Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

ငွေကြေးအရင်းအနှီး လိုအပ်သည့် ဆီစက်လုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးမည်

Tue, 08/05/2025 - 13:47 -- journal_editor

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်း များဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့် ခွဲမှုလုပ်ငန်းအဖွဲ့က အသိပေးထားကြောင်း သိရသည်။ 
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေအတွက် ချေးငွေအနည်းဆုံး ကျပ်သိန်း ၁၀ဝ မှ အများဆုံး ကျပ် သိန်း ၅၀ဝ၀ ထိ၊ မတည်ရင်းနှီးငွေအတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၂၀ဝ မှ အများဆုံး ကျပ်သိန်း ၅၀ဝ၀ ထိ ထုတ်ချေးမည်ဖြစ်သည်။

သီလဝါ သိုလှောင်ကန်များတွင် စက်သုံးဆီများ အပြည့်အဝရှိ

Tue, 08/05/2025 - 13:37 -- journal_editor

သီလဝါသိုလှောင်ကန်များတွင် စက်သုံးဆီများ ပြည့် လုနီးပါးရှိနေသည့်အပြင် မှာယူထားသည့် ဆီသင်္ဘောများ လည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိနေကြောင်း သိရ သည်။

ကြံထွက်ရာသီချိန် မဟုတ်သော်လည်း သကြားဈေးကျလျက်ရှိ

Mon, 08/04/2025 - 11:01 -- journal_editor

မန္တလေးမြို့တွင်းသို့  ကြံထွက်ရှိရာ ဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ မတ္တရာမြို့အနီးရှိ တံငါးရွာ၊ ပြင်ဦးလွင်၊‌ ကျောက်မဲဒေသတို့မှ ထွက်ရှိသည့်ကြံများ ဝင်ရောက်မှု မရှိသော် လည်း သကြားများ ဈေးကျလျက်ရှိသည်။ 

ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ရောင်းချပေးမှု သန်း ၂၀ဝ နီးပါးရှိ

Mon, 07/07/2025 - 14:02 -- journal_editor

ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေ ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)) တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ရောင်း ချပေးမှု  သန်း ၂၀ဝ  နီးပါးအထိ   ရှိလာပြီဖြစ်ကြောင်း သိရ သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်း လိုင်စင်ပေါင်း ၅၆၀ဝ ကျော် ထုတ်ပေးထား

Mon, 07/07/2025 - 13:59 -- journal_editor

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက် ဆိုင်သည့်   လုပ်ငန်းလိုင်စင်ပေါင်း ၅၆၀ဝ ကျော် ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ကျောက်မျက်ရတနာ  လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် ကျောက် မျက်လုပ်ငန်းလိုင်စင်များကို  မြန်မာ့ ကျောက်မျက်ရတနာ ရုံးချုပ်(နေပြည် တော်)နှင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများ နှင့် မိုင်းရှူးမြို့တို့ရှိ မြန်မာ့ကျောက်မျက် ရတနာရုံးခွဲများတွင် လျှောက်ထားနိုင် ပြီး  လက်ရှိအချိန်ထိ  ကျောက်မျက် ရတနာလုပ်ငန်းနှင့်   သက်ဆိုင်သည့် လုပ်ငန်းလိုင်စင် ၅၆၇၈ ကျော် ထုတ် ပေးထားပြီးဖြစ်သည်။ 

ကျိုက်လတ်မြို့မှ ဈေးကွက်ဝင် ငါးရံ့ခြောက်လုပ်ငန်း

Mon, 06/02/2025 - 12:45 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး  ကျိုက်လတ်မြို့နယ်သည် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ အဓိကလုပ်ကိုင်လျက် ရှိပြီး မြစ်‌၊ ချောင်း၊  အင်းအိုင်ပေါများ၍  သဘာဝအလျောက် ဖမ်းဆီးရမိသော ဒေသထွက်ငါးရံ့များကို ငါးရံ့ခြောက်ပြုလုပ်ကာ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။

ပြည်တွင်းသုံးစက်မှုလက်မှုလုပ်ငန်းမှ လယ်ယာသုံးစက်ကိရိယာဈေးကွက်

Mon, 05/05/2025 - 10:38 -- journal_editor

ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်သည် လယ်ယာစိုက်ပျိုး  ရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေသော မြို့နယ်တစ်ခုဖြစ်၍ နှစ်စဉ် မိုး၊ နွေစပါးစိုက်ဧက ၂၇၀ဝ၀ဝ ကျော် စိုက်ပျိုးလျက်ရှိ သည်။ ကျိုက်လတ်မြို့တွင် စက်မှုလက်မှုလုပ်ငန်းများလည်းထွန်းကား၍ လယ်ယာကဏ္ဍအတွက် စက်ကိရိယာများဖြစ် သော တာရာအစားထိုး သံဘီး၊ ရေတင်စက်များ ၊ လူဆွဲမျိုးစေ့ ချ လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်၊

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု လျှောက်ထားနိုင်

Wed, 04/09/2025 - 11:15 -- journal_editor

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများ နှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်သည့် ၂၀၂၅ ခုနှစ် အာဆီယံဆု ASEAN Prize 2025)ကိုပေးအပ်ချီးမြှင့်ရန် အတွက်  အဆိုပြုလွှာများ ခေါ်ယူထားပြီး ဝင်ရောက်လျှောက်ထားနိုင် ကြောင်း သိရသည်။

စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန် အိတ်လေးသိန်း ဝယ်ယူရေး ဆောင်ရွက်မည်

Wed, 04/09/2025 - 11:12 -- journal_editor

မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်အနေဖြင့် ပို့ကုန်ကုမ္ပဏီများ၊ အသင်း ဝင် ဆန်စက်ကြီးများနှင့် ညှိနှိုင်းပေါင်း စပ်၍ စပါးတင်း သိန်း ၁၅၀ နှင့် ဧည့် မထဆန်အိတ် လေးသိန်း ဝယ်ယူရေး ကို ၂၀၂၅ ခုနှစ် ဧပြီလနှင့် မေလတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ပခုက္ကူမြို့မှ ဆေးဖက်ဝင် နေလဲစေ့ ဈေးနှုန်းဈေးကွက်

Mon, 04/07/2025 - 10:57 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်သည် အပူပိုင်းဒေသဖြစ်၍ အပူပိုင်းဒေသ ပေါက်ရောက်သော အပင်များမှာ မန်ကျည်း၊ ကုက္ကိုလ်၊ တမာ၊ ထနောင်း၊ရှားပင်နှင့် အခြားဆေးဖက်ဝင်အပင်များဖြစ်သော ဆင်တုန်းမနွယ်၊ ကြက်ဟင်းခါး၊ ကင်းပုံလက် ချားအပင်များလည်း  အလေ့ကျပေါက်ရောက်လျက်ရှိသည်။ ထိုအပင်များအနက်မှ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည့် နေလဲပင်သည် အလေ့ကျပေါက်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ 

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း