Background
အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၃၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၀ဝ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခဲ့သည်။
ယခုတစ်ပတ် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမဝ၅၅ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန်၁၅၄၀တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့်တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၄၉၀ ကျော်နှင့် ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၅ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ နည်းလမ်း နှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစုပေါင်းတန်ချိန် ၁၇၄၀ တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈၆ သန်းရရှိခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံတွင် ဆားငန်ဒဏ် ခံနိုင်ရည် ရှိသည့် ရေငန်စပါးကို စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းနေပြီဖြစ် သည်။ အဆိုပါ စပါးစိုက်ပျိုးမှုမှာ သုံးနှစ်အတွင်း အထွက်နှုန်း နှစ်ဆတိုးလာခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။တရုတ်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေး အတွက် ကြိုးပမ်းနေချိန်တွင် မရှိမဖြစ်လိုအပ်သော ဆန်စပါးအတွက် ဆားငန်ဒဏ် ခံနိုင်ရည်ရှိသည့် ဆန်ထုတ်လုပ်မှုတွင် တရုတ်စိုက်ပျိုးရေး ပညာရှင် များသည် နောက်ထပ် စံချိန်တစ်ခု ရရှိခဲ့ခြင်းဖြစ် သည်။ စမ်းသပ်မှု အောင်မြင်လာခဲ့ခြင်းကြောင့် လာမည့် ရှစ်နှစ်မှ ၁၀ နှစ်အတွင်း ဆားငန်ဒဏ်ခံ စပါး ဟက်တာ ခုနစ်သန်းနီးပါး စိုက်ပျို
ယခုနှစ် စက်တင်ဘာ ၈ ရက်တွင် အိန္ဒိယက ဆန်ကွဲတင်ပို့မှု တားမြစ်ခဲ့ပြီး စက်တင် ဘာ ၁၅ ရက်မှ စတင်၍ ဆန်ဖြူတင်ပို့မှုအပေါ် အခွန် ၂၀ ရာခိုင်နှုန်းတိုး၍ ကောက်ခံခဲ့သည်။ အဆိုပါ တားမြစ်မှု များအား စက်တင်ဘာ ၃၀ ရက်အထိသက်တမ်းတိုးပေးခဲ့ပြီး ယခုအခါ အောက်တိုဘာ ၁၅ ရက်တိုင်အောင်ရွှေ့ဆိုင်းထားသဖြင့် လတ်တလောကမ္ဘာ့ဆန်ဈေးကျဆင်းနေသည်ဟုသိရသည်။အိန္ဒိယနိုင်ငံ၏တားမြစ်ချက်အသက်ဝင်ပြီးနောက်ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများအပါအဝင် ဆန်တင်ပို့သည့်နိုင်ငံများအားလုံးရှိ ကမ္ဘာ့ဆန်ဈေးကွက်မှာ အလွန်လှုပ်ခတ်ခဲ့သည်။သို့သော်လည်း အိန္ဒိယအစိုးရ၏ပို့ကုန်စည်းမျဉ်းများ ဖြေလျှော့ပေးမှု နှင့်အတူယခုအချိန်တွင်
မကွေးတိုင်းဒေသကြီးတွင် နှမ်းစိုက်တောင်သူများ ဈေးကောင်းရနေမကွေးတိုင်းဒေသကြီးမှ နှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချရာ ရန်ကုန်နှင့် မန္တလေးတို့မှ ပို့ကုန်သမားများ လာရောက်ဝယ်ယူကြ၍ G.A.P နှမ်းစိုက်တောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့နှင့် တောင်သူအစုအဖွဲ့များ ပူးပေါင်းဆောင် ရွက်သော နှမ်းသီးနှံ စုပေါင်းရောင်းချပွဲကို သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ရောင်းချရာ နှမ်းမျိုးစုံ တန်ချိန် ၁၂၆၈ တန်ကျော် စုပေါင်းရောင်းချကြောင်း၊ ထိုသို့ နှမ်းသီးနှံစုပေါင်း ရောင်းချပွဲသို့ ရန်ကုန်နှင့် မန္တလေးတို့မှ နှမ်းပို့ကုန်သမားများ လာရေ
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်တွင် မိုးစပါး အများဆုံးစိုက်ပျိုးပြီး စိုက်ဧကမှာ ၇၄၆၄၂ဧက၊ ရွှေတောင်မြို့နယ် တွင် ဒုတိယအများဆုံးစိုက်ပျိုးပြီး စိုက်ဧကမှာ ၅၈၁၅၆ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၇ ဧက၊ ပန်းတောင်း မြို့နယ် တွင် ၄၆၉၃၁ ဧက စိုက်ပျိုးပြီး ပြည်ခရိုင်အနေဖြင့် စုစုပေါင်း ၂၂၆၄၈၆ ဧက စိုက်ပျိုးသည်။မိုးစပါးအသစ်များမှာ သဲကုန်း၊ ပေါင်းတည်၊ ပြည်မြို့နယ် များမှာ စတင်ထွက်ပေါ်နေပြီး သဲကုန်မြို့နယ်တွင် ယခင်စပါးဈေး မှာ ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၉၂၀ဝ၀ဝ ၊ ပေါက်ခေါင်းမြို့နယ် တွင် ကျပ် ၉၀ဝ၀ဝ၀၊ ပြည်မြို့နယ်တွင် ကျပ် ၁၀ဝ၀ဝ၀ဝ ဈေးဖြင့် ဝယ်ယူရောင်းချနေပြီး ဆန်သစ် တစ်အိတ်လျှင် ကျပ် ၄၅၀ဝ၀ ဖြင့်
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံသည့် ကုန်ထုတ်လုပ်မှုမှ စီးပွားရေးဖွံ့ဖြိုး တိုးတက် စေရန် ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင်လည်း ဆယ်စုနှစ်အတွင်း စုစုပေါင်း ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၈) ဘီလီယံတွင် လယ်ယာထွက်ကုန်ပစ္စည်းများ၏ တင်ပို့နိုင်မှုသည်အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံ ပါဝင်ပြီး ပဲမျိုးစုံသည်အမေရိကန်ဒေါ်လာ (၁၁)ဘီလီယံဖြင့် အဓိကလယ်ယာထွက်ကုန် အဖြစ် တင်ပို့လျှက်ရှိပါသည်။
ရေနံချောင်း၊အောက်တိုဘာ(၄)။
မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်သည်ကြက်သွန်နီကိုဥပျံစိုက်ကြက်သွန်နီခေါ်ကိုင်းမြေမြေနုစိုက်နှင့်ပျိူးပင်စိုက်ကြက်သွန်နီခေါ်ချောင်းကြက်သွန်နီတို့ကိုထိကစိုက်ပျိူးကြသည်။
ဥပျံစိုက်ကြက်နီကိုနိုဝင်ဘာလ၊ဒီဇင်ဘာလတွင်ကိုင်းမြေနှင့်ချောင်းမြေနုများ၌စိုက်ပျိူးကြကြောင်းယခုနှစ်ဆောင်းရာသီ၌မိုးရေကိုအထိကထားပြီးယာမြေများမှာပဲအမျိူးမျိူးအားထားစိုက်ခဲ့သည့်တောင်သူအချိူ့ပင်မြေအောက်အဝီစိတွင်းတူး၍ရေယူကာကြက်သွန်နီကိုဆောင်းရာသီ၌စမ်းသပ်၍စိုက်လာကြကြောင်းဝင်ငွေရကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးမကွေးခရိုင်ရေနံချောင်းမြို့နယ်၌ဆောင်းသီးနှံ၁၇၄၂ဧကလျာထားစိုက်ပျိူးသွားမည်ဖြစ်ကြောင်းရေနံချောင်းမြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှသိရသည်။
ယခုနှစ်မိုးရာသီသီးနှံမြေပဲ၅၃၀၈၈ဧကလျာထားစိုက်ပျိူးမည့်အပြင်ဆောင်းသီးနှံမြေပဲ၁၇၄၂ဧကကိုလျာထားစိုက်ပျိူးမည်ဖြစ်ပြီး၁၇၄၂ဧက၏ထွက်နှုံးမှာတင်း၅၀ဒသမ၅၀လျာထားပြီးစုစုပေါင်းထွက်နှုံးလျာထားချက်တင်း၈၇၃၉၇၁၊ဖြစ်ကြောင်းရေနံချောင်း ချောက်မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန၏ဆောင်းသီးနှံလျာထားချက်အရသိရသည်။
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ရေနံချောင်းမြို့နယ်နှင့်မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်ထွက်သြဇာသီးများလှိုင်လှိုင်ပေါ်နေပြီးအရောင်းအဝယ်လိုက်နေ ကြောင်းသစ်သီးဝလံဈေးကွက်မှသိရသည်။
"သြဂုတ်လနောက်ဆုံးရက်သတ္တပတ်ကစတင်ပြီးသြဇာသီးတွေအသစ်ပေါ်နေပြီး ရာသီစာအဖြစ်ရောင်းကြသည်။ သြဇာသီးကို ထုတ်ပိုးရာတွင်လည်း အဆင်ပြေသလို သြဇာသီးကို ဝါးနှီးတောင်း များတွင်အသီး၏ အနေအထား ပေါ်မူတည်ပြီးနှီးတောင်းတစ်လုံးလျင်သြဇာသီးလေးဆယ်ကနေငါးဆယ်ဝန်းကျင်ထည့်ပါသည်"ဟုနတ်မောက်မြို့နယ်မှသြဇာသီးတင်ပို့ရောင်းချသူအမျိူးသမီးတစ်ဦးကပြောသည်။