Main menu

Background

Thursday, 13 Mar 2014

ပြည်ပဲမျိုးစုံဈေးကွက်ကို ကုလားပဲ သစ်များ ဒေသတွင်းမြို့နယ်များထက် ကံမ ဘက်မှ အများဆုံး ဝင်ရောက် ခဲ့ပါ တယ်။ တစ်ရက်ကို အိတ် ၃၀၀ ကျော် ထိ ဝင်ရောက်ခဲ့ပြီး၊ ဝယ်လက်အနေနဲ့ အခြားတိုင်းမှ ဝယ်ယူမှု မရှိသေးဘဲ ဒေသတွင်းခွဲစက်သမားများနဲ့ လှောင် လက်သမားများ အဝယ်ရှိတာကြောင့် အိတ် ၄၀၀ ကျော်အထိ အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၅၂၀၀ ကျပ်နဲ့ ယခင်တစ် ပတ်ကထက် ၅၀၀ ကျပ်ခန့် ဈေးလျော့ သွားခဲ့သလို ယခင်နှစ်က ယခုမတ်လ ဆန်းအချိန်ပဲဈေးထက်လည်းဈေးလျော့ နေခဲ့ပါတယ်။ ယခင်နှစ် ကုလားပဲ ဈေးမှာ တစ်တင်း ၁၈၀၀၀ ကျပ်ရရှိခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း - ပြည်

Thursday, 13 Mar 2014

မတ်လဆန်းပြည်ပဲမျိုးစုံ ဈေးကွက် မှာ ဆောင်းသီးနံှပဲများအနက် ပဲတီစိမ်း နဲ့ ပဲပုပ်သီးနှံများမှာ ပဲလက်ကျန် မရှိ သလောက် ရှားသွားပြီး၊ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးသီးနှံများ အဝင်များ လာခဲ့သလိုအရောင်းအဝယ်လည်းသွက် နေခဲ့ပါတယ်။ ပဲစင်းငုံသီးနှံကတော့ အဝင်ပါးသွားလို့ ပဲဈေးအနည်းငယ် မြင့် လာကာ ရန်ကုန်ဝယ်လက်များမှ နေ့စဉ် အဝယ်ရှိခဲ့ပါတယ်။ မတ်ပဲနဲ့ ကုလားပဲ သီးနံှကတော့ ပဲအဝင်များလာလို့ ယခင်တစ်ပတ်ထက် ဈေးလျော့ နည်း ခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ ကျော် ၃၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ ပန်းတောင်း၊ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့ နယ်များမှ အိတ် ၃၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပြီး၊ ရန်ကုန် ဝယ်လက်များ မှ အိတ် ၃၀၀ ကျော် - ၄၀၀ အထိ အဝယ်လိုက်လျက်ရှိခဲ့ပါတယ်။ ပဲဈေး နှုန်းမှာ တစ်တင်း ၁၈၃၀၀ ကျပ်ရှိခဲ့ပြီး၊ ယခင်နှစ်က ဈေးထက် ဈေးပိုရနေတာ ကြောင့် တောင်သူများမှလည်း ထွက် ရှိလာသမျှ ပဲသစ်များ ထုတ်ရောင်းချ နေခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံ သီးနှံမှာ ဖေဖော်ဝါရီလအတွင်းမှာ အရောင်းအဝယ်အသွက်ဆုံး ဖြစ်ခဲ့ပြီး၊ တစ်ရက်အိတ် ၅၀၀ ကျော်ထိ ရန်ကုန် ဝယ်လက်များ အဝယ်လိုက်ခဲ့ပါတယ်။ ယခု မတ်လဆန်းမှာ တစ်ရက် အိတ် ၂၀၀ ခန့်သာ ဝင်ရောက်ခဲ့ကာ လှောင် သမားဝယ်ယူမှုမရှိဘဲ ရန်ကုန်ဝယ်လက် များမှ ဝယ်ယူခဲ့ပြီး၊ တစ်တင်း ၁၈၃၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ပိုလာခဲ့ပါတယ်။ ကုလားပဲသီးနှံမှာ ကံမမြို့နယ်မှ အိတ် ၃၀၀ အထိဝင်ရောက်ခဲ့ကာဒေသတွင်း မှ ဝင်ရောက်မှုနည်းခဲ့တယ်လို့ သိရပါ တယ်။ ခွဲစက်သမားနဲ့ လှောင်လက် သမားများမှ ဝယ်လိုအား များနေတဲ့ အတွက် တစ်ရက်အိတ် ၄၀၀ ကျော် အထိ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးသစ်များ အောင်လံနဲ့ ပြည်မြို့ ကြား မြို့နယ်များမှ ရွှေကျွန်းပဲများဝင် ရောက်ခဲ့သလို ပန်းတောင်း၊ ပေါင်း တလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ကျီးသဲ၊ ကံမမြို့နယ်များမှ ကမ်းနားပဲ များ ဝင်ရောက်ခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၃၀၀ ကျော်ဝင်ရောက်ခဲ့ ပြီး လှောင်သမားနဲ့ ပဲကြော်ဖိုသမားများ ဝယ်ယူလျက်ရှိတာကြောင့် အိတ် ၆၀၀ အထိ နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့ပါ တယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ် ထက် တစ်တင်း ၁၀၀၀ ကျပ်ခန့် ဈေး ပိုရလာခဲ့ပြီး၊ ပဲကြီး(ရွှေကျွန်း) တစ်တင်း ၂၆၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ယခင်နှစ်က ကာလတူ ဈေးနှုန်းနဲ့ သိပ်ကွာခြားမှု မရှိဘဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။ ထောပတ်ပဲသစ်များလဲ ဈေးကွက် ကို စတင်ဝင်ရောက်ခဲ့ပြီး၊ ရွှေတောင်၊ ကျီးသဲ၊ ညောင်စာရေးဖက်မှ တစ်ရက် အိတ် ၂၀ ခန့်ဝင်ရောက်လာခဲ့ပါတယ်။ လက်လီသမားများနဲ့သာအရောင်းအဝယ် ဖြစ်ပြီး၊ တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ ယခင်နှစ်အဖွင့်ဈေးထက် ဈေးပိုရနေခဲ့ ပါတယ်။ ပဲနီပြားသီးနှံကတော့ ပဲအဝင် ဆက်ရှိခဲ့ပြီး၊ လက်လီသမားရော ရန်ကုန် ဝယ်လက်ပါ အဝယ်ရှိလို့ အိတ် ၅၀ ကျော် နေ့စဉ် အဝယ်ရှိခဲ့ပါတယ်။ ဈေးနှုန်းမှာတော့ အဖွင့်ဈေးအတိုင်း တစ်တင်း ၁၉၀၀၀ ကျပ်နဲ့ ဈေးငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခု တစ်ပတ် ပဲမျိုးစုံဈေးကွက် အခြေအနေ ကို လေ့လာရာမှ ပဲတီစိမ်းနဲ့ ပဲပုပ်လက် ကျန်ပြတ်သွားပြီး၊ မတ်ပဲနဲ့ ကုလားပဲ အဝင်များလို့ ဈေးလျော့ခဲ့သော်လည်း ပဲစင်းငုံနဲ့ ပဲကြီးသီးနှံများ ဈေးအနည်း ငယ်မြင့်လာခဲ့ပါတယ်။ ပဲလွန်းဖြူနဲ့ ပဲနီ ပြားသီးနှံမှာ ဈေးငြိမ် ခဲ့ပြီး၊ ထောပတ် ပဲသစ်များဈေးဖွင့်ဈေးကောင်းရနေတာ ကို တွေ့ရပါတယ်။ ခင်ဆွေဝင်း - ပြည်

Thursday, 13 Mar 2014

ပဲစင်းငုံသီးနှံအနေနဲ့ ယခုတစ်ပတ် မှာ ပဲအဝင်ပါးသွားပြီဖြစ်တာကြောင့် တစ်ရက်အိတ် ၁၅၀ ကျော် ၂၀၀ ခန့်သာ ဝင်ရောက်မှုရှိတော့ပါတယ်။ ဖေဖော်ဝါရီလအတွင်း တစ်ရက်အိတ် ၅၀၀ ကျော်အထိ နေ့စဉ်ဝင်ရောက် ခဲ့လု့ိ ဆောင်းသီးနှံပဲထဲမှာ အရောင်း အဝယ်အသွက်ဆုံးဖြစ်ခဲ့တဲ့ ပဲတစ်မျိုး ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ ပန်းတောင်း၊ ပေါက်ခေါင်း မြို့နယ်များမှ သာ ဝင်ရောက်မှုရှိခဲ့ပြီး၊ လှောင်သမား လဲ ဝယ်ယူမှုမရှိခဲ့ဘဲ ရန်ကုန်ကိုသာ တင်ပို့ရောင်းချမှု ရှိခဲ့ပါတယ်။ ပဲလက် ကျန်နည်းလို့ ပဲဈေးမှာ တစ်တင်း ၃၀၀ ကျပ်ခန့် မြင့်တက်လာခဲ့ သော်လည်း ယခင်နှစ်က ပဲဈေးကို မမီဘူးလို့ သိရ ပါတယ်။ ယခင်နှစ်က ပဲစင်းငုံသီးနှံ မတ် လဆန်းကာလတူဈေးနှုန်းမှာ တစ်တင်း ၂၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း - ပြည်

Thursday, 13 Feb 2014

ပြည်ပကို ဇန်နဝါရီနောက်ဆုံးသီတင်းပတ်အတွင်း မန်ကျည်းတင်ပို့မှုပျောက်ခဲ့ ပါတယ်။ ဇန်နဝါရီလအတွင်း သီတင်းနှစ်ပတ်သာမန်ကျည်းတင်ပို့မှုရှိခဲ့တယ်လို့ သိရ ပါတယ်။ ဇန်နဝါရီလအတွင်း မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံများမှာ စင်ကာပူနဲ့ အိန္ဒိယ နိုင်ငံတို့ဖြစ်ပါတယ်။

Thursday, 13 Feb 2014

မနှစ်ကလိုပဲ နနွင်းက ဝယ်လက်ရှိလိုက်၊ ပျောက်သွား လိုက်နဲ့ ဖြစ်နေပါတယ်။ နှစ်စမှာတော့ မူဆယ် ဝယ်လက်တွေ ဟိုပုံးနနွင်းကို ဝယ်ယူခဲ့ပေမဲ့ အခုတော့ ပြန်ငြိမ်နေပါတယ်။ ဟိုပုံး၊ နနွင်းခြောက်ကလည်း လက်လီ ခန့်သာအရောင်း အဝယ် ဖြစ်ပါတော့တယ်။ ဒေသတွင်း ဈေးပတ်သမားတွေက လည်း သိပ်များများစားစားဝယ်လေ့ မရှိပါဘူး။ ဈေးနေ့တွေမှ သာ ပိဿာ တစ်ရာ၊ နှစ်ရာခန့်အဝယ်ရှိပြီး၊ နနွင်းမှုန့်ကြိတ်ဖို့ အတွက် ဝယ်ယူတယ်လို့ သိရပါတယ်။

Thursday, 13 Feb 2014

ပခုက္ကူကုန်စည်ဒိုင်ရဲ့ စားဖိုဆောင်သုံး သီးနှံလိုင်းဖြစ်တဲ့ ကြက်သွန်နီဈေးကွက်မှာ မိုးစိုက်ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်ရောင်းချနေတာကို တွေ့ရပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ထိပ်စတစ်ပိဿာ ၇၅၀ ကျပ်၊ ၇၀၀ ကျပ်၊ ၆၅၀ ကျပ်၊ ၆၂၅ ကျပ်၊ ၅၇၅ ကျပ်၊ ၅၅၀ ကျပ်ဈေးနှုန်း၊ အလတ်စတစ် ပိဿာ ၆၅၀ ကျပ်၊ ၅၀၀ ကျပ်ဈေးနှုန်း၊ အောက်စတစ်ပိဿာ ၁၅၀ ကျပ်၊ ၁၀၀ ကျပ်ဈေးတွေနဲ့ ကုန်စည်ဒိုင်ပြတ်ဈေး ရောင်းချနေကြတာတွေ့ရပါတယ်။

Thursday, 13 Feb 2014

ယခုတစ်ပတ်အတွင်း အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများပြည်ဈေးကွက် ကိုပိဿာ ၃၀ ဝင်အိတ်၁၅၀ ခန့်ရှိပြီး၊ ယခင်တစ်ပတ်ကထက် အိတ် ၅၀ ခန့် ပိုမို ဝင်ရောက်လာပါတယ်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ချင်းတစ်ပိဿာကို (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်အထိ ဈေးကျခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ချင်းတစ်ပိသာ ကို (ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်အထိ ဈေးမြင့်ခဲ့တာ ကြောင့် ယခုနှစ်ဟာ ချင်းဈေးကောင်းတဲ့ နှစ်ဖြစ်ပါတယ်။ ယခုလဟာ တပို့တွဲလ ထမင်းနဲပွဲတော်အချိန်ဖြစ်တဲ့အတွက် ချင်းအရောင်းအဝယ်သွက်လာတယ်လို့ ချင်း ပွဲရုံများမှ သိရပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်ဘက်ကို စားသုံးမှုအဖြစ်တစ်နေ့ကို ပိဿာချိန် ၇၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                                        ဝင်းဝင်းခိုင် - ပြည်

Thursday, 13 Feb 2014

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလ ပထမပတ် အတွင်းမှာ ကနီ၊ မင်းကင်း၊ ဟုမ္မလင်း၊ မော်လိုက်စတဲ့ အထက်ချင်း တွင်းလိုင်းက ဆောင်းပဲသစ်တွေ အဝင် အနည်းငယ်သွက်လာတယ်လို့ သိရပါ တယ်။ မနှစ်က နထစသမအ ဝယ်လိုအား ကောင်းခဲ့တဲ့ ဟုမ္မလင်းဘက်က မြေ ထောက်ပဲတွေဒိုင်မှာ ဝင်ရောက်စပြုရာ ယခုတစ်ပတ်မှာတစ်တင်း၂၉၀၀၀ ကျပ် ထိ ဈေးကောင်းရခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ ခန့်ထိ အရောင်းအဝယ် အား ကောင်းလာခဲ့တယ်လို့ သိရပါတယ်။

Thursday, 13 Feb 2014

ရန်ကုန်တိုင်း ဒေသကြီးရဲ့ အဓိက နိုင်ငံခြားပို့ကုန်တစ်ခုဖြစ်တဲ့ ပဲတီစိမ်း သီးနှံများ မကြာမီထွက်ရှိတော့မှာ ဖြစ်ပါ တယ်။ တိုင်းဒေသကြီးရဲ့ တောင်ပိုင်း ခရိုင် ဖြစ်တဲ့ သန်လျင်၊ သုံးခွ၊ ခရမ်းမြို့ နယ်များမှာ မိုးစပါးစိုက်ပျိုးပြီး၊ သီး ထပ်သီးနှံတစ်ခုအဖြစ် ပဲတီစိမ်းကို အဓိက စိုက်ပျိုးတဲ့ ဆောင်းသီးနှံဖြစ် ပါတယ်။ စိုက်ပျိုးဧကအနေနဲ့ ၂၀၁၂-၂၀၁၃ စိုက်ပျိုးရာသီမှာ သန်လျင်မြို့ နယ်မှာ လေးသောင်းနှစ်ထောင်ကျော်၊ သုံးခွမြို့မှာ တစ်သိန်းနှစ်သောင်းကျော်ရှိ ပြီး၊ ခရမ်းမြို့နယ်မှာ ကိုးသောင်းခြောက် ထောင်ကျော် စိုက်ပျိုးခဲ့တဲ့အတွက် သုံး မြို့နယ်အားဖြင့်နှစ်သိန်းခြောက်သောင်း ကျော် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

Thursday, 13 Feb 2014

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ် ပဲဈေးကွက်မှာ ပဲသစ်မျိုးစုံ အဝင် လှိုင်စပြုနေသလို အရောင်း အဝယ် သွက်နေတာ တွေ့ရပါတယ်။ အထူး သဖြင့် ယခုအပတ်မှာ နယ်စုံက ငုံနီ အဝင်လှိုင်လာကာ တစ်နေ့အိတ် ၁၀၀၀၀ ခန့်ရှိခဲ့ပြီး၊ပခုက္ကူနဲ့ရန်ကုန်ဝယ် လက်စုံခဲ့ကာတစ်ရက်အနည်းဆုံး အိတ် ၅၀၀၀ ကနေ အများဆုံး အိတ် ၈၀၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ် ပတ်အတွင်းမှာတော့ ငုံနီဈေးဟာ တစ် တင်း ၁၈၁၀၀ ကျပ်နဲ့ ၁၈၃၀၀ ကျပ် ကြားဈေးငြိမ်နေပြီးလှောင်လက်အဝယ် တော့ မရှိသေးဘူးလို့ သိရပါတယ်။

Pages