Main menu

Background

Tuesday, 21 Dec 2010

 အိမ်ခြံမြေကဏ္ဍစဉ်    အိမ်/အခန်း       တည်နေရာ    အကျယ်အဝန်း    ပါဝင်ပုံ    ဈေးနှုန်း    သီးခြားအချက်    ဆက်သွယ်ရန်၁။    တိုက်ခန်း      တာမွေမြို့နယ်၊ ကျောက်မြောင်း    (၁၅ထ၆ဝ)ပေ    (၃)လွှာပြင်ဆင်ပြီး    ၃၂ဝ သိန်း    ပါကေး/ေြွကပြား    ၇ဝ၂၄ဝ၅            သတိပဌာန်လမ်း    ၂။    တိုက်ခန်း    မင်္ဂလာတောင်ညွန့်မြို့နယ်၊(၈၉)လမ်း    (၁၂ထ၅ဝ)ပေ    (ပ)ထပ်၊ပြင်ဆင်ပြီး    ၁၈ဝ သိန်း    အခန်းဖွဲ့ပြီး    ၇ဝ၂၄ဝ၅    ၃။    တိုက်ခန်း    မင်္ဂလာတောင်ညွန့်မြို့နယ်၊    (၁၂ .၅ထ၅ဝ)ပေ    မြေညီထပ်    ၂၃ဝ သိန်း        ဝ၉/၅၁/၂၆၂၅၅            ဖဆပလအိမ်ရာ    ၄။    တိုက်ခန်း    မင်္ဂလာတောင်ညွန့်မြို့နယ်၊    (၁၂ .၅ထ၅ဝ)ပေ    (ပ)ထပ်၊အခန်းဖွဲ့ပြီး    ၁၆ဝ သိန်း    လျှာထိုးခင်း    ၇ဝ၂၄ဝ၅             ဖဆပလအိမ်ရာ    ၅။    တိုက်ခန်း    အလုံမြို့နယ်၊ ဌာနာလမ်း    (၂၅ထ၅ဝ)ပေ    (ပ)ထပ်၊အခန်းဖွဲ့ပြီး    ၄ဝဝ သိန်း    လျှာထိုးခင်း    ဝ၉-၅၁၂၆၂၅၅     ၆။    တိုက်ခန်း    တာမွေ၊ကျောက်မြောင်း၊သီတာလမ်း    (၁၇ထ၆ဝ)ပေ    (၄)လွှာ၊အခန်းဖွဲ့ပြီး    ၂၅ဝ သိန်း    ဖုန်းပါ    ၇ဝ၂၄ဝ၅    ၇။    တိုက်ခန်း    မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၈၉)လမ်း    (၁၅ထ၅ဝ)ပေ    မြေညီထပ်နှင့်(ပ)ထပ်တွဲ    ၃၅ဝ သိန်း    ပြင်ဆင်ပြီး    ၇ဝ၂၄ဝ၅    ၈။    အိမ်/မြေ     တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်း    (၃၀x၅၀)ပေ    RC(ပ)ထပ်အိမ်    ၃၆ဝ သိန်း    ဂုတ်ကွက်/မြေပိုရှိ    ၅၆၃ဝ၇ဝ    ၉။    အိမ်/မြေ       တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်းသွယ်    (၃၅ထ၅၅)ပေ    (၁)ထပ်အိမ်      ၃၈ဝ သိန်း     မြေပိုပါ    ၅၆၃ဝ၇ဝ    ၁ဝ။    တိုက်ခန်း    မင်္ဂလာတောင်ညွန့်မြို့နယ်၊ဖဆပလ    (၂၅ထ၂၅)ပေ    မြေညီထပ်၊အခန်းဖွဲ့ပြီး       တစ်လအငှားနှုန်း ၁၅၈ဝဝဝိ/-    ၇ဝ၂၄ဝ၅

Tuesday, 21 Dec 2010

 တစ်ပတ်အတွင်း အငှားသွက်တဲ့ ရတနာပုံတယ်လီပို့အနီးရှိ ကျေးရွာများ         ပြင်ဦးလွင်မြို့နယ် ရတနာပုံတယ် လီပို့အနီးရှိ သုံးတောင်ရွာ၊ ပြင်စာရွာနဲ့ ကျောက်ဖျားဒိုး   ကျေးရွာများရှိ ရွာခံ အိမ်များမှာ   ယခုတစ်ပတ်အတွင်း အငှားသွက်လျက်ရှိပါတယ်။  ရတနာပုံတယ်လီပို့   နည်းပညာ တက္ကသိုလ်သို့ ရန်ကုန်၊မန္တလေးနဲ့ အခြား မြို့များမှ ကျောင်းတက်ရန်အတွက် ကြို တင်ငှားရမ်းကြခြင်း ဖြစ်ပါတယ်။  ပြင်ဦးလွင်မြို့မှ မြေအကျိုးဆောင် လုပ်ကိုင်သူ ဒေါ်ယဉ်ယဉ်နွဲ့က''ကျောင်း တက်ဖို့အတွက် ပြင်ဦးလွင်မှာ အိမ်ငှား ဖို့ ရှာခိုင်းတယ်။ တယ်လီပို့နဲ့ နီးတဲ့ရွာ တွေကတော့ ပိုပြီးငှားရတယ်။  အဲဒီ ဘက်ကနီးပေမယ့် အိမ်ကောင်းကောင်း တော့ နည်းတယ်။ အနီးစခန်းက ရွာ ကျယ်ပေမယ့် အငှားမရှိသလောက်ပဲ။ ဒါကြောင့်  ကောင်းကောင်းလိုချင်တဲ့ သူက ပြင်ဦးလွင်မှာ လာငှားကြတယ်။ အခုရှာပေးထားတာ ဖုန်းပါတယ်၊ လုံး ချင်းအိမ် နံကပ် ၂ ထပ်ကို ၂ သိန်းခွဲနဲ့ ၆ ဦး နေတယ်ပြောတယ်။ ၁ ဦးမှ  ၄ သောင်းကျော်ပဲကျတော့တယ်''လို့ ပြော ပါတယ်။     မန္တလေးမြို့မှ  ကျောင်းသားမိဘ တစ်ဦးက  ''ကျောင်းက ၁၈ ရက်နေ့ နောက်ပိုင်း  ဖွင့်မယ်ကြားတယ်။   ဒါ ကြောင့်အခုကတည်းက ကြိုပြီးရှာထား ရတယ်။  ပြင်စာရွာမှာက  ငှားဖို့မရှိ တော့ဘူး။ ပြည့်သွားပြီ၊ သုံးတောင်ရွာမှာ ငှားဖို့သွားရှာရတယ်၊ ၄ ယောက်ခန်း  ၁ ခန်းရတယ်။ ကျောက်ဖျားဒိုးမှာလည်း ငှားကြတယ်။  အနီးစခန်းထက်စာရင် ပြင်ဦးလွင်ဘက်ကို     သွားငှားကြတာ လည်းရှိတယ်။ ပြင်ဦးလွင်နဲ့ တယ်လီပို့က ၁၉ မိုင်ဝန်းကျင်၊ မန္တလေးကနေဆိုရင် ၂၄ မိုင်ကျော်ဝေးတော့  မန္တလေးကလူ လည်း နေ့စဉ်လာလို့  အဆင်မပြေဘူး။ ဒါကြောင့်  အဲဒီဘက်မှာ ငှားနေပြီးမှ  ကျောင်းတက်လို့ရမယ်''လို့ပြောပါတယ်။      ကျေးရွာများတွင် ၃ ခန်းပတ်လည် လုံးချင်း နံကပ်ငှားရမ်းခမှာ ၁ သိန်းနဲ့ ၁ သိန်းခွဲဈေးရှိ၍ ၁ဝ ပေ x ၁၂ ပေအခန်း  အဆောင်ငှားရမ်းခမှာ ၁ သောင်းခွဲ၊ ၂သောင်းဈေးရှိကြောင်း သိရ ပါတယ်။                     ဇူးဇူး

Tuesday, 21 Dec 2010

 အိမ်ခြံမြေ ဈေးနှုန်းများ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေ           အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများထံက သိရသည်။ ''လက်ရှိ အိမ်ခြံမြေတွေရဲ့ခေါ်ဈေးပေါက်ဈေးတွေက အမြင့်ဆုံးအနေအထား သို့ ရောက်ရှိနေတယ်လို့ ပြောလို့ရတယ်၊ နေရာကောင်း အကွက်ကောင်းတွေဆို လိုချင်သူတွေပဲရှိပြီး ရောင်းဖို့ပစ္စည်းမရှိသလိုဖြစ်လာတယ်။ ဒါ့ကြောင့် အိမ်ခြံမြေ ဈေးကွက် အေးသယောင်ဈေးရှိနေတယ်။ ဘာကြောင့်လဲဆိုရင် ဈေးကွက်အချို့ဟာ အမြင့်ဆုံးကို တက်သွားပြီးရင် ပြန်ဆင်းတတ်တဲ့ သဘောလေးတွေလည်း ရှိတတ် တာကြောင့် အရောင်းအဝယ်သမားတွေက ဒီအခြေအနေကို ရိပ်စားမိပြီး စောင့် ကြည့်နေကြတဲ့သူတွေလည်း ရှိတယ်။ ဆိုလိုတာက ဈေးကျမှပြန်ဝယ်မှဆိုပြီး ငွေ ထုပ်ပိုက်စောင့်ကြည့်နေသူတွေလည်း ရှိတယ်။ ဈေးနှုန်းခေါ်ဈေးတွေက အမြင့်ဆုံး အနေအထားတွေကြောင့် လန့်ပြီး မဝယ်ရဲတာလည်းပါတယ်။ ငွေမာနေတဲ့အချိန် မျိုးမှာ တန်ဖိုးကြီးတွေကို မကိုင်ချင်တာလည်းဖြစ်နိုင်တယ်။ ဝယ်လိုက်ပြီးမှ ဈေးကျ သွားမယ်ဆိုရင် နှစ်ခါနာဖြစ်မှာစိုးသူတွေလည်း ရှိတယ်''ဟု ဝါရင့်အိမ်ခြံ မြေလုပ်ငန်း ရှင်ကြီးတစ်ဦးက ဈေးကွက်ခပ်အေးအေးအနေအထားကို သုံးသပ်ပြောကြားသည်။    ခင်မျိုးသွယ်

Tuesday, 14 Dec 2010

 ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက်တွင် ကွန်ဒိုများ အငှားပိုလိုက်လာ                        ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ကွန်ဒိုခန်းအငှားများ ပိုလိုက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများထံက သိရသည်။ ''ဒီဇင်ဘာလဆန်း ၁ဝ ရက်အတွင်း အငှားဈေးကွက်ထဲမှာ ကွန်ဒိုတိုက်ခန်း အငှားတွေ ပိုလိုက်လာပါတယ်။ ကွန်ဒိုက လမ်းမကြီးတွေပေါ်မှာ တည်ရှိနေတာကြောင့် သွားရေး၊ လာရေး လွယ် ကူတယ်၊ လုံခြုံရေးကောင်းတယ် Shopping Mall  တွေ ပါတဲ့အတွက် တစ်ကိုယ်ရေတစ်ကာယ သမားတွေ၊ မိသားစုသိပ်မများတဲ့ သူတွေအတွက် အဆင်ပြေတယ်။ ဒီအပတ်ထဲမှာ မြို့လယ်က ကွန်ဒိုတွေဖြစ်တဲ့ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ဒဂုံမြို့နယ် တွေထဲက ကွန်ဒိုတွေ အငှားရှိခဲ့ပါတယ်၊ တစ်လကို အနိမ့်ဆုံး ကျပ် လေးသိန်း ခွဲကနေ ကျပ်ခုနစ်သိန်းအတွင်း အငှား တည့်ခဲ့ပါတယ်။ ဒေါ်လာနဲ့ အငှားဈေး က တစ်လကို ဒေါ်လာ ၉ဝဝ နဲ့ ၁ဝဝဝ ကြားမှာ တည့်ခဲ့ပါတယ်''ဟု မရမ်းကုန်း မြို့နယ် အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ခင်မျိုးသွယ်

Tuesday, 14 Dec 2010

 မန္တလေးမြို့သစ်ရှိ မြေကွက်အချို့ ဈေးမြင့ ်လာဖွယ်ရှိ                မန္တလေးမြေဈေးကွက်တွင် စက်မှုဇုန်(၂) တောင်ဘက်ရှိ လက်ကားကုန်စည် ဒိုင်နဲ့ ကားကြီးကွင်း စီမံကိန်းအနီးရှိ ''လလ''နဲ့ ''ဝဝ'' မြေကွက်များမှာ စီမံကိန်းကြောင့် ဈေးမြင့်တက်ခဲ့ရာမှ လတ်တလောမှာ ဈေးတန့်လျက်ရှိပြီး စီမံကိန်းအကောင် အထည်ဖော်ပြီးပါက ဈေးမြင့်လာဖွယ်ရှိကြောင်း သိရပါတယ်။                မြို့သစ်ရှိ မြေအကျိုးဆောင်တစ်ဦးက''မြေကွက်ဈေး အတက်အကျက ရင်းနှီး မြုပ်နံှသူနဲ့ဆိုင်တယ်။ သူကမြေဝယ်မှုမရှိရင် ဈေးကျတာပဲ။ စီမံကိန်းအနီးက ''လလ'' နဲ့''ဝဝ'' အကွက် ဆို စီမံကိန်းစမယ်ဆိုတော့ ဈေးမြင့်တက်ခဲ့တယ်။ အခု အကောင် အထည်ဖော်နေတဲ့အတွက် အမြင့်ဈေးရောက်ခဲ့လို့ ဈေးတန့်နေတာ။ စီမံကိန်း အကောင်အထည်ဖော်ပြီးရင် ဈေးပြန်တက်လာနိုင်တယ်။ အရောင်းအဝယ်တော့ ရှိနေတယ်။ မအေးဘူး။ ဇဇ၊ ညည၊ ပပ၊ မမ အကွက်တွေက ရေကြီးပြီးကတည်းက အရောင်းအဝယ် မရှိသလောက်ဘဲ ဈေးကွက်အီနေတာ''လို့ ပြောပါတယ်။ မြေကွက်ဈေးနှုန်းများမှာ ''လလ'' အရှေ့ခြမ်း ပေ ၄ဝx ၆ဝ တစ်ကွက်ကို ၅၉ လမ်း၊ လမ်း ၆ဝပေါ်မှာ သိန်း ၂ဝဝ ကျပ်ဝန်းကျင်၊ ကြားကွက် သိန်း ၁ဝဝကျပ် အထက်၊ ၅၂ လမ်း ၅၃ လမ်းမပေါ် သိန်း ၁ဝဝ ကျပ်၊ ကြားကွက်သိန်း ၆ဝ၊ ၆၅ သိန်း ဝန်းကျင်ရှိ၍ ''လလ'' အနောက်ခြမ်း ၆၆ လမ်းနှင့် ၆၇ လမ်းမပေါ် သိန်း ၅၅ဝ၊ ၆၅ဝ ဝန်းကျင်၊ ၆၄ လမ်း၊၆၅လမ်းမပေါ် သိန်း ၄ဝဝ နဲ့ ၅ဝဝ ကြားရှိပြီး ကြားကွက် သိန်း ၂ဝဝ ကျပ်ဝန်းကျင်ရှိကြောင်းသိရပါတယ်။ '' ဝဝ''အကွက်များ မှာ သိန်း ၅၅ဝ၊ သိန်း ၆ဝဝရှိပြီး ၆၇လမ်း၊ ၆၈လမ်း ကျောကပ်မှာ သိန်း ၄၅ဝကျပ်၊ ကြားကွက် သန်း၃ဝဝ ကျပ ် ဈေးရှိကြောင်းသိရပါတယ။် ဇူူးးဇူူး

Wednesday, 8 Dec 2010

အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း                  တည်နေရာ                အကျယ်အဝန်း         ပါဝင်ပုံ         ဈေးနှုန်း     သီးခြားအချက်    ဆက်သွယ်ရန်၁။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊(၈၉)လမ်း (၁၈ထ၇ဝ)ပေ (၇)လွှာတိုက်သစ်    ၂၅ဝ သိန်း       ညှိနှိုင်းနိုင်       ၇ဝ၂၄ဝ၅၂။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊(၉၁)လမ်း (၁၃ထ၅၅)ပေ (၄)လွှာ၊အခန်းဖွဲ့     ၁၃၅ သိန်း    ပါကေးခင်းပြီး     ၇ဝ၂၄ဝ၅၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၂ .၅ထ၅ဝ)ပေ (ပ)ထပ်၊အခန်းဖွဲ့ ပြီး          ၁၆ဝ သိန်း     လျှာထိုးခင်းပြီး    ၇ဝ၂၄ဝ၅                         ဖဆပလရပ်ကွက်၄။ တိုက်ခန်း တာမွေမြို့နယ်၊ကျောက်မြောင်း၊     (၁၇ထ၅ဝ)ပေ (၅)လွှာ၊အခန်းပြင်ပြီး    ၂ဝဝ သိန်း                             ၇ဝ၂၄ဝ၅                            ဓမ္မစိန္တာလမ်း၅။ တိုက်ခန်း တာမွေမြို့နယ်၊ ကျောက်မြောင်း၊ (၁၂ .၅ထ၆ဝ)ပေ မြေညီထပ်၊အခန်းဖွဲ့ ပြီး   ၂၅ဝ သိန်း                   ဝ၉-၅၁၂၆၂၅၅                         ကျောက်ရေတွင်းလမ်း၆။ မြေ လှည်းကူးမြို့နယ်၊ငါးဆူးတောင်လမ်း              ၁ ဧက                မြေသီးသန့်         ၃၅ သိန်း     စက်မှုမြေ    ဝ၉-၅၁၂၆၂၅၅၇။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ရွှေပြည်စိုးလမ်း (၃၀x၅၀)ပေ တစ်ထပ်အိမ်(၁)လုံးပါ  ၅၅ဝ သိန်း                  ဝ၉-၅၁၂၆၂၅၅၈။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်း (၃၀x၅၀)ပေ တစ်ထပ်အိမ်(၁)လုံးပါ ၃၆ဝ သိန်း ဂုတ်ကွက်/မြေပိုရှိ ၅၆၃ဝ၇ဝ၉။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊သံသုမာလမ်းသွယ် (၃၅ထ၅၅)ပေ (၁)ထပ်အိမ်၊မြေပိုပါ ၃၈ဝ သိန်း ၁၄/၂ ရပ်ကွက် ဝ၉-၅၁၂၆၂၅၅၁ဝ။ မြေ ပြင်ဦးလွင်မြို့နယ်၊ တောင်ပြိုရွာ                   ဧကကျယ်                                 တစ်ဧက၃ .၅သိန်း          ဝ၉/၂ဝ/၄၄၂၅၅SN

Wednesday, 8 Dec 2010

 မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး အငှားဈေးကွက်သွက်            မန္တလေးမြို့ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ပုံမှန်ဖြစ်ပြီး အငှားဈေးကွက်သွက်လျက်ရှိပါတယ်။ အရောင်းအဝယ်ဈေးကွက်မှာ နိုဝင်ဘာလတတိယပတ် က အေးသွားခဲ့ပြီး၊ ဒီဇင်ဘာလဆန်းက အရောင်းအဝယ် ပုံမှန်ပြန်ဖြစ်လာပါတယ်။ အငှားဈေးကွက်မှာ မြို့တွင်းရော မြို့သစ်ပါ အငှားသွက်လျက်ရှိကြောင်း အိမ်ခြံမြေ အကိုျးဆောင်များထံမှ သိရပါတယ်။ မြို့သစ်ရှိ အိမ်ခြံမြေအကိုျးဆောင်တစ်ဦးက ''နိုဝင်ဘာလဆန်းပိုင်းက အရောင်းသွက်ခဲ့တဲ့ ''လလ'' ''ဆ'' ''တတ'' အကွက်တွေအားလုံး ဈေးအေးသွားပြီး အရောင်းအဝယ် ပုံမှန်ဖြစ်နေတယ်။ ''ဝဝ'' အကွက်က အဝယ်လိုက်နေတယ်။ မြို့ထဲ အိမ်ခြံမြေကတော့ Down Town ဧရိယာအတွင်းက သိန်း ၂၅ဝဝ၊ ၃ဝဝဝ၊ ၄ဝဝဝ ကျပ်ဝန်းကျင် အရောင်းအဝယ်ဖြစ်တယ်''လို့ ပြောပါတယ်။                 မြို့တွင်းက မန္တလေးမြို့အရှေ့ခြမ်းရှိ မဟာဇေယျာဘုံရပ်၊ အောင်တော်မူရပ်၊ ရန်မိုျးလုံနဲ့ ရွှေလံှရပ်များမှာ အဝယ်လိုက်လျက်ရှိပါတယ်။ ရွှေလံှရပ်ကြားကွက်များမှာ မျက်နှာစာ တစ်ပေကို သိန်း ၇ဝ ကျပ်၊ လမ်းမတန်း သိန်း ၁ဝဝ ကျပ်ဈေးရှိပြီး၊ ရန်မိုျးလုံရပ်ကွက်မှာ ကြားကွက်မျက်နှာစာ တစ်ပေကို ကျပ် ၃၅ သိန်း၊ အောင် တော်မူရပ်မှာ ကျပ် ၄ဝ သိန်းရှိပြီး၊ လမ်းမတန်းပေါ်မှာ သိန်း ၈ဝ၊ ၉ဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ နေရာကောင်း အကွက်အကွင်းကောင်းရင် မျက်နှာစာ တစ်ပေကို ကျပ်သိန်း ၁ဝဝ ကျပ်ရှိကြောင်းသိရပါတယ်။                 အိမ်ခြံမြေအငှားလုပ်ကိုင်သူတစ်ဦးက 'အငှားဈေးကွက်မှာ ၈၄ လမ်း၊ လမ်း ၈ဝ ၊ ၇၃ လမ်း၊ ၃၅ လမ်း၊ ၃၆ လမ်း၊ လမ်း ၃ဝပေါ်မှာ အငှားအရမ်းဖြစ်တယ်။ မြို့သစ်ဘက်ကလည်း သူ့နေရာနဲ့သူဖြစ်နေတယ်။ ဒီလထဲမှာ အငှားသွက်တယ် ပြောရမယ်။ မြို့ထဲပိုင်းကတော့ စီးပွားရေးလုပ်ရင်းနေမယ့်သူများပြီး မြို့သစ်က သီးသန့်ခြံကျယ်၊ အိမ်ကောင်းကောင်းနဲ့နေတဲ့သူ အငှားများတယ်။ မြို့သစ်ဆို လမ်းကောင်းတဲ့ ၆၃ လမ်း၊ ၆၆ လမ်း၊ ၇၃ လမ်း၊ ၆၈ လမ်းပေါ်မှာ အငှားလိုက် နေတယ်'လို့ ပြောပါတယ်။                အငှားဈေးကွက်အနေနဲ့ မြို့တွင်းပိုင်းမှာ RC နှစ်ထပ်ကို ၃ သိန်းမှ ၇ သိန်း အတွင်း အငှားဖြစ်ပြီး၊ မြို့သစ်ပိုင်းမှာ ခြံကျယ်ကျယ် အိမ်ကောင်းကောင်း RC ၃ ထပ်ကို ၃ သိန်း၊ နှစ်ထပ်ကို ၂ သိန်းခွဲဝန်းကျင်နဲ့ အငှားသွက်ကြောင်း သိရပါတယ်။ အငှားဈေးနှုန်းများမှာ နေရာအကွက်အကွင်း၊ အိမ်ကောင်း လမ်းသာတဲ့အပေါ် မူတည်ပြီး ဈေးနှုန်းကွာခြားကြောင်းသိရပါတယ်။ ဇူူးးဇူး

Tuesday, 30 Nov 2010

 နိုဝင်ဘာနောက်ဆုံးပတ်တွင် ပွိုင့်လတ်မြေကွက်များ အဝယ်ပြန်ရှိလာ           ဈေးကွက်အတန်ငယ်အေးနေသော အိမ်ခြံမြေဈေးကွက်တွင် ယခုအပတ်အတွင်း ပွိုင့်လတ်မြေကွက် များ အဝယ်ပြန် ရှိလာကြောင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများက သိရသည်။         '' နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းမှာ ကျပ်သိန်း ၃ဝဝဝ၊ ကျပ်သိန်း ၅ဝဝဝ နဲ့ကျပ်သိန်း ၇ဝဝဝ ပွိုင့်လတ် မြေကွက်တွေ အကြည့်များသလို အဝယ်လည်းပြန်ရှိလာပါတယ်။ အရောင်းအဝယ်တည့်သွားတဲ့ နေရာတွေက စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမ ကြီးအနီး ကမာရွတ်မြို့နယ် ပြည်လမ်းသွယ်၊ ဗဟန်းမြို့နယ်ထဲက ဝင်ဒါမီယာလမ်းနဲ့ ရွှေတောင်ကြားဘက်မှာ အရောင်းအဝယ် တွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရုံးခန်းဖွင့်ဖို့၊ ကွန်ဒိုတွေ၊ လုံးချင်းတိုက်အငှားတွေ၊ စက်ရုံအငှားတွေဆိုရင် လှိုင်သာယာနဲ့ ရွှေလင်ပန်းစက်မှုဇုန်အပါအဝင် စုစုပေါင်း ၁၅ ဦး အငှားဝန်ဆောင်မှုကို ကျွန်တော်တို့ကုမ္ပဏီက ဆောင်ရွက်ပေးခဲ့ရပါတယ်'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ခင်မျိုးသွယ်

Wednesday, 24 Nov 2010

မကြာမီကာလတိုအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာနိုင်         ၂ဝ၁ဝ ခုနှစ် နှစ်မကုန်ခင်ကာလအတွင်း အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာနိုင်ကြောင်းအိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီများ က သိရသည်။ '' နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲအပြီးမှာ နေရေးထိုင်ရေးအခြေခံတွေဖြစ်တဲ့ ရောင်းဝယ်ရေးအပိုင်းတွေ က ပုံမှန်ရှိနေပါတယ်။ ပွိုင့်ကြီးတွေ ဝယ်ချင်သူရှိပေမဲ့ အရောင်းမရှိလို့ ဈေးကွက်ငြိမ်နေတဲ့သဘောရှိတယ်။ ဝယ်လက်သစ်တွေ ထူးထူးခြားခြား သိပ်ဝင်လာတာမတွေ့ရသေးဘူး။ မြန်မာ အိမ်ခြံမြေဈေးကွက်က ရွှေဈေးတက်ရင် လိုက်သွက်တဲ့ သဘော ရှိတယ်။ ပြည်ပက အဓိကဈေးကွက်တွေလှုပ်ရှားရင်လဲ အိမ်ခြံမြေက လှုပ်တတ်တယ်။ သဘာဝပဲ။ နိုဝင်ဘာ ၁၇ ရက်မှာစတဲ့ နေပြည်တော်ကျောက်ပွဲကိုလည်း အိမ်ခြံမြေသမားတွေစောင့်နေကြပါတယ်။ ကျောက်အောင်တာများရင် အိမ်ခြံမြေဈေးကွက် မြူးလာနိုင်ပါတယ်။ ဒါကြောင့် မကြာမီကာလတိုတွင်းမှာ အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာမယ်လို့ သုံးသပ်ပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီက ဦးသန်းဦးကပြောကြားသည်။ ခင်မျိုးသွယ် 

Wednesday, 24 Nov 2010

မကြာမီကာလတိုအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာနိုင်         ၂ဝ၁ဝ ခုနှစ် နှစ်မကုန်ခင်ကာလအတွင်း အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာနိုင်ကြောင်းအိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီများ က သိရသည်။ '' နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲအပြီးမှာ နေရေးထိုင်ရေးအခြေခံတွေဖြစ်တဲ့ ရောင်းဝယ်ရေးအပိုင်းတွေ က ပုံမှန်ရှိနေပါတယ်။ ပွိုင့်ကြီးတွေ ဝယ်ချင်သူရှိပေမဲ့ အရောင်းမရှိလို့ ဈေးကွက်ငြိမ်နေတဲ့သဘောရှိတယ်။ ဝယ်လက်သစ်တွေ ထူးထူးခြားခြား သိပ်ဝင်လာတာမတွေ့ရသေးဘူး။ မြန်မာ အိမ်ခြံမြေဈေးကွက်က ရွှေဈေးတက်ရင် လိုက်သွက်တဲ့ သဘော ရှိတယ်။ ပြည်ပက အဓိကဈေးကွက်တွေလှုပ်ရှားရင်လဲ အိမ်ခြံမြေက လှုပ်တတ်တယ်။ သဘာဝပဲ။ နိုဝင်ဘာ ၁၇ ရက်မှာစတဲ့ နေပြည်တော်ကျောက်ပွဲကိုလည်း အိမ်ခြံမြေသမားတွေစောင့်နေကြပါတယ်။ ကျောက်အောင်တာများရင် အိမ်ခြံမြေဈေးကွက် မြူးလာနိုင်ပါတယ်။ ဒါကြောင့် မကြာမီကာလတိုတွင်းမှာ အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာမယ်လို့ သုံးသပ်ပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီက ဦးသန်းဦးကပြောကြားသည်။ ခင်မျိုးသွယ် 

Pages