Background
ပြည်ပဈေးကွက်ကို မန်ကျည်းတင်ပို့မှုက မတ်လ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း ၁၈၈၂ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန် တွေကတော့အင်ဒိုနီးရှားနိုင်ငံကို ၉၆ တန်၊ မလေးရှားနိုင်ငံကို ၆၀၀ တန်၊ ပါကစ္စတန် နိုင်ငံကို တန်ချိန် ၈၆၀၊ စင်ကာပူနိုင်ငံကို ၁၉၃ တန်၊ ဗီယက်နမ်နိုင်ငံ ကို ၁၂၅ တန်နဲ့ ရီမန်နိုင်ငံကို ၈တန်ဖြစ်ပါတယ်။
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး အဝင်မှာ အောင်ပန်းမှပိဿာ ၃၀၀င်အိတ်၊ ၂၀၀ခန့်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ တစ်ပိဿာ ကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း(ဓားလှီး) ၇၅၀ ကျပ်တို့နဲ့ ပုံမှန် ဈေးရှိကာ ဈေးကွက်အတွင်းတစ်နေ့ ပိဿာချိန် ၂၀၀ ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှုအဖြစ် နေ့စဉ်ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ် လို့လည်း သိရပါတယ်။ ဝင်းဝင်းခိုင်
ယခုတစ်ပတ် ဟိုပုံးချင်းဈေးတက်လာပါတယ်။ ချင်းခြောက်ပြုလုပ်ဖို့အတွက် အဝယ်လိုက်လာပါတယ်။ ပြုတ်ချင်းပြုလုပ်ဖို့အတွက် ချင်းစိုကိုတစ်ပိဿာ ၃၀၀ ကျပ်ပေးပြီး ဝယ်နေတယ်လို့သိရပါတယ်။ ချင်းစို (အခက်သေး)မှာ တစ်ပိဿာ ၃၀၀ ကျပ်နဲ့အထက်မှာဈေးရှိနေပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၆၀၀ ကျပ်၊ ၁၇၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ အရောင်းအေးနေပါသေးတယ်။ ချင်း (ဖြူ/ကြီး) တစ်ပိဿာ ၃၃၀ ကျပ်၊ ၃၄၀ ကျပ်၊ ချင်း (နီစ/လှ)တစ်ပိဿာ ၃၅၀ ကျပ်၊ ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၅၀၀ ကျပ်၊ ၁၆၀၀ ကျပ်ဈေး ရှိပါတယ်။ လက်လီအရောင်းသာရှိပြီး တစ်ပတ်အတွင်း ပိဿာချိန် ထောင်ဂဏန်း လောက်သာ အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။ှံ့
အိန္ဒိယနိုင်ငံရဲ့ပဲမျိုးစုံထုတ်လုပ်မှု တိုးမြှင့်ဖို့အတွက် အိန္ဒိယပဲမျိုးစုံ သုတေသန တက္ကသိုလ် (IIPR) နဲ့ နိုင်ငံတော် စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ ပဲမျိုးစုံ (NFSM-Palser) အစီအစဉ်အောက်မှာရှိတဲ့ နိုင်ငံတော်ပိုးမွှား စုပေါင်းကာကွယ် ထိန်းသိမ်း ရေးစင်တာ (NCIPM)တို့နဲ့ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး၊ ယခု တစ်ပတ်တွင် တစ်တင်း ၁၆၂၀၀ ကျပ်ဖြင့် အရောင်း အဝယ်ရှိခဲ့ပါတယ်။ ပြည်ဈေးကွက်သို့ အောင်လံမှ တစ်နေ့တင်း ၁၀၀၀ ခန့် အဝင်ရှိ ခဲ့ကြောင်းသိရပါတယ်။ အဝင်ရှိသလောက် အဝယ်ရှိကြောင်းသိရပါတယ်။ မြို့ပေါ် ခွဲစက်နဲ့ ရန်ကုန်ရှိခွဲစက်သမားများမှ အဝယ်ရှိတဲ့အတွက်တစ်နေ့အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။လွင်လွင်ဆန်း
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုနည်းပြီး ဝယ်လိုအား တက်နေတာကြောင့် ကုလားပဲဈေးက အမြင့်ဘက်ဆက်လက်ချီတက်နေပါတယ်။ လက်ငင်းဈေးကွက်မြင့်တက်ခြင်းနဲ့အတူ ကြိုပွိုင့်ဈေးလည်း မြင့်တက်လာခဲ့ရာ NCDEX ကုလားပဲဖြူလုံးကြီး ကြိုပွိုင့်ဈေးကွက်မှာ ဧပြီလစာချုပ်ဈေးဟာ ၁ ဒသမ ၀၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဝယ်လိုအားကောင်းပြီး အထွက် လျော့ကျတာကြောင့် လာမယ့်ရက်တွေမှာလည်း ကုလားပဲဈေးဆက်လက်မြင့်တက် ဖွယ် ရှိကြောင်း ခန့်မှန်းကြပါတယ်။
ကုလားပဲကို ပြည်ပဝယ်လက်များ အဝယ်သွက်နေလို့ တင်ပို့မှုစံချိန်တင်လာ တာ တွေ့ရပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ကုလားပဲအထွက်လျော့ကျတာ ကြောင့် ဝယ်လိုအားတက်နေတဲ့အတွက် ယခုတစ်ပတ် (မတ်လ ၅-၉ ရက်) အတွင်း တန်ချိန် ၃၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ရန်ကုန် FOB ဈေးကွက်မှာလည်း မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်း ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်းတန်ချိန် ၆၇၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိ လက်လီလက်ကားဈေးကွက်များမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ပဲမျိုးစုံဈေးနှုန်း ဆက်တိုက် မြင့်တက်နေတာကြောင့် စားသုံးသူများအတွက် ဈေးနှုန်းဖိစီးမှုဖြစ်ပေါ်နေပါတယ်။ ပါကစ္စတန်ငွေကြေး တန်ဖိုး ဆက်လက် ကျဆင်းခြင်းကြောင့် တင်သွင်းပဲဈေးက မြင့်တက်လာခဲ့ပါတယ်။ Jodia ဈေးမှာ တင်သွင်းပဲတွေရဲ့ ဈေးနှုန်းဟာ
မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှသာ ကန်ဒေါ်လာ သုညဒသမ ၁၈၂ သန်းတန်ဖိုးရှိပဲတီစိမ်းလုံးပြည့် ၂၅၈ တန်ကျော်နဲ့ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄ တန် အပို့ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲတီစိမ်း၊ ပဲတီရွှေဝါရောင်းဝယ်မှု အားကောင်းနေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် အရောင်းအဝယ်ဖြစ်မှုထက် အနည်းငယ်လျော့ပေမဲ့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်းမှာ တန်ချိန် ၁၅၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက် အဝယ်သွက်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ ရန်ကုန် FOB ဈေးမှာ အခြားပဲဈေးများနဲ့မတူ ဈေးကျဆင်းခဲ့တာ တွေ့ရပါတယ်။ မတ်လ ၉ ရက်က FAQ အညာရွှေဝါနဲ့ ပခုက္ကူမှာ တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀ နဲ့ ရွှေဝါအကြီး မှာ ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိရာမှ မတ်လ ၁၆ ရက်မှာ FAQ အညာနဲ့ ပခုက္ကူမှ ကန်ဒေါ်လာ ၆၅၀-၆၇၀ နဲ့ ရွှေဝါအကြီးမှာ ကန်ဒေါ်လာ ၇၈၀-၈၀၀ ကို လျော့ကျခဲ့ကြောင်း သိရပါတယ်။ MIRT - MAPT
