Main menu

Background

Tuesday, 1 Oct 2019

     ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ် ငါးမျိုး သစ်များ ဖော်ထုတ်မျိုးပွားနိုင်ရေးအတွက် သုတေသနပြုမှုများ အရှိန်မြှင့်ဆောင် ရွက်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် သုတေ သန လုပ်ငန်းများအတွက် ရေချိုငါးများ သားဖောက် ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ဒေသတွင်း ငါး၊ ပုစွန်ကျန်းမာမှုအတွက် အထောက်အကူ ပြုစေမည့် ငါးလုပ်ငန်း စခန်းအတွင်းရှိ ငါး၊ ပုစွန်ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်းကို လည်းကောင်း ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။

Thursday, 26 Sep 2019

     အိန္ဒိယနိုင်ငံ၏ နွေသီးနှံသည် တာထွက်ညံ့ခဲ့သော်လည်း ယခုအခါ အခြေ အနေမှာ  ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်းနှင့် အကောင်းဘက်သို့ ဦးတည်လာ နေပြီဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့၏ ပြောကြားချက်ကို ကိုးကား၍ Producer.com ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြသည်။ မုတ်သုံမိုးရွာသွန်းမှုသည်  ဇွန် ၁ ရက်မှဇူလိုင် ၁၉ ရက်အထိ ကာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၁၈ ရာခိုင်နှုန်း ကျဆင်ခဲ့သော်လည်း ဇွန် ၁ ရက်မှ စက် တင်ဘာ ၁၁ ရက်အထိကာလကို ကြည့်ပါက ပျမ်းမျှရွာသွန်းမှုအထက် ၁၉ ရာခိုင် နှုန်း မြင့်မားခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ ပဲသီးနှံစိုက်ပျိုးမှု အခြေအနေမှာ ယခင်နှစ် ကထက် ဧကခုနစ်သန်းကျော်ပိုမိုခဲ့ပြီး စက်တင်ဘာ ၁၃ ရက်အထိ အခြေအနေမှာ တ

Thursday, 26 Sep 2019

    အက်ပဲအိုင်ဖုန်းသုံးမျိုးဖြစ်သော iPhone 11,  iPhone 11 Pro eJY iPhone 11 Pro Max တို့ကို စင်ကာပူတွင် စက် တင်ဘာ ၂၀ ရက်က စတင်ရောင်းချခဲ့ကြောင်း channelnewsasia သတင်းတွင် ဖော်ပြသည်။ အိုင်ဖုန်းများ ကို ရောင်းချရန် မူလသတ်မှတ်ထားသောရက်ထက် တစ်ရက်စော၍ ရောင်းချခြင်းဖြစ်ပြီး  အောချတ်လမ်းရှိ  အက်ပဲစတိုးဆိုင် အပြင်ဘက်တွင် လူအများအပြား  တန်းစီစောင့်ဆိုင်းနေကြသည်။ မိုဒယ်အမျိုးအစား သုံးခုစလုံးကို စင်ကာပူတွင် စက်တင်ဘာ ၁၃ ရက်ကတည်းက ကြိုတင်မှာယူထား ခြင်းဖြစ်သည်။

Pages