Main menu

Background

Thursday, 19 Feb 2015

အတွဲ(၁၅)အမှတ်(၇)

     ယခုတစ်ပတ် ပြည်ဈေးကွက်မှာ နှမ်းအဝင်နည်းသွားသဖြင့်   နှမ်းဈေး အနည်းငယ်ပြန်တက်လာပါတယ်။မြန်အောင်၊ ကြံခင်းဘက်မှ တစ် နေ့ကို နှမ်းအိတ် ၅၀၀ ခန့်သာ အဝင် ရှိပြီး ၊ အဝယ်အနည်းငယ်ပြန်ဖြစ်နေလို့ ဈေးပြန်လှုပ်လာပါတယ်။ရေသွင်းနှမ်း (နွေနှမ်း) စိုက်ပျိုး ချိန်ဖြစ်လို့ နှမ်းလက်ကျန်နည်းသွားချိန် အနီရော၊  အနက်ပါ ဈေးပြန်မြင့်လာပြီး နှမ်းနီတစ်တင်း ၃၀၀၀၀ ကျပ်နဲ့ နှမ်း နက်တစ်တင်း ၃၅၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်ထက် ဈေးအနည်းငယ်ပြန်မြင့် လာတာ တွေ့ရပါတယ်။
 ဝေေ၀မင်း-ပြည်

 

Thursday, 19 Feb 2015

အတွဲ(၁၅)အမှတ်(၇)

Wednesday, 18 Feb 2015

အတွဲ(၁၅)အမှတ်(၇)

     ပြည်ပဲဈေးကွက်မှာ ယခုဖေဖော်ဝါရီ ဒုတိယတစ်ပတ်တွင် ဘိုကိတ်ပဲသစ်ဈေးအနည်းငယ်ပြန်လျော့သွားပြီး ရန်ကုန် ဝယ်လက်သမားကတော့ နေ့စဉ်အဝယ်ရှိနေတာကို တွေ့ရပါတယ်။ ပဲအဝင်မှာလည်း ယခင်တစ်ပတ်ထက် အနည်းငယ် လျော့သွားလို့ တစ်ရက်အိတ် ၅၀ မှ ၁၀၀ ကြားသာ ပန်းတောင်းနှင့် ကံမဘက်မှ ဝင်ရောက်လျက်ရှိခဲ့ပါတယ်။  ပဲဈေးနှုန်းမှာ တစ်တင်း ၁၄၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်နှစ် ကာလတူဈေးထက်လည်း ဈေးလျော့နေတာကို တွေ့ရ ပါတယ်။ ယခင်နှစ်က ဖေဖော်ဝါရီ ဒုတိယပတ်ဈေးနှုန်းမှာ တစ်တင်း ၁၅၅၀၀ ကျပ်ခန့်ရရှိခဲ့တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း-ပြည်

Pages