ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သည့် အခွန်အကောက်ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အမေရိကန်နိုင်ငံသို့ သွားရောက်မည်
ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira ဦးဆောင်သည့် ထိုင်းနိုင်ငံ၏ အခွန်အကောက်ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့သည် ကုန် သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ရန် ဇူလိုင်လ ပထမပတ်အတွင်း အမေရိကန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဖွဲ့၁၀ ဦးအထိပါဝင်သည့် အဆိုပါအဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေး အမြဲတမ်းအတွင်းဝန် Vuttikrai Leewiraphan ပါဝင်မည်ဖြစ်သည့်အပြင် အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးရာတွင် အရေးပါသည့်သူများလည်း ပါဝင် မည်ဖြစ်သည်။