Main menu

Background

Monday, 18 Feb 2013

ဟံသာဝတီဝိုင်းအတွင်း လူစည်ကား နေပြီးအင်ဂျင်ပါဝါသေးငယ်သော ကား ငယ်များအရောင်းအဝယ် ရှိနေကြောင်း သိရသည်။

Monday, 4 Feb 2013

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မှာဖြစ်ကြောင်း သိရပါတယ်။  တန်ဖိုး နည်းအိမ်ရာများကို ဂန္ဓမာလမ်းနဲ့ ပြင်ဦးလွင် မီးရထားသံလမ်းကြား၊ ၄၄ လမ်းနဲ့ ၅၀ လမ်းကြားရှိ ၁၁၇ ဒသမ ၂၄ ဧက အကျယ်အဝန်းမှာ ဆောက်လုပ်မယ်လို့ သိရပါတယ်။ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကန်ထရိုက်လိုင်စင်ရထားသူများအား တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။

Monday, 4 Feb 2013

ရန်ကုန်မြို့တွင်း ဟံသာဝတီဝိုင်း ကားဈေးကွက်အတွင်း ယခုတလော လူ ပြန်စည်ကားနေပြီး မိုဒယ်(လ်)မြင့်ကားေ လးများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယာဉ်အို/ဟောင်းအပ်နှံပြီး စလစ်ဖြင့် ဝယ်ယူရသည့် အင်ဂျင်ကြီး မိုဒယ်(လ်) နိမ့်ကားများ အရောင်းရ နည်းလာပြီး စလစ်ဈေးတန်းလည်း အနည်း ငယ်ကျဆင်းလာကာ "ဘ" အက္ခရာအမည်ပေါက်စလစ်အား ကျပ်သိန်း ၉၀ ခန့် ရောင်းချကြပြီး တေ့တေ့ဆိုင်ဆိုင်ဆိုပါက ၈၈ သိန်း^၈၇ သိန်းခန့်ဖြင့် ရနိုင်ကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင်များမှပြောသည်။

Monday, 4 Feb 2013

ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်နည်းဒီသီတင်းပတ်မှာ ပြည်တွင်းကို ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်နည်းခဲ့ တယ်လို့ သိရပါတယ်။ ဘိလပ်မြေက ဂျပန်နိုင်ငံမှ တင်သွင်းလာသလို ဖောက်သည် နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှလည်း တင်သွင်းလာတာတွေ့ရပါတယ်။ ဝင်လာခဲ့တဲ့ ဘိလပ် မြေက ဆင်တံဆိပ်တန်ချိန် ၇၅၁၀၊ စိန်တံဆိပ်က ၁၅၁၀၀ တန်နဲ့ အခြားတံဆိပ် ဘိလပ်မြေ ၂၇၃ တန်နဲ့ ဂျပန်နိုင်ငံမှ ဘိလပ်မြေက ၂၄ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပြည်တွင်းကို ကန်ဒေါ်လာ သိန်းနှစ်ဆယ်ကျော်ဖိုးရှိ ဘိလပ်မြေ ၂၂၉၀၇ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOT)

Friday, 1 Feb 2013

လုပ်ငန်းသုံးစွဲမှု များလာလို့ ယခင်နှစ်ကာလတူထက် ပိုမိုတင်သွင်းလာပြည်တွင်းကို ထိုင်း၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံမှ ဘိလပ်မြေများကို ရေလမ်း ခရီးမှ တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ကျောက်ဆူးတံဆိပ်၊ ဆင်တံဆိပ်၊ စိန်တံဆိပ်တွေ ဝင်လာတယ်လို့ သိရပါတယ်။ ဝင်လာခဲ့တဲ့ ဘိလပ်မြေများမှာ အင်ဒိုနီးရှားမှ ဘိလပ်မြေတန်ချိန် ၂၄၀၊ စင်ကာပူနိုင်ငံမှ ၁၁၃၀၀ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၁၇၆၂ ဒသမ ၉၆၇ တန်ဖြစ်ပါတယ်။ လမ်းတံတား တည်ဆောက်ခြင်း၊ မြို့တွင်း လမ်းများတိုး ချဲ့ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ဘိလပ်မြေသုံးစွဲမှုများလာ တာကြောင့် ဒီနှစ်မှာ ဘိလပ်မြေများ ပိုမိုတင်သွင်းလာခဲ့ တာ တွေ့ရပါတယ်။ ဒီသီ တင်းပတ်မှာ ဘိလပ်မြေအဝင် တန်ချိန်က ခြောက်သောင်း သုံးထောင်ကျော်ရှိခဲ့ပြီး ကာလတူကာလမှာ ဘိလပ်မြေအဝင်က တန်ချိန် လေးသောင်းခုနှစ်ထောင်ကျော် ရှိခဲ့တာကြောင့် ဒီနှစ်မှာ ဘိလပ်မြေက တန်ချိန် နှစ်သောင်းကျော်ပိုမိုတင်သွင်းလာခဲ့ တယ်လို့ သိရပါတယ်။                                  MIRT(DOT)

Monday, 21 Jan 2013

အရှေ့တောင်အာရှဒေသက ဘ လူးစကုတ်စတီးဂရုက ကုမ္ပဏီရှယ်ယာ များကိုဝယ်ယူပြီးဈေးကိုလက်ဝါးကြီး အုပ်ဖို့ကြံရွယ်လျက်ရှိတဲ့အတွက် စိုးရိမ် နေကြောင်းဖေါ်ပြလျက်ဗီယက်နမ်နိုင်ငံ ဟိုဆန်းဂရုကသက်ဆိုင်ရာ အာဏာပိုင် ထံ စာရေးသားအကြောင်းကြား တင်ပြ ခဲ့ပါတယ်။

Monday, 21 Jan 2013

ကျောက် ရောင်းမှား၊ ဝယ်မှားဖြစ်မှုတွေကို ယခင်ကထက်ပိုပြီး ဖြေရှင်းပေးလာရကြောင်း၊ မဟာအော င်မြေ ကျောက်မျက် ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောပါတယ်။

Monday, 21 Jan 2013

ယခုရက်သတ္တပတ် ရန်ကုန်ကားဈေးကွက်အတွင်း ကားဝိုင်းများတွင် လူပြန် လည်စည်ကားနေပြီး အရောင်းအဝယ်ေ လးများ အသင့်အတင့်ရှိလာကြောင်း သိရ သည်။ ကားပွဲစားတန်းများတွင် အင်ဂျင်ပါဝါသေး ဂျပန်ကားငယ်များ အများအပြား ဝင်ရောက်နေသလို အရောင်းအဝယ်လည်းရှိနေပြီး ထိုထဲတွင် အေအေ အက္ခရာ ပေါက် တက္ကစီအငှား ယာဉ်များလည်း ပါဝင်ကြောင်း သိရသည်။

၂၀၁၃ နှစ်သစ်ကူးပြောင်းပြီးနောက် မော်တော်ယာဉ်တင်သွင်းရေး မူဝါဒ အရ သတ်မှတ်မိုဒယ် အလိုက် ရှေ့ တိုးလာသဖြင့် ယခင်တင်သွင်းခွင့်ရ ဖရီးပါမစ် ကားများ ဈေးတန်းကျဆင်းလာ သည်နှင့်အတူ အေအေ တက္ကစီများ လည်း ဈေးတန်း လိုက်လံကျဆင်းလာသဖြင့် ယခုအခါ ဝယ်ကောင်းသည့်  အနေအထားဖြစ်ေ န ကြောင်းအပေါ်ဝိုင်း ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှ ပြောသည်။ယာဉ်အို/ဟောင်းအပ်နှံစလစ် ဈေးတန်းသည် "ဘ" အက္ခရာအပ်နှံ လက်ခံကာ စကဈေးအနည်းငယ် ကျဆင်းခဲ့သော် လည်း အဝယ်နည်းကာ ယခုတစ်ပတ်အတွင်း မှာမူ အဝယ်အနည်းငယ်ရှိပြီး ဈေးတန်း ပုံမှန်နီးပါး ကျပ် ၈၅ သိန်း ၉၀ သိန်းခန့် ပြန်ဖြစ်လာကြောင်း၊ "ဘ"အပ်ကားပင်လျှင် ကျပ်သိန်း ၉၀ ခေါ်ရောင်းလာကြောင်း သိရသည်။ စလစ်ဈေးထူးထူးခြားခြားကျဆင်းမှုမရှိသဖြင့် စလစ်ကပ်ဝယ်ယူရသည့် အငှားယာဉ် တက္ကစီများရောင်းအားနည်းနေပြီး ကျပ်သိန်း ၉၀ ၊ ၁၀၀ သိန်းဝန်းကျင် သာရှိတော့သည့် ဓာတ်ဆီသုံး အေအေများ ယခုလတ်တလော  ရောင်းအားတက် လာကြောင်း ၎င်း မှပြောသည်။ယခုနောက်ပိုင်း ကားပွဲစားတန်းများတွင် လူစည်ကားအဝယ်ရှိလာပြီး ယခင်က လူအများ ကားအရောင်းပြခန်းများတွင် အဝယ်များရာမှ ယခုပွဲစားတန်းများပါ မျှလာသည့် သဘောတွေ့ရကြောင်း၊ ကားပြပွဲများတွင် သတ်မှတ်လျော့ဈေးပေး သည့် ဈေးမှလွဲ၍ပြခန်းများရှိ လက်ရှိဈေးမှာ ပွဲစားတန်းထက် ကျပ် ၅ သိန်း၊ ၁၀ သိန်းကွာခြား သဖြင့်လည်းဖြစ်ကြောင်း၊ ယခုနောက်ပိုင်း ဝယ်ယူမှုပုံစံမှာအမည်မ ပေါက်လည်းဝယ်ကြောင်း၊ ကားရုပ်ခံတောင့် တင်းကောင်းမွန်ရန်တော့လိုကြောင်း ဝါရင့်အကျိုးဆောင်များမှ သုံးသပ်ပြောပြသည်။                       SN
 

Monday, 21 Jan 2013

ပြင်ဦးလွင်-မန်း ပြေးဆွဲနေသည့် ဟိုင်းလတ်ယာဉ်ဟောင်းများ အစား လိုက်ထရပ်ယာဉ်များကို အစားထိုးပြေးဆွဲ လာကြောင်း သိရပါ တယ်။

Monday, 21 Jan 2013

ရေလမ်းမှ ဘိလပ်မြေအဝင်နည်းပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ ထုတ်လုပ်တဲ့ ဘိလပ် မြေများကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်းမှာ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တစ်ပတ်ကို ပျမ်းမျှဘိလပ်မြေတန်ချိန် သုံးသောင်းကျော်တင်သွင်းနိုင်ခဲ့ပေမယ့် ယခု သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အတွင်းမှာ ၁၆၁ တန်သာတင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနဲ့ စင်ကာပူနိုင်ငံတို့မှ ဘိလပ်မြေ များသာ အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။                          MIRT (DOT)

Pages