Background
ဒီတစ်ပတ်ဘိလပ်မြေအဝင်ပိုပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း ဘိလပ်မြေ ၄၁၂၀၀ ဒသမ ၆၆ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုံးဆယ့်လေးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေများသာတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်ပိုခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT)
မေလ ဒုတိယပတ်ကာလ၏ ရန် ကုြန်မို့ ကားဈေးကွက်အခြေအနေမှာ အေးစက်နေပြီး အရောင်းအဝယ်ပါး လျက်ရှိကြောင်း သိရသည်။
သီးနှံစုံထွက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ရဲ့ ဒေသထွက်ကုန် သီးနှံများ အား ပြည်တွင်းဒေသအနှံ့သို့ တင်ပို့ပေးနေသော အောင်ပန်းမြို့၊ ပြည်တော်သာ ဈေးကြီးမှာ ယခင် နှစ်လခန့်က ပို့ကုန်များလျော့ကျနေကြောင်း သိရှိရပါတယ်။ ဒေသခံပြည်သူများမှာ နှစ်စဉ်မြန်မာနှစ်သစ်ကူးချိန်မှာ အလုပ်တာဝန်များ ခေတ္တနားကာ အလှူဒါနပြုခြင်း၊ နယ်လှည့်ဘုရား ဖူးခြင်းနဲ့ အေးချမ်းပျော်ရွှင်စွာ နှစ်သစ်ကို ကြိုဆိုခြင်းဓလေ့များရှိကြပါတယ်။
လတ်တလောမှာ မန္တလေးမြေဈေး ကွက်အေးနေသော်လည်း ကားဈေး ကွက်နဲ့ ရွှေဈေးကွက်မှာ အကျဘက် ဦးတည်ပြီး၊ ဈေးကွက်အေးနေခြင်း ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများမှာ မြေ ဘက်ကို ပြန်လှည့်လာနိုင်လို့ မြေဈေး တက်လာနိုင်ခြေရှိပြီး ပြန်လည်ဦးမော့ လာနိုင်ကြောင်း၊ မန်းမြေရာဇာ တိုက်၊ ခြံ၊ အိမ်၊ မြေရောင်းဝယ်ရေးမှ မြေ အကျိုးတော်ေ ဆာင် ဦးကျော်ဝင်းက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ မော်တော် ယာဉ် ဝယ်ယူသုံးစွဲသူတွေမှ မော်တော် ယာဉ်ထုတ်လုပ်သူတွေကို ယာဉ်တွေမှာ အပြစ်အနာ အဆာတွေ့ရှိမှုတွေနဲ့ လွဲမှားတဲ့ ကြော်ငြာတွေအတွက် တရား စွဲဆိုမှုတွေ တစ်နေ့တခြား များပြားလာ လျက်ရှိရာ နိုင်ငံရှိ စားသုံးသူအခွင့် အလမ်းအဖွဲ့အစည်း (Consumer rights agency) မှ ပြဿနာကြုံတွေ့ နေရတဲ့ ကားပိုင်ရှင်တွေကို တိုင်တန်း မှုတွေကို ဖိုင်ပြုလုပ်ပြီး အမှုစွဲဆိုဖို့ တိုက် တွန်းပြောကြားခဲ့ပါတယ်။
ဘိလပ်မြေတံဆိပ်မျိုးစုံတန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၂၇၆၈၇ ဒသမ ၉၅၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာနှစ်ဆယ့်နှစ်သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ မောင်းတိန်း ဘိလပ်မြေ တန်ချိန် ၁၇၀၀၊ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၇၂၀၀၊ အခြားတံဆိပ်မျိုးစုံတန်ချိန် ၁၁၈၄ ဒသမ ၈၅ တန်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၇၆၀၀၊ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၃ ဒသမ ၁၀ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်သောင်းနှစ် ထောင်ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် နဲ့ကြည့်ရင် ၁ ဆကျော်လောက် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT(DOT)
ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တို့ တွင် ခရီးသည်တင် ဘတ်စ်ကားများ နည်းပါးမှု၊ ညံ့ဖျင်းမှုနှင့် နေ့စဉ်ကြုံတွေ့ နေရသဖြင့် လူစီးဘတ်စ်ကားများကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ် သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏လုပ်ငန်းအကောင်အ ထည် ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အမရပူရမြို့ မြေအုပ်စု အဆင့် အတန်းအား မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ A1 ၊ A2 အဆင့်နှစ်မျိုးတည်းသာ သတ်မှတ်ထား ကြောင်း သိရပါတယ်။
အမရပူရမြို့နယ် နယ်နိမိတ်ရှိ မြေ များအား မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ (Mandalay City Development Committee) MCDC မှ မြေရာဇဝင်ငယ် စာရင်းရှိ မယ့်နေရာသိရှိပါက ကူညီဆောင်ရွက် ပေးမှာဖြစ်ကြောင်း မြို့မြေဌာနမှ ဝန် ထမ်းတစ်ဦးက ပြောပါတယ်။
ဘိလပ်မြေတန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ဝင်ဧပြီ ၂၉ ရက်မှ မေ ၅ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၂၁၂၀ ဒသမ ၁၅ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းနှစ်သောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဆင်တံဆိပ် ဘိလပ်မြေ ၆၄၂၀ ဒသမ ၁၅ တန်နဲ့ အခြားဘိလပ်မြေမျိုးစုံတန်ချိန် ၅၇၀၀ တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သောင်း တစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတင်သွင်းမှု အနည်းငယ် လျော့ခဲ့ပါတယ်။ ဧပြီလအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ် သောင်းကျော်ရှိခဲ့ပြီး မတ်လအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် သုံးသိန်းနှစ် သောင်းကျော်ရှိခဲ့တာကြောင့် ဧပြီလမှာ ဘိလပ်မြေတင်သွင်းမှုက မတ်လဘိလပ်မြေ တင်သွင်းမှုထက် နှစ်ဆကျော်လောက် လျော့နည်းခဲ့ပါတယ်။ MIRT (DOT)
