Main menu

Background

Tuesday, 3 Sep 2019

         ယခုသီတင်းပတ်အတွင်း  လက်ထောက်အဆင့်တာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းရေးမှူးများ အချင်းချင်း အပြုသဘော  ဆက်သွယ်မှုများပြုလုပ်ပြီး နောက်ကုန်သွယ်မှု  ဆွေးနွေးပွဲများ ကျင်းပရန် အမေရိကန်နှင့် တရုတ် အရာရှိ များက စီစဉ်လျက်ရှိကြောင်း အိမ်ဖြူတော်စီးပွားရေးအကြံပေး လာရီကတ်ဒလိုက သြဂုတ် ၂၂ ရက်က ပြော ကြားကြောင်း  ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဂျပန်စီးပွားရေးဝန်ကြီး တိုရှီမိစု မိုတဲဂီနှင့်  အမေရိကန် ကုန်သွယ်ေ ရး ကိုယ်စားလှယ် လိုက်ဟိုက်ဇာတို့၏ ကုန်သွယ်ရေး  ဆွေးနွေးပွဲများတွင် လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကိစ္စများအတွက် ဆွေးနွေးမှု များမှာ ရလဒ်ကောင်းများထွက်ပေါ်နေ ကြောင်း ကတ်ဒလို ကပြောသည်။

Tuesday, 3 Sep 2019

     မြန်မာနိုင်ငံ၏ GDP  သည် ၂၀ဝ၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ဘီလီယံမှ ၂၀၁၈ ခုနှစ်တွင်အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ် သော “Myanmar- Japan- US Forum Fostering Responsible Investment Forum” တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Monday, 2 Sep 2019

        ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC) က လက်ရှိလုပ် ကိုင်လျက်ရှိသည့် ရန်ကုန်မြို့ ရေပေးေ၀ သည့် လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောသည်။ သြဂုတ် ၁၉ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေဖြန့်ဖြူးမှုလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းကို မြို့နယ်၊ ရပ်ကွက် အလိုက် စမ်းသပ်ဆောင်ရွက် မည်ဖြစ်ပြီး ရေအလေအလွင့် လည်း နည်းပါးသွားနိုင်ကြောင်း ရန်ကုန် မြို့တော်ဝန်က ပြောသည်။ "အစိုးရဝန်ထမ်း မလုံမလောက် နဲ့ ထိန်းနေရင် အစိုးရ ဝန်ထမ်းနဲ့ ရေ မသမာမှ

Monday, 2 Sep 2019

       မြန်မာ့ပင်လယ်ပြင်တွင် ငါး သယံဇာတ  ထိန်းသိမ်းရေး အစီအစဉ် အရ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ငါးမဖမ်းရရာသီ သတ်မှတ် ၍ ပိတ်ပင်တားဆီးမှုများ ဆောင်ရွက်ခဲ့ သည်။ ယခင်နှစ်များက ငါးဖမ်း ရာသီ ပိတ်ပင်မှု ဆောင်ရွက်ထားစဉ်ကာလအတွင်း ပြည်သူများ၏ ငါးရိက္ခာစားသုံး မှုအပေါ်ထိခိုက်မှု မရှိစေရေး၊ ငါးဖမ်း လုပ်သားများ၊ ငါးတင်၊ ငါးချဆိပ်ခံ တံတားလုပ်သားများ၊ အအေးခန်းစက်ရုံ လုပ်သားများ၊ ဝယ်ရောင်း လုပ်ငန်း လုပ်ကိုင်သူများ၊ ပြည်ပတင်ပို့မှုလုပ်ငန်းများတွင်  အခက်အခဲများဖြစ်ပေါ်မှု မရှိစေရေးအတွက် ငါးဖမ်းရေယာဉ်အချို့ကို ရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် ဖြေလျှော့ ဖမ်းဆီးခွင့်ပေးခဲ့သော်လည်း ယခုနှစ်မှ စတင်၍  ငါ

Thursday, 22 Aug 2019

      ၂၀၁၉ ခုနှစ် ကျန်ကာလများတွင် ရေနံဈေးကွက် အလားအလာမှာ ကျဆင်းရန်ရှိကြောင်း အိုပက်အဖွဲ့က သြဂုတ် ၁၆ ရက်တွင်ထုတ်ပြန်သည်။ ကမ္ဘာ့စီးပွားရေးနှေး ကွေးမှုနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ဘက် ထုတ်လုပ်သူ များက တိုးမြှင့်ထုတ်လုပ်သဖြင့် ဖြစ်ပေါ်လာသော စိန် ခေါ်မှုများကြောင့် ယခုကဲ့သို့ လျှော့ချခန့်မှန်းခြင်းဖြစ်ပြီး အိုပက်ဦးဆောင်သောဖြန့်ဖြူးရေးထိန်းချုပ်မှုများ လိုအပ် မည်ဖြစ်ကြောင်း သုံးသပ်သည်။  ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနံ ဝယ်လိုအားကို တစ်ရက် လျှင် စည် ၄၀၀၀၀ ကျဆင်းကာ စည် ၁ ဒသမ ၁ သန်းသို့ ရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ ဈေးကွက်ဝယ်လိုအား အနည်းငယ် မြင့်တက်လာမည်ဟု အိုပက်အဖွဲ့၏လစဉ် အစီရင်ခံစာတွင် ဖော်ပြ သည်။ အမ

Thursday, 22 Aug 2019

      ဟွာဝေး  Mate 20 X (5G)ကို တရုတ်နိုင်ငံတွင် သြဂုတ် ၁၆ ရက်၌ စတင်ရောင်းချကြောင်း ဂလိုဘယ်တိုင်းမ် သတင်းတွင်ဖော်ပြသည်။ ရောင်းချသော  မိုဘိုင်းဖုန်းမှာ တစ်ခုနှင့်တစ်ခု မတူညီသော  SA နှင့် NSA ကွန်ရက် နှစ်ခုစလုံးတွင်အသုံး ပြုနိုင်ပြီး  ထိုသို့အသုံးပြုနိုင်မည့်ဖုန်းများ အနက်   ယခုဖုန်းမှာ ပထမဆုံးထုတ်  လိုက်သော   မိုဘိုင်းဖုန်းအမျိုးအစား ဖြစ်သည်။ ဟွာဝေး၏ လှုပ်ရှားမှုသည် 5G ကွန်ရက်ကိုတစ်နိုင်ငံလုံး၌ စီးပွား ဖြစ်ရောင်း ချရန် ခြေတစ်လှမ်း ပြင် လိုက်ခြင်းဖြစ်သည်။ ဂလိုဘယ်တိုင်းမ် သတင်း ထောက်က ပေကျင်းမြို့တွင်းပိုင်းရှိ စတိုးဆိုင်နှစ်ဆိုင်ကို  သွားရောက် စုံစမ်းရာ ဖုန်းတန်ဖိုးကို  ၆၁၉၉

Thursday, 22 Aug 2019

      အာရှတိုက်ရှိ  လုပ်ငန်းကျွမ်းကျင်မှုများကို  စုစည်းပေးခြင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရများနှင့် နိုင်ငံစုံဘဏ်များအား ပူးပေါင်းပေးခြင်းတို့ဖြင့် စင်ကာပူနိုင်ငံက ဒေသတွင်း  ဖွံ့ဖြိုးရေးအခက်အခဲများကို ဖြေရှင်းပေးပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ် ကြောင်း စထရိတ်တိုင်းမ်သတင်းတွင်ဖော်ပြသည်။ အခြေခံအဆောက်အအုံသည် အာရှတိုက်အောင်မြင်မှုအတွက် အချက် အချာဖြစ်ပြီး စင်ကာပူသည် အာရှအခြေခံအဆောက်အအုံ  ဖွံ့ဖြိုးရေးအတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး ဒေသတွင်းရှိအလားအလာများကိုထုတ် ဖော်ပေးရန် အကူပေးနိုင်ကြောင်း စင်ကာပူဝါရင့်ဝန်ကြီး တဲအိုချီဟင်းက သြဂုတ် ၁၅ ရက်

Thursday, 22 Aug 2019

      လူသားတို့အတွက် စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်းရင်းပင် စား သုံး၍ရသော သီးနှံပင်များလည်း တဖြည်းဖြည်းထွန်းကားလာခဲ့ပါ တယ်။ သီးနှံသစ်ပင်များနှင့်အတူ ပြိုင်တူမွေးဖွားပေါ်ပေါက်လာသော ဖွားဖက်တော်များမှာ သီးနှံသစ်ပင်များကို ၎င်းတို့၏ အစာအဖြစ် စားသောက်ကြသော ပိုးမွှားမျိုးစုံတို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် သီးနှံ သစ်ပင်တို့ကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း  ၁၀၀၀ ကျော်ရှိပါတယ်ဟု ဆိုပါတယ်။ မြန်မာနိုင်ငံ မှာတော့ သီးနှံသစ်ပင် များကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း ၁၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာတွင် ပိုးမွှားများဖျက်ဆီးစားသောက်မှု ကြောင့် သီးနှံများပျက်စီးဆုံးရှုံးရခြင်းဟာ (

Thursday, 22 Aug 2019

     မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင် ဖြစ်သော အပြည်ပြည်ဆိုင်ရာငွေကြေး အဖွဲ့အစည်း (IFC) တို့မှ လာမည့်နှစ် အနည်းငယ်အတွင်း ဘဏ်၏ လုပ်ကိုင် ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် နိုင်စေရေးအတွက် အကြံပေးအတိုင် ပင်ခံ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သြဂုတ် ၁၄ ရက်တွင်  နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ် ရေးထိုးကြသည်။ ဤသဘောတူညီချက်၌ မြန်မာ နိုင်ငံသားများဘဏ်၏   လုပ်ငန်းရည် ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြု၍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ပြီးမြောက်စေရန်အတွက် IFC သည်  မြန်မာနိုင်ငံသားများဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။  

Pages