Background
၂ဝဝ၇ ခုနှစ်နောက်ပိုင်း ပထမအကြိမ်အနေနဲ့ ပဲပုပ်ဆီဈေးထက် အမြင့်ကိုရောက်ရှိခဲ့တဲ့ စားအုန်းဆီဈေး ပြန်လည်ကျဆင်း အစားအစာနဲ့ လောင်စာဆီအသုံးပြုဖို့ ဝယ်လိုအားတက်လာတာကြောင့် ၃ နှစ်ကျော်အတွင်း ပထမအကြိမ်အနေနဲ့ ပဲပုပ်ဆီဈေးထက် ဈေးပိုခဲ့တဲ့ စားအုန်ဆီဈေးဟာ လွန်ခဲ့တဲ့ ၃ ပတ်အတွင်း ဈေးနှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ မတ်လပို့ရမယ့် စားအုန်းဆီကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၈၁ဝ (ကန်ဒေါ်လာ ၁၂၄၂ ) ကို ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့လို့ ဒီဇင်ဘာလ ၁၇ ရက်နောက်ပိုင်း အများဆုံးကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ပဲပုပ်ဆီကလည်း ဇန်နဝါရီလ ၅ ရက်နေ့က တစ်တန် ကန်ဒေါ်လာ ၁၄၃ဝ အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ မိုးရွာသွန်းမှုကြောင့် စားအုန်းဆီ ထုတ်လုပ်မှု ထိခိုက်ခဲ့ပြီး ပဲပုပ်ဆီ အများဆုံးထုတ်လုပ်တဲ့ အာဂျင်တီးနားမှာ ရာသီဥတု ခြောက်သွေ့လို့ ပဲပုပ်အထွက် ထိခိုက်ခဲ့တဲ့အတွက် စားဆီရောင်းချမှု နည်းနိုင်တယ်ဆိုတဲ့ သတင်းများအရ လွန်ခဲ့တဲ့ ၆ လအတွင်း စားအုန်းဆီကြိုပွိုင့်ဈေး ၆၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ယခုရာသီကုန် ဟင်းသီးဟင်းရွက်ဆီ အရန် သိုလှောင်မှု ဟာလည်း ၇ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းမယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။ ဆီထွက်သီးနံှသုံးစွဲမှုဟာ ဇူလိုင်လထဲက မြင့်တက်ခဲ့ရာ အထူးသဖြင့် အာဂျင်တီးနားပဲပုပ်အထွက်လျော့မယ့် အလားအလာအရ နောက် ၃ လအတွင်း ဈေးနှုန်းမြင့်တက်နိုင်တယ်လို့လည်း Oil World မှ ခန့်မှန်းထားပါတယ်။ မလေးရှား နိုင်ငံရဲ့ နိုဝင်ဘာလ စားအုန်းဆီထွက်ရှိမှုဟာ ပထမ ၅ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့လို့ သိုလှောင်လက်ကျန်ကလည်း ၄ လအတွင်း ပထမအကြိမ်အနေနဲ့ ကျဆင်းခဲ့တယ်လို့ နိုင်ငံတော်စားအုန်းဆီအဖွဲ့က ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ပြော ကြားခဲ့ပါတယ်။ အထွက်လျော့ကျခြင်းနဲ့ ဝယ်လိုအားမြင့်တက်ခြင်းတို့ကြောင့် နောက် တစ်လအတွင်း စားအုန်းဆီကြိုပွိုင့်ဈေး တစ်တန်ကို ရင်းဂစ် ၄ဝဝဝ ထိ(ကန်ဒေါ်လာ ၁ဝ၇ဝ) လျော့သွားနိုင်တယ်လို့ ECM Libra မှ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ စက်တင်ဘာလပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၄၇၃ နဲ့ စက်တင်ဘာလ ပို့ရမယ့် ပဲပုပ်ဆီဈေးကလည်း ၁ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၅၈ဝ ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယုဇန၊Source: bloonberg .net
ပြည်ဈေးကွက်ကို ပဲပုပ်အသစ်များ ဝင်လာသော်လည်း အရောင်းအဝယ်အေး ပြည်ဈေးကွက်ကို ပဲပုပ် အသစ်များ ဝင်လာခြင်းကြောင့် အသစ်ဈေး၊ အဟောင်းဈေး နှစ်မျိုးဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲပုပ်အသစ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅ဝဝဝ ကျပ်၊ အဟောင်း မှာ ၁၆၅ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က လက်လီ ဝယ်ယူသူများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို ပေါက်ခေါင်း၊ ကံမမြို့နယ်များမှ ပဲပုပ် အသစ်များ အနည်းငယ်အဝင်ရှိလာတယ်လို့သိရပါတယ်။ဆုမွန်ဆွေ
ဟင်္သာတ ဈေးကွက်သို့ ပဲပုပ်သစ်များ စဝင် ယခင်နှစ် အဖွင့်ဈေးထက်ပို ဟင်္သာတ ဈေးကွက်သို့ ပဲပုပ်သစ်များ ဒီဇင်ဘာလ စတုတ္ထပတ် ကစပြီး ဝင်လာပါပြီ။ ယခင်နှစ်က ပဲပုပ် တစ်တင်းကို ၁၄ဝဝဝ ကျပ်နဲ့ ဈေးဖွင့် ခဲ့ပြီး၊ ယခုနှစ်မှာ ၁၆ဝဝဝ ကျပ်နဲ့ ဈေး စဖွင့်ခဲ့တယ်လို့သိရပါတယ်။ ယခု တစ်ပတ် မှာတော့ ပိဿာ ၂ဝ ဝင်တစ် တင်းကို ၁၄၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ပျမ်းမျှတစ်တင်းခွဲဝင် အိတ် ၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့သိရပါ တယ်။ အေးအေးခိုင်
လက်ကျန်နည်းလာတဲ့ ရှမ်းမြေပဲ ဈေးကွက်အတွင်းမှာတော့ မြေပဲဈေးကောင်းနေပါတယ်။ မြေပဲတစ် ပိဿာ ၁၄၅ဝ ကျပ်၊ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဈေးကွက်အတွင်း မြေပဲနည်း လာလို့ လှောင်လက်နဲ့ ဆီစက်များကဝယ်ယူနေကြတယ်လို့ သိရပါတယ်။ တစ်ပတ် အတွင်းကို ပိဿာချိန် ၁ သိန်းခွဲခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ မြေပဲဆီ တစ်ပိဿာအသန့် ၃၅ဝဝ ကျပ်၊ အရော တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပဲဖတ် တစ်ပိဿာ ၇ဝဝ ကျပ်၊ ၇၂ဝ ကျပ်ဈေးရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်များထံမှ သိရပါတယ်။ စောယုထွေး
အဝင်နည်းလို့ ဈေးမြင့်လာတဲ့ ပြည်မိုးနှမ်း ပြည်ဈေးကွက်မှာ နှမ်းပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မင်းတုန်း၊ ကံမနဲ့ အောင်လံ ဘက်မှ မိုးနှမ်းများ လှိုင်ချိန်က တစ်နေ့ အိတ် ၁၅ဝဝ ခန့် အဝင်ရှိပေမဲ့ မိုးနှမ်းတုံးလို့ ဆောင်းနှမ်းများ စိုက်ပျိုးနေချိန်မှာ တစ်နေ့အိတ် ၄ဝဝ မှ ၅ဝဝ သာ အဝင်ရှိတာကြောင့် နှမ်းအဝင်နည်းပြီး ဈေးအနည်းငယ်တက် လာခဲ့ပါတယ်။ နှမ်းနီကို မြို့ခံဆီစက်သမားများမှ ဆီကြိတ်ဖို့ အဝယ်ပုံမှန်ရှိနေလို့ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၇၂ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးမြင့် လာပါတယ်။ နှမ်းနက်ကို ရန်ကုန်တိုင်းဒေသကြီးသို့ ဒီဇင်ဘာလ အတွင်း နှမ်းအိတ် ၁ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၈ဝဝဝဝ ကျပ်ဈေး ဖြင့် ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။ ဝေဝေမင်း
အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းကနှမ်း ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြင်းမူ၊ မြောင်မြို့နယ်များမှ နှမ်းအသစ်များ မုံရွာမြို့သို့ အများအပြားဝင်ရောက်လာပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်မှာ နှမ်းတစ်ပိဿာ အနိမ့်၊ အမြင့်ဈေးများမှာ နှမ်းညို ၁၂၆၇ ကျပ်၊ ၁၄၆၇ ကျပ်၊ နှမ်းနီ ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်၊ နှမ်းဖြူ ၁၅ဝဝ ကျပ်၊ ၁၆၆၇ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးမြို့သို့ နှမ်း ၉၆ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူ၊ နှမ်းနီ တစ်ရက်ကို ပျမ်းမျှတင်း ၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ နှမ်းဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကားဈေး ၂၈၅ဝ ကျပ်၊ လက်လီဈေး ၃၁ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ သန်းးသန်းးတင်
နှမ်းနက်နဲ့ နှမ်းအခွံချွတ်တင်ပို့မှု ပိုမိုဆဲ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၄၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၃၂၈ တန်ကျော် နဲ့ချင်းရွှေဟော်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၇ သန်းတန်ဖိုးရှိ နှမ်းဖြူ တန် ၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်းမှာ နှမ်းရောင်စုံ တန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်များမှ နှမ်းရောင်စုံတင်ပို့မှုတန်ချိန် ၃၆ဝ ကျော် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က နှမ်းနက် ၅၃၃ တန်နဲ့ နှမ်းအခွံချွတ် ၆၉ တန် တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာတော့ နှမ်းနက် ၇ဝ၉ တန်နဲ့ နှမ်းအခွံချွတ် ၃၁၆ တန် တင်ပို့ခဲ့တာမို့နှမ်းနက် ၁၇၆ တန်နဲ့နှမ်းအခွံချွတ် ၂၄၆ တန် ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နှမ်းဖြူတင်ပို့မှုက ၃ဝ၃ တန်သာရှိပြီး ယခင်အပတ်ကထက် တန် ၁ဝဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ နယ်စပ်မှ နှမ်းရောင်စုံ ၂၉၉၂၃ တန် တင်ပို့ ထားပြီးဖြစ်ပါတယ်။ ယခင်အပတ်က ထက် နှမ်းနက်ဈေးမြင့်တက် လျက်ရှိပြီး နှမ်းဖြူဈေး လျော့လျက်ရှိ တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံနှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၅၅၁ဝ၂ ၁၂ဝဝ၄၄၆ ၄၅၃၄၄ ၄ ၁၃၁၅ ၁၃၂၃ ၈ ဝ .၆နှမ်းနက် ၁၅၂၇၅၇၄ ၁၄၇၅၉၃၇ ၅၁၆၃၇ ၃ ၁၅၈၇ ၁၅၇၉ ၈ ဝ .၅MIRT (DOBT)
ယခုတစ်ပတ် နှမ်းတင်ပို့မှု လျော့ကျ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့ရာမှ ယခင်သီတင်းပတ်တွေက တန်ချိန် ၁ဝဝဝ ကျော်စီတင်ပို့မှုရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၃ဝဝ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ နှမ်းဟောင်းလက် ကျန် နည်းပြီး နှမ်းအသစ်တွေ ဝင်လာပေမဲ့ အရောင်းအဝယ်အေး ဈေးအေးနေ တယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုးကျဆင်းတာကြောင့် လက်ရှိ ပြည် တွင်းဈေးနဲ့ မကိုက်တဲ့အတွက် ဒီတစ်ပတ်မှာ တင်ပို့မှုလျော့ကျသလို ရန်ကုန် FOB ဈေးအနေနဲ့ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ-၁၈၉ဝ ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဇန်နဝါရီလ စားအုန်းဆီကြမ်း တင်ပို့ခွန်ကို အင်ဒိုနီးရှားက ၂ဝ ရာခိုင်နှုန်း တိုးမြင့် အင်ဒိုနီးရှားနိုင်ငံ ပြည်ပ ကုန်သွယ်ရေးဌာနမှ ဇန်နဝါရီလ ပို့မယ့် စားအုန်းဆီကြမ်းတင်ပို့ခွန်ကို ၂ဝ ရာခိုင်နှုန်းထိ တိုးမြင့်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာ စတော့ဈေးကွက်မှာ စားအုန်းဆီကြမ်း ဈေးနှုန်းမြင့်တက်ခြင်းနဲ့ ရေနံဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ဒီဇင်ဘာလမှာ တင်ပို့ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ၂ဝ ရာခိုင်နှုန်းကို တိုးမြင့်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနဲ့အတူ ရေနံဈေးနှုန်း ကလည်း ယခင်နှစ်မေလမှာ အနိမ့်ဆုံး ကျင်းဆင်းခဲ့ရာမှ ၃ဝ ရာခိုင်နှုန်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ လာမယ့်ကာလတွေမှာ ကမ္ဘာ့ရေနံဈေးဟာ တစ်စည်ကို ကန်ဒေါ်လာ ၁ဝဝ အထိ မြင့်တက်နိုင်တယ်လို့ လစ်ဗျားနိုင်ငံတော် ရေနံကုမ္ပဏီ မှ ခန့်မှန်းထားပါတယ်။ ရေနံဈေးနှုန်း မြင့်တက်ခြင်းနဲ့အတူ နိုင်ငံတကာ ဈေးကွက်မှာ စားအုန်းဆီကြမ်းဈေးနှုန်းလည်း မြင့်တက်လာလိမ့်မယ်လို့ ဆိုပါ တယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနက တွက်ချက်မှုအရ စားအုန်ဆီကြမ်းပျမ်းမျှ ညွှန်းကိန်းဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၁၈၄ ရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: Jones News
ပြည်ဈေးကွက်သို့ ပဲပုပ်အသစ်များ အဝင်ရှိလာ ပြည်ဈေးကွက်တွင် ယခင်အပတ် များက ပဲပုပ်လက်ကျန် ပြတ်သွား သော်လည်း ပိဿာ ၂ဝ တစ်တင်းလျှင် ၁၈၅ဝဝကျပ်ဖြင့် ဈေးပိတ်ထားခဲ့ ကြောင်းသိရပါတယ်။ ဒါပေမဲ့ ယခု ဒီဇင်ဘာလ စတုတ္ထပတ်မှာတော့ ပဲပုပ်သစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်းသိရပါတယ်။ ပဲပုပ်အသစ်များ ဝင်လာတာကြောင့် ဈေးကွက်တွင် ပိဿာ ၂ဝ တစ်တင်းလျှင် ၁၆၅ဝဝ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ယခုရက်ပိုင်းမှာတော့ ပိဿာ ၂ဝ တစ်တင်းလျှင် ၁၅၅ဝဝ ကျပ်ဖြင့် လက်လီသမားများသာ အဝယ်ရှိ ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
