Background
မိုးကောင်းဒေသမှာ စိုက်ပျိုးတော့မည့် ဗွီတူးကုလားပဲ မိုးကောင်းမြို့နယ်အတွင်း ပဲစိုက်ပိုျးမှုများရှိပေမဲ့ ကုလားပဲစိုက်ပျိုးမှုမှာ အလွန် နည်းပါးကြောင်း တွေ့ရပါတယ်။ ကုလားပဲသီးနံှဟာ အောင်မြင်ဖြစ်ထွန်း ပါက တောင်သူအတွက် အကျိုးအမြတ်များတာကြောင့် ယခုနှစ်မှာတော့ ရေရှင်၊ နမ္မတီး၊ လံှလော၊ ပြွန်သုံးလုံးကျေးရွာဒေသတစ်ဝိုက်က မိုးစပါးများ ရိတ်သိမ်းပြီး အစိုဓါတ်ရှိတဲ့ လယ်မြေများမှာ ထွန်တစ်ကြောင်းဆွဲမျိုးစေ့ချစနစ်နဲ့ ဗွီတူးကုလားပဲကို ဧက ၇ဝ ခန့် စိုက်ပျိုးသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မျိုး၊ ပိုးသတ်ဆေး၊ သွင်းအားစုများမှန်ကန်စွာအသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာမှ နည်းပညာပေးခြင်း လုပ်ငန်းများ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရပါတယ်။ ကိုကိုစိုး
ဈေးမြင့်လို့အဝယ်အေးလာတဲ့ မုံရွာကုလားပဲ နိုဝင်ဘာလ ၁ဝ ရက်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဈေးဆက်လက်မာနေတဲ့အတွက် အဝယ်အနည်းငယ်အေးသွားခဲ့ကြောင်း သိရပါ တယ်။ အခုရက်ပတ်ထဲမှာ ကုလားပဲရိုးရိုးဈေးမဖွင့်ခဲ့ပေမဲ့ ကုလားပဲတိုင်ပေ တစ်တင်း ၂၄၈ဝဝ ကျပ်၊ ကုလားပဲ ဗွီတူး တစ်တင်း ၂၅၅ဝဝ ကျပ်နဲ့ ၉၂၉ ကုလားပဲတစ်တင်း ၂၅၈ဝဝ ကျပ်အသီးသီးတက်ဈေး ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုအခါ မုံရွာ နယ်ဝန်းကျင်က ဆောင်းသီးနံှစိုက်မဲ့ သူတွေမျိုးအတွက် အဝယ်လိုက်ခဲ့ပြီး အထွက် နှုန်းကောင်း ဈေးပိုရတဲ့၊ ၉၂၉ ကုလားပဲတွေ စိုက်ပျိုးဖို့ အဝယ်များတယ်လို့ ပွဲရုံ ရပ်ကွက်က ကြားသိရပါတယ်။ ယခုရက်ပတ်အတွင်း မန္တလေးအဝယ်အေးခဲ့ကာ မုံရွာကုန်စည်ဒိုင်နယ်မြေမှ တင်း၂ဝဝဝ နီးပါးသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ထွန်းလှိုင်
ပြည်ဈေးကွက် ဈေးမာ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရဲ့ ဆောင်းပဲတီစိမ်းကို ယခုနှစ်မှာ ဧက ၂၃ဝဝဝ ကျော်စိုက်ပျိုးဖို့ လျာထားပြီး ယခုနိုဝင်ဘာလဆန်းပိုင်းအထိ ဧက ၁ဝဝဝဝ ကျော် စိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းကတော့ ယခင် အပတ်က တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေး ရှိခဲ့ပြီး ယခုနိုဝင်ဘာ ဒုတိယပတ်အတွင်း တစ်တင်းကို ၂၇၅ဝဝ ကျပ်ထိ ဈေးမြင့် တက်လာခဲ့ပါတယ်။ ပြည်ဈေးကွက်ကို မကွေးတိုင်းဒေသကြီးဖက်မှ အဝင်ရှိသလို ပြည်မြို့အနောက်ဖက်ကမ်း မြို့နယ် များမှလည်း နေ့စဉ်အဝင်ရှိခဲ့တာကြောင့် တစ်ရက်ကို အိတ် ၃ဝဝ ကျော် ဝင်ရောက်မှု ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးသို့ ယခုတစ်ပတ် အတွင်း အိတ် ၂ဝဝ ခန့် တင်ပို့မှုရှိခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
မန္တလေးအဆွဲလျော့လို့ မုံရွာပဲတီစိမ်း ဈေးငြိမ် မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ၁ဝ ရက်ပတ် ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ နယ်အဝင်ပုံမှန်ရှိခဲ့ကာ မန္တလေး အဆွဲအနည်းငယ် အေးပြီး ဈေးလည်းငြိမ်နေတာတွေ့ရပါတယ်။ ယခုရက်ပတ်အတွင်း ပဲတီစိမ်းအကြီး တစ်တင်းအောက်စ ၂၁ဝဝဝ ကျပ်၊ ထိပ်စ ၂၇ဝဝဝ ကျပ်နဲ့ တစ်ရက်အိတ် ၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ မန္တလေး ဈေးကွက်ကို တင်ပို့မှုအနေနဲ့ ယခင်အပတ်ကထက် တင်း ၁ဝဝ ခန့် လျော့နည်းသွားခဲ့ပြီး ယခုလ ၁ဝ ရက်ပတ်အတွင်း တင်း ၂ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အောက်တိုဘာလဝက်နဲ့ နိုဝင်ဘာလဝက် အိန္ဒိယပဲတီစိမ်းဈေးပိုလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အောက်တိုဘာလဝက်နဲ့ နိုဝင်ဘာလဝက် ပဲတီစိမ်းဈေးမြင့်တက်ခဲ့ပြီး ပဲတီရွှေဝါ ဈေးကတော့ လျော့ကျလာတာတွေ့ရပါတယ်။ မွန်ဘိုင်းဈေးကွက်မှာ ပဲတီစိမ်း၊ ပဲတီရွှေဝါကို အောက်တိုဘာလကုန်ပိုင်းမှစပြီး အရောင်းအဝယ်မဖြစ်၊ ဈေးမရှိတာတွေ့ရပါတယ်။ကျန်ဈေးကွက်တွေမှာတော့ ပဲတီစိမ်းအသစ် အဝင်နည်းလာတာရယ်၊ ဝယ်လို အား ကောင်းလာတာရယ်ကြောင့် ဈေးပိုလာခြင်း ဖြစ်ပါတယ်။ ချန်နိုင်းနဲ့ ဒေလီဈေးကွက်မှာ ကာလတူဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ချန်နိုင်း (ပဲတီရွှေဝါ) ဒေလီ (ပဲတီစိမ်း)၁၁-၁၁-၁ဝ ၉၉၄ ၁ဝ၈၅၁၁-၁ဝ-၁ဝ ၁ဝ၆၁ ၁ဝ၁၆ MIRT(MAPT)
ပြည်တွင်းလက်ကျန်နည်းလို့ ပဲတီစိမ်းတင်ပို့မှုလျော့ နိုဝင်ဘာလဆန်း ၃ ရက်မှ ၉ ရက်ထိကာလအတွင်း ပဲတီစိမ်း ၈၃၉ တန်နီးပါးနဲ့ ပဲတီစိမ်းလုံးခြမ်း ၂၇၅ တန် စုစုပေါင်း ကန်ဒေါ်လာ ၁ ဒသမ ၁၃၆ သန်းဖိုးယခုအပတ်မှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း တန်ချိန် ၁၈၄၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၁ဝဝဝ ကျော်တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။ ပြည်တွင်းလက်ကျန်နည်းနေပြီး ဖြစ်တဲ့အတွက် ပဲတီစိမ်း တင်ပို့မှုလျော့ကျခဲ့တာလို့ မူဆယ်နယ်စပ် ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ပဲတီစိမ်းများကို မူဆယ်နယ်စပ်ကနေ တင်ပို့နေတာဖြစ်ပါတယ်။ မူဆယ်မှ ပဲတီစိမ်းလုံးခြမ်း တင်ပို့မှုကတော့ ယခင်အပတ်အတိုင်းပြောင်းလဲမှုမရှိပါဘူး၊ ယခင်အပတ်က စစ်တွေနယ်စပ်ကတင်ပို့နိုင်ပေမဲ့ ယခုအပတ်မှာတော့ တင်ပို့နိုင်ခြင်း မရှိတာတွေ့ရပါတယ်။ပဲတီစိမ်းမိမိဘက်မြေပြင်ပေါက်ဈေးဟာ ယခင်အပတ်ကထက် ကျပ် ၂၃၉ဝဝ ကျော်၊ တစ်ဖက်နိုင်ငံဈေးမှာ ဒေါ်လာ ၈၄၃ ဒေါ်လာမြင့်တက်လျက်ရှိတယ်လို့လည်း ကုန်စည်ဒိုင် ဈေးနှုန်းကြေညာလွှာအရ သိရှိရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် နှစ်နိုင်ငံနယ်စပ်ရှိ ပဲတီစိမ်းမြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၈၆ဝ၂၇ ၁ဝ၆၂၁၁ဝ ၂၃၉၁၇ ၂ ၂ဝ၁ဝ ၁၁၆၇ ၈၃၄ ၄ MIRT (DOBT)
ပြည်တွင်းလက်ကျန်နည်းချိန် နယ်စပ်ဈေးကောင်း၍ ပင်လယ်ရေကြောင်း အပို့လျော့ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၃ဝဝဝ ခန့် ရှိခဲ့ပေမဲ့ ယခုတစ်ပတ် (နိုဝင်ဘာလ ၄ ရက်မှ ၁ဝ ရက်) မှာတော့ တန် ၂ဝဝဝ အောက်ကို လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ပဲတီစိမ်းကို အခြားနိုင်ငံတွေက ဝယ်လိုအား ရှိနေပေမဲ့ တရုတ်ဘက်က ဈေးမြင့်ပေးဝယ်ယူမှုကြောင့် နယ်စပ်ဝယ်လိုအား များနေတာကြောင့် ပင်လယ် ရေကြောင်းက တင်ပို့မှုလျော့ကျနေတာဖြစ်ပါတယ်။ တရုတ်ဝယ်လက်ကတော့ အရည်အသွေးပေါ်မူတည်ပြီး၊ အဆွဲရှိနေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် FOB ဈေးကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲတီစိမ်း (အညာ) ပဲတီစိမ်း (ပခုက္ကူ) ပဲတီရွှေဝါ၁၁-၁၁-၁ဝ ၉၅ဝ-၉၆ဝ ၉၇ဝ-၉၈ဝ ၁၂၅ဝ-၁၂၆ဝ၁၁-၁ဝ-၁ဝ ၉၃ဝ-၉၄ဝ ၉၇ဝ-၉၈ဝ ၁၂ဝဝ-၁၂၂ဝ MIRT(MAPT)
အိန္ဒိယ MMTC မှ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ MMTC ကုမ္ပဏီဟာ ဒီဇင်ဘာလအတွင်း ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ နိုဝင်ဘာလ ၉ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်သွင်းမယ့် ပဲများကတော့ သြစတြေးလျ ကုလားပဲတန်ချိန် ၃ဝဝဝ၊ မြန်မာမတ်ပဲတန်ချိန် ၆ဝဝဝ နဲ့ ပဲစင်းငုံ တန်ချိန် ၃ဝဝဝ ဖြစ်ပြီး ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ တင်ဒါနောက်ဆုံးရက်မှာ နိုဝင်ဘာလ ၁၈ ရက်ဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSources: Ticker News
ပြည်မှာလည်း ဈေးလှုပ် ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဆောင်းသီးနံှမတ်ပဲရဲ့ လျာထားဧက ၅ သိန်း ၁ သောင်းကျော် ရှိခဲ့ပြီး လက်ပံတန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ်တွေရဲ့ စပါးရိတ်ပြီးတဲ့လယ်မြေတွေမှာဧက ၈ဝဝဝ ခန့် စိုက်ပျိုးပြီးပြီးလို့ သိရပါတယ်။ ပြည်မြို့မှာ မတ်ပဲမျိုး တစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ မြို့တွင်း ပဲရောင်းဝယ်သူ တွေကတော့ ယခင်တစ်ပတ်ကထက် ဈေးမြင့်လာပြီး ပဲတစ်တင်းကို ၂၅၅ဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်နဲ့ ဈေးပြန်လှုပ်လာ တာကိုတွေ့ရပါတယ်။ တစ်နေ့ကို တစ်တင်းခွဲအိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တိုင်းတွင်းအခြားမြို့နယ်များမှ ရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၁၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ တစ်ချို့ရက်တွေမှာတော့ မကွေးမြို့သို့လည်း မတ်ပဲအိတ် ၄ဝဝ ခန့် တင်ပို့တယ်လို့သိရပါတယ်။ မိမိအေး
ဟင်္သာတမတ်ပဲ ဈေးလှုပ် ဟင်္သာတရဲ့ မတ်ပဲဈေးကွက်ကတော့ အနည်းငယ်မြင့်တက်လာပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၄၆ဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ် မတ်ပဲဈေးမှာ ၂၆၂ဝဝ ကျပ်ဈေးသို့ မြင့်တက်လာခဲ့ပါတယ်။ ပဲအရောင်းအဝယ်ဖြစ်မှုအနေနဲ့ ရန်ကုန်ဝယ်လက်လည်း ပုံမှန်ရှိနေပြီး နေ့စဉ်ဖြစ်ပေါ် နေသောဈေးများဖြင့် ဘုရင့်နောင် ဈေးကွက်သို့ ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်