Background
အိုင်ဖုန်းများပျက်စီးပါက ပြင်ဆင်သည့် လွတ်လပ်သောပြင်ဆိုင်များ အား စက်အစိတ်အပိုင်းများ၊ ပြင်ဆင် ရေးကိရိယာများနှင့် ပြင်ဆင်ရေးလမ်း ညွှန်များကို စတင်ရောင်းချသွားတော့ မည်ဖြစ်ကြောင်း အက်ပဲက သြဂုတ် ၂၉ ရက်တွင် ပြောသည်။ ယခုကဲ့သို့ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုရှိ တချို့ပြည်နယ်များတွင် ပြဋ္ဌာန်းထားသော ဥပဒေများ ကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့ရာမှ ယခုကဲ့သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဖုန်းစကရင် များ ကွဲခြင်းနှင့် အားသွင်းပေါက်များ လောင်ကျွမ်းခြင်း စသည့် ကိစ္စများကိုသန်းနှင့်ချီ၍ ပြင်ဆင်နေရသဖြင့် ယခုအစီအစဉ်ကို ဆောင်ရွက်လိုက်ခြင်းဖြင့် အက်ပဲနှင့် ၎င်း၏မိတ်ဖက် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်န
၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကား ပုံစံ ၁၇ မျိုးကို စီးပွားဖြစ်ထုတ် လုပ်မည်ဖြစ်ကြောင်း ဟွန်ဒိုင်း မော်တာကုမ္ပဏီက သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက် မှုနည်းသော ကားများ၏ဝယ်လို အား မြင့်မားခြင်းကို ဖြည့်ဆည်းပေးရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။ စီးပွားဖြစ်ထုတ်လုပ်ရန် စီစဉ်ထားသည့်အထဲတွင် လျှပ်စစ်သက်သက် ကားအမျိုးအစား ခုနစ်မျိုးနှင့် လောင်စာခဲနှင့် လျှပ်စစ် သုံးအမျိုးအစား ၁၀ မျိုးတို့ကိုထုတ်လုပ်ရန် ဟွန်ဒိုင်းမော်တာ က စီစဉ်နေကြောင်း ကုမ္ပဏီ၏ကြေညာချက်တွင်ဖော်ပြသည်။
အိန္ဒိယနိုင်ငံသည် အက်ပဲ၊ ဖောက်စကွန်နှင့် ဝစ်စထရွန်ကော်ပို ရေးရှင်းတို့အပါအဝင် ကုမ္ပဏီများကို ပစ်မှတ်ထား၍ ဆွဲဆောင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေး စစ်ပွဲ၏ ဒဏ်ကို ခံနေရသော ကမ္ပဏီများ အိန္ဒိယနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ ပြောင်းရွှေ့ လာနိုင်ရေးအတွက် အာပေးဆွဲဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ အိန္ဒိယ အစိုးရ တာဝန်ရှိသူများသည် သြဂုတ် ၁၄ ရက်က တွေ့ဆုံပြီး ရည်မှန်းချက်ထားသော ကုမ္ပဏီ စာရင်းကိုပြုစုခဲ့ရာ တရုတ်(တိုင်ပေ)အခြေစိုက် ကုန်ထုတ်လုပ်ရေးကုမ္ပဏီ ပက်ဂါထရွန် ကော်ပိုရေးရှင်းလည်း ပါဝင်ကြောင်း ဤ ကိစ္စနှင့
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ Glorious Monywa Hotel ၌ သြဂုတ် ၂၁ ရက်က အာရှဖောင်ဒေးရှင်းနှင့် DaNa Facility တို့ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (Myanmar Business Envi-ronment Index - MBEI) စာတမ်းကောက်ယူခြင်းနှင့်တွေ့ရှိချက်များအား ရှင်းလင်းခြင်း အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာထမ်းများ တက်ရောက်ကြောင်း သိရသည်။ အခမ်းအနားတွင် DaNa Facility မှ ဦးလင်းမောင်မောင်က ကုန်သွယ်မှုယှဉ်ပြိုင်နိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အာရှဖောင်ဒေရှင်းမှ စီးပွားရေးပညာရှင် ဦးÓဏ်ဝင်းက မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်း ကိန်
ဝဥသည် စိုက်ပျိုးရလွယ်ကူသည့် သီးနှံတစ်မျိုးဖြစ်ပြီး တစ်နှစ်မြေရိုင်း ရှင်းပြီးလျှင် နောက်နှစ်များတွင် တောခုတ်ရှင်းလင်းစရိတ်များ သက်သာ ကာ ၎င်းင်းမြေကို နှစ်စဉ်အသုံးပြုစိုက်ပျိုးနိုင်သည်။ လက်ရှိအချိန်တွင် တစ် ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်ကိုးသိန်းခန့်ရှိ၍ ဝင်ငွေမှာ ၁၉ သိန်းရှိရာ တစ်ဧကစိုက်လျှင် ကျပ် ၁၀ သိန်းခန့်အမြတ်ရရှိနိုင်သဖြင့် တောင်သူများ အနေဖြင့် တွက်ခြေကိုက်သည့် သီးနှံအမယ်သစ်တစ်ခုအဖြစ် စိုက်ပျိုးလာ ကြသည်။