Main menu

Background

Thursday, 30 Mar 2023

မြဝတီကုန်သွယ်ရေးဇုန်မှ ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၂၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၀၂ သန်း ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၃၀ ဒသမ ၃၂၈ သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၉၄ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၄၉ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၄၃ သန်း ပိုမိုခဲ့ကြောင်း သိရသည်။ 

Tuesday, 28 Mar 2023

ပြောင်း
မတ်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၅၂၁၀ဝ တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၆၁၀သန်း ရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၅၁၈၀ဝ ခန့်၊ ဖိလစ်ပိုင် နိုင်ငံသို့ ပြောင်း ၁၇၅ တန်နှင့် တရုတ်နိုင်ငံသို့ ပြောင်း ၁၂၅ တန် တင်ပို့ခဲ့သည်။

Thursday, 16 Mar 2023

ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅၃၇ သန်း၊  သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၉ သန်းနှင့်  ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၉ ဒသမ ၉၇၆ သန်း  ဆောင်ရွက်နိုင်ခဲ့သည်။ ကာလတူလုပ်ငန်း ဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ဝ၂ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၁၇ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၀၃ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ ပို့ကုန်ပိုင်းတွင် လျော့နည်းရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် သီဟိုဠ်စေ့ တင်ပို့မှု လျေ

Wednesday, 15 Mar 2023

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့ရှိ မြိတ်ကုန်သွယ်ရေး စခန်းမှ ဒေသထွက် ကုန်ပစ္စည်းများအား တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ရေလမ်းကြောင်းဖြင့် မြိတ်၊ ကော့သောင်းမှတစ်ဆင့် ရနောင်းမြို့သို့လည်းကောင်း၊ ကုန်းလမ်းကြောင်းဖြင့် တနင်္သာရီ မောတောင်မှတစ်ဆင့် ပရာကျွတ်ကရီခမ်သို့ လည်းကောင်း ပို့ကုန်သွင်းကုန်များအား အပြန်အလှန် ကုန်သွယ်မှုဆောင်ရွက် လျက်ရှိသည်။

Friday, 3 Mar 2023

လာမည့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့   ထောပတ်ပဲ  တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၈၁ သန်းရရှိရန်  မျှော်မှန်းထား ကြောင်း   စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 
ပြည်တွင်းဈေးကွက်အတွင်း   ဈေးကောင်း ရရှိနေသည့် ထောပတ်ပဲကို   လာမည့်ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ တန်ချိန် ၂၉၀ဝ၀ ခန့်အထိ တင် ပို့သွားမည်ဖြစ်ပြီး    တစ်တန်လျှင်   အမေရိကန် ဒေါ်လာ ၈၉၀ ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၁ သန်းဖိုးရရှိရန်  မျှော်မှန်းထားခြင်း ဖြစ်သည်။

Friday, 3 Mar 2023

တာချီလိတ်  ကုန်သွယ်ရေးစခန်း (မယ်ယန်း) သည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ဖေဖော်ဝါရီ ၁၁ ရက် မှ ၁၇ ရက်ထိကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၂၁ သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁ဒသမ ၇၂၄ သန်း၊ ကုန်သွယ်မှုပမာဏ တန်ဖိုးအမေရိကန်ဒေါ်လာ ၃ ဒသမ ၁၄၅သန်း ဆောင်ရွက် နိုင်ခဲ့သည်။ 

Wednesday, 1 Mar 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်းရှိ ပုံစံအမျိုးမျိုးသော ရိုးရာလက်မှု လက်ဝတ်ရတနာများကို ပို့ကုန်အဖြစ် တင်ပို့သွားမည်ဖြစ် ကြောင်း  ဘင်္ဂလားဒေ့ရှ်  ကျောက်မျက်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့သည်ကို Dhaka Tribune  တွင် ဖေဖော်ဝါရီ ၁၁ ရက်က ရေး သားဖော်ပြထားသည်။ 
ဘင်္ဂလားဒေ့ရှ်  ကျောက်မျက်လုပ်ငန်းရှင်များအသင်းက စီစဉ် ကျင်းပသည့် သုံးရက်တာ ကျောက်မျက်ရတနာပြပွဲတွင် လက်ဝတ်ရတနာ အလုပ်ရုံအတွက်  စိန်ခေါ်မှုများနှင့် အလားအလာရှိသော ရှေ့ဆက်လှမ်း မည့်ခရီး ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ၌ ကျောက်မျက်ကျွမ်းကျင်ပညာ ရှင်များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Monday, 13 Feb 2023

ဇန်နဝါရီ ၁ ရက် မှ ၃၁ ရက်ထိကာလအတွင်း    မြဝတီကုန်သွယ်ရေးဇုန်မှ  ပို့ကုန်အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၃၀၁ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၂၄၂ သန်း  ကုန်သွယ်မှုပမာဏ  တန်ဖိုးအမေရိကန်ဒေါ်လာ ၁၅၁ ဒသမ၅၄၃သန်းဖြစ်၍ ကုန်သွယ်မှု လျာထားချက်အပေါ် ၇၀ ဒသမ ၁၆ ရာခိုင် နှုန်း ဆောင်ရွက်ခဲ့သည်။ ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်အမေရိကန်ဒေါ်လာ ၄၂ ဒသမ ဝ၁၅ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၂၂ သန်း  လျော့နည်းခဲ့သောကြောင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၆၆သမ ၇၃၇ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။ 

Monday, 13 Feb 2023

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏  ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွက်  ကုန်သွယ်မှုလျာထား ချက်မှာ ပို့ကုန်  ၃၅ ဒေါ်လာ သန်း၊ သွင်းကုန်  ၉ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၄၄ ဒေါ်လာ သန်းဖြစ်ပြီး   ပို့ကုန် ၂၇  ဒသမ၂၄၅  ဒေါ်လာသန်း၊ သွင်းကုန်၂၅ဒသမ၂၁၀ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ ၅၂ဒသမ ၄၅၅ ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၁၉ ဒသမ ၂၁၆ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။၂၀၂၂ ခုနှစ် ဇန်နဝါရီလ   ကာလတူနှင့်နှိုင်း ယှဉ်ပါက ပို့ကုန်ပိုင်းတွင်  ၁၂ ဒသမ ၅၉၆  ဒေါ်လာ သန်း ပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ၂၂ ဒသမ ၄၀၄ ဒေါ်လာသန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြ

Pages