Background
ပင်လယ်ရေကြောင်းက နှမ်းပုံမှန်သာအတင်ရှိ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း တန် ၄ဝဝ ခန့်တင်ပို့မှုရှိခဲ့ပြီး သြင်္ကန်အပြီး ( ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်း) မှာလည်း တန်ချိန် ၃ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပမာဏ အားလုံး တောင်ကိုရီးယားကို တင်ပို့တယ်လို့လည်း သိရပါ တယ်။ ယခင်ဘဏ္ဍာနှစ် နှမ်းတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၈ဝဝဝဝ နီးပါးရှိပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် ၁၂ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရ ပါတယ်။ ယခု ဘဏ္ဍာနှစ် ကာလတူမှာတော့ တန်ချိန် တစ်ထောင်အောက်သာ တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ နှမ်းကုန်သည်ကြီးတစ်ဦးရဲ့ ပြောကြားချက်အရ နှမ်း ဟောင်းလက်ကျန်များလည်း နည်းလာပြီဖြစ်ပြီး လက်ရှိ ပြည်တွင်းဈေးက မြင့်နေတဲ့အတွက် နှမ်းတင်ပို့မှု အားနည်း တယ်လို့ သိရပါတယ်။ ဧပြီလ ၂၉ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင် ဈေးများဖြစ်တဲ့ သိပ္ပံနှမ်းနက်တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅ ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူတစ်တန် ကန်ဒေါ်လာ ၁၃၆ဝ-၁၄ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT
စစ်ကိုင်းဆောင်းပဲပုပ်ပေါ်ပြီ ၂ဝ၁ဝ-၁၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းပဲပုပ်စိုက်ပျိုးရန် လျာထားဧက ၃ ဒသမ ၃ သောင်း အနက် ဧက ၃ သောင်း၊ ရာခိုင်နှုန်း အားဖြင့် ၉၃ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါ တယ်။ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမော်၊ ကလေး၊ မင်းကင်းမြို့ နယ်များမှာ ပဲပုပ်အများဆုံး စိုက်ပျိုး ကြပြီး ထွက်ပေါ်နေတဲ့ ပဲပုပ်များ မုံရွာ ကုန်စည်ဒိုင်သို့ ရက်ခြား တင်း ၅ဝဝ၊ ၆ဝဝ ဝင်ရောက်သလို မန္တလေးသို့လည်း တိုက်ရိုက်တင်ပို့မှုရှိကြောင်းသိရှိရပါတယ်။ မြောင်မြို့နယ်မှာ ပဲပုပ်စိုက်ပျိုးမှု တစ် ဧကကုန်ကျစရိတ် ၁ ဒသမ ၃၃ သိန်း ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်း ၁ဝ တင်းခန့်ထွက်ရှိကြောင်း သိရှိရပါတယ်။ ဧပြီလပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ ပဲပုပ်တစ်တင်းကို ပေါက်ဈေး ၁၄၅ဝဝ ကျပ်ဖြစ်လို့ တောင်သူတစ်ဦးရဲ့ တစ်ဧကအမြတ်မှာ ၁၂ဝဝဝ ကျပ်ခန့် ဖြစ်ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ နေ့စဉ်ပုံမှန်ပဲပုပ်တင်း ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရှိ ရပါတယ်။ သန်းသန်းတင်
ပြည်ဈေးကွက်တွင် ပဲပုပ် အရောင်းအဝယ်အေး ပြည်ဈေးကွက်သို့ ပဲပုပ်များမှာ ဧပြီတစ်လလုံး အဝင်မရှိကြောင်း သိရပါတယ်။ ဧပြီလ ပထမပတ်မှာတော့ လက်လီသမားများဖြင့် အရောင်း အဝယ်ရှိခဲ့သော်လည်း ကြားရက်များမှာ သြင်္ကန်ပိတ်ရက်များကြောင့် အဝင်မရှိ သလို အရောင်းအဝယ်မရှိကြောင်း သိရပါတယ်။ ဧပြီလပထမပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ် ဈေးရှိခဲ့သော်လည်း ယခုတစ်ပတ်မှာ တော့တစ်တင်းကို၁၆၅ဝဝကျပ်အရောင်း အဝယ်အေးနေတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
သြင်္ကန်အပြီး တောင်ကြီးမြေပဲဈေးကွက်ငြိမ် တောင်ကြီးဈေးကွက်အတွင်းမှာ သြင်္ကန်မတိုင်ခင်က မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်၊ ၁၇၂၅ ကျပ်ရှိပြီး သြင်္ကန်အပြီး ဈေးအဖွင့်မှာတော့ မြေပဲတစ်ပိဿာ ၁၇ဝဝ ကျပ်၊ ၁၆၈ဝ ကျပ်ဈေးရှိပါတယ်။ သြင်္ကန်ပြီးခါစဆိုတော့ အချို့တောင်သူ၊ ကုန်သည်များကလည်း ခရီးထွက်အနားယူကြလို့ အရောင်းအဝယ်ခဏရပ်ထား ကြတယ်လို့ သိရှိရပါတယ်။ အခါအပြီးဈေးကွက်အတွင်း သီးနံှဈေးနှုန်းနဲ့ အရောင်း အဝယ်ကတော့ ငြိမ်နေပါတယ်။ ဈေးကွက် အတွင်းမှာတော့ မြေပဲကို မိုင်းရှူး၊ ကျေးသီး၊ လဲချားစတဲ့ လွိုင်လင်ခရိုင်ဘက်ကထွက်တဲ့ ရှမ်းမြေပဲများသာ အနည်း ငယ်ရှိပြီး ဗမာမြေပဲကတော့ သြင်္ကန်အပြီးဈေးကွက်အတွင်း အဝင်မရှိသေးဘူးလို့ သိရှိရပါတယ်။ S.Y.H
သြင်္ကန်ပြီးချိန်မှာ ဈေးလှုပ်လာတဲ့ မုံရွာနှမ်း မုံရွာကုန်စည်ဒိုင် ဧပြီလ ဆီထွက်သီးနံှဈေးကွက်မှာ အတန်ကြာဈေးငြိမ် နေတဲ့ နှမ်းဈေးကွက်ဟာ သြင်္ကန်ပြီးချိန် ဒိုင်အဖွင့်မှာ ဈေးအနည်းငယ် လှုပ်လာခဲ့တာတွေ့ရပါတယ်။ ဈေးကွက်ထဲမှာ ဆောင်းနှမ်းလက်ကျန် လျော့ပါးလာ တာနဲ့အမျှ နွေနှမ်းကလဲ အခုမှစိုက်ပိုျးကာမို့ အခုလိုဈေးလှုပ်လာခြင်းဖြစ်တယ်လို့ ကုန်သည် ရပ်ကွက်ကပြောပါတယ်။ ဧပြီလအတွင်း သြင်္ကန်မတိုင်မီကာလနဲ့ သြင်္ကန်အပြီး နှမ်းဈေးတွေကို နှိုင်းယှဉ်တဲ့အခါ နှမ်းညိုတစ်တင်း ၂၃ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၅ဝဝဝ ကျပ်မှ ၂၅၅ဝဝ ကျပ်နဲ့ တစ်တင်း ကျပ် ၅ဝဝ တက်ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်အနေနဲ့ ဒေသတွင်းဆီစက်သမားများ၊ အကြော်လုပ်ငန်းသမားနဲ့ လက်လီဆိုင်များက အများဆုံးဝယ်ယူမှုရှိပြီး မန္တလေးကို အနည်းငယ်မျှသာ တင်ပို့ခဲ့ကြတယ်လို့သိရပါတယ်။ ထွန်းလှိုင်
သြင်္ကန်ပြီးခါစ ဈေးပြန်မြင့်လာတဲ့ ပြည်နှမ်းနီ ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ သြင်္ကန်အပြီး ပွဲရုံများပြန်ဖွင့်ခါစဖြစ်သဖြင့် အရောင်းအဝယ်မှာ အေးလျက်ရှိပါတယ်။ နှမ်းဈေးမြင့်လာသဖြင့် ဆီဈေးကလည်း ပြန်မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီ (၄၅) ပိဿာတစ်အိတ်ကို ၈၃ဝဝဝ ကျပ်ဖြင့် ဈေးပြန်မြင့်လာပြီး နှမ်းနက်ဈေးမှာ ပွဲရုံများဖွင့်ခါစ ဖြစ်သဖြင့် အရောင်းအဝယ်မရှိလို့ ဈေးဖွင့် ထားခြင်း မရှိပါ။ နှမ်းဆီတစ်ပိဿာကို ၃၈ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
နှမ်းရောင်စုံပြန်လည်တင်ပို့ ဧပြီလ ၆ ရက်မှ ၁၉ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ နှမ်းနက် ၃၆ တန် တန်ဖိုး ကန်ဒေါ်လာ ဝ ဒဿမ ဝ၅၄ သန်းဖိုးနဲ့ နှမ်းဖြူအခွံချွတ် ၂၈တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒဿမ ဝ၄၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ဧပြီလဆန်းပိုင်းရက်သတ္တပတ်မှာတော့ နှမ်းတင်ပို့နိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။ နှမ်းဖြူဈေးများတက်ပြီး နှမ်းနက်ဈေးများကျဆင်းလျက် ရှိကြောင်း မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ ဈေးနှုန်းများကို ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၉၁၂၈ဝ ၁၁၇၉၈၈ဝ ၁၁၄ဝဝ ဝ .၉ ၁၃၇၈ ၁၃၇၃ ၅ ဝ .၃နှမ်းနက် ၁၃၆၇၅၆ဝ ၁၄၄၃၃၁ဝ ၇၅၇၅ဝ ၅ .၅ ၁၅၃၁ ၁၅၂၅ ၆ ဝ .၃MIRT (DOBT)
သြင်္ကန်မတိုင်မီ နှမ်းတင်ပို့မှု အနည်းငယ်ပိုလာ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်းအနည်းငယ်ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က နှမ်းတန်ချိန် ၃၇ဝ ခန့် ထိ တင်ပို့မှုရှိခဲ့ရာမှ ဧပြီပထမပတ် သြင်္ကန်မတိုင်မီအတွင်းမှာတော့ တန်ချိန် ၄ဝဝ ခန့်အထိ တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယားနဲ့ မလေးရှား ကိုဖြစ်ပြီး ပမာဏအများဆုံးတင်ပို့တာကတော့ တောင်ကိုရီးယားကို ဖြစ်ပါတယ်။ မတ်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၂ဝဝဝ ရှိပြီး ဖေဖော်ဝါရီလ အတွင်းမှာ တန်ချိန် ၁၇ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လမှာ တော့ တန်ချိန် ၂၄ဝဝ ခန့်ရှိလို့ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ယခုနှစ် မတ်လမှာ တင်ပို့မှု လျော့ကျတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်အတွင်းမှာ သြင်္ကန်အပြီးမှာ နှမ်းဈေးအနည်းငယ်တက်လာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၆ဝ-၁၄၁ဝ နဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးကောင်းမျှော်နေတဲ့ ပြည်ပဲပုပ် ပြည်ပဲပုပ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် ယခုတစ်ပတ်ထိ ဆက်လက်ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ကလိုပဲ လက်လီသမားများသာ အဝယ် ရှိနေတာကြောင့် ဈေးငြိမ်ပြီး အရောင်း အဝယ် အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်မတ်လက တစ်တင်း ကို ၁၆ဝဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ် ကောင်းခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ် မှာတော့ မတ်လယခုပတ်ထိ ၁၆ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ယခင်နှစ်ကလို ဈေးကောင်းရမယ့်အချိန်ကို စောင့်နေ ကြကြောင်း သရိ ပါတယ။် ဆုမွန်ဆွေ
သြင်္ကန်အခါနီး၍ ဈေးပြန်မြင့်လာတဲ့ ပြည်မြေပဲဆံ ပြည်ဈေးကွက်သို့ မြေပဲဆံအိတ်များ ကံမ၊ မင်းတုန်းနဲ့ အောင်လံဘက်မှ တစ်နေ့လျှင် အိတ် ၁၅ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဆီစက်များမှ လည်း သြင်္ကန်ကျခါနီးလာပြီဖြစ်သဖြင့် ဆီကြိတ်ရန် အဝယ်လိုက်လာ သဖြင့် ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာလျှင် ၁၇ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာလျှင် ၁၉ဝဝ ကျပ်ဈေးဖြင့် တစ်နေ့လျှင် အိတ် ၁၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီတစ်ပိဿာကို ၄ဝဝဝ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
