Main menu

Background

Thursday, 18 Nov 2010

 ချင်းရွှေဟော်မှလည်း နှမ်းဖြူတင်ပို့            နှမ်းကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဘက်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိရာမှ ယခုအပတ်မှာ ချင်းရွှေဟော် နယ်စပ်မှလည်းနှမ်းဖြူအနည်းငယ်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် နှမ်းရောင်စုံ ၂၉၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၉၄၁ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ ၁၈ တန်၊ ကန်ဒေါ်လာ ၂၃၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှာ နှမ်း ၂၉၇၈ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃ ဒသမ ၉၆၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ ၂ဝ၁၈တန် တင်ပို့နိုင် ခဲ့တာမို့ ယခုအပတ်မှာတန်ချိန် ၉၆ဝ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နှမ်းဖြူမှလွဲပြီး နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ်များတင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ နှမ်းအနိမ့်ဈေးမှာ ယွမ် ၁ဝဝ မှ ၁၅ဝ (၁၅ ဒေါ်လာမှ ၂၃ ဒေါ်လာ) ခန့်ထိ တက်လာသော်လည်း             အမြင့်ဈေးမှာတစ်တန်ကို ယွမ် ၁ဝဝ(၁၅ ဒေါ်လာ)ခန့်ကျဆင်းလျက်ရှိတာ တွေ့ ရပါတယ်။ယခုအပတ်မူဆယ်မှနှမ်းဖြူတင်ပို့မှုမှာ ၆၆၅ တန်၊ နှမ်းနက်တင်ပို့မှုမှာ ၁၉၈၈ တန်နဲ့ နှမ်းအခွံချွတ် ၃ဝ၇ တန် အသီးသီးဖြစ်ပါတယ်။ မကွေးနဲ့မန္တလေးတိုင်းဒေသကြီးကထွက်ရှိတဲ့ နှမ်းဖြူများကို ချင်းရွှေဟော် နယ်စပ်မှ တင်ပို့ခြင်းဖြစ်ပြီး မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၁၁၅ဝဝဝဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံပေါက်ဈေးက ၉၃၅ဝ ယွမ် ဒေါ်လာ ၁၄ဝဝ ဝန်းကျင်ရှိတယ်လို့ ချင်းရွှေဟော်မှ နှမ်းတင်ပို့သူထံမှ သိရပါတယ်။ တရုတ်ဈေးကွက်သို့ ချင်းရွှေဟော် ဘက်မှ စမ်းသပ်တင်ပို့ကြည့်တာပါလို့ သူက ဆိုပါတယ်။ မူဆယ်နယ်စပ်ရှိ ယခုအပတ်နဲ့ ယခင်အပတ်နှမ်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                                      မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု               ယခင်           ပြောင်းလဲမှု  %        ယခု         ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ           ၁၂၉၁၃၂ဝ       ၁၁၈ဝ၆ဝ၇       ၁၁ဝ၇၁၃      ၉       ၁၃ဝ၆      ၁၃၁၈         ၁၂           ၁နှမ်းနက်         ၁၃၃၅၂၉၇       ၁၅၁၈ဝ၆၈       ၁၈၂၇၇၁     ၁၄      ၁၄၂၇      ၁၅၃၄       ၁ဝ၇          ၈MIRT (DOBT)

Thursday, 18 Nov 2010

 နှမ်းတန်ချိန် ၁၂ဝဝ ကျော် ပင်လယ်ရေကြောင်းကတင်ပို့      ယခုတစ်ပတ်အောက်တိုဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပင်လယ် ရေကြောင်းက နှမ်းတန်ချိန် ၁၂ဝဝ ကျော် ပင်လယ်ရေကြောင်းက တင်ပို့မှုရှိခဲ့ ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁ဝဝဝ ဝန်းကျင်မှ တိုးတက်တင်ပို့လာတာ ဖြစ်ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ဖြစ်ပြီး ဂျပန်နိုင်ငံကို တန် ၄ဝဝ ကျော်တင်ပို့ခဲ့ တာတွေ့ရပါတယ်။ အဓိကတော့ ဂျပန်ဝယ်လက်က သိပ္ပံနှမ်းနက်အများဆုံး ဝယ်ယူတာ ဖြစ်ပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးအတိုင်း သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT

Thursday, 18 Nov 2010

 စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ      စားအုန်းဆီကြိုပွိုင့်ဈေး ၂ နှစ်ကျော်အတွင်း အမြင့်ဆုံး ရောက်ရှိ ရာသီဥတုအခြေအနေနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့လာခြင်းတို့ကြောင့် ပဲပုပ်ဈေးနှုန်း ခိုင်မာလာခြင်းနဲ့အတူ အောက်တိုဘာ ၂၈ ရက်နေ့ မလေးရှား စားအုန်းဆီ ကြိုပွိုင့်ဈေးမှာလည်း ၂ နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ စားအုန်းဆီ အဓိကစိုက်ပျိုးတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ မိုးပိုမိုရွာသွန်းနေခြင်းက ရိတ်သိမ်းခူးဆွတ်မှုကို ထိခိုက်နိုင်ခြင်းရှိကာ ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။      မလေးရှား ဘူစာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ဇန်နဝါရီလအတွက် အခြေခံ စားအုန်းဆီကြမ်း စာချုပ်ဈေးမှာ တစ်တန်ကို ၁ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ရင်းဂစ် ၃ဝ၆၄ (ကန်ဒေါ်လာ ၉၈၃) ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဈေးနှုန်းဟာ ၂ဝဝ၈ ခုနှစ်ဇူလိုင်လ ၂၈ ရက်နောက်ပိုင်းမှာအမြင့်ဆုံးပမာဏ ဖြစ်တယ်လို့သိရပါတယ်။ စားဆီနဲ့သီးနံှဈေးကွက်မှာ ရာသီဥတုအခြေအနေနဲ့ ဒေါ်လာ တန်ဖိုး အားပျော့နေခြင်းတို့ကြောင့် ဈေးနှုန်းဆက်လက် မြင့်တက်မယ့် လက္ခဏာ ရှိတယ်လို့ ကွာလမ်လာပူမှ ကုန်သည်တစ်ဦးကဆိုပါတယ်။ မကြာခင်စားအုန်းဆီ တစ်တန်ကို ရင်းဂစ် ၃၁ဝဝ (ကန်ဒေါ်လာ ၉၉၄ ) ဈေးဖြစ်လာမှာ အနှေးနဲ့ အမြန်ပါပဲလို့လည်း ၎င်းကဆိုပါတယ်။                            ယုဇန၊Source: palmoilhq.com

Monday, 15 Nov 2010

ဈေးငြိမ်ပြီး ပုံမှန်ရောင်းဝယ်နေတဲ့ ပဲပုပ်         မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု နိုဝင်ဘာလဆန်းမှာ ပဲပုပ် တစ်ပိဿာ ၈၁၇ ကျပ် ဝန်းကျင်ဈေးနဲ့ အရောင်း အဝယ် ပြုလုပ်နေကြပါတယ်။ ယခင်နှစ် ကာလတူဈေးမှာ ၆၉၄ ကျပ်ဖြစ်ပါတယ်။ ကလေး၊ ဟုမ္မလင်း၊ ရေဦး၊ တန့်ဆည်၊ မြင်းမူ၊ မြောင်မြို့နယ်များက ပဲပုပ်များ မုံရွာမြို့သို့ ဝင်ရောက်လာပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ အောက်တိုဘာလအတွင်း ပဲပုပ်တင်း ၄ဝဝ ကျော်၊ နိုဝင်ဘာ ပထမပတ်အတွင်း တင်း ၃ဝ ကျော် စီးထွက်ခဲ့ပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ တင်း ၇ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                   သန်းသန်းတင် 

Monday, 15 Nov 2010

ဆောင်းရာသီအအေးဓါတ်နှင့်အတူ စားအုန်းဆီစားသုံးမှုကျဆင်းပြီး ပဲဆီစားသုံးမှုမြင့်တက်လာ         ဆောင်းရာသီအအေးဓါတ်နဲ့အတူ စားအုန်းဆီအေးခဲခြင်းကြောင့် စားသုံးမှုကျဆင်းပြီး ပဲဆီစားသုံးမှု မြင့်တက်လာ ကြောင်း မန္တလေးမြို့ ဆီဈေးကွက် က သိရပါတယ်။      '' ဒီလမှာ ပဲဆီစားသုံးမှုမြင့်တက်လာတဲ့အတွက် ဈေးမာလာတယ်။ အထက်ပိုင်းဒေသတွေက ပဲဆံမခူးဆွတ်ရသေးလို့ ထွက်ရင်အင်နဲ့အားနဲ့ ဝင်လာနိုင်တယ်။ ဒီနှစ် ပဲဆံအထွက်ကောင်းတဲ့အတွက် ဈေးပြန်ကျလာ နိုင်ပါတယ်။ စားအုန်း ဆီက ဒီရက်ပိုင်း အဝင်နည်းပေမယ့် စားသုံးမှုလျော့တဲ့အတွက် သွင်းကုန်လျော့ကျ သင့်တယ်။ နှမ်းဆီဈေးကတက်နိုင်တယ်။ မနှစ်က နှမ်းအထွက်နည်းတဲ့အတွက်ကြောင့် ဈေးတက်နိုင်ပြီး စားသုံးမှုလျော့နိုင်တယ်။ စားအုန်းဆီနဲ့ နှမ်းဆီစားသုံးမှု လျော့ပြီး ပဲဆီ စားသုံးမှုမြင့်လာပေမယ့် ဒီနှစ်ပဲဆံအဝင်များလာနိုင်လို့ ဈေးကျဆင်းနိုင်တယ်'' လို့ ဆီကုန်သည်တစ်ဦးက ပြောပါတယ်။ လတ်တလောမှာ စားသုံးဆီဈေးနှုန်းများမြင့်တက်လာပြီး ပဲဆီတစ်ပိဿာကို ၃၂ဝဝ ကျပ်၊ ၃၃ဝဝ ကျပ်၊ နှမ်းဆီ ၂၉ဝဝ ကျပ်၊ ၂၈၅ဝ ကျပ်၊ စားအုန်းဆီ ၂၄ဝဝ ကျပ်၊ ၂၃၅ဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                                   ဇူးဇူး 

Monday, 15 Nov 2010

 ပြည်ဈေးကွက်တွင် နှမ်းဈေးအေး ဆီဈေးတက်      ပြည်ဈေးကွက်တွင် မိုးနှမ်းများအဝင်ပါးနေသဖြင့် အရောင်းအဝယ် အေးလျက်ရှိပါတယ်။ တစ်နေ့ကို နှမ်းအိတ် ၇ဝဝ သာပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ဆီစက်သမားများမှလည်း အဝယ်ရှိနေလို့ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နယ်နဲ့ သရက်မြို့နယ်တို့မှ ဝယ်ယူကြိတ်ခွဲလျက်ရှိပါတယ်။ ရန်ကုန် ဝယ်လက်များကတော့ အဝယ်နည်းနေကြောင်း သိရပါတယ်။ နှမ်းဈေးမှာ အတက်အကျမရှိဘဲ ဈေးအေးနေပါတယ်။ စမုံနက်နှမ်း ၄၅ ပိဿာ တစ်အိတ်ကို ၁၂ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ရိုးရိုးထိပ်စ ၄၅ ပိဿာတစ်အိတ်ကို ၁ဝဝဝဝဝ ကျပ်နဲ့ အောက်စတစ်အိတ်ကို ၉၅ဝဝဝ ကျပ်ရှိပြီး၊ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇၆ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်း ဈေးအေးနေသော်လည်း နှမ်းဆီတစ်ပိဿာကို အနိမ့်ဆုံး ၃ဝဝဝ ကျပ်နဲ့ အမြင့်ဆုံး ၃၁ဝဝ ကျပ်ထိ ဈေးတက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                                 ဝေဝေမင်း 

Monday, 15 Nov 2010

နှမ်းတင်ပို့မှုလျော့ကျ       ယခုအပတ်မှာ နှမ်းတင်ပို့မှုသိသိသာသာလျော့ကျလျက်ရှိတာ တွေ့ရပါ တယ်။နှမ်းဖြူဈေးများမှာ မိမိဘက်ရော တစ်ဘက်နိုင်ငံပါ ဈေးကျလျက်ရှိပြီး နှမ်းနက် မှာ မိမိဘက် ဈေးအနည်းငယ် မြင့်တက်လျက် ရှိပါတယ်။ ယခုအပတ်မှာ မူဆယ် နယ်စပ်က နှမ်းတင်ပို့နိုင်မှုများကတော့ နှမ်းဖြူ ၁၂၅ တန်၊ နှမ်းနက် ၆၈၈ တန်နဲ့ နှမ်းအခွံချွတ် ၂ဝ၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၁၁ သန်းဖိုး တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။နှမ်းတင်ပို့မှုဟာ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် တန်ချိန် ၁၅ဝဝ နီးပါး လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ အောက်တိုဘာလထိ နယ်စပ်စခန်းများမှ နှမ်းရောင်စုံ ၃၃၃၄ဝ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံးအနေနဲ့ကတော့ နှမ်းဖြူ တန် ၂၉၄ဝ၊ နှမ်းနက် တန် ၆၃၆ဝနဲ့ နှမ်းအခွံချွတ် ၈၅၃ တန် စုစုပေါင်း နှမ်းရောင်စုံ တန်ချိန် ၁ဝ၁၅၃ တန် တင်ပို့ထားပြီး ဖြစ်ပါတယ်။ မူဆယ်နဲ့ ရွှေလီနယ်စပ် နှမ်းပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                          မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု      ယခင်        ပြောင်းလဲမှု        %          ယခု       ယခင်   ပြောင်းလဲမှု       %နှမ်းဖြူ    ၁၁၆၉ဝဝဝ      ၁၁၇၇ဝဝ၈      ၈ဝဝ၈       ဝ .၇       ၁၂၂၅      ၁၃ဝ၂          ၇၇           ၆နှမ်းနက်   ၁၃၈၄၄၈ဝ     ၁၃၈ဝ၄ဝ၈      ၄ဝ၇၂       ဝ .၃       ၁၅၂၄      ၁၅၂၇            ၃          ဝ .၂MIRT (DOBT)

Monday, 15 Nov 2010

ယခုတစ်ပတ်နှမ်းတင်ပို့မှု လျော့လာ    ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု တန်ချိန် ၁ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် (နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်းမှာ တော့ တန်ချိန် ၄ဝဝ ကျော်ကို တင်ပို့မှုလျော့ကျလာတာတွေ့ရပါတယ်။ ပြည်ပ တင်ပို့ဖို့ အဝယ်တွေရှိပေမဲ့ အရောင်းနည်းပါးတာကြောင့် တင်ပို့မှုနည်းကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ် အတိုင်း သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ ဖြစ်ကြောင်း သိရပါတယ်။                                                    MIRT - MAPT

Monday, 15 Nov 2010

 ၂ဝဝ၈ ခုနှစ် ဇူလိုင်လနောက်ပိုင်း စားအုန်းဆီကြမ်းဈေး အမြင့်ဆုံးကို ရောက်ခဲ့           ချီကာကို ပဲပုပ်ဆီအပါအဝင် အခြား စိုက်ပျိုးရေး ထွက်ကုန်များကို အမြောက်အမြားဝယ်ယူလာကြတာကြောင့် နိုဝင်ဘာလ ၉ ရက်နေ့ မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၂၈ လ နီးပါးအတွင်း အမြင့်ဆုံးကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ဆိပ်ကမ်းများမှာ စားအုန်းဆီ လက်ကျန်လျော့ကျနေပြီဆိုတဲ့ ဒေလီယံကုန်စည်ဒိုင်သတင်းများကလည်း စားအုန်းဆီ ကြိုပွိုင့်ဈေးကို မြင့်တက်စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်အခြေခံဈေးဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁ဝ၈၈) ဖြစ်ခဲ့လို့ ၂ဝဝ၈ ခုနှစ် ဇူလိုင်လ ၁၈ ရက်နောက်ပိုင်းမှာ အမြင့်ဆုံးဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဆိပ်ကမ်းများမှာ လက်ကျန်ပမာဏဟာ တန်ချိန် ၂၁ဝဝဝဝ ဝန်းကျင်သာရှိပြီး ယခင်နှစ်ထက် သိသိသာသာကျဆင်းခဲ့တယ်လို့ China Securities Journal မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှု ကျဆင်းခြင်းက ဝယ်လိုအားကို မြင့်တက်စေတာကြောင့် ဈေးနှုန်းလည်းလိုက်ပါမြင့်တက်နေတယ်လို့ ကွာလမ်လာပူ အခြေစိုက် ကုန်သည်များက ဆိုပါတယ်။ မလေးရှား စားအုန်းဆီအခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၄၅ဝ (ကန်ဒေါ်လာ ၁၁၁၇) ထိမြင့်တက်နိုင်ဖွယ်ရှိတယ်လို့ လည်း ၎င်းကခန့်မှန်းပြောကြားပါတယ်။ လက်ငင်းဈေးကွက်မှာ ဒီဇင်ဘာပို့ရမယ့် Palm olein ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၂ဝ ရှိပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးဟာလည်း တစ်တန်ကို ရင်းဂစ် ၈ဝ မြင့်တက်ပြီး ရင်းဂစ် ၃၃၆ဝ (ကန်ဒေါ်လာ ၁ဝ၈၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                       ယုဇန၊ှSources: palmoil hq. com

Wednesday, 10 Nov 2010

 အသစ်ပေါ်ပေမယ့် ဈေးအမြင့်မှာ ဆက်လက်ရှိနေတဲ့ ပြည်ပဲပုပ်ဈေးကွက်       ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲပုပ်လက်ကျန်အဟောင်းများ အရောင်းအဝယ်ဖြစ်လျက်ရှိရာ နေ့စဉ် ၁ဝ အိတ်ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။ ပဲပုပ်ဈေးနှုန်းမှာ တစ်တင်း ၁၇၅ဝဝ ကျပ်မှ ၁၈ဝဝဝ ကျပ်ထိ ဈေးရရှိခဲ့ကြပြီး ယခင်အပတ်က ထက် တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးမြင့် လာခဲ့ပါတယ်။ ပဲပုပ်အသစ်များ ပေါ် လာပြီ ဖြစ်သော်လည်း ဈေးမှာကျဆင်း သွားခြင်းမရှိဘဲ ဈေးကောင်းနေ ကြောင်း သိရပါတယ်။                                                                                                                                           ဆုမွန်ဆွေ

Pages