Main menu

Background

Tuesday, 15 Feb 2011

 နယ်စပ်မှ ပဲတီစိမ်းတင်ပို့မှုလျော့                  ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိမူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲတီစိမ်းများကို လုံးပြည့်သာမက လုံးခြမ်းပါ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ယခုအပတ်မှာ ပဲတီစိမ်းလုံးပြည့်ကန်ဒေါ်လာ ဝ ဒသမ ၆၂၁၄ သန်း တန်ဖိုးရှိ ၆၄၄ တန်ကျော်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၁၆၂ တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၃၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့် ၂၈၈ တန်နဲ့ လုံးခြမ်း ၁၇ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ယခင်အပတ်ကထက် ဈေးနှုန်းမြင့်ရရှိခဲ့သော်လည်း တရုတ်နှစ်သစ်ကူးကာလ ဖြစ်တဲ့ အတွက် တင်ပို့မှုလျော့နည်းခဲ့ရပါတယ်။ လာမဲ့အပတ်များမှာတော့ ပဲတီစိမ်းပိုမိုတင်ပို့နိုင်လိမ့်မယ်လို့ ခန့်မှန်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲတီစိမ်း(အကောင်း) ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                                      မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု              ယခင်          ပြောင်းလဲမှု          %         ယခု            ယခင်          ပြောင်းလဲမှု       %ပဲတီစိမ်း ၁၂၃၄၈၅၄      ၁၂ဝ၇၂၇၃         ၂၇၅၈၁         ၂ .၂၃       ၁၄၂၁          ၁၁၂၁           ၃ဝဝ            ၂၁MIRT (DOBT)

Tuesday, 15 Feb 2011

အိန္ဒိယမှာ တစ်လအတွင်း ပဲတီရွှေဝါ တစ်တန် ကန်ဒေါ်လာ ၃ဝဝ ကျော်မြင့်တက်             အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ ဈေးမဖွင့်ပေမဲ့ ချန်နိုင်းဈေးကွက်မှာ မြန်မာပဲတီရွှေဝါဈေးက တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၃ဝဝ ကျော်မြင့်လာတာတွေ့ရပါတယ်။ အခြားပဲဈေးတွေ အတက်အကျ အပြောင်း အလဲတွေရှိပေမဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးက မှန်မှန်နဲ့တက်လို့လာခဲ့ပါတယ်။ အဓိကတော့ ဈေးကွက်တွေမှာ အရည် အသွေး ကောင်းပဲ မရရှိနိုင်တော့တာမို့ နိုင်ငံတကာ ဈေးနဲ့အတူ လိုက်ပါတက်လာတာ ဖြစ်ပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဒေလီ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ကာလတူဈေးတွေ ဖော်ပြလိုက်ပါတယ်               ချန်နိုင်း (ပဲတီရွှေဝါ)             ဒေလီပဲတီစိမ်း၁ဝ-၂-၁၁            ၁၃၆ဝ                           ၁၂၇၂၁ဝ-၁-၁၁            ၁ဝ၃၄                          ၁ဝ၂၃                                                                                                                   MIRT (MAPT)

Tuesday, 15 Feb 2011

ပဲတီစိမ်းတန် ၄ဝဝဝ နီးပါးတင်ပို့                  အပတ်စဉ် ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန်ချိန် ၃ဝဝဝ ကျော်နဲ့ ပုံမှန်တင်ပို့မှုရှိခဲ့ရာက ယခုသီတင်းပတ် (ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်) အတွင်းမှာတော့ တန်ချိန် ၄ဝဝဝ နီးပါး တင်ပို့နိုင်တာတွေ့ရပါတယ်။ ဈေးကွက်မှာ အခြားပဲ တွေ အရောင်းအဝယ်အနည်းအများရှိတတ်ပေမဲ့ ပဲတီစိမ်းကတော့ ပုံမှန်အရောင်းအဝယ်ရှိတဲ့အတွက် ဈေးနှုန်းက ခိုင်မာလျက်ရှိတာတွေ့ရပါတယ်။ ဝယ်လက်ဈေးကွက်တွေကလည်း ပုံမှန်ဝယ်ယူနေတာမို့ ပြည်ပတင်ပို့သူတွေ ပုံမှန်တင်ပို့ လျက်ရှိနေတာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                  ပဲတီစိမ်း (အညာ)          ပဲတီစိမ်း (ပခုက္ကူ)                ပဲတီရွှေဝါအသေး၁ဝ-၂-၁၁         ၉၉ဝ-၁ဝ၁ဝ                ၉၈ဝ-၁ဝဝဝ                    ၁၄ဝဝ-၁၄၂ဝ၄-၂-၁၁            ၉၅ဝ-၉၇ဝ                  ၉၄ဝ-၉၆ဝ                      ၁၃၃ဝ-၁၃၄ဝ                                                                                                                           MIRT (MAPT)

Tuesday, 15 Feb 2011

ဟင်္သာတဈေးကွက် ပဲလွန်းဖြူဈေး သိသိသာသာကျဆင်းလာ              ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ဟင်္သာတဈေးကွက်ရဲ့ ပဲလွန်းဖြူဈေး ဟာ သိသိသာသာကျဆင်းလာပါ တယ်။ ယခင်အပတ် ပဲလွန်းဖြူဈေး တစ်တင်းကို ၂၄၅ဝဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ၂၁၇ဝဝ ကျပ်ဖြစ်၍ ယခင်အပတ်ထက် တစ်တင်းကို ၂၈ဝဝ ကျပ်ကျဆင်းလာပါ တယ်။ ဈေးကျဆင်းသွားသော်လည်း ရန်ကုန် ဝယ်လက် ကုန်သည်ကြီးများရဲ့ နေ့စဉ်ဝယ်ယူမှုကြောင့် ပျမ်းမျှအိတ် ၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အေးအေးခိုင်

Tuesday, 15 Feb 2011

နှစ်သစ်ကူးအချိန်ဖြစ်လို့ နယ်စပ် ပဲလွန်းဖြူ တင်ပို့မှုလျော့ကျ             မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် မှ ဖေဖော်ဝါရီလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၅၄ဝဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၆၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၁၄၃ တန်ကျော် တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ ၇၇ တန်လျော့နည်း တင်ပို့ ခဲ့ပါတယ်။နှစ်သစ်ကူးအချိန် ကာလဖြစ်တဲ့အတွက် ကုန်သွယ်မှုများ လျော့ ကျနေရခြင်းဖြစ်ပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးများကို ကြည့်တဲ့အခါနှစ်ဘက်စလုံးမှာ ပဲလွန်းဖြူ ဈေးကျနေတာတွေ့ရပါတယ်                        မိမိဘက် (ကျပ်/တန်)              တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)      ယခု        ယခင်       ပြောင်းလဲမှု    %        ယခု       ယခင်  ပြောင်းလဲမှု    %   ၈၇၅၄ဝဝ    ၉၁၄၅၁၆     ၃၉၁၁၆     ၄ .၅      ၁ဝဝ၉      ၁ဝ၆၈      ၅၉         ၆MIRT(DOBT)

Tuesday, 15 Feb 2011

ပဲလွန်းဖြူ ပုံမှန်တင်ပို့မှုရှိ ပဲလွန်းနီတင်ပို့မှု တက်လာ           ယခုသီတင်းပတ် (ဇန်နဝါရီလ ၃-၇ ရက်)အတွင်း ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တန်ချိန် ၁၇ဝ ခန့်တင်ပို့မှုရှိလို့ ယခင်သီတင်း ပတ် တွေလိုပဲ ပုံမှန်တင်ပို့နေပြီး ပဲလွန်းနီ ကတော့ ယခုတစ်ပတ်မှာ တန် ၇ဝ ကျော် တင်ပို့လာတာတွေ့ရပါတယ်။ ဈေးကွက်အသီးသီးကို ပဲလွန်းဖြူ၊ ပဲလွန်းနီတွေ လှိုင်လှိုင်ဝင်ရောက်နေပြီ ဖြစ် သလိုအရောင်းအဝယ်လည်း သွက် တယ်လို့ သိရပါတယ်။ အဝယ်လိုက် လာတာကြောင့် ရန်ကုန် FOB ဈေးမှာ လည်း ယခင်တစ်ပတ်ထက်ဈေး ပိုကာ ဖေဖော်ဝါရီလ ၁၁ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိမွန်ဘိုင်း ဈေးကွက်မှာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ ဝန်းကျင်မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT

Tuesday, 15 Feb 2011

မုံရွာပဲစင်းငုံ အဝယ်သွက်သလို သယ်ယူမှု မြင့်တက်           ဖေဖော်ဝါရီ ၁ဝ ရက်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ နယ်စုံက ပစ္စည်းဝင်ရောက်မှု များပြားလာခဲ့ပြီး၊ ဝယ်လက်မျိုးစုံအဝယ်သွက်ခဲ့ကာ သယ်ယူစီးဆင်းမှုလည်း မြင့်တက်ခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ်ဈေးကွက်မှာ တော့ ပဲစင်းငုံနီအဟောင်းတစ်တင်း အနိမ့်ဆုံး ၁၉ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂ဝဝဝဝ ကျပ်၊ ပဲစင်းငုံနီအသစ်တစ်တင်း အနိမ့်ဆုံး ၂၂၂ဝဝ ကျပ်မှ အမြင့်ဆုံး ၂၂၈ဝဝ ကျပ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ အဟောင်းတစ်တင်း ၁၉၅ဝဝ ကျပ်နဲ့ အသစ်တစ်တင်း ၂၂၃ဝဝ ကျပ် အရောင်းအဝယ် သွက်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ရန်ကုန်အဝယ်အော်ဒါ အနည်းငယ်သွက်ခဲ့ကာ ဒေသခံ ကုန်သည်တွေ ဝယ်ယူမှုသွက်ခဲ့လို့ တစ်ရက် တင်း ၇ဝဝဝ ဝန်းကျင် နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။             ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက်နေ့အထိ မုံရွာကုန်စည်ဒိုင်နယ်မြေ ကနေ ပဲစင်းငုံနီ စီးဆင်းမှုပမာဏ မြင့်တက်လာခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၁၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၂ဝဝဝ ခန့် စုစုပေါင်း တင်း ၁၇ဝဝဝ ထိ စီးဆင်းခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်

Tuesday, 15 Feb 2011

အရောင်းအဝယ်သွက်တဲ့ မန်းပဲစင်းငုံနီဈေးကွက်                   မန်းပဲစင်းငုံကို ရန်ကုန်ဝယ်လက်သမားတို့ ဝယ်အားကောင်းနေတာ ကြောင့် မန်းဈေးကွက်အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှတစ်ခု ဖြစ်ပါတယ်။ ယခင်အပတ်ဈေးနဲ့ ကွာဟမူသိပ်မရှိဘဲ ဒီတစ်ပတ်မှာလည်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေတာတွေ့ရပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီ တစ်ပိဿာ ၁၁ဝ၈ ကျပ်၊ (တစ်တန် ၆၇၈၅ဝဝ ကျပ်) ငုံဖြူတစ်ပိဿာ ၉ဝ၈ ကျပ်(တစ်တန် ၅၅၆ဝဝဝ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်နေကြပါတယ်။ ပဲစင်းငုံဈေးကွက်ရာသီဖြစ်တာကြောင့် ဈေးကွက်အတွင်း စီးဆင်းမှုရှိနေ သလောက် ရန်ကုန်ဝယ်လက်တို့ ဝယ်လားကောင်းနေတဲ့အတွက် ယခုအတိုင်းဆိုရင် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ကောင်းနေအုံးမယ်လို့ ကုန်သည်တို့က ခန့်မှန်း ကြပါတယ်။ ကျော်ကျော်မိုး

Tuesday, 15 Feb 2011

အဝင်သွက်အရောင်းသွက် ပြည်ပဲစင်းငုံဈေးကွက်             ပြည်ဈေးကွက်သို့ ယခုတစ်ပတ်တွင်လည်း ပဲစင်းငုံများ အဝင်များလာ ပါတယ်။ မကွေးနဲ့ အောင်လံမြို့နယ်များအပြင် အခြားမြို့နယ်များမှာလည်း အဝင် များကြောင်းသိရပါတယ်။ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းနဲ့ ဆီဆုံကုန်းမှလည်း အဝင်ရှိတယ်လို့သိရပါတယ်။ ပြည်ဈေးကွက်သို့ နေ့စဉ် အိတ် ၇ဝဝ- ၈ဝဝ ခန့် အဝင်ရှိပြီး၊ လှောင်လက်သမားများနဲ့ အိတ်စ်ပို့တာများမှ အဝယ်များ နေတာကြောင့် အရောင်းသွက်နေကြောင်း သိရပါတယ်။ ဈေးနှုန်းအနေ ဖြင့် ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၂၅ဝဝ ကျပ်ဖြင့် အရောင်းသွက် ခဲ့သလို ယခုတစ်ပတ်မှာလည်း တစ်တင်းကို ၂၂၇ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် အနည်း ငယ် ဈေးမြင့်ကာ ဆက်လက် အရောင်းသွက်နေကြောင်းသိရပါတယ်။                              ဆုမွန်မွန်ဆွေ

Tuesday, 15 Feb 2011

  အိန္ဒိယပဲစင်းငုံ တစ်လအတွင်း တစ်တန်ကန်ဒေါ်လာ ၁ဝဝ ကျော်မြင့်လာ                 အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေ ဝင်ရောက်မှုရှိပေမဲ့ တစ်လ အတွင်းမှာတော့ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်မြင့်လာတာတွေ့ရ ပါတယ်။ ပဲအသစ်တွေဝင်ရောက်မှု တိုးတက်ပေမဲ့ အချို့ဒေသပဲများက အရည် အသွေး နိမ့်တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းလို့ ဈေးကျ သွားရင် တောင်သူတွေက ကျဈေးနဲ့မရောင်းကြတာကလည်း ဈေးကွက်ကို အထောက်အပံ့ဖြစ်စေပါတယ်။ ပဲအသစ်တွေဝင်ရောက်တဲ့ ကာလဖြစ်လို့ ဒီကာလ တွေမှာတော့ ဈေးပိုမတက်နိုင်ဘူးလို့ ဈေးကွက်ကခန့်မှန်းကြောင်း သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F ဈေးများ ကာလတူနှိုင်းယှဉ် ဖော်ပြလိုက် ပါတယ်- ဒေါ်လာ/တန်                           မွန်ဘိုင်းဈေးကွက်                 မွန်ဘိုင်း(C & F)၁ဝ-၂-၁၁                  ၈၃၆-၈၃၈                         ၉၄ဝ-၉၅ဝ၁ဝ-၁-၁၁                      ၇၂၁                               ၇၇ဝ                                                                                      MIRT(MAPT)

Pages