Main menu

Background

ဈေးကွက်စီးပွားရေးသတင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် ငွေသားမဲ့ ငွေပေးချေမှုစနစ် ဆောင်ရွက်လျက်ရှိ

Thu, 03/05/2026 - 09:51 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန် ငွေသားမဲ့ငွေပေးချေမှုစနစ် (Cashless Payment System) ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ငွေသားမဲ့ငွေပေးချေမှုစနစ် ကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင် ဆောင် ရွက်အောင်မြင်နေသည့် အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူတို့ကို လေ့လာ၍ အားသာချက်များအားလုံးကို စုစည်းဆောင်ရွက်နိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ကိုရီးယားသမ္မတနိုင်ငံသို့ ပိန်းရိုးခြောက် တင်ပို့လိုသည့်ကုမ္ပဏီများအား ဖိတ်ခေါ်

Wed, 03/04/2026 - 12:59 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံမှ ပိန်းရိုးခြောက်ဝယ်လိုအားရှိ သဖြင့် တင်ပို့လိုသည့်ကုမ္ပဏီများအား မြန်မာနိုင်ငံ သစ်သီး ဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

မြန်မာ့ပြောင်းအား ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရေး ပြင်ဆင်

Tue, 02/03/2026 - 11:21 -- journal_editor

မြန်မာ့ပြောင်းအား လာမည့် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရေး ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။ မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ  တင်ပို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းမှ ဗန်ကောက်ဆိပ်ကမ်းများသို့ လည်းကောင်း၊ ကော့သောင်း-ရနောင်းလမ်းကြောင်းမှ လည်းကောင်း၊ တာချီလိတ်လမ်းကြောင်းမှလည်းကောင်း တင်ပို့နေခြင်းဖြစ်သည်။

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ရော်ဘာ ဈေးနှုန်းဈေးကွက်

Mon, 12/01/2025 - 13:28 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ အောက်တိုဘာလ စတုတ္ထတစ်ပတ် တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် အေးနေပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုတစ်ပတ်တွင် ကြံ့အသစ် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၁၈၀ဝ၊ ကြံ့တံဆိပ်(အဝါ)တစ်အိတ်လျှင် ကျပ် ၂၂၀ဝ၀၊ ကြံ့နှစ်ကောင်(အနီ)    တစ်အိတ်လျှင်  ကျပ် ၂၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

ငွေကြေးအရင်းအနှီး လိုအပ်သည့် ဆီစက်လုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးမည်

Tue, 08/05/2025 - 13:47 -- journal_editor

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်း များဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့် ခွဲမှုလုပ်ငန်းအဖွဲ့က အသိပေးထားကြောင်း သိရသည်။ 
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် လုပ်ငန်းသုံးလှည့်ပတ် ရင်းနှီးငွေအတွက် ချေးငွေအနည်းဆုံး ကျပ်သိန်း ၁၀ဝ မှ အများဆုံး ကျပ် သိန်း ၅၀ဝ၀ ထိ၊ မတည်ရင်းနှီးငွေအတွက် ချေးငွေ အနည်းဆုံး ကျပ်သိန်း ၂၀ဝ မှ အများဆုံး ကျပ်သိန်း ၅၀ဝ၀ ထိ ထုတ်ချေးမည်ဖြစ်သည်။

သီလဝါ သိုလှောင်ကန်များတွင် စက်သုံးဆီများ အပြည့်အဝရှိ

Tue, 08/05/2025 - 13:37 -- journal_editor

သီလဝါသိုလှောင်ကန်များတွင် စက်သုံးဆီများ ပြည့် လုနီးပါးရှိနေသည့်အပြင် မှာယူထားသည့် ဆီသင်္ဘောများ လည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိနေကြောင်း သိရ သည်။

ကြံထွက်ရာသီချိန် မဟုတ်သော်လည်း သကြားဈေးကျလျက်ရှိ

Mon, 08/04/2025 - 11:01 -- journal_editor

မန္တလေးမြို့တွင်းသို့  ကြံထွက်ရှိရာ ဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ မတ္တရာမြို့အနီးရှိ တံငါးရွာ၊ ပြင်ဦးလွင်၊‌ ကျောက်မဲဒေသတို့မှ ထွက်ရှိသည့်ကြံများ ဝင်ရောက်မှု မရှိသော် လည်း သကြားများ ဈေးကျလျက်ရှိသည်။ 

ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ရောင်းချပေးမှု သန်း ၂၀ဝ နီးပါးရှိ

Mon, 07/07/2025 - 14:02 -- journal_editor

ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေ ဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)) တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ရောင်း ချပေးမှု  သန်း ၂၀ဝ  နီးပါးအထိ   ရှိလာပြီဖြစ်ကြောင်း သိရ သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်း လိုင်စင်ပေါင်း ၅၆၀ဝ ကျော် ထုတ်ပေးထား

Mon, 07/07/2025 - 13:59 -- journal_editor

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက် ဆိုင်သည့်   လုပ်ငန်းလိုင်စင်ပေါင်း ၅၆၀ဝ ကျော် ထုတ်ပေးထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
ကျောက်မျက်ရတနာ  လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် ကျောက် မျက်လုပ်ငန်းလိုင်စင်များကို  မြန်မာ့ ကျောက်မျက်ရတနာ ရုံးချုပ်(နေပြည် တော်)နှင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများ နှင့် မိုင်းရှူးမြို့တို့ရှိ မြန်မာ့ကျောက်မျက် ရတနာရုံးခွဲများတွင် လျှောက်ထားနိုင် ပြီး  လက်ရှိအချိန်ထိ  ကျောက်မျက် ရတနာလုပ်ငန်းနှင့်   သက်ဆိုင်သည့် လုပ်ငန်းလိုင်စင် ၅၆၇၈ ကျော် ထုတ် ပေးထားပြီးဖြစ်သည်။ 

ကျိုက်လတ်မြို့မှ ဈေးကွက်ဝင် ငါးရံ့ခြောက်လုပ်ငန်း

Mon, 06/02/2025 - 12:45 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး  ကျိုက်လတ်မြို့နယ်သည် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ အဓိကလုပ်ကိုင်လျက် ရှိပြီး မြစ်‌၊ ချောင်း၊  အင်းအိုင်ပေါများ၍  သဘာဝအလျောက် ဖမ်းဆီးရမိသော ဒေသထွက်ငါးရံ့များကို ငါးရံ့ခြောက်ပြုလုပ်ကာ တစ်နှစ်ပတ်လုံး ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။

Pages

Subscribe to RSS - ဈေးကွက်စီးပွားရေးသတင်း