Background
မတ်ပဲတင်ပို့မှု တန် ၅ဝဝဝ ကျော်သာရှိဆဲ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာလည်း တန်ချိန် ၅ဝဝဝ ကျော်သာ တင်ပို့တာတွေ့ရပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းလို့ ဈေးကျနေသလို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာလည်း အိန္ဒိယအဝယ်နည်းနေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက် အချို့ကတော့ ပဲတီစိမ်းဈေးမြင့်နေလို့ မတ်ပဲဘက်ကို အဝယ်ပြန်လိုက်လာတာကြောင့် တင်ပို့မှု ပုံမှန်ရှိနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၉ဝဝဝ ခန့်ရှိပြီး ဇန်နဝါရီလအတွင်းမှာ တန်ချိန် ၄၅ဝဝဝ ကျော်ထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တန်ချိန် ၃၈ဝဝဝ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှုလျော့ကျနေတာတွေ့ရပါတယ်။ ပြည်ပအရောင်းအဝယ်နည်းတာ ကြောင့် ရန်ကုန် FOB ဈေးမှာ တစ်ပတ်လုံးငြိမ်နေရာမှ မတ်လ ၄ ရက်နေ့မှာ လျော့ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၄-၃-၁၁ ၉ဝဝ-၉၂ဝ ၁ဝဝဝ-၁ဝ၂ဝ၂၅-၂-၁၁ ၉၃ဝ-၉၅ဝ ၁ဝ၃ဝ-၁ဝ၅ဝMIRT(MAPT)
တန်ချိန် ၃ဝဝ နီးပါးပို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မန်ကျည်းသီးတန်ချိန် ၂၉၇ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံကို ၉၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုတန်ချိန် ၁၄၉ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ၁ဝ၆၁၈ဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ၇၄ တန်သာပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ ၄ ဆလောက်ပိုပြီး ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
ဝယ်လိုအားကောင်းနေလို့ အိန္ဒိယနနွင်းဈေး အတက်ဘက်ဆက်လက်ချီတက်ဖွယ်ရှိ အိန္ဒိယပြည်တွင်းဈေးကွက် နနွင်းဝင်ရောက်မှုရှိပေမဲ့ ဝယ်လိုအားတက်နေတာကြောင့် နနွင်းဈေးက အမြင့်ဘက် ဆက်လက်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုန်သည်များက ဈေးနှုန်းသိသိသာသာကျဆင်းအုံးမယ်လို့ မျှော်လင့်ထားပြီး လာမယ့် သီတင်းပတ်မှာ ဝယ်လိုအားတက်ဖို့ မျှော်လင့်ထားကြပါတယ်။ နနွင်းသစ်ဝင်ရောက်မှုကလည်း ဈေးကွက်များအတွင်း ဝယ်လိုအားအသစ်ကို စောင့်ဆိုင်းနေလို့ ထင်သလောက် မဝင်လာသလို လက်ကျန်နည်းတဲ့ အခြေအနေတွေက ဈေးနှုန်းတက်အောင် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ နနွင်းဝင်ရောက်မှု နှောင့်နှေးခြင်းနဲ့ လက်ကျန်နည်းလာခြင်းတို့ကြောင့် ကာလလတ်မှာ ဈေးနှုန်းကို အထောက် အပံ့ဖြစ်နိုင်ဖွယ်ရှိပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ ပြည်တွင်းရော ပြည်ပမှာ အဝယ်တက်မယ့် အလားအလာရှိပြီး စိုက်ပျိုးထားတဲ့ အပင် တွေလည်း ပျက်စီးတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ နနွင်းစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာမှာ မိုးကောင်းခြင်းက ယခုနှစ် အထွက်နှုန်းကို ပိုမို ကောင်းစေပြီး ယင်းမျှော်လင့်ချက်ကြောင့်ပင် ဈေးနှုန်းမြင့်တက်မှုကို ဖိအားဖြစ်စေနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ယခုနှစ်မှာ ၇ဝ ကီလိုပါအိတ် ၆၅ သိန်းနဲ့ ၇ဝ သိန်းအကြားထွက်ရှိမယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလအတွင်း နနွင်းတင်ပို့မှုဟာ တန်ချိန် ၃၅၅ဝဝ ရှိလို့ ၂ဝဝ၉ ခုနှစ် ကာလတူတင်ပို့မှု တန်ချိန် ၄ဝ၈၂၅ ထက် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နနွင်းအခက် တစ်တန်ကို ရူပီး ၈၁၉၉ဝ-၁၁၇၆၉ဝ (ကန်ဒေါ်လာ ၁၈၁၂-၂၆ဝ၄) နဲ့ နနွင်းဥ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ၉ဝ-၁၁၂ဝ၆ဝ (ကန်ဒေါ်လာ ၁၇၂၈-၂၄၇၉) နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: business standard
ဆိုဈေးမာနေတဲ့ ဗမာနနွင်းတက် ကျောက်ဆည်၊ မြစ်သားနယ်မှ ထွက်ရှိသော ဗမာနနွင်းတက်မှာ အသစ်စတင်ထွက်ရှိလာသော်လည်း ယခုရက်ပိုင်း အရောင်းအေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်က သီးနံှပေါ်စမှစလို့ ဈေးကောင်းရ အဝယ်လိုက်ခဲ့သော်လည်း ယခုနှစ် ပြည်ပဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ အထွက်ကောင်းတာကြောင့် အဝယ်အေးနေခြင်းဖြစ်တယ်လို့ နနွင်းတက် ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ လက်ရှိဈေးကွက် အနေအထားကတော့ အဝယ်မလိုက်သော်လည်း တောင်သူက ဈေးတင်းခံနေတဲ့အတွက် တောင်သူဆိုဈေး တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိတယ်လို့ နနွင်းတက် အရောင်း အဝယ်ပြုလုပ်နေသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ သင်းးသင်းးမြတ်
အင်းစနနွင်း ဈေးကွက်စဝင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းကို အင်းလေးဒေသရဲ့ အရှေ့ဖက်တစ်ကြောမှာလည်း အတော်များများ စိုက် ပျိုးကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆင်တောင်နနွင်း၊ ဟိုပုံးနနွင်းပြီးရင် အင်းလေးနနွင်းကလည်း ဈေးကွက်ဝင်ပါတယ်။ ပင်လောင်းနနွင်းကတော့ အဖြူများတာကြောင့် လူကြိုက်နည်းပြီး ရောင်းပန်းသိပ်မလှပါဘူး။ ယခုလောလောဆယ် ဈေးကွက် မှာတော့ အင်းစလို့ခေါ်တဲ့ နနွင်းတွေက ဈေးကွက်ကို ဝင်လာနေပါပြီ။ အင်းလေးအရှေ့ဖက်ခြမ်းမှာစိုက်တဲ့ နနွင်းက တစ်ရာသီကို ပိဿာချိန် ၈ သိန်း၊ ၉ သိန်းခန့်ထွက်ပါတယ်။ အင်းစနနွင်းက တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ရွာငံနယ်က ဝင်တဲ့ ပြိုင်စနဲ့ အောင်ပန်းနယ်တစ်ဝိုက်က ဝင်နေတဲ့ ရိုးရိုးစတွေကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၂ဝဝ ကျပ်၊ ဆင်တောင်နနွင်းက တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကတော့ လက်ကျန်နည်းနေပြီလို့ သိရပါတယ်။ နနွင်းကလည်း ချင်းလိုပါပဲ။ မတ်လကုန် ဧပြီလမှသာ အဝင်လှိုင်လာမှာဖြစ်ပါတယ်။ ပြည်ပဝယ်လက်မရှိပေမဲ့ ပြည်တွင်း သုံးအတွက် မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာဖက်က ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ နနွင်း တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်
ယခုအပတ်မူဆယ်မှ နနွင်းတက်ဆက်လက်တင်ပို့ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် စစ်တွေနယ်စပ်တို့မှ ကန်ဒေါ်လာ ၂၃ဝဝဝ တန်ဖိုးရှိ နနွင်းတက် ၁၃ တန်ခန့်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၈ တန်ခန့်တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ ၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ နနွင်းတက် ၁၂ တန် နီးပါးနဲ့ စစ်တွေမှာ ပုံမှန်အတိုင်း ၁ တန်သာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT)
တရုတ်ချင်းဈေးအပြောင်းအလဲက ထိုင်းပို့ကုန် ယှဉ်ပြိုင်နိုင်စွမ်းကို အကျိုးသက်ရောက်နေ လက်ရှိအချိန်ဟာ ထိုင်းနိုင်ငံရဲ့ ချင်းအသစ်ထွက်ရှိမှုနဲ့ တင်ပို့မှုအမြင့်ဆုံး ရာသီပဲဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံနဲ့ ယှဉ်ရင် ဈေးနှုန်းမြင့်တက်မှုက ထိုင်းချင်း ယှဉ်ပြိုင်မှုကို များစွာလျော့ကျစေပါတယ်။ ဈေးနှုန်းကွာဟမှုအပေါ် လွှမ်းမိုးနေတဲ့ အချက်များစွာထဲမှာ ရာသီဥတုနဲ့ စိုက်ပျိုးမှုလျော့ကျခြင်းတို့ ပါဝင်သလို အရေးပါတဲ့ အချက်တစ်ခု ကတော့ ဈေးကစားခြင်းနဲ့ သိုလှောင်ထိန်းသိမ်းခြင်းတို့ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ပဲတီစိမ်းနဲ့ အခြားစိုက်ပျိုးရေးထုတ်ကုန်တွေလိုပဲ ချင်းကို လည်း တရုတ်နိုင်ငံမှာ ဈေးကစား ကြတယ်လို့ ဆိုပါတယ်။ ဈေးကစားသူတွေဟာ ပထမအဆင့်အနေနဲ့ ဈေးအနိမ့်နဲ့ ချင်းအမြောက်အမြား ဝယ်ယူသိုလှောင်ခြင်းဖြင့် မြေပြင်မှာ ဝယ်လိုအားတက်လာအောင်လုပ်ကြတယ်။ အဲဒီနောက် ဈေးအမြင့်နဲ့ အမြောက်အမြားဝယ်ယူလိုတဲ့ ပုံစံနဲ့ ဈေးမြှောက်တင်တယ်။ ဈေးတက်လာတာနဲ့ ၎င်းတို့ရဲ့ လက်ကျန်တွေကို ချက်ချင်းရောင်းချလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ချင်းနဲ့ ကြက်သွန်ဖြူ ကုန်ပစ္စည်း ၂ မျိုးကို သိုလှောင်ထိန်းသိမ်းခြင်းနဲ့ ဈေးကစားခြင်းများ ဆက်လက် ဆောင်ရွက်နေခြင်းက ဈေးနှုန်းမြင့်တက်မှုကို တွန်းပို့နေတယ်လို့ တရုတ်ဈေးကွက်လည်ပတ်ရေးဌာနမှ ညွှန်ကြားရေးမှူး Wang Bingnan က ပြောကြားပါတယ်။ ဒါပေမဲ့တရုတ်အစိုးရက အဲဒီကုန်စည်များ ပြည်ပ တင်ပို့မှု ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ဈေးကစားတာတွေကို ထိန်းချုပ်ဖို့လိုပြီဆိုတာ သတိ ထားမိလာကြပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး စီမံသူဖြစ်တဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မရှင်က စိုက်ပျိုးရေးထုတ်ကုန်များ သိုလှောင်ခြင်းနဲ့ ဈေးကစားခြင်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ဇူလိုင်လမှာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ သိုလှောင်ထိန်းသိန်းမှုလျှော့ချဖို့ ဆောင်ရွက်ခဲ့တဲ့အပြင် တရုတ်အစိုးရ ဟာ ၂ဝ၁ဝ နောက်ဆုံး ၃ လအတွင်း စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပယှဉ်ပြိုင် တင်ပို့နိုင်ဖို့ ဆောင်ရွက်မှုများစွာ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်ချက် တွေကြောင့် တရုတ်ချင်းဈေးဟာ သီတင်းပတ် ၆ ပတ်ဆက်တိုက်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဆောင်ရွက်နေစဉ်မှာ ထိုင်းနိုင်ငံ ချင်းအသစ်များ ဒီဇင်ဘာလမှာ ဝင်ရောက်လာတဲ့အတွက် ယခင်က အီးယူ ချင်း တင်သွင်းသူတွေက တစ်ကီလိုကို ၂ ဒေါ်လာအထက်ဈေးပေးဝယ်ခဲ့ရာက တစ်ကီလို ၁ ဒေါ်လာအောက်ကို ဈေးချပေးဝယ်လာကြတယ်လို့ ဆိုပါတယ်။ ထိုင်းချင်းဟာ တရုတ်ချင်းထက် အရသာပိုမိုကောင်းမွန်တဲ့အတွက် ဝယ်လက်များစွာက ထိုင်းချင်းကို ပိုမိုနှစ်သက်ကြပါတယ်။ ဒါ့အပြင် ထိုင်းချင်းက ပိုးသတ်ဆေးြွကင်းပါဝင်မှုနည်းပြီး ကျန်းမာရေးအတွက် စိတ်ချရတဲ့GAP ၊ TESCO Nurture ၊ HACCP ၊ GMP နဲ့ SEDEXလို နိုင်ငံတကာအဆင့်မီ စံနှုန်း သတ်မှတ်ချက်များနဲ့ အသိအမှတ်ပြုခံထားရတာဖြစ်လို့ တရုတ်ချင်းထက် စားသုံးသူ ဈေးကွက်ကို ဖြန့်ဝေမှုမှာ ပိုမိုအခွင့်အလမ်းရနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရုတ် ချင်းကလည်း တဖြည်းဖြည်းနဲ့ ဈေးကျဆင်းလာပြီး ထိုင်းနိုင်ငံမှာ ထိန်းချုပ်ခြင်းမရှိတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်လာပြီဖြစ်လို့ ထိုင်းချင်းက ဦးဆောင်ယှဉ်ပြိုင်ပြီး တင်ပို့နိုင်တော့မှာ မဟုတ်ဘူးလို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ ယမင်းးခင်၊Source: freshplaza .com
မလေးရှားကို ချင်း တန် ၄၉ ဒသမ ၄ တန် တင်ပို့ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂ဝ ရက်တာကာလအတွင်း ချင်းတန်ချိန် ၄၉ ဒသမ ၄ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ မလေးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ ယခင် သီတင်းပတ် အပို့ပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှာပြန်လည် တင်ပို့ခဲ့တာဖြစ်ပါ တယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၄၄ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့ တဲ့ အတွက် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၁၁၃၆ ရရှိခဲ့ပါတယ်။ MIRT (DOT)
ဈေးကောင်းစောင့်တဲ့ ရှမ်းချင်းဈေးကွက် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေ အဝင်နည်း နေပါသေးတယ်။ အောင်ပန်းနဲ့ ကလောနယ်တစ်ဝိုက်ကသာ အနည်းငယ်ဝင်နေသေးတယ်လို့ သိရပါတယ်။ အချို့တောင်သူတွေက ပစ္စည်းတွေက မဖော်သေးဘဲ အဲဒီအတိုင်းထားပြီး ဈေးကောင်းရမှသာ ဖော်မယ်ဆိုပြီး ထားကြတာကြောင့် အဝင်နည်းလာတာ ဖြစ်တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ချင်းခြောက်တွေကလည်း ဈေးကွက်ကို အနည်းငယ်သာ ဝင်နေပါသေးတယ်။ မတ်၊ ဧပြီလဆိုရင် ချင်းစိုတွေ အဝင်ပိုနည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်လှိုင် လာတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက တစ်ပိဿာကို ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဒီနှစ် ဟိုပုံးမြို့နယ်မှာ ချင်းစိုအထွက်လျော့ပြီး ထွက်တဲ့ချင်း တွေကလည်း ယခင်နှစ်တွေကလို အခက်လှ၊ အခက်ကြီးတွေ သိပ်မများဘဲ ချင်းညံ့ လို့ခေါ်တဲ့ အသေးတွေသာ အထွက်များပါတယ်။ အညံ့စ ချင်းတွေကို ချင်းခြောက် အဖြစ် ပြန်လည် ပြုလုပ်တာကြောင့် ချင်းစိုနည်းပြီး ချင်းခြောက်ကတော့ ဈေးကွက် မှာ များများစားစားဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်းခြောက်က တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၃ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်
စိုက်ပျိုးမှု ပိုမိုလို့ အိန္ဒိယသကြားအထွက်မြင့်တက်မယ်လို့ သကြားစက် လုပ်ငန်းရှင်များက ဆို ကမ္ဘာမှာ ဒုတိယအများဆုံးသကြားထုတ်လုပ်တဲ့ အိန္ဒိယမှာ ဈေးအမြင့်ရရှိနေ တဲ့အတွက် တောင်သူတွေ စိုက်ဧရိယာတိုးခဲျ့လာတာကြောင့် လာမယ့်နှစ်မှာ သကြားထွက်ရှိမှု မြင့်တက်မယ်လို့ သကြားစက်လုပ်ငန်းရှင် အုပ်စုက ဆိုပါတယ်။ အောက်တိုဘာလ ၁ ရက်မှာစတင်တဲ့ သကြားရာသီအတွင်း ထုတ်လုပ်မှုက ယခု နှစ် ခန့်မှန်းတန်ချိန် ၂၅ သန်းကနေ အနည်းဆုံး ၅ ရာခိုင်နှုန်းမြင့်တက်လိမ့်မယ်လို့ နိုင်ငံတော် သကြားစက်သမအသင်း အုပ်ချုပ်မှုဒါရိုက်တာ Vinay Kumar က ပြောကြားပါတယ်။ အာရှနိုင်ငံမှာ အထွက်မြင့်တက်နိုင်ခြင်းက ယခုလအတွင်း နယူးယောက်မှာ နှစ် ၃ဝ အတွင်း သကြားကြမ်းဈေး အမြင့်ကို ရောက်ရှိအောင်တွန်းပို့တဲ့ ကမ္ဘာ့ သကြား မလုံလောက်မှုကို အထောက်အပံ့ဖြစ်စေ နိုင်မှာဖြစ်ပါတယ်။ အိန္ဒိယအစိုးရ ဟာ ၃ နှစ်အတွင်း ပထမအကြိမ်အနေနဲ့ သကြားပိုလံျှတာကြောင့် တန်ချိန် ၅ သိန်း တင်ပို့ခွင့်ပြုဖို့ ယခုတစ်ပတ်မှာ စီစဉ်ခဲ့တယ်လို့ အိန္ဒိယသကြားထုတ်လုပ်မှုများ အစုအဖွဲ့က ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကျင်းပတဲ့ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ လာမယ့်သီးနံှထွက်ရှိမှုအလားအလာကောင်းတာကြောင့် တင်ပို့မှု ခွင့်ပြုချက်ကို နှောင့်နှေးမထားသင့်ဘူးလို့လည်း Kumar က ဆိုပါတယ်။ အိန္ဒိယ နိုင်ငံအနေနဲ့ ပထမအကြိမ်ကို တန်ချိန် ၅ သိန်း တင်ပို့ခွင့်ပြုသင့်ပြီး နောက် တစ်ကြိမ်တန်ချိန် ၁ သန်းခွင့်ပြုဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က နယူးယောက်မှာ သကြားတစ်ပေါင်ကို ကန်ဒေါ်လာ ၃၆ ဒသမ ဝ၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၇၉၅) ဖြစ်ခဲ့လို့ ၁၉၈ဝ နောက်ပိုင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ အဓိက ကတော့ သြစတြေးလျနဲ့ ရုရှားမှာ ရာသီဥတုဆိုးဝါးလို့ သီးနံှပျက်စီးမှုတွေ ဖြစ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မေလပို့ရမယ့် သကြားကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၂၈ ဒသမ ၄၂ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၆၂၆) ဖြစ်ခဲ့လို့ မေလကုန် ကနေ ၂ ဆ မြင့်တက်နေဆဲဖြစ်ပါတယ်။ ယခုရာသီမှာ အိန္ဒိယက လိုအပ်ချက်တန်ချိန် ၂၃ သန်းထက် ပိုပြီး တန်ချိန် ၂၄ ဒသမ ၅ သန်း ထွက်ရှိနိုင်တယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ အိန္ဒိယ သကြားစက်အသင်းကတော့ တန်ချိန် ၂၅ သန်း ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရာသီသစ်မှာ လက်ကျန်တန်ချိန် ၅ သန်းခန့် ကျန်ရှိနိုင်လို့ စက်တင်ဘာလ ကုန်မှာ ပိုလံျှသကြားတန်ချိန် ၆ ဒသမ ၇ သန်းရှိမယ်လို့ အသင်း ညွှန်ကြားရေးမှူးချုပ် Abinash Verma က ပြောကြားပါတယ်။ ဒါကြောင့် ပြည်ပရောင်းချဖို့ တန်ချိန် ၁ ဒသမ ၇ သန်းကျန်ရှိနိုင်တယ်လို့လည်း ၎င်းက ဆိုပါတယ်။ ယမင်းခင်၊ှSource: bloomberg.net