Background
လက်လီသမားဖြင့် ပုံမှန်အရောင်းအဝယ်ရှိတဲ့ ပြည်ပဲပုပ် ပြည်ဈေးကွက်တွင် ပဲပုပ်ဈေးမှာ ယခုနိုဝင်ဘာလ ဒုတိယပတ်ထိ တစ်တင်းကို ၁၈ဝဝဝ ကျပ်ဖြင့် ဈေးငြိမ် နေသော်လည်း အရောင်းအဝယ်ပုံမှန် ရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ အခြားမြို့နယ်များနှင့် ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်ပြီး လက်ကျန်မှာ အခြားတိုင်းများသို့ တင်ပို့ရန် လုံ လောက်မှု မရှိကြောင်း သိရပါတယ်။ ဒေသတွင်းမှာတော့ လက်လီဝယ်ယူ သူများဖြင့်သာ ပုံမှန်အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
ပြည်ဈေးကွက်တွင် မြေပဲဆံဈေးတက် ပဲခူးတိုင်းဒေသကြီးအနောက်တွင် ဆောင်းမြေပဲများစိုက်ပိုျးနေပြီဖြစ်ပြီး ပြည်ဈေးကွက်တွင် မိုးမြေပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဝက်ထီးကန်၊ ပြည်မြို့အနောက်ဘက်နဲ့ အောင်လံဘက်မှ တစ်နေ့ကို အိတ် ၁ဝဝဝခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံကို ဆီစက် သမားများမှ ရသလောက်အဝယ်ရှိနေလို့ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၆ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးတက်လာတာ တွေ့ရပါတယ်။ လုံးဆံဈေးမှာ တစ်ပိဿာ ၁၇၅ဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၉ဝဝ မှ ၁ဝဝဝ ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာကို ၃၄၅ဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးမြေပဲလှိုင်လှိုင်ပေါ် ယခုအချိန်က မိုးမြေပဲများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်သလို ဆောင်းမြေပဲ စိုက်ပျိုးချိန်လည်းဖြစ်ပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး ၊ အရာတော်၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ ထွက်ရှိတဲ့ မိုးမြေပဲများ မုံရွာမြို့သို့ အများအပြားဝင်ရောက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အတွင်း မြေပဲတစ်ပိဿာအနိမ့် အမြင့်ဈေးများမှာ မြေပဲဆံနီ ၁၉၅ဝ ကျပ်၊ ၂၁ဝဝ ကျပ်၊ မြေပဲဆံဖြူ ၁၆ဝဝ ကျပ်၊ ၁၇၄၅ ကျပ်၊ မြေပဲလုံးဆံ ၁၈၅၇ ကျပ်၊ ၂ဝ၃၆ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ပထမ ပတ်အတွင်း မြေပဲတင်း ၃၆ဝဝ ကျော်၊ ဒုတိယပတ်အတွင်း မြေပဲတင်း ၅၅ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံ တစ်ရက်ကို ပျမ်းမျှ တင်း ၁၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကား ၃၁၅ဝ ကျပ်၊ လက်လီဈေး ၃၃ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ သန်းသန်းတင်
ပြည်တွင်းလက်ကျန်အခြေအနေကြောင့် နှမ်းတင်ပို့မှု လျော့ကျလာ ပြည်တွင်းဈေးနှုန်းနဲ့ တစ်ဖက်နိုင်ငံဈေးများ သိသိသာသာ မပြောင်းလဲသော်လည်း ပြည်တွင်းလက်ကျန် နည်းပါးသွားတဲ့အတွက် တင်ပို့မှုလျော့ကျ လျက်ရှိတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့ကထွက်ရှိတဲ့ နှမ်းဖြူ၊ နှမ်းနက်များကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်က တစ်ဆင့်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နှမ်းဖြူ ၉၆ တန်၊ နှမ်းနက် ၃၁၁ တန်နဲ့ နှမ်းအခွံချွတ် တန် ၁ဝဝ ၊ ချင်းရွှေဟော်နယ်စပ်မှ နှမ်းဖြူ ၃၄ တန်ကျော် စုစုပေါင်းနှမ်းရောင်စုံ ၅၄၁ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၇၅ သန်းဖိုးတင်ပိုနိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁ဝဝဝ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်တင်ပို့နိုင်မှု ဟာ ထက်ဝက်နီးပါးလျော့ကျသွားပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံနှမ်းပေါက်ဈေး ကို ကြည့်တဲ့အခါ မိမိဘက်မှာ နှမ်းဖြူဈေး လျော့ကျခဲ့သော်လည်း နှမ်းနက်ဈေး ကောင်းလျက် ရှိတာတွေ့ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခ ပြောင်းလဲမှု %နှမ်းဖြူ ၁၁၅၂၆၁၄ ၁၁၉၆ဝ၇၂ ၄၃၄၅၈ ၄ ၁၃ဝ၇ ၁၂၃၂ ၇၅ ၆နှမ်းနက် ၁၅၃၃၆ဝ၇ ၁၃၈၄၄၈ဝ ၁၄၉၁၂၇ ၁ဝ ၁၆ဝ၈ ၁၅၃၃ ၇၅ ၅MIRT (DOBT)
နှမ်းပြည်ပ အဝယ်ရှိသလောက် မတင်နိုင် ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုဟာ တန်ချိန် ၄ဝဝ ကျော်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၈၅ဝ ကျော်ကို ပြန်တိုးတင်လာနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ နှမ်းကုန်သည်ကြီးတစ်ဦး ပြောတာ ကတော့ ပြည်တွင်းလက်ကျန်နည်းနေတာကြောင့် ပြည်ပအဝယ်တွေရှိသလောက် မတင်ပို့နိုင်ဘူးလို့ ဆိုပါတယ်။ ယခင်လတွေက တရုတ်က ဈေးမြင့်ပေးဝယ်ယူ ခဲ့တာကြောင့် ပြည်တွင်းဈေးက မြောက်နေတဲ့ အတွက် ပြည်ပဝယ်လက်ကပေးတဲ့ ဈေးနဲ့ သိပ်မကိုက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်းမှာတော့ တရုတ်ကလည်း အဆွဲအေးနေတယ်လို့ ဆိုပါတယ်။ ရန်ကုန် FOB ဈေးမှာလည်း ယခင် တစ်ပတ် အတိုင်း ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၈ဝ- ၂ဝဝဝ ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီး ဖြစ် တယ်လို့ သိရပါတယ်။ MIRT - MAPT
စားအုန်းဆီဈေး ဆက်လက် မြင့်တက်ဖွယ်ရှိ ဈေးကွက်အသီးသီးက ဝယ်လိုအားကောင်းလာတာရယ်၊ ရောင်းချနိုင်မှု လျော့နည်းနိုင်တာရယ်ကြောင့် လာမယ့်နှစ်မှာ စားအုန်းဆီဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၆ဝဝ (ကန်ဒေါ်လာ ၁၅ဝဝ ) ထိမြင့်တက်နိုင်တယ်လို့ လေ့လာဆန်းစစ် သူများက ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ ဇန်နဝါရီပို့ရမယ့်စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးဟာ နိုဝင်ဘာလ ၁၁ ရက်က တစ်တန်ကို ရင်းဂစ် ၃၃၉၆ (ကန်ဒေါ်လာ ၁ဝ၈၅) ဈေးကို ၂ နှစ်ကျော်အတွင်း မကြုံဘူးတဲ့ ဈေးဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်မှာ တော့ ရင်းဂစ် ၃၂၇ဝ (ကန်ဒေါ်လာ ၁ဝ၄၅) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ Bloomberg စာရင်းများအရ စားအုန်းဆီဈေးဟာ စက်တင်ဘာလ အစောပိုင်းကစပြီး ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာမှာ ဒုတိယမြောက် အများဆုံး ထုတ်လုပ်တဲ့ မလေးရှားမှာ မိုးရွာသွန်းမှုများလို့ စားအုန်းဆီ ရောင်းချမှုနည်းသွားတာကြောင့် ဈေးမြင့်တက်ခဲ့ခြင်းဖြစ်တယ်လို့ ကျွမ်းကျင်ရှင် များက ဆိုပါတယ်။ ကာလတိုအတွင်း တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၅၉) ဈေးနဲ့ ရှိနိုင်တယ်လို့ Kim Eng သုတေသနမှ လေ့လာဆန်းစစ်ပညာရှင် Rohan Suppiah က ပြောကြားပါတယ်။ လာမယ့်နှစ် ဈေးနှုန်းစံချိန်တင်ဖွယ်ရှိခြင်းဟာ ဆီသန့်စင်သူများကို ထိခိုက် စေနိုင်တယ်လို့ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်အထူးပြုပညာရှင် Mr Leon Perera က ပြောကြားပါတယ်။ ဘာကြောင့်လည်းဆိုရင် ထုတ်လုပ်စရိတ်က ဈေးမြင့် နေပြီ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယက စားအုန်းဆီကြမ်း ဝယ်လိုအား ဆက်ကောင်းနိုင်ဦးမယ်လို့ ဆိုပါတယ်။ ယုဇန၊Sources: oilworld
အသစ်ဝင်လာတဲ့ ဈေးကောင်းရနေတဲ့ ပဲပုပ် ပြည်ပဲပုပ်မှာ ယခုတစ်ပတ် တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးထက် တစ်တင်းကို ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ ပါတယ်။ ဈေးကွက်တွင်းသို့ ပဲပုပ်သစ် များ ဝင်ရောက်လာသော်လည်း ဈေး နှုန်းကျဆင်းမှု မရှိဘဲ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် လက်လီသမားများနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ဇီးကုန်း၊ နတ်တလင်းနဲ့ လက်ပံတန်းမြို့ နယ်များတွင် ပဲပုပ်ဧက ၄ဝဝဝ ကျော် စိုက်ပိုျးထားကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
အသစ်ဝင်လာတဲ့ ဈေးကောင်းရနေတဲ့ ပဲပုပ် ပြည်ပဲပုပ်မှာ ယခုတစ်ပတ် တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးထက် တစ်တင်းကို ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ ပါတယ်။ ဈေးကွက်တွင်းသို့ ပဲပုပ်သစ် များ ဝင်ရောက်လာသော်လည်း ဈေး နှုန်းကျဆင်းမှု မရှိဘဲ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် လက်လီသမားများနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ဇီးကုန်း၊ နတ်တလင်းနဲ့ လက်ပံတန်းမြို့ နယ်များတွင် ပဲပုပ်ဧက ၄ဝဝဝ ကျော် စိုက်ပိုျးထားကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
မန်းဈေးကွက်ကိုဒေသစုံကဝင်တဲ့ မြေပဲဆီဆံ မန်းဈေးကွက်အတွင်းသို့ ပြည်မကွေး၊ အောင်လံ၊ ရွှေဘို၊ မြင်းမူ၊ ကျောက်ပန်းတောင်းစတဲ့ ဒေသတွေက ယခုတစ်ပတ်အတွင်း မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ အောက်တိုဘာ တတိယပတ်အတွင်း ဆီဆံ တစ်ပိဿာ ဈေးနှုန်းအနေနဲ့ နွားထိုးကြီးဆီဆံ ၁၆ဝဝ ကျပ်၊ မြင်းမူဆီဆံ ၁၅၇ဝ ကျပ်၊ ပြည်ဆီဆံ ၁၄၅ဝ ကျပ်၊ ကျွန်းဆီဆံ ၁၄၂၅ ကျပ်၊ ဝက်လက်ဆီဆံက ၁၅၁ဝ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး စတုတ္ထပတ်မှာတော့ နွားထိုးကြီး ဆီဆံ ၁၆၅ဝကျပ်၊ ပြည်ဆီဆံက ၁၅၂၅ ကျပ်၊ မကွေးဆီဆံက ၁၅ဝဝ ကျပ်၊ မြင်းမူဆီဆံက ၁၅၈၅ ကျပ်၊ ရွှေဘိုဆီဆံက ၁၅၅ဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် အတွင်း ရာသီဥတုအခြေအနေကြောင့် မြေပဲဆီဆံများ ဝင်ရောက်မှု အားနည်းခဲ့ပြီး ဈေး အနည်းငယ်မြင့်တက်နေတာကို တွေ့ရပါတယ်။ ပဲဆီဈေးက တစ်ပိဿာ ၂၈ဝဝ ကျပ်၊ ၃ဝဝဝ ကျပ်၊ ပဲဖတ်တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးနဲ့ ရောင်းဝယ် နေကြပြီး ပုံမှန်အတိုင်း စီးဆင်းမှု ကောင်းနေရင်တော့ ဈေးနှုန်းက သိပ်မတက်ဘဲ ပုံမှန်အနေအထားနဲ့ ရောင်းဝယ်နေကြမှာပါလို့ သိရပါတယ်။ တင်ဇာမျိုး
အိတ်စပို့ နှမ်းဈေးအေးပေမဲ့ ပြည်တွင်းသုံး နှမ်းဈေးကောင်း အရောင်းသွက်နေတဲ့ အောင်လံနှမ်းဈေးကွက် အောင်လံ စမုံနှမ်းနက်ဟာ အောက်တိုဘာလ တတိယပတ်က ၄၅ ပိဿာ တစ်အိတ်ကို ၁၂၅ဝဝဝ ကျပ် ဖြစ်ပေါ်နေရာက စတုတ္ထပတ်မှ ၁၁၅ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ ရိုးရိုးနှမ်းနက်ကလည်း သိပ္ပံနှမ်းနက်လိုဘဲ ယခင်အပတ် ၁ဝ၃ဝဝဝ ကျပ်က ယခုအပတ်မှာ ၉၅ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ နှမ်းဖြူ မှာလည်း ပြည်ပငွေလဲနှုန်းဈေးအေးလာခြင်း၊ ပြည်ပသီးနံှဈေးကျဆင်းလာခြင်းပေါ် မူတည်ပြီး၊ တစ်အိတ် ၇၃ဝဝဝ ကျပ်ဖြင့် အဝယ်ရှိသော်လည်း၊ ရောင်းလက်များက ဈေးစောင့်ကြလို့ အရောင်းအေးနေပါတယ်။ ပြည်တွင်းသုံးနှမ်းနီက ကုန်ကြမ်း လိုအပ်မှု မြင့်တက်လာတာနဲ့အမျှ မြို့ခံဆီစက်လုပ်ငန်းရှင်နဲ့ ပြည်မြို့လုပ်ငန်းရှင်တို့ ဝယ်ယူမှုအားကောင်းလာလို့ ယခင်အပတ်က ဈေးမာနေတဲ့ ၇၃၅ဝဝ ကျပ်မှ ယခု အပတ်မှာ ၇၅ဝဝဝ ကျပ်ထိ တရိပ်ရိပ်ဈေးမြင့်လာတာ တွေ့ရသလို နှမ်းဆီဈေးမှာ လည်း တစ်ပတ်အတွင်း တစ်ပိဿာကို ၃ဝဝဝ ကျပ်မှ ၃၃ဝဝ ကျပ်ထိဈေးမြင့်လာတယ်လို့ သိရပါတယ်။ အောင်လံနှမ်းဈေးကွက်ရဲ့ ယခုတစ်ပတ်ရောင်းဝယ်မှုက အိတ်စပို့ နှမ်းများက ဈေးအေး အရောင်းအေးနေပေမဲ့ ပြည်တွင်းသုံး နှမ်းနီကတော့ ယခင်အပတ်ထက် တစ်ဆတိုးပြီး တစ်ပတ်အတွင်း အိတ် ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ကျော်မင်း
