Background
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့နယ် မြို့သာမြို့ဝန်းကျင်က မိုးနှမ်း စိုက်တောင်သူများဟာ စိုက်ပျိုးချိန်မှာ ကွက်ကြားမိုးရွာခဲ့လို့ အထွက်နှုန်း ကောင်းမွန်ခဲ့ပါတယ်။ အောင်ချမ်းသာ ရွာ၊ နှမ်းတောင်သူ ဦးဝင်းဦးက နှမ်း စိုက်ရာမှာ အခြောက်ကြဲခြင်းနဲ့ အစိုကြဲ ခြင်းမှ ထွက်နှုန်းကွာခြားမှုရှိကြောင်း၊ အခြောက်ကြဲခြင်းမှာ မိုးမရွာခင်ကြိုတင် ပြီး စိုက်ခြင်းဖြစ်ပြီး၊
ဒီတစ်ပတ်ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ သီတင်းတစ်ပတ်ဖြစ်တဲ့ ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက်နေ့တာ ကာလအတွင်း ကန်ဒေါ်လာ လေးသိန်းသုံးသောင်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၄၇၃၉ ဒသမ ၆၈ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်း နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၄၅၁၅၊ မလေးရှားနိုင်ငံမှ ဘိလပ်မြေ ၈၉ ဒသမ ၆၀ နဲ့ ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် သုည ဒသမ ၈၀ ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
၂၆-၇-၂၀၁၃ US$/Ton အမျိုးအစား ဇူလိုင်လဒုတိယပတ် ဇူလိုင်လတတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil ၇၅၉ .၀၀ ၇၅၂ .၀၀ RBD P.Olein ၇၈၃ .၅၀ ၇၆၂ .၀၀ RBD P.Strarin ၇၁၀ .၅၀ ၇၁၂ .၅၀
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက် အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၆၀၅ သန်းတန်ဖိုးရှိ တဲ့ နှမ်းရောင်စုံ ၁၉၄၂ တန်ကျော်ကိုတင်ပို့ခဲ့ ပါတယ်။ တင်ပို့ခဲ့တဲ့နှမ်းရောင်စုံတွေ ကတော့ နှမ်းနက် ၈၃၁ တန်ခန့်၊ နှမ်းညို ၆၂၇ တန်ခွဲနဲ့ နှမ်းဖြူ ၄၈၄ တန်ကျော် တို့ဖြစ်ပါတယ်။
စားအုန်းဆီ ရောင်းလိုအားက ၁၉၉၉ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပြီး ဝယ်လိုအားကဆယ်နှစ် တာကာလအတွင်း အနှေးကွေးဆုံးနှုန်း နဲ့မြင့်တက်နေတဲ့အတွက် စားအုန်းဆီ ဈေးက သုံးနှစ်အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားပါတယ်။
မုံရွာကုန်စည်ဒိုင် ဇူလိုင်စတုတ္ထပတ် ဝါဝင်ကာလ ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဈေးအနည်း ငယ်တက်ခဲ့ပြီး၊ နှမ်း ဈေးအေးခဲ့ကာ စားဆီဈေးလည်း ကျ သွားခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းဈေးကွက်မှာ ကံနီ၊ မင်းကင်းနပြ ဂန့်ဂေါဘက်က မိုးနှမ်းအချို့စတင်ဝင် ရောက်မှုရှိပေမဲ့ အရည်အသွေးနိမ့်လို့ ဈေး မရခဲ့ဘူးလို့ ဆိုပါတယ်။
နော်ဝေနိုင်ငံအခြေစိုက်ဆက်သွယ် ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တယ် လီနော (Telenor) အနေဖြင့် အင်တာ နက်ဝန်ဆောင်မှုပါရှိသည့် 2G နှင့် 3G စနစ်သုံးမိုဘိုင်းဖုန်းများကို တစ်နှစ်အ တွင်း ပြည်သူများသို့ရောင်းချပေးမည် ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပ ဏီ၏အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ် သည့် Peter Furberg က ပြောကြားခဲ့ သည်။
မုံရွာကုန်စည်ဒိုင် ဇူလိုင်လလယ် ဆီထွက်သီးနှံဈေးကွက်မှာ စားဆီ ဈေး ငြိမ်နေပြီး၊ မြေပဲနဲ့ နှမ်းမျိုးစုံ ဈေး အနည်းငယ် လှုပ်ခဲ့တာတွေ့ရပါတယ်။ မုံရွာခရိုင်အတွင်း စိုက်ခဲ့ကြတဲ့ မိုးကြို နှမ်းဟာ ရာသီဥတုကြောင့် မိုးနဲ့ရေရရှိမှု ပေါ် မူတည်ပြီး၊ တစ်နယ်နဲ့တစ်နယ် သီး နှံ အောင်မြင်မှု ကွာခြားခဲ့ကာ အထွက် လည်းသိသိသာသာလျော့နည်းခဲ့တယ် လို့ ဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကူးသန်းရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၉သန်း တန်ဖိုးရှိတဲ့ နှမ်းညို ၃၇ တန်ကျော်ကို ဇွန်လနောက်ဆုံးပတ်မှာ တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၆၄၆ သန်းတန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၃၂၃၆ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ရာ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကတော့ နှမ်းဖြူ ၂၀၈၃ တန် ခန့်၊ နှမ်းနက် ၅၇၀ တန်ကျော်နဲ့ နှမ်းညို ၅၈၂ တန်ခွဲတို့ဖြစ်ပါတယ်။
ဇွန်လ ပထမပတ်အတွင်း နှမ်းတန်ချိန် ၁၇၀ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ပထမ ပတ်မှာတော့ ကိုရီးယားနိုင်ငံကို ၈၇ တန်၊ ဂျပန်နိုင်ငံကို ၅၄ တန်၊ တရုတ်နိုင်ငံကို ၂၈ တန်နဲ့ စင်ကာပူနိုင်ငံကို ၁ ဒသမ ၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။