Main menu

Background

Sunday, 9 Sep 2012

ရေတွက်ပုံ - VISSAစဉ်    အမျိုးအစား         တိုကျိုဈေးကွက်ဈေးနှုန်း    ညီမျှမြန်မာဈေးနှုန်း(ကျပ်)၁။    တိရစ္ဆာန်အစားအစာ (က) ပြောင်း(CIF)           US$ 0.65                      563 (ခ) ပဲပုပ် (CIF)               US$ 0.89                     771၂။    ပဲမျိုးစုံ (က) ထောပတ်ပဲ            Yen 127.92                   1412 မှတ်ချက်။    ငွေလဲနှုန်း 1 USD = 78.45-78.47 Yen (6.7.12) 1USD = 866 Kyats Source : NIHON KEIZAL NEWSPAPER,MOC

Sunday, 9 Sep 2012

ယနေ့အရောင်းအဝယ်လောကရဲ့ အများဆုံးဖြစ်ပေါ်နေတဲ့ မသမာမှုများ ဟာ ယုံကြည်မှုကို အလွဲသုံးစား ပြုခြင်းဖြစ်ပါတယ်။ နေ့စဉ် ပုံမှန် အရောင်းအဝယ် ပြုလုပ်နေရာမှ မိမိရဲ့အမြတ်အစွန်း တစ်ခုတည်း ကိုကြည့်ပြီး ဈေးကစားခြင်း ပြုလုပ်ရင်း ပြုလုပ်ရင်းမှ ဈေးအမြင့်နဲ့ ဝယ်မိပြီး၊ ဈေးကျသွားလို့ ဆုံးရှုံးမှု များဖြစ် ပေါ်ပြီး၊ မသမာမှုများ တိမ်းရှောင်မှုများ၊ လိမ်လည်မှုများ ဖြစ်ပေါ်လာရခြင်းဖြစ် တယ်လို့ သုံးသပ်မိပါတယ်။

Sunday, 9 Sep 2012

ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ကုလားပဲ မျိုးစုံ အရောင်းအဝယ်အေးပြီးဈေးလည်း အနည်းငယ်ကျခဲ့ တာ တွေ့ရပါတယ်။ မန္တလေး၊ ရန်ကုန်ဝယ်လိုအားလျော့ခြင်း၊ စက်တင်ဘာ မိုးပြောင်း ပဲခွဲစက်၊ အမှုန်ကြိတ်စက်နဲ့ ကြာဇံ စက်လိုင်းသမားတွေ အဝယ်အေးလို အခုလို အရောင်းအဝယ် လေးခဲ့ခြင်း ဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ စက်တင်ဘာလ ပထမပတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဈေး ကွက်အနေနဲ့ V2 ကုလားပဲမှာ တစ်တင်း ၂၀၃၀၀ ကျပ်ထိ ကျဈေးဖြစ်ခဲ့ကာ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်ကုလားပဲကတော့ တစ်တင်း ၂၀၈၀၀ ကျပ်ထိ အနိမ့်ဆုံးဖြစ်ခဲ့ကာ တစ်ရက်အိတ် ၃၀၀ ဝန်းကျင် အရောင်းအဝယ်ရှိခဲ့ပြီး၊ 929 ကုလားပဲအနေနဲ့ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်း ၂၁၀၀၀ ကျပ်အနိမ့်ဆုံး ဈေး ဖြစ်ခဲ့ကာ တစ်ရက်ကို အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ကုန်သည်နဲ့ ပွဲစားလောကမှာ ကြားသိရပါတယ်။ စီးဆင်းမှုအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရန်ကုန်ကို ရေကြောင်းနဲ့ အိတ် ၅၀၀၀ ခန့် မန္တလေးကို အိတ် ၁၀၀၀၀ ခန့် တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။

Sunday, 9 Sep 2012

အိန္ဒိယ ပဲမျိုးစုံသုတေသနသိပ္ပံ (IIPR)မှ သိပ္ပံပညာရှင်များအား အထွက်နှုန်းမြင့်ပြီး၊ ပိုမိုကောင်းမွန်တဲ့ ပဲစင်းငုံ၊ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းများအလားတူ ယင်းသိပ္ပံကျောင်းအတွက် အောင်မြင်မှုအဖြစ် အသိအမှတ် အများဆုံးရရှိတဲ့ ပဲစင်းငုံစပ်မျိုးတစ်မျိုးကိုလည်း အောင်မြင်စွာထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာ၊ ဂျတ်ခဟန်း၊ သြရိသ၊ အနောက်ဘင်ဂေါနဲ့ အာသံ စတဲ့ ဒေသရေမြေနဲ့ သင့်တော်တဲ့ အစောပိုင်းကာလ ပဲစင်းငုံစပ်မျိုးကို အခြေခံထားတဲ့ IPH 09-5  အမည်ရတဲ့ စပ်မျိုးတစ်ခု ထုတ်လုပ်ခဲ့ပါတယ်။

Sunday, 9 Sep 2012

အိန္ဒိယအစိုးရဟာ ၂၀၁၂-၁၃ မိုးရာသီအတွင်း ပဲမျိုးစုံ တန်ချိန် ၁၉ သန်းရရှိရေး အစီအစဉ်သစ်တစ်ခုကို စတင် ထားကြောင်း စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာပြုပြင်ထုတ်လုပ်မှု ဝန်ကြီး Harish  Rawat မှ သြဂုတ်လ ၃၁ ရက်မှာ အထက် လွှတ်တော်ကို တင်ပြခဲ့ကြောင်း သိရပါတယ်။ အဲဒီအထူးအစီ အစဉ်မှာ ကြားညှပ်စိုက် ပျိုးခြင်းဖြင့် မြေဧရိယာ အသစ်များ အသုံးချခြင်းအပါအဝင် အပင်နည်းပညာတိုးတက်ခြင်းနဲ့ ရေ စီမံခန့်ခွဲမှုမျိုး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Sunday, 9 Sep 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပြည်ပနဲ့ ပဲအရောင်းအဝယ်ပြုလုပ်ပြီး လိုင်စင်လျှောက် ထားရာမှာ အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းကို ကုန်စည် ဒိုင်တာဝန်ရှိသူများမှ ယခင်က ထောက်ခံချက် ထုတ်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလို ဈေးနှုန်းထောက်ခံပေးခြင်း အားဖြင့် လိုင်စင်လျှောက်ထားရာမှာ ဈေးနှုန်းအာမခံ ချက်ရှိသလိုပြည်ပဝယ်လက်များနဲ့ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့ရင်လည်း ယင်းထောက်ခံချက် အရ ဖြေရှင်းခြင်းအား ဖြင့် အဆင်ပြေချောမွေ့စေခဲ့ပါတယ်။

Sunday, 9 Sep 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စက် တင်ဘာလ ၁ ရက်ကစပြီး ပွဲစားလုပ်ကိုင်ခွင့်ရပ်ဆိုင်း လိုက်ပြီးတဲ့ နောက် အရောင်းအဝယ်တန့်သလိုဖြစ်ခဲ့ပေမဲ့ အိန္ဒိယအဝယ် အမှန်တကယ်လိုက်လာတဲ့ ဒီရက်ပိုင်းမှာတော့ ဈေးကွက်ပြန်တက် လာတယ်လို့သိရပါတယ်။ ကြားခံပွဲစားမထားဘဲရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက် ထိတွေ့ရောင်းဝယ်ခြင်းအားဖြင့် လက်ကြီးသမားများရဲ့ ပဲဈေးနဲ့ အဟလဲနည်းသွားပြီး ဈေးကစားမှုတွေ မရှိတော့ဘူးလို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

Sunday, 9 Sep 2012

အိန္ဒိယဈေးကွက်တော်တော်များများမှာ ပဲဝယ်လိုအား နည်းနေပြီး ပဲအဓိကစိုက်ပျိုးတဲ့ ပြည်နယ်များမှာလည်း သို လှောင်ထားတဲ့ ပဲမျိုးစုံနဲ့မျိုးစေ့များရောင်းချမှုတွေကြောင့် ယခု ရက်ပိုင်းတွေမှာ ပဲဈေးတွေအကျဘက်ဆက် ဆင်းနေပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့အထိ မိုးပဲစိုက်ပျိုးမှုမှာ စုစုပေါင်း တန်ချိန် ၉၇ ဒသမ ၇ သိန်းရှိလို့ ယခင်နှစ်စိုက်ပျိုးမှုဟက်တာ ၁၀၄ ဒသမ ၁၈ သိန်းနဲ့ ယှဉ်ရင် စိုက်ဧရိယာလျော့ကျသလို ပုံမှန်စိုက်ဧရိယာ ဟက်တာ ၁၀၁ ဒသမ ၃၁ သိန်းထက်လည်း လျော့ကျပါတယ်။ လက်ရှိပဲစိုက်တဲ့ ဒေသတွေမှာ မိုးရွာသွန်း နေလို့ စိုက်ပျိုးထားတဲ့ ပဲပင်တွေအတွက် အကျိုးရှိနိုင်တယ်လို့ သိရပါတယ်။

Wednesday, 5 Sep 2012

အိန္ဒိယနိုင်ငံက ပြည်တွင်းမှာ ရော်ဘာ ရောင်းလိုအား မလုံမလောက်ဖြစ်နေခြင်း၊ ရော်ဘာ သွင်းကုန်အခွန် မြင့်မား နေခြင်းနဲ့ ပြည်တွင်းလုပ်သားခတွေ မြင့်တက်နေခြင်း စတဲ့ အကြောင်းကြောင်းတို့ကြောင့် အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံ တို့မှာ ရော်ဘာထုတ်လုပ်မှုလုပ်ငန်းကို သွားရောက်ရင်းနှီးမြှုပ် နှံဖို့ စိတ်ဝင်စားလျက် ရှိကြောင်း သိရတယ်။

Wednesday, 5 Sep 2012

သြဂုတ်လအတွင်း တစ်တန်ကို ၂၇၄၀ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိကျဆင်းသွားခဲ့တဲ့ ကမ္ဘာ့ ရော်ဘာ ဈေးနှုန်းေ တွက သြဂုတ်လ ၂၈ ရက်မှာတစ်တန်ကို ၂၈၀၀ ဒေါ်လာကိုပြန်လည်ရောက်ရှိ လာတယ်။ ရော်ဘာစိုက်ပျိုး ထုတ်လုပ် တင်ပို့မှု အများ ဆုံး နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံ တို့က ရော်ဘာတင်ပို့မှု လျှော့ချ သွားဖို့ ဆုံးဖြတ်လိုက်ခြင်းက ရော်ဘာ ဈေးနှုန်းကျဆင်းမှု ကို ရပ်တန့်သွားစေခဲ့တယ်။

Pages