Main menu

Background

Thursday, 30 Jul 2020

ယခုတစ်ပတ်အတွင်း ပြည်ပွဲရုံများတွင် ကြက်သွန်ဖြူများ အရောင်းအဝယ်အေးပြီး  ဈေးအနည်းငယ်ကျနေသည်ကို တွေ့ရသည်။ အဝင်ပုံမှန်ဝင်ရောက်နေပြီး ခရိုင်တွင်း အရောင်းအဝယ်သာရှိနေသည်။ ယခုတစ်ပတ် ကြက်သွန်ဖြူဈေး နှုန်းမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး)ရှမ်းစမှာ ကျပ် ၁၇၀ဝ၊ ၂၀ဝ၀၊ ၂၂၀ဝ ဈေးတို့နှင့် (ကြူကုတ်စ)မှာကျပ် ၁၆၀ဝ ဈေးတို့ဖြင့် ရောင်းဝယ် လျက်ရှိနေသည်။ ဒေသတွင်းလက်လီဈေး များတွင် (ရှမ်းစ) ကျပ် ၂၅၀ဝ၊ ၃၀ဝ၀၊ ၃၅၀ဝ ဈေးနှင့် (ကြူကုတ်စ) ဈေးမှာ  ကျပ် ၁၈၀ဝ၊ ၂၀ဝ၀ ဈေးတို့ဖြင့် ရောင်းချနေတာတွေ့ရသည်။ တစ်ပတ်တွင်း ကြက်သွန်ဖြူအိတ် ၈၀ နီးပါးခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်းလည်း သိရသည်။                                              

Thursday, 30 Jul 2020

ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း ဝယ်လက်ပဲများနှင့် ပြည်ပဝယ်လိုအားရှိသော ပဲများအားလုံးလိုလို ဈေးအတက်အကျသိပ်မဖြစ်ဘဲ ဈေးငြိမ်နေသည်။မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများ မှာ တစ်တင်းကျပ်သုံးသောင်း အထက်မှာ ဆက်ရှိနေပြီး ပဲကြီး၊ ဗိုလ်ကိတ်၊ ပဲနီပြားသီးနှံများ ကျပ် သုံးသောင်း အောက်ရောင်းဝယ်နေခဲ့ကာ ပဲလွမ်းဖြူနှင့် စားတော် ပဲသီးနှံမှာ လက်လီပဲဈေးကွက်အတွင်း ဈေးအမြင့်များဖြင့်  ရောင်း ဝယ်နေခဲ့ကြကြောင်း သိရသည်။
မတ်ပဲ

Thursday, 30 Jul 2020

ပြည်မြေပဲဆန်ဈေးမှာ ယခုတစ်ပတ်တွင် ဈေးပြန်လည်မြင့်တက်လာ သည်။ ရန်ကုန်ဝယ်လက်များက လုံးဆန်များကို ပြန်လည်အဝယ်ရှိပြီး ဒေသ တွင်း ဆီစက်များကလည်း ဆီဆန်ကိုအဝယ်ရှိသည့်အတွက် ယခင်တစ်ပတ် ထက် စာ လျှင် ယခုတစ်ပတ်မှာ ဈေးမြင့်လာသည်။ယခင်နှစ်ဇူလိုင်လတွင် မြေပဲဆန်ဈေးမှာ   ဆီဆန် (အဖြူ) တစ် ပိဿာလျှင် ကျပ် ၃၅၀ဝ၊ (အနီ)တစ်ပိဿာလျှင်  ကျပ် ၃၆၀ဝ နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင်  ကျပ်  ၃၇၀ဝ နှင့် (အနီ) တစ်ပိဿာလျှင် ကျပ်  ၄၀ဝ၀ အထိ ဈေးမြင့်လာခဲ့သည်။ယခုအပတ် မြေပဲဆန်ဈေးများမှာ   ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ (အနီ)တစ်ပိဿာလျှင် ကျပ် ၂၅၅၀ နှင့် လုံးဆန်(အဖြူ)တစ် ပိဿာလျှင် ကျပ် ၂၉၅၀၊ (အနီ) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြင့်   ပြည်

Thursday, 23 Jul 2020

ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ နှမ်းဈေးများ ဆက်လက်ကျဆင်းနေသည်။ နှမ်းအဝင်မရှိဘဲ  အရောင်းအဝယ်ပါးသည့်အတွက်ကြောင့် ပြည်ပွဲရုံများတွင် ဈေး တန်းလျက်ရှိနေသည်။

Friday, 17 Jul 2020

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်၊ စပါးဈေးကွက် အရောင်းအဝယ်အေးလျက်ရှိပြီး မြို့နယ်အချို့ တွင် ဧည့်မထ မိုး/နွေ  ဆန်၊ စပါး ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။

Friday, 17 Jul 2020

မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး ယခင်နှစ်က မိုးစပါး ၁၄၁၂၇၈ ဧက စိုက်ပျိုးရိတ်သိမ်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ်တွင် မိုးစပါး ၇၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရန်  အနည်းငယ်သာလိုကြောင်း စက်ပိုင်များထံမှ သိရှိရသည်။

Pages