Main menu

Background

Wednesday, 24 Nov 2010

မကြာမီကာလတိုအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာနိုင်         ၂ဝ၁ဝ ခုနှစ် နှစ်မကုန်ခင်ကာလအတွင်း အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာနိုင်ကြောင်းအိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီများ က သိရသည်။ '' နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲအပြီးမှာ နေရေးထိုင်ရေးအခြေခံတွေဖြစ်တဲ့ ရောင်းဝယ်ရေးအပိုင်းတွေ က ပုံမှန်ရှိနေပါတယ်။ ပွိုင့်ကြီးတွေ ဝယ်ချင်သူရှိပေမဲ့ အရောင်းမရှိလို့ ဈေးကွက်ငြိမ်နေတဲ့သဘောရှိတယ်။ ဝယ်လက်သစ်တွေ ထူးထူးခြားခြား သိပ်ဝင်လာတာမတွေ့ရသေးဘူး။ မြန်မာ အိမ်ခြံမြေဈေးကွက်က ရွှေဈေးတက်ရင် လိုက်သွက်တဲ့ သဘော ရှိတယ်။ ပြည်ပက အဓိကဈေးကွက်တွေလှုပ်ရှားရင်လဲ အိမ်ခြံမြေက လှုပ်တတ်တယ်။ သဘာဝပဲ။ နိုဝင်ဘာ ၁၇ ရက်မှာစတဲ့ နေပြည်တော်ကျောက်ပွဲကိုလည်း အိမ်ခြံမြေသမားတွေစောင့်နေကြပါတယ်။ ကျောက်အောင်တာများရင် အိမ်ခြံမြေဈေးကွက် မြူးလာနိုင်ပါတယ်။ ဒါကြောင့် မကြာမီကာလတိုတွင်းမှာ အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာမယ်လို့ သုံးသပ်ပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီက ဦးသန်းဦးကပြောကြားသည်။ ခင်မျိုးသွယ် 

Wednesday, 24 Nov 2010

 ၂ဝ၁ဝ ပြည့် နှစ်အတွင်း နေပြည်တော် အိမ်ခြံမြေဈေးကွက် သိသိသာသာလှုပ်ခတ်လာ              မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည် နေပြည်တော်ရှိ အိမ်ခြံမြေဈေးကွက် သည် ၂ဝ၁ဝ ပြည့်နှစ်အတွင်း သိသိ သာသာ လှုပ်ခတ်လာပြီး ရင်းနှီးမြုပ်နံှ လိုသူများ ဝင်ရောက်လာကြကြောင်း သိရပါတယ်။ နေပြည်တော်တွင် သပြေကုန်းရပ် ကွက်၊ ရာဇဌာနီလမ်းမကြီး ဝဲ/ယာရှိ ပေါင်းလောင်း (၁)နှင့် ပေါင်းလောင်း (၂) ရပ်ကွက်ကြီးများ၊ အသစ်ဖော်ထုတ် ထားသည့် ရွှေကြာပင်ရပ်ကွက်စသည့် နေရာများလို လူကြိုက်များ စိတ်ဝင် စားကြကြောင်းသိရပါတယ်။    ''အရင်ကထက် နေပြည်တော် အိမ်ခြံမြေဈေးကွက်က လှုပ်လာတယ်၊ အရောင်းအဝယ် ဖြစ်တာတွေအပြင် အငှားတွေပါ ရှိလာတယ်''ဟု နေပြည် တော်အခြေစိုက် အိမ်ခြံမြေ အကျိုး ဆောင်တစ်ဦးက ပြောကြားသည်။        နေပြည်တော်သပြေကုန်းရပ်ကွက်သည် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်နှင့် ဆက်စပ်နေသကဲ့သို့ ဈေး၊ သရီးဒီ ရုပ်ရှင်ရုံ၊ ရေပန်းဥယျာဉ်၊ စာတိုက်ကြီး၊ ကျောင်း၊ ဟိုတယ်ဇုန်များနှင့် နီးကပ်နေ ကြကြောင်း၊ အဆိုပါရပ်ကွက်သည် ယခင် သိန်း ၈ဝ သာရှိခဲ့သည့် ပေ ၆ဝ ပတ်လည်မြေကွက်သည် ယခုအခါ သိန်း ၁ဝဝဝ နီးပါး ခေါ်ဈေးရှိလာကြ ကြောင်း ပေါင်းလောင်းရပ်ကွက် အတွင်းရှိ ပေ ၆ဝ x ပေ ၄ဝ မြေကွက် များသည် သိန်း ၁၂ဝဝ ဝန်းကျင်ရှိပြီး ပေ ၆ဝ x ပေ ၈ဝ မြေကွက်များသည် သိန်း ၂ဝဝဝ နီးပါးရှိကြကြောင်း သိရ သည်။        နေပြည်တော်သည် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည့် အတွက် အိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက် ရင်းနှီးမြုပ်နံှလိုသူများ တဖြည်းဖြည်း ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။ ''ရန်ကုန်မှာက ရင်းနှီးမြုပ် နံှဖို့လိုချင်ရင်တောင် အရောင်းနည်းပါး လာတဲ့အတွက် မန္တလေး၊ နေပြည်တော် ကို ရင်းနှီးထားသူတွေ ဝင်လာတယ်။ အဓိက သွားကြတာနေပြည်တော်ပါပဲ'' ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက သုံးသပ်ပြော ကြားသည်။ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည် လက်ရှိနေအထားအရ အရောင်းအဝယ်ဖြစ်မှု နည်းပါးလျက် ရှိပြီး အငှားများသာ များပြားလျက်ရှိ ကြောင်း၊ အငှားများတွင် ကွန်ဒိုတိုက် ခန်းငှားရမ်းမှုသည် အများဆုံးဖြစ်နေ ကြောင်း၊ ထိုကဲ့သို့သော အခြေအနေ မိုျးတွင် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နံှသူ များသည် နေပြည်တော်သို့သွားရောက် ကြပြီး အကွက်ချ၍ အလားအလာရှိ သည့် မြေကွက်များကို ဝယ်ယူရင်း ရင်းနှီးမြုပ်နံှလာကြကြောင်း၊ သို့သော် နေပြည်တော် အိမ်ခြံမြေဈေးကွက်သည် တည်ငြိမ်သည့် ပေါက်ဈေးမရှိဘဲ အရောင်းအဝယ်ဖြစ်မှုအပေါ်တွင် ဈေး နှုန်းလိုက်ပါ ပြောင်းလဲလျက်ရှိကြောင်း သိရသည်။ ကိုဖြိုး

Wednesday, 24 Nov 2010

 အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း    တည်နေရာ                                အကျယ်အဝန်း      ပါဝင်ပုံ        ဈေးနှုန်း      သီးခြားအချက် ဆက်သွယ်ရန်၁။ တိုက်ခန်း    မင်္ဂလာတောင်ညွန့်မြို့နယ်၊(၉၄)လမ်း    (၁၆ .၅ထ၅ဝ)ပေ (၇)လွှာHall       ၁၂ဝ သိန်း                       ၇ဝ၂၄ဝ၅၂။ တိုက်ခန်း   တာမွေမြို့နယ်၊ သီတာလမ်း                (၁၅ထ၅၅)ပေ      (၆)လွှာ၊(၆)ထပ် ၁၈ဝ သိန်း                        ၅၁/၂၆၂၅၅၃။ တိုက်ခန်း   ကျောက်မြောင်း၊ စိတ္တသုခလမ်း             (၁၇ထ၅ဝ)ပေ      (၅)လွှာ၊ အိပ်ခန်းပါ ၂၅ဝ သိန်း ဖုန်းပါ၊Aircon ပါ ၇ဝ၂၄ဝ၅ညှိနှိုင်းနိုင်၄။ တိုက်ခန်း   အလုံမြို့နယ်၊ နာနတ်လမ်း(ပ)                (၂၅ထ၅ဝ)ပေ    (ပ)ထပ်၊ အခန်းဖွ့ဲ ပြီး ၃၉ဝ သိန်း    Aircon ပါ ၇၃ဝ/၃၆၇၆၇၅။ အိမ်/မြေ   တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်းသွယ် (40x60)ပေ       RC(၁)ထပ်ပါ      ၃၅ဝ သိန်း     လမ်းသွယ်     ၅၁/၂၆၂၅၅၆။ အိမ်/မြေ   တောင်ဥက္ကလာပမြို့နယ်၊ကျေးတမာလမ်းသွယ် (၃၀x၅၀)ပေ RC (၁)ထပ်ပါ    ၃၆ဝ သိန်း      လမ်းသွယ်      ၅၁/၂၆၂၅၅၇။ အိမ်/မြေ   ဗဟန်း၊ အောင်မင်းခေါင်လမ်းသွယ်             (၂၅ထ၅၅)ပေ  BN(၂)ထပ်          ၂၂ဝဝ သိန်း  လမ်းသွယ်    ၇၃ဝ/၇၇၉၄၃၈။ မြေ          ရန်ကင်းမြို့နယ်၊ဓမ္မာရုံလမ်း                      (၆၅ထ၈၅)ပေ  ဂိုဒေါင်ဟောင်း(၁)လုံးပါ ၂၂ဝဝ သိန်း           ၇၃ဝ/၇၇၉၄၃၉။ မြေ          မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ            (၁၆၅ထ၆၅)ပေ  မြေသီးသန့် ၂၅ဝသိန်း ဂရန်ပေါက်ထောင့်ကွက် ၇ဝ၂၄ဝ၅၁ဝ။ တိုက်ခန်း  မင်္ဂလာတောင်ညွန့်မြို့နယ်၊                    (၁၂ .၅ထ၅ဝ)ပေ (ပ)ထပ်၊ အခန်းဖွဲ့ ၁၆ဝ သိန်း    လျှာထိုးခင်း      ၇ဝ၂၄ဝ၅

Thursday, 11 Nov 2010

အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း    တည်နေရာ                  အကျယ်အဝန်း       ပါဝင်ပုံ           ဈေးနှုန်း       သီးခြားအချက်    ဆက်သွယ်ရန်၁။ တိုက်ခန်း  တာမွေမြို့နယ်၊ကျောက်မြောင်း၊ (၁၅ထ၆ဝ)ေ   (၄)လွှာ၊အထူးပြင်ပြီး  ၁၆ဝ သိန်း      အသင့်နေနိုင်      ၇ဝ၂၄ဝ၅                             မြို့သစ်(၁)လမ်း၂။ အိမ်/မြေ     တောင်ဥက္ကလာပမြို့နယ်၊ ဟင်္သာလမ်း (၄၅ထ၄ဝ)ပေRC(၁)ထပ်တိုက်  ၇၅ဝ သိန်း   အသင့်နေနိုင       ၅၆၃ဝ၇ဝ၃။ တိုက်ခန်း   မင်္ဂလာတောင်ညွန့်မြို့နယ်၊(၉၁)လမ်း (၁၂ထ၅ဝ)ပေ ပြင်ဆင်အခန်းဖွဲ့ ပြီး ၁၅ဝ သိန်း   ၇ဝ၂၄ဝ၅၄။ တိုက်ခန်း   မင်္ဂလာတောင်ညွန့်မြို့နယ်၊(၉ဝ)လမ်း (၁၅ထ၆ဝ)ပေ   (၅)လွှာ            ၂၂ဝ သိန်း   အသင့်နေ/ဖုန်းပါ   ၇ဝ၂၄ဝ၅၅။ တိုက်ခန်း   တာမွေမြို့နယ်၊သီတာလမ်း             (၁၆ထ၅၅)ပေ   (ပ)ထပ်             ၁၈ဝ သိန်း    ရှယ်ပြင်ပြီး       ၇ဝ၂၄ဝ၅၆။ မြေ        သင်္ဃန်းကျွန်းမြို့နယ်၊စံပြဆေးရုံအနီး     (၃၀x၆၀)ပေ    မြေသီးသန့်         ၅၅ဝ သိန်း                      ၇ဝ၂၄ဝ၅၇။ မြေ/အိမ်   ရန်ကင်းမြို့နယ်၊ ဓမ္မာရုံလမ်း             (၃0x60)ပေ     BN(၁)လုံးပါ        ၈ဝဝ သိန်း                  ၇၃ဝ၇၇၉၄၃၈။ မြေ         မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာရွာ          (၁ဝ၄ဝဝ)စ/ပေ     မြေသီးသန့်       ညှိနှိုင်းဈေး    ၂ကွက်တွဲ၊ ဝ၉၁၁၂၆၂၅၅                                                                                                                       ထောင့်ကွက်၉။ မြေ/အိမ်   ရန်ကင်းမြို့နယ်၊ဓမ္မာရုံလမ်း            (၃0x60)ပေ        BW(၁)လုံးပါ      ၁၂ဝဝ သိန်း    ဂရန်ပါမြေ  ၇၃ဝ၇၇၉၄၃၁ဝ။ မြေ       မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊      ဧကကျယ်ရှိ        စိုက်ပျိုးမြေ     တစ်ဧက ၃သိန်း                 ၉၂ဝ၄၄၂၅၅                               တောင်မြိုရွာ                                                                                                SN

Tuesday, 12 Oct 2010

 အိမ်ခြံမြေဈေးကွက်တွင် အငှား ၇၀ ရာခိုင်နှုန်း ရရှိ        ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် စက်တင်ဘာလအတွင်း အငှားဈေးကွက် အနေဖြင့် ၇ဝ ရာခိုင်နှုန်းရရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများမှ သိရသည်။        ''စက်တင်ဘာလတစ်လလုံးအနေနဲ့ အငှားဈေးကွက် ၇ဝ ရာခိုင်နှုန်းရရှိတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီ တစ်ခုတည်းမှာဘဲ စက်တင်ဘာလ နောက်ဆုံးပတ်ထဲမှာ မြေညီထပ်အငှားအနေနဲ့ တာမွေဘက်က တစ်လ ၃ သိန်း၊ ပုဇွန်တောင် ဘက်က တစ်လ ၆ သိန်း၊ ရိုးရိုးတိုက်ခန်းတစ်ခန်းကို ဒဂုံမြို့နယ်ထဲမှာ တစ်လကို ၂ သိန်းခွဲနဲ့တည့်ခဲ့တယ်။ ကွန်ဒိုအငှား ဆိုရင် ဒဂုံမြို့နယ်ထဲက ကွန်ဒို ၂ ခန်းက ၄ သိန်းခွဲနဲ့ ၅ သိန်းခွဲ။ ဗဟန်းရိပ်မွန်ထဲမှာ ၄ သိန်း။ ပုလဲကွန်ဒိုထဲက ၄ သိန်းနဲ့ တစ်ခန်း စုစုပေါင်း ၅ ခန်းငှားပေးခဲ့ရတယ်။ လုံးချင်းတိုက်အငှားက တစ်လကို ဒေါ်လာ ၁၇ဝဝ နဲ့ နိုင်ငံခြားသားအတွက် ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်'' ဟု ယူနီတီ အိမ်ခြံမြေကုမ္ပဏီမှ ဦးဇော်ဇော်က ပြောကြားသည်။     အဆိုပါကုမ္ပဏီမှ စက်တင်ဘာလနောက်ဆုံးပတ်အတွင်း သိန်း ၂ဝဝဝ တန် မြေကွက်ကို မရမ်းကုန်းမြို့နယ်အတွင်းတွင် လည်းကောင်း၊ ကျပ်သိန်း ၃ဝဝဝ ကျော် တန် မြေ ၈ဝ ပေပတ်လည် (RC  ၂ ထပ် )ကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင် လည်းကောင်း  ဝန်ဆောင်မှုပေးခဲ့သည်ဟု ဆိုသည်။                                                                                               ခင်မျိုးသွယ်

Wednesday, 29 Sep 2010

  ရန်ကုန်ကားဈေးကွက်အတွင်း ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားသာရှိ၊ ရောင်းမည့်သူများသာ ပိုများနေ      ရန်ကုန်ကားဈေးကွက်အတွင်းသို့ ကားအမျိုးအစား၊ ပုံစံအသစ်များ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေအထားမှာ ကြိုက်ရောင်း ကြိုက်ဝယ်သာရှိပြီး ဝယ်သူ သိပ်မရှိဘဲ ရောင်းချမည့်သူများသာ ပိုများနေကြောင်း ဟံသာဝတီ ကားရောင်းဝယ်ရေး စခန်းမှ ပွဲစားတစ်ဦးက ပြောကြားသည်။ ဈေးကွက်ထဲကို အက္ခရာ ၄ဂ/ အသစ်တွေ ဝင်ရောက်လာတယ်။ စီးရေ ၆ဝဝဝ ဝန်းကျင်ရှိမယ်။ ၄ဂ/ဟွန်ဒါ အမျိုးအစား တွေလည်း ဝင်တယ်။ ဟွန်ဒါတွေကပုံစံလှတာပဲရှိတယ်။ ဟိုင်းဝေးဆိုရင်တော့ သိပ်အဆင်မပြေလောက်ဘူး။ အပိုပစ္စည်း ကလည်း ရှားတယ်။ ၄ဂ/ ဟွန်ဒါအမျိုးအစားဆိုရင် ခေါ်ဈေးက သိန်း ၅ဝဝ ဝန်းကျင်လောက်ရှိတယ်။ ယခု အရောင်း အဝယ်သမားတွေက ၄ဂ/ တွေဝယ်ပြီးပြန်ရောင်းရင် ဈေးမရမှာကို စိုးရိမ်နေကြတယ်။ ဈေးကွက်ကလည်း ခေါ်ဈေး ပဲရှိတယ်၊ ဝယ်မယ့်သူ သိပ်မရှိဘူး''ဟု ၎င်းကပြော ကြားသည်။      ၎င်းအပြင် ကားဈေးနှုန်းမှာ ထူး ထူးခြားခြားပြောင်းလဲမှုသိပ်မရှိသေး ကြောင်း၊ဖင်ကောက်အက္ခရာ ၄ဂ/မှာ ကျပ်သိန်း ၅ဝဝ ဝန်းကျင် (R+) မှာ ကျပ်သိန်း၂၅ဝ ဝန်းကျင်၊ မတ်တူး ၉၉ မော်ဒယ်လ်ကျပ်သိန်း ၇၅ဝ ဝန်းကျင်နှင့် ပါပလေကာ နှင့် ဆန်နီအမျိုးအစားမှာ ကျပ်သိန်း ၇ဝ၊ ၈ဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။မင်းသန်

Wednesday, 29 Sep 2010

 အိမ်၊ ခြံ၊ မြေဈေးကွက်အရောင်းအဝယ် အေးနေ      ယခုလတ်တလော အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်း အခြေအနေမှာ သိသိသာသာပြောင်းလဲမှုမရှိသေးသော်လည်း ပြည်တွင်း အခွန်များဦးစီးဌာနမှအခွန်သက်တမ်းတိုးပြီး နောက်ပိုင်းတွင် အရောင်းအဝယ် အေးသွားကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ကိုင်သူတစ်ဦးကပြောကြားသည်။      ''ယခုအခြေအနေက ဝယ်သူကတော့ ရှိတယ်။ ရောင်းမယ့်သူက နည်းနေတာ။ အခွန်ကြောင့်လည်းပါမယ်လို့ထင်တယ်။ အဓိကကတော့ ရွေးကောက် ပွဲပြီးမှ လုပ်ကြမယ်ဆိုတဲ့ သဘောရှိတယ်။ ဈေးနှုန်းကတော့ မကျပါဘူး။ အရောင်းအဝယ် နှေးသွားပေမယ့် အငှားကတော့ ပုံမှန်ပဲ။ အရောင်းအဝယ်ကလည်း ကျပ်သိန်း ၂ဝဝဝ၊ ၃ဝဝဝ ကျော်လောက်ပဲ ရှိတော့တယ်''ဟု ၎င်းကပြောသည်။       ၎င်းအပြင် ယခုအခါတွင် ပြည်ပ နိုင်ငံများနှင့် တိုက်ရိုက်ဘဏ်စနစ် ညှိနှိုင်းဆွေးနွေးမှုများ ရှိလာသောကြောင့် အိမ်၊ ခြံ၊ မြေဘက်တွင် အားကောင်း လာနိုင်သည်ဟု ထင်နေကြသော်လည်း အိမ်၊ ခြံ၊ မြေဈေးကွက်နှင့် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း၊ ယင်းဘဏ်လုပ်ငန်းများ ညှိနှိုင်းခြင်းမှာ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း၍ ငွေလွဲှခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း၊ပစ္စည်းတင်ပို့ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။     တိုက်ခန်း ဈေးနှုန်းမှာလည်း ကျောက်တံတားမြို့နယ်တွင် ၇ လွှာ  ကျပ်သိန်း ၁၇ဝ ဝန်းကျင်၊ ကမာရွတ်မြို့နယ်တွင် ၄ လွှာ ကျပ်သိန်း ၃၅ဝဝန်းကျင်၊ စမ်းချောင်းမြို့နယ်တွင် ၇ လွှာ ကျပ်သိန်း ၁ဝဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။မင်းးသန့််

Pages