Main menu

Background

Wednesday, 16 Jan 2013

မန္တလေးမြို့တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပိုမိုကောင်းမွန်စေရေးနဲ့ ယာဉ်တိုက်မှုလျော့နည်း ကျဆင်းရေးအတွက် မီးပွိုင့်များ တွင် CCTV  ကင်မရာများ တပ်ဆင်သွားမှာဖြစ်ကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Wednesday, 16 Jan 2013

မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့စီမံကိန်းအများပိုင်ကုမ္ပဏီဖွဲ့ပြီး၊ အစုရှယ် ယာများကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း စတင်ရောင်းချပေးမှာဖြစ်ကြောင်း၊ တော်ဝင်အဆင့်မြင့်ကုမ္ပဏီ RHGC ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က စီမံကိန်း စာချုပ် ချုပ်ဆိုပွဲမှာ ပြောပါတယ်။

Wednesday, 16 Jan 2013

ငလျင်ဘေးဒဏ်သင့် ပြည်သူများ အတွက် စာပေ၊ အနုပညာရှင်များနဲ့ သတင်းသမားများ စုပေါင်းပြီး၊ ရန်ပုံငွေ ဂီတပွဲတော် ပြုလုပ်ခဲ့ရာ အလှူငွေ ကျပ်သိန်း ၂၃၀ ခန့်၊ ဆန်အိတ် ၂၀၀ ပိုင်း၊ ပုဆိုးနဲ့ လုံချည် ၁၀၀ ခန့် ရရှိ ကြောင်း သိရပါတယ်။

Sunday, 13 Jan 2013

ဒီဇင်ဘာလအတွင်း ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော် အဝင်ပိုပြည်တွင်းကို ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၁၃ ဇန်နဝါရီ ၅ ရက်အတွင်း ဘိလပ် မြေတန်ချိန် ၆၁၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မောင်းတိန်းဘိလပ်မြေတစ်မျိုးတည်းသာ တင်သွင်းခဲ့တယ် လို့သိရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန်နှစ်သောင်းကျော် အဝင်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်နည်းခဲ့ပါတယ်။ ဒီဇင်ဘာလအတွင်း ထိုင်း၊ တရုတ်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယနိုင်ငံများမှ ဘိလပ်မြေများ တန်ချိန် တစ်သိန်း ခုနစ်သောင်းကျော်တင်သွင်းခဲ့ပြီး နိုဝင်ဘာလမှာ တန်ချိန် တစ်သိန်းကျော်သာ တင်သွင်းခဲ့တာကြောင့် ယခုလမှာ ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်အဝင် ပိုခဲ့တယ်လို့ သိရပါတယ်။                              MIRT (DOT)

Sunday, 6 Jan 2013

မန္တလေးမြို့၊ မြစ်ငယ်၊ ထုံးဘိုလမ်းခွဲရှိ ကုန်စည်ပို့ဆောင်ရေးဆိုင်ခန်းများကို ယခု ၁ ရက်နေ့မှာ ဆောက်လုပ် ပြီးစီးမှုအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို အပြီးအပ်နှံရမှာဖြစ်ကြောင်း သိရပါတယ်။ယခုထပ်မံဆောက်လုပ်တဲ့ အခန်းပေါင်း ၁၃၉ ခန်းရှိပြီး၊ မြို့တွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပေါင်းမှာ ၂၈၀ နဲ့ ၃၀၀ ကြားရှိခြင်းကြောင့် ယခုချက်ချင်းပြောင်းရွှေ့ဖွင့်လှစ်ဖို့ အဆင်မပြေနိုင်ကြောင်း သိရပါတယ်။

Sunday, 6 Jan 2013

နှစ်သစ်တစ်နှစ် နှစ်ဆန်းပိုင်းကာလသို့ ရောက်ရှိလာသော်လည်း ကားဈေး ကွက်မှာ အကျဈေးဘက် ဦးတည်နေပြီး ဝယ်သူ့အကြိုက်ဖြစ်နေဆဲပင်ရှိကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင်များအပြောအရ သိရသည်။

Sunday, 6 Jan 2013

ဆင်၊ စိန်နဲ့ မောင်းတိန်းဘိလပ်မြေများ ဝင်လာဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက် သီတင်းပတ်မှာ ဘိလပ်မြေ ၂၀၈၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်း လမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံမှ ဘိလပ်မြေ ၁၄၉၅ တန်၊ ထိုင်းနိုင်ငံမှ မောင်းတိန်းဘိလပ်မြေတန်ချိန် ၆၆၀၀၊ ဆင်ဘိလပ်မြေ ၁၀၅ တန်၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၅၇၀၀ နဲ့ အခြားတံဆိပ်ဘိလပ်မြေတန်ချိန် ၆၉၀၀ ဝင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် ကိုးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခုနှစ်သောင်းနီးပါးအဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။                           MIRT (DOT)

Wednesday, 26 Dec 2012

သီတင်းပတ်တစ်ပတ်ဖြစ်တဲ့  ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၃၆၁၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနီးပါးဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်း ခဲ့ပါတယ်။ ဘိလပ်မြေတင် သွင်းမှုမှာ ယခင်တစ်ပတ်မှာလည်း တန်ချိန် သုံးထောင့်ခုနစ်ရာ သာတင်သွင်း ခဲ့ပြီး ဒီတစ်ပတ်မှာလည်း တန်ချိန်သုံးထောင့်ခြောက်ရာကျော်သာ တင်သွင်းခဲ့တာကြောင့် ဘိလပ်မြေ တင်သွင်းမှုက ဆက်တိုက်ဆိုသလို အဝင်နည်းနေတာတွေ့ရပါတယ်။MIRT (DOT)

Wednesday, 12 Dec 2012

ရန်ကုန်-မန္တလေး   အဝေးပြေး နထစမနျျ ယာဉ်လိုင်းများကို ရင်းနှီးမြှုပ် နှံသူများခြင်းကြောင့် ယာဉ်စီးရေ တိုး လာပြီး၊ ယာဉ်လိုင်းများမှ ဝန်ဆောင်မှု များပေးကာ အပြိုင်အဆိုင်ပြေးဆွဲလာ ကြောင်း သိရပါတယ်။ ဒါ့အပြင် ယခု နောက်ပိုင်းမှာ ခရီးသည်များ အန္တရာယ် ကင်းရှင်းနိုင်တဲ့လုံခြုံမှုပိုင်းကို ဝန်ဆောင် မှုအပြိုင်အဆိုင်ပေးလာကြောင်း သိရပါ တယ်။

Wednesday, 12 Dec 2012

ကားသစ်များ အဝင်များပြားနေသည့် ရန်ကုန်မြို့ ကားဈေးကွက်အတွင်း အရောင်းများနေပြီး အဝယ်ရှားပါး နေကြောင်း သိရသည်။ ဆိပ်ကမ်းအသီးသီးတွင် မထုတ်ရသေးသောကားများ များစွာကျန်ရှိနေပြီး ယခင်မှာပြီး ထားသော ကားများ မှာလည်း ဆက်တိုက်ဝင်ရောက်ရန်ရှိသဖြင့် ကားဈေးတန်းများမှာ အလျော့ဈေးဖြင့် ရောင်းချမှာသာ အဝယ်ရှိကြောင်းသိရသည်။

Pages