Background
ပဲတီစိမ်း တန် ၂၄ဝဝ ကျော် ယခုအပတ်တင်ပို့မှု ပိုမို ဇွန်လ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၇ ဒသမ ၈၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၇၃၇၄တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၄၅၁ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ရာသီဥတု ပူလာပြီဖြစ်လို့ တစ်ဖက်နိုင်ငံဝယ်လိုအား မြင့်တက်ခဲ့တာဖြစ်ပါတယ်။ မြေပြင်ဈေးများကို နှိုင်းယှဉ်သော အခါ ယခင်အပတ်ထက် လျော့နည်းလျက်ရှိတာတွေ့ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ပဲတီစိမ်း ၁ဝ၂၆၂၂၃ ၁၁၄၇၅ဝဝ ၁၂၁၂၇၇ ၁၂ ၁၂၇၅ ၁၃၆၈ ၉၃ ၇MIRT (DOBT)
အိန္ဒိယပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိ အိန္ဒိယဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း ပဲတီစိမ်းဈေးတည်ငြိမ်သလောက်ရှိနေပါတယ်။ ဝယ်လိုအားနည်းခြင်းနဲ့ မုတ်သုန်မိုးကောင်းမွန်နေခြင်းတို့ကြောင့် ပဲစိုက်ပိုျးဖို့ အလားအလာကောင်းနေခြင်းတို့က ဈေးနှုန်းမတက်အောင် ဖိအားဖြစ်စေပါ တယ်။ နွေပဲတီစိမ်းများ ဝင်လာနေပြီဖြစ်ပေမဲ့ ပြန်လည်ရောင်းချသူများရဲ့ ဝယ်လိုအားက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ မယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် တန်/ ဒေါ်လာဈေးကွက် ၉-၆-၁၁ ၈-၆-၁၁ ၇-၆-၁၁ ၆-၆-၁၁မွန်ဘိုင်း (ကင်ညာ) ၉၆၂-၉၇၃ ၉၆၆-၉၇၇ ၉၇၂-၉၈၃ ၉၇၃-၉၈၄ဒေလီ ၇၃၈-၇၈၃ ၇၄၁-၇၅၆ ၇၃၈-၇၈၂ ၇၃၈-၇၈၃အာကိုလာ ၈၅ဝ-၉၁၇ ၈၅၄-၉၆၆ ၈၄၉-၉၆၁ ၈၅ဝ-၉၆၂MIRT(MAPT)
ပဲတီစိမ်း ပြည်ပအဝယ်ပါး အရောင်းအဝယ်လျော့ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်(ဘုရင့်နောင်) မှာ ယခုတစ်ပတ်အတွင်း တရုတ်ဝယ်လက်များ ပဲတီစိမ်း အဝယ်ပါးလာ တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်ပါးလို့ ရန်ကုန် FOB ဈေးကွက်မှာ အရောင်းအဝယ်စာချုပ်နိုင်မှု ပမာဏလည်း ယခင် သီတင်းပတ်များထက် လျော့ကျတာတွေ့ရပါတယ်။ ဇွန်လ ၄ ရက်မှ ၁ဝ ရက်အထိ တစ်ပတ်အတွင်း ပဲတီစိမ်းအညာရွှေဝါ တန် ၂ဝဝဝ နီးပါးနဲ့ ပဲတီစိမ်း တန်ချိန် ၅ဝဝ ကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း စုစုပေါင်း ပဲတီစိမ်း၊ အညာ တန်ချိန် ၄၄ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် ၤဥြ ဈေးမှာတော့ ရွှေဝါဈေးယခင်သီတင်းပတ်ထက် အနည်းငယ် ပိုလာတာ တွေ့ရပါတယ်။ တန်/ ဒေါ်လာ ပဲတီစိမ်း (အညာ) ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၁ဝ-၆-၁၁ ၁ဝ၅ဝ-၁ဝ၇ဝ ၁၂ဝဝ-၁၂၂ဝ ၁၃ဝဝ-၁၃၂ဝ၃-၆-၁၁ ၁ဝ၅ဝ-၁ဝ၇ဝ ၁၁၇ဝ-၁၁၉ဝ ၁၂၇ဝ-၁၂၉ဝMIRT(MAPT)
ပဲတီစိမ်း သင်္ဘောအတင် တန် ၃ဝဝဝ အောက်ကျဆင်းလာ ပင်လယ်ရေကြောင်းက ပဲတီစိမ်းသင်္ဘောတင်ပို့မှု ယခင်သီတင်းပတ်က တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျလာခဲ့ပါတယ်။ မေလ တစ်လလုံးတင်ပို့မှု အနေနဲ့ တန်ချိန် ၂ဝဝဝဝ ကျော်ရှိပြီး ၂ဝ၁ဝ မေလအတွင်းမှာတော့ တန်ချိန် ၁၃ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ ပဲတီစိမ်းတင်ပို့ပြီးစီးမှု တန်ချိန် ၆ သောင်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅ သောင်းကျော်နဲ့ ယှဉ်ရင် တန်ချိန် တစ်သောင်း ပိုတင်နိုင်တာ တွေ့ရပါတယ်။ လာမယ့်အပတ်မှာ လည်း ပဲတီစိမ်း တင်ပို့မှု အနည်းငယ်လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT
၂ဝ၁၁-၁၂ မိုးသီးနံှအတွက် အိန္ဒိယအစိုးရက အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းကို တိုးမြှင့် အိန္ဒိယအစိုးရဟာ တောင်သူများ သီးနံှတိုးမြှင့်စိုက်ဖို့ အားပေးတဲ့အနေနဲ့ ဒုတိယနှစ် အထွက်ပိုမိုစေဖို့ ဆန်စပါးဆီထွက် သီးနံှနဲ့ အခြားသီးနံှများ ဝယ်ယူဖို့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) များကို ဇွန်လ ၉ ရက်နေ့က တိုးမြှင့်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ စပါးအတွက် MSP ကို သတ်မှတ်ရာမှာ သာမန်စပါးအတွက် တစ်တန် ၈ ရာခိုင်နှုန်းတိုးမြင့်ပြီး ရူပီး ၁ဝ၈ဝဝ (ကန်ဒေါ်လာ ၂၄၁) ၊Grade A စပါးအတွက် ၇ ဒသမ ၈ ရာခိုင်နှုန်းတိုးမြင့်ပြီး တစ်တန်ကို ရူပီး ၁၁၁ဝဝ (ကန်ဒေါ်လာ ၂၄၈) သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဓိကဆီထွက်သီးနံှ များဖြစ်တဲ့ မြေပဲကို ၁၇ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်ပြီး တစ်တန် ရူပီး ၂၇ဝဝဝ (ကန်ဒေါ်လာ ၆ဝ၄) နဲ့ ပဲပုပ်အဝါမိုျးကိုလည်း တစ်တန် ရူပီး ၁၆၉ဝဝ (ကန်ဒေါ်လာ ၃၇၈) ကိုလည်းကောင်း၊ ပဲမျိုးစုံအနေနဲ့ ပဲစင်းငုံကို ယခင်နှစ်ထက် ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၅) တိုးမြှင့်ပြီး တစ်တန်ကို ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၇၁၅) ၊ ပဲတီစိမ်းကို ယခင်နှစ်ထက် ရူပီး ၃၃ဝဝ (ကန်ဒေါ်လာ ၇၄) တိုးမြှင့်ပြီး ရူပီး ၃၅ဝဝဝ (ကန်ဒေါ်လာ ၇၈၂) ကိုလည်းကောင်း၊ မတ်ပဲကို ယခင်နှစ်ထက် ရူပီး ၄ဝဝဝ (ကန်ဒေါ်လာ ၈၉) တိုးမြင့်ပြီး ရူပီး ၃၃ဝဝဝ (ကန်ဒေါ်လာ ၇၃၈) ကိုလည်းကောင်း သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင်နှစ် အလားတူ ပဲရိတ်သိမ်းကာလ ၂ လအတွင်း အစိုးရဝယ်ယူရေးအေဂျင်စီတွေကို ရောင်းချတဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းများအတွက် တစ်တန်ကို ရူပီး ၅ဝဝဝ (ကန်ဒေါ်လာ ၁၁၂) နှုန်းနဲ့ အပိုဆောင်းပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝါဂွမ်းအမျိုးအစား ၂ မျိုးကိုလည်း တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒါ်လာ ၆၇) စီ တိုးမြင့်ပြီး ရူပီး ၂၈ဝဝဝ (ကန်ဒေါ်လာ ၆၂၆)နဲ့ ရူပီး ၃၃ဝဝဝ(ကန်ဒေါ်လာ ၇၃၈) ကို အသီးသီး သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: Dow Jones
ပြည်ပဲလွန်းဖြူ ဈေးကောင်းရနေ ပြည်ဈေးကွက်သို့ ယခုတစ်ပတ် ပဲလွန်းဖြူအဝင်ပါးလာပြီး ရက်ခြားသာ အဝင်ရှိတယ်လို့ သိရပါတယ်။ ဝင်လာ တဲ့ ပဲကလည်း အများအားဖြင့် အရည် အသွေး ညံ့လာတာကို တွေ့ရပါတယ်။ လက်ကျန်ပဲများမှာ အရည်အသွေး ကောင်းတဲ့အတွက် အရောင်းအဝယ် ဖြစ်နေပြီး ပဲတစ်တင်းကို ယခင်တစ်ပတ် က ၁၃ဝဝဝ ကျပ်၊ ယခုတစ်ပတ်တွင် ၁၈ဝဝဝ ကျပ်ထိ သိသိသာသာမြင့် လာခဲ့တယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူနီ ပုံမှန်တင်ပို့မှုရှိ ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ၊ နီတင်ပို့မှုကတော့ ယခုသီတင်းပတ် မှာလည်း ယခင်သီတင်းပတ်များလို ပုံမှန် တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ဇွန်လ ၂ ရက်မှ ၈ ရက်အတွင်း ပဲလွန်း ဖြူ တန်ချိန် ၆၅ဝ ကျော်၊ ပဲလွန်းနီ တန် ချိန် ၁၆ဝ ကျော်နဲ့ စုစုပေါင်း တန်ချိန် ၈ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ မေလတစ်လလုံးတင်ပို့မှုအနေနဲ့ ပဲလွန်း ဖြူ တန်ချိန် ၃၉ဝဝ ခန့်ရှိပြီး ယခင်နှစ် မေလမှာ တန်ချိန် ၁၈ဝဝ ခန့်သာရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အလားတူ ဘဏ္ဍာနှစ် ကာလတူ နှိုင်းယှဉ်ရာမှာလည်း လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ ပဲလွန်းဖြူ တန်ချိန် ၈၇ဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာ နှစ် ကာလတူက တန်ချိန် ၆၅ဝဝ ခန့်ရှိ လို့ တန် ၂ဝဝဝ ကျော် ပိုတင်နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ် မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်း ကြပါတယ်။MIRT- MAPT
အိန္ဒိယပဲစင်းငုံဈေး တည်ငြိမ်ရာမှ ပြန်လျော့လာ အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များနဲ့ ပြန်လည်ရောင်းချသူများ အဝယ်တက်လာလို့ သီတင်းပတ်အစပိုင်းမှာ ဈေးတည်ငြိမ်လာခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ လှောင်လက်များလက်ကျန် ရှင်းထုတ်နေကြတာကြောင့် ဈေးပြန်လည် လျော့ကျခဲ့ပါတယ်။ ပဲစင်းငုံအဓိက စိုက်ပျိုးတဲ့ နိုင်ငံတောင်ပိုင်းက မဟာ ရပ်ရှတရာ၊ ကာနာတာကာ၊ တမီနာဒူးနဲ့ အင်ဒရာပရာဒေ့ရှ်တို့မှာ မိုးရွာသွန်း နေပြီ ဖြစ်ပေမဲ့ ပဲစင်းငုံ စိုက်ပျိုးကာစဖြစ်လို့ အထွက်တိုးဖို့ အထောက်အပံ့မဖြစ်နိုင် သေးဘူးလို့ ဆိုပါတယ်။ ပဲစင်းငုံအသစ် ဈေးကွက်ထဲဝင်လာဖို့ ၆ လခန့်လိုနေသေး တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ထုတ်လုပ်မှု ပိုမိုတာကြောင့် သိုလှောင် လက်ကျန်လုံလောက်နေတယ်လို့ သိရပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ ဈေး နှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ၉-၆-၁၁ ၈-၆-၁၁ ၇-၆-၁၁ ၆-၆-၁၁မွန်ဘိုင်း ၆၆ဝ-၆၈၂ ၆၉၁-၆၉၆ ၆၈၇-၇ဝ၄ ၆၈၈-၇ဝ၄ဒေလီ ၇၂၅-၇၂၇ ၇၃၅-၇၃၆ ၇၃၅-၇၃၈ ၇၃၁-၇၃၃ချန်နိုင်း ၆၆ဝ-၆၆၅ ၆၅၁-၆၆၈ ၆၇၁ ၆၈၂MIRT(MAPT)
ပဲစင်းငုံနီ FOB အရောင်းအဝယ်ပိုများလာ ယခုတစ်ပတ်ဇွန်လ၄ ရက်မှ ၁ဝ ရက်အတွင်း ပဲစင်းငုံနီ FOB အရောင်းအဝယ် ယခင်သီတင်းပတ်ထက် ပိုဖြစ်လာပါတယ်။ ပြည်ပအဝယ်ရှိသလို ပြည်တွင်းရောင်း ချမှုလည်း များနေလို့ အရောင်းအဝယ်ပမာဏများလာပေမဲ့ FOB ဈေးနှုန်းကတော့ အနည်းငယ်လျော့ကျလာခဲ့ပါတယ်။ ယခုတစ်ပတ်( ဇွန်လ ၄ ရက်မှ ၁ဝ ရက်) အတွင်း ပဲစင်းငုံနီ တန် ၅၄ဝဝ နဲ့ ပဲစင်းငုံဖြူနီ တန် ၃၆ဝ၊ စုစုပေါင်းတန် ၆ဝဝဝ နီးပါး အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်သီတင်းပတ်ထက် ပိုလာတာတွေ့ရပါတယ်။ ဇွန်လ ၁ ရက်မှ ၁ဝ ရက်အတွင်း ပဲစင်းငုံနီ၊ အဖြူ စုစုပေါင်း တန် ၆၇ဝဝ ခန့် ပြည်ပအရောင်း စာခုျပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြောင်းလဲလာတဲ့ ရန်ကုန် FOB ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါ တယ် ဒေါ်လာ/တန် ပဲစင်းငုံနီ(FAQ) ပဲစင်းငုံဖြူနီ၊အဖြူ(FAQ)၁ဝ-၆-၁၁ ၆၃ဝ-၉၅ဝ ၅၃ဝ-၅၅ဝ၃-၆-၁၁ ၆၄၅-၆၆၅ ၅၄ဝ-၅၅ဝMIRT(MAPT)
်ပင်လယ်ရေကြောင်းက ပဲစင်းငုံတန် ၆ဝဝဝ ကျော်အတင်ရှိ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု ယခင်သီတင်းပတ်က တန်ချိန် ၅ဝဝဝ ခန့်သာရှိခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇွန်လ ၂ ရက်မှ ၈ ရက်) အတွင်းမှာ တန်ချိန် ၆၁ဝဝ ကျော်ထိ တိုးတက်တင်ပို့လာတာ တွေ့ရပါတယ်။ ၂ဝ၁၁ မေလ တစ်လလုံး တင်ပို့မှု အနေနဲ့ ပဲစင်းငုံ တန် ၂ သောင်းနီးပါးရှိပြီး ၂ဝ၁ဝ မေလအတွင်းမှာတော့ တန်ချိန် ၇ဝဝဝ ကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၃ ရက်နေ့အထိ တင်ပို့ပြီးစီးမှုကတော့ တန်ချိန် ၃ဝဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၁၇ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ်မှာ တန်ချိန် တစ်သောင်းကျော် ပိုတင်လာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု ပုံမှန်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT