ပခုက္ကူခရိုင်အတွင်းရှိ ကြက်သွန်နီ ဈေးနှုန်းဈေးကွက်
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ပေါက်၊ ဆိပ်ဖြူ၊ ကံမ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီ များကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း လာရောက် ရောင်းဝယ်ကြသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်တွင် ဈေးနှုန်း အနည်းငယ် တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် ၃၅၀ဝ၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။