ ကျပ် ထိလည်းကောင်း၊ အမြင့်ဆုံးပေါက်ခဲ့ပြီး အရောင်းအဝယ်အနေနဲ့အိတ်ရာဂဏန်း မျှသာ ရှိတော့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ ခရိုင်၊ အင်းတော်မြို့နယ်မှာ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒေသ ပေါက်ဈေးမှာ နှမ်းတစ်တင်း (၁၆ ပိဿာ) ၃၆၀၀၀ ကျပ်၊ မြေပဲဆန်တစ် တင်း ၂၈၀၀၀ ကျပ်ရှိပါတယ်။ နှမ်းမြေ ပဲ အသင့်အတင့် အထွက်နှုန်းရှိခဲ့ပြီး၊ ယခင်နှစ်ထက် ဈေးပိုရခဲ့တဲ့အတွက် တောင်သူအကျိုးအမြတ်များရှိခဲ့ကြောင်း နဲ့ ဒေသတွင်း လှောင်ကုန်သည်များ အဝယ်နည်းပြီး မန္တလေးရွှေဆားတောင် ပွဲရုံကိုအများဆုံး တင်ပို့ကြကြောင်း၊ ၎င်း မှ တစ်ဆင့် တရုတ်ပြည်ကို တင်ပို့လျက် ရှိကြောင်း၊ ပဲ၊ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။
ရင်းဂစ်ငွေကြေးတန်ဖိုး မြင့်တက်လာတဲ့အတွက် စားအုန်းဆီဝယ်ယူလိုစိတ် ကို အဟန့်အတားဖြစ်စေခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူတို့ရဲ့ ငွေကြေးစာချုပ် စာတမ်းများကို အရောင်းအဝယ်မျှနေသဖြင့် သုံးရက်ကြာတန်ဖိုး ကျဆင်းနေတဲ့ မလေးရှားစားအုန်းဆီကြိုရောင်းဈေးတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံရှိ စားအုန်းဆီကြိုပွိုင့်ဈေးကွက်နဲ့ လက်ငင်းဈေးကွက်တွေက တရုတ်လူနာနှစ်သစ်ကူးပွဲနဲ့ ပြည်ထောင်စုနေ့ (Federal Territories Day) အဖြစ် ဇန်နဝါရီ ၃၀ ရက်နေ့လည်က စပိတ်မှာဖြစ်ပြီး၊
