Background
ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းမှာ မန္တလေးဈေးကွက်ကို ကလေးက ပဲပုပ်များ အဝင်ရှိပြီး ဒေသတွင်းဆီကြိတ်သမားရော၊ တရုတ်ဝယ်လက်ရောရှိလို့ အရောင်းအဝယ်မှန်မှန် ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းကနေ စင်္ကာပူကို ပဲပုပ် ၄၄ တန်၊ ကန်ဒေါ်လာ ၂ဝဝဝ ဖိုးတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း နယ်စပ်ကတင်ပို့မှုမရှိသေးတာကို တွေ့ရပါတယ်။
ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ မြေပဲဆီဆံ အဝင်အေးလာပြီး ဈေးအေးအေးနဲ့ အရောင်းအဝယ်တွေဖြစ် နေတာ တွေ့ရပါတယ်။
ဒီတစ်ပတ်အတွင်း အောင်လံက နှမ်းလှောင်လက်တွေ ထုတ်ရောင်းလာကြလို့ တစ်ပတ်အတွင်း
ပဲခူးတိုင်းအနောက်မှာ ဆောင်းနှမ်းစိုက်ဧက ၂၇ဝဝဝ ရှိပြီး၊ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ၁၂ တင်းနှုန်းထွက်ရှိပါတယ်။
ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းကနေ နှမ်းတန်ချိန် ၁ဝဝဝ ကျော် ကန်ဒေါ်လာ ၁၆ သိန်းဖိုးခန့်တင်ပို့ခဲ့တဲ့အထဲမှာ
US$/TonRBD P.Oil RBD P.Olein RBD P.Strarin ဇန်နဝါရီ စတုတ္ထပတ် ၇၄၂.၅ဝ ၇၆ဝ.ဝဝ ၆၉၄.ဝဝဖေဖော်ဝါရီ ပထမပတ် ၇၂၈.၅ဝ ၇၄၄.၅ဝ ၆၈၄.၅ဝဖေဖော်ဝါရီ ဒုတိယပတ် ၇၄၉.ဝဝ ၇၆၄.ဝဝ ၇၁၄.၅ဝဖေဖော်ဝါရီ တတိယပတ် ၇၆၂.၅ဝ ၇၇၂.၅ဝ ၇၂၄.ဝဝဖေဖော်ဝါရီ စတုတ္ထပတ် ၇၉ဝ.၅ဝ ၇၉၇.၅ဝ ၇၅၁.ဝဝ
တရုတ်နှစ်သစ်ကူးပွဲတော်ပိတ် ရက်များကြောင့် ယခုလအတွင်းစား အုန်းဆီထုတ်လုပ်မှု လျော့ကျတာရယ် ရေနံနဲ့ပဲပုပ်ဆီ ဈေးမြင့်တက်တာတွေရယ်ကြောင့် စားအုန်းဆီကြိူပွိုင့် ဈေးမြင့်ခဲ့သလို လက်ငင်းဈေးလည်း မြင့်တက်ခဲ့ပါတယ်။
မန္တလေးဈေးကွက်အတွင်းသို့ ဆီနေကြာအသစ်များလှိုင်လှိုင် ဝင်ရောက်နေဆဲ ကာလပဲဖြစ်ပါတယ်။
ပြည်တွင်းစားသုံးဆီမျိုးစုံ လက်လီလက်ကားဈေးနှစ်မျိုးလုံးဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။
