Background
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၄၂၄ သန်းဖိုးရှိ ပရဆေးကုန်ကြမ်း ၂၈၇ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက် ထက်ဝက် ကျော်တင်ပို့မှု ကျဆင်းခဲ့ တာတွေ့ရပါတယ်။
ကျောက်ပန်းတောင်း မန်ကျည်းဈေးကွက်မှာ မန်ကျည်းလက်ကျန်နည်းသွားပြီး ပိဿာနှစ်သောင်းခန့်သာရှိကြောင်းနဲ့ ရန်ကုန်(ဘုရင့်နောင်)ကို နေ့စဉ်တင်ပို့မှုမရှိဘဲ ၄-၅ ရက်ခြားတစ်ခါ ပိဿာ ၂၀၀၀-၃၀၀၀ ခန့်သာ တင်ပို့ကြောင်းသိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးကွက်တစ်ခုဖြစ်တဲ့ ဟိုပုံးချင်းဈေးကွက် မှာတော့ နမ့်ခုတ်ချင်းတွေသာအဝင်ရှိနေပြီး၊ ဟိုပုံးချင်းကတော့ အဝင်မရှိသေးပါ ဘူး။ နမ့်ခုတ်ချင်းတွေလည်း အဝင်နည်းနည်းများလာတော့ အရင်တစ်ပတ်ကထက် ဈေးကျလာပြီး၊ အခက်ကြီးပြီးလှရင် တစ်ပိဿာ၂၈၀ ကျပ်ရှိပေမယ့် အခက်သေး ရင်တော့ တစ်ပိဿာ ၂၀၀ ကျပ်ကျော်သာရှိပါတယ်။
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၇၅၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ပြန်ကျ ခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းသလို ကြိုပွိုင့် ဈေးကွက်မှာလည်း အမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် ကုလားပဲ ဈေးအနည်းငယ်ကျဆင်းခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့မှ ရောင်းချမှု များခြင်းကလည်း ကုလားပဲဈေးကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။
လက်ရှိဆောင်းရာသီ စိုက်ပျိုးမှုမှာ ဂျုံစိုက်ဧရိယာမြင့်တက်ပေမယ့် ပဲမျိုးစုံ ဆီထွက်သီးနှံနဲ့ အခြားနှံစားသီးနှံ စိုက် ဧရိယာကတော့ ကျဆင်းခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက် ပါလီမန်မှ အတည် ပြု ပြောကြားပါတယ်။ သီးနှံရာသီဥတု စောင့်ကြည့်ရေးအဖွဲ့မှ ဒီဇင်ဘာ ၁၆ ရက်အထိ အပတ်စဉ်သီးနှံအခြေအနေ ကို အခြေခံပြီး အတည်ပြုပြောကြား ခြင်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၁-၂၀၁၂ အတွင်းဂျုံစိုက်ဧရိယာဟာယခင် ဆောင်းရာသီ ကာလတူနဲ့ယှဉ်ရင်ဟက် တာ ၄ သိန်းပိုမိုတယ်လို့ ဆိုပါတယ်။
ပင်လယ်ရေကြောင်းက မြေထောက်ပဲနဲ့ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခင် တစ်ပတ်က တန်ချိန် ၈၄ နဲ့ ၆၃ တန် အသီးသီးရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၂-၁၆ရက်) အတွင်းမှာတော့ မြေထောက်ပဲတန်ချိန် ၁၇၂ တန်နဲ့ ထောပတ်ပဲ ၄၈ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မြေထောက်ပဲကို ထိုင်း၊ မလေးရှား၊ အိန္ဒိယနဲ့ စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ တရုတ်နိုင်ငံကို တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။
အိန္ဒိယနိုင်ငံမှ ယခုနှစ် ပဲထုတ် လုပ်မှု ကျဆင်းပြီး တင်သွင်းမှုမှာလည်း ကျဆင်းဖွယ်ရှိတာကြောင့် နောက် ၂လမှ ၃လအတွင်းပဲမျိုးစုံဈေး ၁၀-၂၀ ရာခိုင်နှုန်းခန့် မြင့်တက်နိုင်တယ်လို့ သိရပါတယ်။လက်ရှိဆောင်းပဲထွက်ရှိမှု မှာ ၅ ရာခိုင်နှုန်းနဲ့ မိုးပဲမျိုးစုံထွက်ရှိမှု ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့တဲ့အတွက် စုစု ပေါင်း ထုတ်လုပ်မှုက ၇ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ အိန္ဒိယပဲမျိုးစုံနဲ့ ကောက်ပဲသီးနှံအသင်း (IPGA)ဒုတိယ ဥက္ကဋ္ဌ Mr.Bimal Kothari က ပြော ကြားပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလမှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ ပဲယင်း ၂၈ တန် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းဖိုးနဲ့ ရိဒ်နယ်စပ်ကနေ ပဲယင်း ၃ ဒသမ ၈၄ တန် တန်ဖိုး ကျပ် ၂ ဒသမ ၄၉၆ သန်း တို့ တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ နယ်စပ်စခန်းများကနေ ပဲယင်း ၃၂ တန်နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။
နီပေါနိုင်ငံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Pioneer Marketing မှ မြန်မာ့သစ်မာသား၊ ဆန်၊ ပဲမျိုးစုံနဲ့ သဘာဝဓာတ်ငွေ့၊ ရေနံထွက်ပစ္စည်းများတင်သွင်းလိုပြီး၊ မြန်မာနိုင်ငံကို ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆေးဖက်ဝင်အပင်များ တင်ပို့လိုကြောင်း၊ နီပေါနိုင်ငံရှိ မြန်မာသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။