Background
မန်းနှမ်းရောင်စုံဈေးကွက်ကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ နယ်စုံမှ နှမ်း မျိုးစုံ ယခင်ထက် သိသိသာသာ အဝင်နည်းနေပါတယ်။ တစ်ပတ်အတွင်း ပြည်၊ အောင်လံ၊ မကွေး၊ ရွှေဘို၊ ဝက်လက်နဲ့ တိုင်းတွင်းမြို့နယ် များမှ နှမ်းမျိုးစုံ ၃ တင်းအိတ် ၈၀၀-၁၀၀၀ ကြားသာ အဝင်ရှိကာ နှမ်းညိုအနေနဲ့ အဝင်တော်တော် နည်းတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ ရောင်းလိုအားနည်းပြီး၊ ဝယ်လိုအား များနေပါတယ်။ တရုတ်လိုင်းက ဖြူ၊ နီ၊ ညို၊ နက် ဆွဲအားကောင်းနေပြီး၊ ရန်ကုန် လက်အချို့ အဝယ်လိုက်နေပါတယ်။ ဆီစက်သမား များမှလည်း နှမ်းညို အဝင်နည်း တာကြောင့် နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ မုံညင်းတွေ အဝယ်လိုက်နေပါတယ်။ လိုင်း သမားများအနေနဲ့ ၃ တင်းအိတ် ၁၀၀-၁၅၀ လောက်ဝယ်ယူရဖို့ ကောက်သင်း ကောက်သလို ဝယ်ယူနေရတာကြောင့် ကားတစ်စီးစာရဖို့ အချိန်ယူပြီး စုနေရပါ တယ်။ ရောင်းလိုအားများမယ်ဆိုရင် ဝယ်လိုအားကောင်းနေလို့ နှမ်းဈေးဟာ ဒီထက် အမြင့်ဈေးနဲ့ အရောင်း အဝယ်ဖြစ်နိုင်တယ်။ ဝယ်လက်ရှိပေမယ့် ပစ္စည်းအဝင်နည်း လို့ နှမ်းဈေးငြိမ်ပြီး၊ တန့်နေနိုင်တယ် လို့ နှမ်းကုန်သည် များမှ ဆိုပါတယ်။
မလေးရှား စားအုန်းဆီ ဈေး သည်ပို့ကုန်ကိန်းဂဏန်းများ ကျဆင်း တဲ့အတွက် ဖေဖော်ဝါရီ ၂၈ ရက်နေ့ က ရက်သတ္တပတ် ခြောက်ပတ် အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး၊ ဈေးနှုန်းများမှာ ခုနှစ်ရက်ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်ပါတယ်။ နောက် ထပ် အရောင်းအဝယ် ကိစ္စများ အတွက် ရင်းနှီးမြှုပ်နှံသူတို့က အိန္ဒိယ လွှတ်တော်မှ ရလဒ်များကို သတိ ထား စောင့်မျှော်နေကြပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါ ရီလနောက်ဆုံးပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၁၄၄ သန်းတန်ဖိုးရှိတဲ့ ပဲပုပ်စေ့ ၂၀၉ တန်ကျော်ကို တင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ ယခင်အပတ်က မူ ဆယ်မှ တန် ၁၃၀ နဲ့ တမူးမှ ၁ တန်ခွဲ သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ မူဆယ်နဲ့ တမူးနယ်စပ်စခန်းများမှ ပဲပုပ်စေ့ တန် ချိန် ၅၀၀ နီးပါး တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ မူဆယ် - ရွှေလီ နှစ်ဖက်ပေါက်ဈေးကို ကြည့်မယ်ဆိုလျှင် မိမိဖက် ဈေးအနည်း ငယ် လျော့နည်းသွားတာ တွေ့ရပါ တယ်-
တောင်ကြီးဈေးကွက်မှာဆီထွက်သီးနှံတစ်ခုဖြစ်တဲ့ပန်းနှမ်းများနယ်စုံမှ လှိုင်လှိုင် ဝင် နေချိန်ဖြစ်ပါ တယ်။ နေ့စဉ်ပန်းနှမ်းပိဿာချိန် ၂၅၀၀၀-၃၀၀၀၀ ခန့် အဝင်ရှိနေ ပါတယ်။ မြေပဲလက်ကျန်နည်းနေချိန်ဖြစ်လို့ ပန်းနှမ်းကို ဆီစက်များက အဆွဲများတဲ့ အတွက် ရောင်းအားကလည်းကောင်းနေပါတယ်။ ပန်းနှမ်းတစ်ပိဿာ ၁၁၈၀ ကျပ် ဈေးရှိပြီး၊ ယခင်နှစ်ကာလတူပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်ကဈေးပိုကောင်း နေတာ တွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၊ မြင်းခြံဒေသ ဆီစက်များသို့စီးဆင်းမှုရှိပြီး၊ ဒေသ တွင်းအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပါတယ်။ ပန်းနှမ်းစပေါ်ချိန်မှ ယခု လနောက်ဆုံးပတ်ထိ ပန်းနှမ်းတန်ချိန် ၂၀၀ ခန့် စီးဆင်းသွားတယ်လို့သိရပါတယ်။ စောယုထွေး-တောင်ကြီး
ပြည်ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလအတွင်းအရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဆီထွက်သီးနှံ ဈေးနှုန်းများကေ တာ့ ဖေဖော်ဝါရီလဆန်းမှာနှမ်းနက်တစ်တင်းကို ၃၄၃၃၀ ကျပ်၊ နှမ်းနီ တစ်တင်းကို ၃၃၀၀၀ ကျပ်ရှိခဲ့ပြီး၊ ဖေဖော်ဝါရီ ပထမပတ်မှာ နှမ်းနက် တစ်တင်းကို ၄၃၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၃၄၅၀၀ ကျပ်ဈေးနဲ့ လဆန်း ပိုင်းထက်စာရင် ပထမပတ်မှာ အနီရော အနက်ပါဈေးပိုလာတာတွေ့ရပါတယ်။ နှမ်းနက်ကို တရုတ်ဝယ် လက်များက အဝယ်ရှိသလို နှမ်းနီကို ဆီစက်သမားများက အဝယ်ရှိတာကြောင့် ဈေး ပိုလာခဲ့ပါတယ်။ ဖေဖော်ဝါရီလပထမပတ်နဲ့ ဒုတိယပတ်ကို နှိုင်းယှဉ်ကြည့်ရင် နှမ်းနက် တစ်တင်းကို ၃၈၃၀၀ ကျပ်၊ နှမ်းနီတစ်တင်းကို ၃၃၉၀၀ ကျပ်ဈေးနဲ့ ဒုတိယပတ်မှာ နှမ်းဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ နွေနှမ်း စိုက်ချိန် နှမ်းအဝင်နည်းပြီး၊ နှမ်းနက်ကို တရုတ်ဝယ်လက်များက အဝယ်မရှိခြင်း၊ နှမ်းနီကို ဆီစက်သမားမျာက ရသလောက် အဝယ်ရှိပေ မယ့် ဈေးအနည်း ငယ်ကျလာပါတယ်။ ဖေဖော်ဝါရီလ ဒုတိယ ပတ်နဲ့ တတိယပတ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တတိယပတ် မှာ နှမ်းနီတစ်တင်း ကို ၃၄၃၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၄၀၀၀၀ ကျပ်ဈေးနဲ့ ဈေးပြန်မြင့် လာပါတယ်။ နှမ်းအဝင် နည်းသွားပြီး၊ ဆီကြိတ်နှမ်းနီကို စက်သမားများက အဝယ်ရှိလို့ ဒုတိယပတ် ထက်စာရင် တတိယပတ် မှာ ဈေးပြန်မြင့်လာပါတယ်။ နှမ်းအဝင်နည်းသွားလို့ တစ်နေ့ကို နှမ်းအိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။
ရေရှည်အားလပ်ရက် ရက်သတ္တပတ်ကုန်နောက်ပိုင်း ဖေဖော်ဝါရီ ၁၃ ရက်က မလေးရှား စားအုန်းဆီဈေးဟာ ရက်သတ္တပတ် နှစ်ပတ်အတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့မှ ထုတ်ပြန်တဲ့ စာရင်းများအရ ကမ္ဘာမှာစားအုန်းဆီအများဆုံးထုတ်တဲ့ မလေးရှားရဲ့ စားအုန်းဆီသိုလှောင်ရုံ လက် ကျန်မှာ ၁ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ဇန်နဝါရီလမှာ တန် ၂ ဒသမ ၅၈ သန်းထိရောက်ရှိခဲ့ပါတယ်။ ဒီအခြေအနေမှာ မကြာသေးမီက ရောက်ရှိခဲ့တဲ့အခြေ အနေမျိုးကို ရောက်ခဲ့ပေမဲ့ အဆမတန်ကျလောက်မယ့် အခြေအနေမရှိတာ ကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်မဲ့စစ်တမ်းကောက်ယူရေး အေဂျင်စီ Societe General de Surveillance ရဲ့ စားအုန်းဆီပြည်ပတင်ပို့မှု သတင်းအချက်အလက်များကို ရင်းနှီးမြှုပ်နှံသူတို့ က စောင့်ကြည့်လျက်ရှိ ပါတယ်။ ယခင်ကအလားတူကာလနဲ့ နှိုင်းယှဉ်ပါက ဖေဖော်ဝါရီလပထမ ၁၀ ရက်မှာ မလေး ရှားနိုင်ငံရဲ့ ပြည်ပတင်ပို့မှုဟာ ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကုန်စည်စစ်တမ်း ကောက်ယူရေးအဖွဲ့ Intertek Testing Service အဖွဲ့က ပြောပါတယ်။
ပြည်ဈေးကွက်တွင် ယခုအပတ်မှာ နှမ်းဈေးအနည်းငယ်ကျလာတာတွေ့ရပါ တယ်။ မင်းတုန်း၊ မြန်အောင်၊ ကြံခင်းနဲ့ အောင်လံဘက်မှ တစ်နေ့ကို နှမ်းအိတ် ၇၀၀ - ၈၀၀ ခန့် ဝင်ရောက်လာပြီး၊ ပြည်ဆီစက်နဲ့ ရန်ကုန်ဆီစက် များက အဝယ်ရှိ နေသော်လည်းဈေးအနည်းငယ်ကျလာရပါတယ်။ နှမ်းနီကိုဆီစက်သမားများက ရ သလောက် အဝယ်ရှိခြင်း၊ စားသုံးသူများမှ နှမ်းဆီကို အဓိကထားစားသုံးသဖြင့် နှမ်းဆီဈေး မှာ မြေပဲဆီဈေးထက်မြင့်လာ ပါတယ်။ နှမ်းနီတစ်တင်းကို ၃၄၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းကို ၃၈၃၀၀ ကျပ်ဈေးနဲ့ ဈေးအနည်းငယ်လျော့လာ ပါတယ်။ ရောင်းဝယ်မှုမှာလည်းတစ်နေ့ကို နှမ်းအိတ် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး၊ နှမ်း ဆီတစ်ပိဿာကို ၄၀၀၀ကျပ်ဈေးနဲ့ ယခင်အပတ်ထက်ဈေးမြင့်လာတာ တွေ့ရပါ တယ်။ ဝေေ၀မင်း-ပြည်
ဆီထွက်သီးနှံအုပ်စုမှာ မြေပဲနဲ့ နှမ်းမျိုးစုံကို ဒေသတွင်းစက်မှုနဲ့ လူ သုံးကုန်အဖြစ် ဦးစားပေး ဝယ်ယူ ကြိတ်ခွဲရောင်းချနေတဲ့အပြင် ပြည်ပ ဈေးကွက်အထိပါရောင်းဝယ်မှု တွင် ကျယ်လာတဲ့အတွက် ပစ္စုပ္ပန် ဆီ ထွက်သီးနှံဈေးကွက်မှာ အထက် ဈေးနဲ့တင့်တယ်နေခဲ့တာ တွေ့ရပါ တယ်။ ယခုတစ်ပတ် ဆီထွက်သီးနှံ ဈေးကွက်မှာ မြေပဲဆန်နီတစ်ပိဿာ ၁၉၀၀ ကျပ်၊ မြေပဲဆန်ဖြူတစ် ပိဿာ ၁၉၀၀ ကျပ်၊ လုံးဆန်တစ် တင်း ၃၂၅၀၀ ကျပ်၊ နှမ်းဆီတစ်ပိ ဿာ ၃၉၀၀ ကျပ်၊ ပဲဆီတစ်ပိဿာ ၃၅၀၀ ကျပ်၊ စားဆီ တစ်ပိဿာ ၁၅၅၀ ကျပ်၊ အသီးသီး ဈေးမာနေ ခိုက်မှာ နေကြာတစ်တင်း ၉၀၀၀ ကျပ်၊ နေကြာဆီတစ်ပိဿာ ၃၆၀၀ ကျပ်ဈေးမှာ မျက်နှာငယ်နေတာ တွေ့ရပါတယ်။
မလေးရှားစားအုန်းဆီ တင်ပို့ခွန်ကို သုညရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့လို့ ပို့ကုန် ကျဆင်းမှုနှုန်း နှေးကွေးခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ စားအုန်းဆီ ဒုတိယအများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှ ဒီဇင်ဘာမှ ဇန်နဝါရီအထိ စားအုန်းဆီတင်ပို့မှု ဟာ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဇန်နဝါရီ ၃၁ ရက်မှာ Interek မှ ထုတ်ပြန်တဲ့ စာရင်းအရ တွေ့ရပါတယ်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ မုံရွာကုန်စည်ဒိုင်ဆီထွက်သီးနှံနဲ့စာသုံးဆီဈေးကွက်မှာ ပြီးခဲ့တဲ့နှစ် ကာလတူ ပေါက်ဈေးတွေနဲ့ယှဉ်ရင် သိသိသာသာ တက်ဈေးဖြစ်ပေါ်ခဲ့ တာ တွေ့ရပါတယ်။ အထူးသဖြင့် နှမ်းဈေးက တစ်တင်း တစ်သောင်းကျော်အထိ ဈေးကွာခဲ့ရာ မနှစ်က ဇန်နဝါရီနဲ့ ဒီနှစ်ဇန်နဝါရီ နှမ်းမျိုးအစားအလိုက် တစ်တင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးကို နှိုင်းယှဉ်ပါက နှမ်းညို ၂၀၈၀၀ ကျပ် - ၃၄၀၀၀ ကျပ်၊ နှမ်းဝါ ၂၂၃၀၀ ကျပ် - ၃၄၀၀၀ ကျပ်၊ နှမ်းဖြူ ၂၃၀၀၀ ကျပ် - ၃၈၀၀၀ ကျပ်အသီသီးတွေ့ရပါတယ်။ နှမ်းဈေးကွာခြားခဲ့သလို စားဆီဈေးကို နှိုင်း ယှဉ်ပါက နှမ်းဆီတစ်ပိဿာ ၂၅၅၀ ကျပ် - ၃၈၅၀ ကျပ်၊ ပဲဆီတစ်ပိဿာ ၃၃၀၀ ကျပ် - ၃၇၀၀ ကျပ်အသီးသီး ကွာခြားခဲ့ပါတယ်။
