Background
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ဈေးကွက်အတွင်းပဲအားလုံးထဲမှာ အရောင်း အဝယ်အသွက်ဆုံး ပဲကတော့ ယခုတစ်ပတ် ပဲစင်းငုံပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံနီ၊ ဖြူကြား အရောင်း အဝယ်ဖြစ်မှုဟာ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၁၂၀၀၀ ကျော်တဲ့အထိ စံချိန်တင် တိုးတက်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ထဲမှာ ဈေးအနိမ့်ဆုံး ရှမ်းစတွေပိုများတယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လတ်တလောရောင်းဖို့အတွက် ချက်ချင်းသင်္ဘော တင်ဖို့ ဈေးအသက်သာဆုံးပဲများ ဝယ်ယူနေခြင်းဖြစ်တယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယမှာလည်း လာမယ့်လတွေမှာ ပဲအသစ်ဝင်တော့မှာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်အတိုင်း အောက်တိုဘာလ ၂၈ ရက်မှာလည်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀- ၄၈၀ နဲ့ ငုံနီ(အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ ဖြစ်ပါတယ်။ MIRT-MAPT
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် တစ် ထောင်ကျော်သာရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာ တန်ချိန် ၂၆၀၀ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တို ဘာ ၂၁ရက်အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၂၉၀၀၀ ခန့်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၈၂ သန်းကျော်ရရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၆၂၀၀၀ ကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ၆၀ သန်းကျော်ရှိလို့ယခုနှစ်မှာတင်ပို့မှုပမာဏ ၁ ဆကျော်ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေအားဖြင့် ယခင်နှစ်ဈေးကို မမီတဲ့အတွက် ဝင်ငွေနည်းတာတွေ့ရပါတယ်။ လတ်တလော ပဲစင်းငုံအရောင်းအဝယ်သွက်နေလို့ လာမယ့် သီတင်းပတ်မှာ ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT-MAPT
ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲကို တောင်သူများ အဓိက ထားစိုက်ပျိုးပါတယ်။ မတ်ပဲ စိုက်တဲ့ ရာသီနီးလာပြီဖြစ်လို့ ဟင်္သာတရဲ့ ကိုင်းမြေမှာ စိုက်ပျိုးတဲ့ တောင်သူများဟာ မတ်ပဲမျိုးများကို ဝယ်ယူ နေကြကြောင်း သိရပါတယ်။ မျိုးမတ်ပဲတစ်တင်း လက်ကားဈေးမှာ ၂၁၀၀၀ ကျပ်ရှိပြီး၊ လက်လီ ဝယ်ဈေးကတော့ တစ်တင်း ၂၂၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အများဆုံးဖြစ်တဲ့ မျိုးတွေကတော့ အထွက်နှုန်း ကောင်းတဲ့ဒေသမျိုး၊ ရေဆင်း၅ မျိုးတွေဖြစ်တယ်လို့ သိရပါတယ်။ ယခုအပတ်မတ်ပဲဈေးကတော့ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ ဈေးအေးနေ တာတွေ့ရပါတယ်။ ပဲရောင်းဝယ်မှု အနေနဲ့ နေ့စဉ်ဖြစ်တဲ့ပေါက်ဈေးများနဲ့ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်သို့ တစ်ပတ်အတွင်း ၁ တင်းခွဲဝင်အိတ် ၅၀၀၀ ခန့် တင်ပို့တယ်လို့သိရပါတယ။် အေးအေးခိုင်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေ ဝင်ရောက်မှုများလို့ ပြီးခဲ့တဲ့ သီတင်းပတ်အထိ မတ်ပဲဈေး အကျဘက်ဆင်းနေခဲ့ရာမှ ယခုသီတင်းပတ်မှာတော့ ပွဲတော်အတွက် ခွဲစက်သမားတွေ အဝယ်တက်လာလို့ မတ်ပဲဈေးပြန်မာလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရည်အသွေးပေါ်လိုက်ပြီး ဈေးကွာခြားမှုတော့ ရှိပါတယ်။ မြန်မာ မတ်ပဲဈေးဟာ တင်သွင်းစရိတ်ကြီးမြင့်ခြင်းနဲ့အတူ ဈေးမာနေပါတယ်။ ဒီရက်ပိုင်းအတွင်းဈေးကွက်ကို ဝင်ရောက်မှုနည်းတဲ့အပြင် အရည်အသွေးကောင်း မတ်ပဲ များ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဘာသာ ရေး ပွဲတော်များကြောင့် ဈေးကွက်တော်တော်များများ ပိတ်ထားတယ်လို့ သိရပါ တယ်။ ဒါပေမဲ့ နောက် ၂ ရက်လောက်အတွင်းမှာတော့ ဈေးဆက်လက် မာနိုင်တယ်လို့ ခန့်မှန်းကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၅-၁၀-၁၁ ၂၄-၁၀-၁၁ ၂၂-၁၀-၁၁ ၂၁-၁၀-၁၁မွန်ဘိုင်း ၇၆၄-၇၆၉ ၇၆၃-၇၆၈ ၇၅၂-၇၅၇ ၇၄၈-၇၅၃ဒေလီ ၅၄၃-၆၈၄ ၅၃၂-၆၆၂ ၅၂၂-၆၄၂ ၅၁၉-၆၃၉ချန်နိုင်း ၈၃၉ ၈၃၈ ၈၁၃ ၈၀၀MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်များမှာ မတ်ပဲ အရောင်းအဝယ် အသင့်အတင့်သာ ဖြစ်နေပါတယ်။ ဒါ့အပြင် ပိတ်ရက်များကြောင့် ယခုတစ်ပတ် အောက်တိုဘာ၂၁ ရက်မှ ၂၇ ရက်အတွင်းမှာမတ်ပဲတန်ချိန် ၄၄၀၀ ကျော်သာ ပြည်ပအရောင်းအဝယ် စာချုပ်ခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယဈေးကွက် တွေမှာ မတ်ပဲအသစ်များ ဝင်ရောက်နေခြင်းနဲ့ အိန္ဒိယ ရူပီးတန်ဖိုးကျဆင်းနေခြင်း တို့ကြောင့် ပြည်ပမတ်ပဲအဝယ် နှေးနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပမာဏအနည်းငယ်စီနဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ဒီဇင်ဘာလလောက်မှာတော့ မြန်မာမတ်ပဲများ အဝယ်ပြန်လိုက်လာနိုင်လို့ လက်ကျန်နည်းတဲ့ မတ်ပဲဈေးပြန်ကောင်း လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းအပြောင်းအလဲ များ ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၈-၁၀-၁၁ ၇၄၅-၇၆၅ ၈၁၀-၈၃၀၂၁-၁၀-၁၁ ၇၅၀-၇၇၀ ၈၁၀-၈၃၀MIRT-MAPT
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု အပတ်စဉ် တန်ချိန် နှစ်သောင်းဝန်းကျင်တင်ပို့နေရာမှ ယခင်တစ်ပတ်မှာ တန် ၅၅၀၀ ခန့် တင်ပို့မှုကျဆင်းခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ) အတွင်းမှာတော့ တန်ချိန် ၁၂၂၀၀ ကျော်ကို ပြန်လည်တိုးတက်တင်ပို့လာနိုင်ခဲ့ပါတယ်။ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၁ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့ပြီးစီးမှုဟာ တန်ချိန် ၄၄၀၀၀၀ ကျော်ပြီဖြစ်ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၀ သန်းခန့် ရရှိနေပြီဖြစ်ပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ တန်ချိန် သုံးသိန်းကျော်၊ ဝင်ငွေအားဖြင့်ကန်ဒေါ်လာ သန်း ၃၀၀ ကျော်ရရှိခဲ့လို့ ယခုနှစ်မှာ တင်ပို့မှု ပမာဏ အားဖြင့် တန်ချိန် ၁၄၀၀၀၀ ကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုလတ် တလောအရောင်းအဝယ်ဖြစ်နေတာကြောင့် လာမယ့်သီတင်းပတ်မှာ လည်း ပုံမှန် တင်ပို့နိုင်မယ်လို့ ကုန်သည်များက ခန့်မှန်းထားပါတယ်။ MIRT- MAPT
ရန်ကုန် FOB ဈေးနှုန်း ၂၁-၁၀-၂၀၁၁ (ဒေါ်လာ/တန်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ) 740 750 မတ်ပဲ (အက်စ်ကြူ) 815 810 ပဲတီစိမ်း (ပခုက္ကူ) 800 740 ပဲတီစိမ်း (ရွှေဝါ) 920 880 ပဲတီစိမ်း (အညာ) 750 720 ပဲစင်းငုံ (အနီ) (သစ်) 580 560 ပဲစင်းငုံ (ဖြူနီ) (သစ်) 480 460 ပဲစင်းငုံ (ဖြူ) (သစ်) 480 460 ကုလားပဲဖြူလုံးကြီး 1020 1030 ပဲလွန်းဖြူ (အက်ဖ်အေကြူ) 840 840 ပဲလွန်းဖြူ (အက်စ်ကြူ) 950 950 မြေထောက်ပဲ 740 740 ထောပတ်ပဲ 730 730
အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပြောင်းထုတ်လုပ်မှုဟာ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်နေပေမယ့် တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းအတွက် သုံးစွဲတာက ၅၀ ရာခိုင်နှုန်းရှိတာကြောင့် အိန္ဒိယအမျိုးသား ကုန် ပစ္စည်းဖြန့်ဖြူးရေးကုန်စည်ဒိုင် (NCDEX) မှာ ပြောင်းဈေးနှုန်း မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်အသင်း (ASSOCHAM) ပြောကြားပါတယ်။ လက်ရှိမှာ (NCDEX) မှာ ပြောင်းအရောင်းအဝယ်ကောင်းနေပြီး မွေးမြူရေးဏ္ဍမှာလည်း ကုန်ပစ္စည်းဝယ်လိုအားတိုးလာကြာင်း သိရပါတယ်။ လွန်ခဲ့တဲ့ရက်သတ္တ ပတ်က နိုဝင်ဘာလအတွက် အရောင်းရဆုံးစာချုပ်ဈေးနှုန်းက ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ၁ တန်ကို ၁၀၉၀၀ ရူပီး ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားဝယ်လိုအားတွေရှိပြီး တရုတ်က လည်းကုန်အမှာတွေ ဆက်တိုက်ရှိလာနိုင်တယ်လို့ မျှော်လင့်ကြောင်း ကုန်သည်များမှ ပြောကြားပါတယ်။ ပြည်တွင်းကြက်ဘဲ မွေးမြူရေး လုပ်ငန်းကို လေ့လာရာမှာ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်နိုင်ပြီး ၂၀၁၅ မှာ ကြက်ဘဲမွေးမြူရေးလုပ်ငန်းမှာ ပြောင်းကိုသာ အဓိက သုံးစွဲမှာဖြစ်ကြောင်း သိရပါတယ်။ လေ့လာမှုများအရ ပြည်တွင်းမှာ ကြက်ကင်နဲ့ ကြက်ဥဝယ်လိုအားတက်လာပြီး လက်ရှိ ကြက်ဘဲ ဈေးကွက်က ရူပီး သန်း (၄၉၀၀၀၀) ခန့်ရှိကြောင်း သိရပါတယ်။ ပြောင်းထုတ်လုပ်မှုစုစုပေါင်းရဲ့ ထက်ဝက်ကျော်က ကြက်ဘဲအစားအစာ ဖြစ်ပြီး ကြက်ဘဲမွေးမြူကဏ္ဍကနေ တစ်နိုင်ငံလုံး ပြောင်းထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကို စားသုံးကြောင်း သိရပါတယ်။ အိန္ဒိယက နှစ်စဉ် အသားကင် တန် ၃ သန်းဝန်းကျင်နဲ့ ဥ တန် ၃ သန်းခန့် ထုတ်လုပ် ပြီး အိန္ဒိယ တောင်ပိုင်းကတော့ ကြက်ဘဲထုတ်လုပ်မှုမှာ အဓိက ဆောင်ရွက်တဲ့ အစိတ်အပိုင်းဖြစ်ကြောင်း သိရပါတယ်။ လေ့လာမှုများအရ ကြက်ဘဲမွေးမြူရေးကဏ္ဍမှာ သားဖောက် ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာသိုလှောင်မှုနဲ့ ထုတ်လုပ်မှုပိုင်း တွေမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ပိုလျှံနေပေမယ့်အခြေခံအဆောက် အဦဖြစ်တဲ့ လျှပ်စစ်နဲ့ ပို့ဆောင်ရေးပိုင်းမှာတော့ လိုအပ်ချက်တွေ များနေသေးကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံက ကမ္ဘာ့တတိယ အကြီးဆုံး ဥထုတ်လုပ်သူနဲ့ စတုတ္ထအကြီးဆုံး အသားကင်ထုတ်လုပ် သူ ဖြစ်ပါတယ်။ သန်း ၂၀ နီးပါးရှိတဲ့ လုပ်သားတွေက ကြက်ဘဲ မွေးမြူရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ပါတယ်။ ယခုလက်ရှိ (NCDEX) မှာ နိုဝင်ဘာအတွက် ပြောင်းစာချုပ်ဈေးနှုန်း ၁ ဒသမ ၇၄ ရာခိုင်နှုန်း မြင့်တက်ပြီး ၁ တန်ကို ရူပီး ၁၁၀၉၀ ၂၂၆ ဒေါ်လာ နဲ့ အောက်တို ဘာလအတွက် စာချုပ်ဈေးနှုန်းက ၁ ဒသမ ၅၅ ရာခိုင်နှုန်းမြင့် တက်ပြီး၁ တန်ကိုရူပီး (၁၀၀၂၀) ၂၀၄ ဒေါ်လာ ရှိကြောင်း သတင်း ရရှိပါတယ်။Source:Comodity OnlineKZW
ယခုနှစ်တွင် ပြောင်းအထွက်ကောင်းခြင်းကြောင့် မန္တလေးအနီးတစ်ဝိုက်နဲ့ ရှမ်းပြည်နယ်ဘက်က ထွက်ရှိတဲ့ ပြောင်းများ ပုံမှန်တင်ပို့လျက်ရှိရာ တရုတ်နိုင်ငံဘက် တွင် ပြောင်းအဝင်များပြီး ဈေးနှုန်းကျဆင်းလာကြောင်း သိရပါတယ်။ ယခု တစ်ပတ်မှာ ဈေးနှုန်းကျဆင်းခြင်းကြောင့် မန္တလေးမှ တင်ပို့မှုအေးသွားပြီး၊ ရှမ်းပြည် နယ်ဘက်မှသာ တင်ပို့မှုရှိကြောင်း သိရပါတယ်။ ရတနာထွန်းပွဲရုံမှ ကိုသိန်းစံက " ခုရက်ပိုင်းအတွင်းမှာ ပြောင်းဈေးကျလာတယ်။ အရင်လက ပြောင်း ၅၄ ပိဿာဝင်တစ်အိတ်ကို ၁၆၅၀၀ ကျပ်ရရှိခဲ့တယ်။ အောက်တိုဘာလ ပထမ ပတ် ၁၅၀၀၀ ကျပ်ထိ ကျသွားပြီး၊ အောက်တိုဘာ ၁၀ ရက်မှာ ၁၃၅၀၀ ကျပ်ထိ ကျဆင်းလာခဲ့တယ်။ မန္တလေးမှာတော့ အရောင်းအဝယ် အေးသွားပြီ။ ဒီရက်ပိုင်းတင်ပို့မှုမရှိဘူး။ ဒီလမှာကုန်တန်ချိန် ပြောင်းလဲ သတ်မှတ်လိုက်တော့ ကားခတွေလည်း ဈေးမြင့်လာရတယ်။ အရင်ကပြောင်း တစ်အိတ် ၃၈ ကျပ်ပေးခဲ့ရာက ၇၈ ကျပ်ထိ ပေးလာရတယ်။ အရင်က ကားတစ်စီးကို အိတ် ၇၀၀ တင်ရင် အခုအိတ် ၂၅၀ ပဲ တင်ရတာ။ ကားခကျရင်တော့ အဆင်ပြေနိုင်တယ်" လို့ ပြောပါတယ်။ ဖိုက်စတားပွဲရုံက ကိုအောင်အောင်ကလည်း " ကားခဈေးနှုန်းတွေ ဒီဘက်မှာ တင်မကဘူး။ ဟိုဘက်က သယ်ယူစရိတ်လည်း မြင့်တက်တာကြောင့် အရောင်း အဝယ်တန့်နေတယ်။ ရောက်ပြီးတဲ့ကားတွေကတော့ ဝယ်လက်ကိုစောင့်နေတယ် "လို့ပြောပါတယ်။ ဇူးဇူး
