Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံက အရောင်းအဝယ်အသွက်ဆုံးပဲ ဖြစ်နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၂၀၀၀ နီးပါးအရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဇွန်လ ၈-၁၄ ရက်) အတွင်းမှာတော့ တန်ချိန် ၂၇၅၀၀ ကျော်အထိအရောင်းအဝယ်စာချုပ်ခဲ့ကြောင်းသိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲမျိုးစုံတင်ပို့မှုမှာ ယခုလအတွင်း ပဲစင်းငုံတင်ပို့မှုပိုမို နေရာယူလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဇွန်လ ၄-၈) အတွင်း ပဲစင်းငုံ တန်ချိန် ၁၂၀၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီး ယခင်သီတင်းပတ်များမှာ တန် တစ်သောင်း အောက်သာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်တွေ အဝယ်ပြန်စိပ် လာခဲ့တဲ့အတွက် တင်ပို့မှု ပိုမိုလာသလို လက်ရှိအလားအလာအရ လာမယ့်သီတင်း ပတ်တွေမှာလည်း ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပြည်တွင်းမတ်ပဲဈေးငြိမ်နေပေမဲ့ မြန်မာ မတ်ပဲဈေးကတော့ ယခုတစ်ပတ် အနည်းငယ်လျော့လာတာတွေ့ရပါတယ်။ သရက် သီးလှိုင်လှိုင်ပေါ်ချိန် ပဲစားသုံးသူများမှ ဝယ်လိုအား ကျဆင်းတဲ့အတွက် ကုန်သည် များနဲ့ ပဲခွဲစက်များမှလည်း အဝယ်ပါးတာကြောင့် ဈေးကျဆင်းကြောင်း သိရပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုက ယခင်သီတင်းပတ်တွေလိုပဲ ပုံမှန်ရှိနေပါတယ်။ ဇွန် ၈ ရက်မှ ၁၄ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၁၅၀၀၀ အရောင်းအဝယ်ဖြစ်ခဲ့တဲ့အနက် မတ်ပဲ FAQ သာ အများဆုံးအရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်လျော့ကျလာပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၁၈၀၀၀ နီးပါးတင်ပို့ခဲ့ရာမှ ဇွန် ၄ ရက်မှ ၈ ရက် အတွင်းမှာတော့ တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ကွန်တိန်နာသယ်ယူ ခနှုန်းထားများ ပြန်လည်ကျဆင်းခဲ့ပေမဲ့ မတ်ပဲဝယ်လိုအားပြန် လျော့လာတဲ့အတွက် တင်ပို့မှုလျော့ကျလာခြင်းဖြစ်တယ်လို့ သိပါတယ်။
ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုအများဆုံးဒေသတွေမှာ အထွက် နှုန်းကျဆင်းခြင်းနဲ့ ကမ္ဘာတစ်ဝန်းလုံး စီးပွားရေးကျနေ တာ ကြောင့် ကော်ဖီဝယ်လိုအားကျဆင်းခြင်းကြောင့် ကမ္ဘာ့ကော်ဖီ တင်ပို့မှုက ယခုနှစ် ဧပြီလမှာ ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပါ တယ်။ ၆၀ ကီလိုဝင်အိတ် ၈ ဒသမ ၇၇ သန်းသာတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလက အိတ်ပေါင်း ၉ ဒသမ ၉၃ သန်းတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘာ့ကော်ဖီအသင်း (ICO) ရဲ့ အစီရင် ခံစာအရ သိရပါတယ်။
သဘာဝရော်ဘာ ထုတ်လုပ်မှုက ယခုနှစ်မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိပြီး ယခင်နှစ်ကတော့ ၈ ဒသမ ၆ ရာခိုင်နှုန်း ထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ကမ္ဘာ့ စီးပွားရေးတိုးတက်နှုန်းနှေးကွေးကာ ဝယ်လိုအား ကျဆင်းတာကြောင့်ဖြစ်ကြောင်း သဘာဝရော်ဘာ ထုတ်လုပ်သောနိုင်ငံများအသင်း ANRPC ကပြောကြား ခဲ့ပါတယ်။ ယခုနှစ်မှာထုတ်လုပ်မှုတန်ချိန် ၁၀ ဒသမ ၄၇သန်းခန့် ရှိနိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁၀ ဒသမ ၃၂ သန်းသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ANRPC ကပြောကြားခဲ့ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်ကထုတ်လုပ်မှုတိုးတက်တဲ့အဓိကနိုင်ငံ တွေ ဖြစ်လာနိုင်ပြီး တရုတ်ရဲ့ထုတ်လုပ်မှုက ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး ဗီယက်နမ်ကတော့ ၆ ရာခိုင်နှုန်းတိုးတက် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အိန္ဒိယရဲ့ ထုတ်လုပ်မှုကလည်း ယခင်နှစ်ထက် ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၉ ဒသမ ၁၉ သိန်းခန့် ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ သန်း ကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၀၄ တန်ခန့်ကို မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိကာလအတွင်းမှာ အပု့ိရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ RSS-3 ၉၅ တန်ကျော်၊MSR-20 ၁၅၇ တန်ကျော်၊
မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၀၁ တန်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၉၇၁ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်တင်ပု့ိမှုနဲ့ သိပ်မကွာလှတာ တွေ့ရပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို ၂၀၁ တန်နဲ့ မလေးရှားကို တန် ၁၀၀ တင်ပု့ိခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တင်ပို့မှုလျော့နည်းပြီး တန် ၆၀၀ ကျော်သာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ RSS-3 တစ်တန်ကို ဒေါ်လာ (၃၀၀၀-၃၁၀၀) ကြားနဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၂၉၀၀-၃၀၀၀) ကြားဈေးရလျက်ရှိတယ်လို့ သတင်းရရှိပါ တယ်။ K.Z.W
ကမ္ဘာမှာ သကြားတင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ သကြား ထုတ်လုပ်မှုဟာ နိုဝင်ဘာလမှာစမယ့် ယခုရာသီမှာ တတိယမြောက်နှစ်အဖြစ် စံချိန်တင်ဦးမယ်လို့ သိရပါတယ်။ သကြားစက်များက မြင့်တက်နေတဲ့ဒေသတွင်း ဝယ်လိုအားဖြည့်ဆည်းဖို့ ၎င်းတို့ရဲ့ စက်စွမ်းအားများ မြှင့်တင်ခဲ့တာကြောင့်လို့ ထိုင်းသကြားလုပ်ငန်းရှင်များ ကော်ပိုရေးရှင်း အမှုဆောင်ဥက္ကဋ္ဌ Vibul Panitvong ကဆိုပါတယ်။ ကြံရိတ်သိမ်းမှုက စုစု ပေါင်း တန်ချိန် ၁၀၃ သန်းမှ ၁၀၅ သန်းရှိနိုင်လို့ သကြားထုတ်လုပ်မှုအနေနဲ့ တန်ချိန် ၁၀ ဒသမ ၅ သန်းမှ ၁၀ ဒသမ ၇ သန်းခန့် အထိ ရှိနိုင်တယ်လို့ဆိုပါတယ်။