Main menu

Background

Wednesday, 2 Sep 2015

သြဂုတ်လအတွင်း မိုးသည်ထန်စွာ ရွာသွန်းမှု ကြောင့် လမ်းတံတားများ ပျက်စီးခဲ့ပြီး ကုန်သွယ်မှု ပြတ်တောက်ခဲ့ရတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ် လမ်းများ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံ ယာဉ်လိုင်းများထံမှ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့မှ   ချင်းပြည်နယ် ရိဒ်ခေါဒါရ်သို့ ဟိုင်မွှာလ်ဂျစ်ကားငယ်များနဲ့ သယ်ယူပို့ဆောင်နေရ တာကြောင့် ကုန်စည်တင်ပို့ခဈေးနှုန်းများ မြင့်တက်ခဲ့ ကြောင်း ရိဒ်ခေါဒါရ်မြို့ရှိ ကုန်သည် များနဲ့ ယာဉ်လိုင်း များထံမှ သိရပါတယ်။ချင်းပြည်နယ်တွင်း မိုးရွာသွန်းမှု ကြောင့် ကားလမ်းများ မပျက်စီးမီက ရိဒ်ခေါဒါရ်သို့ တင်ပို့ရတဲ့ ကွမ်းသီးတစ်အိတ်ကုန်တင်ခနှုန်းသည် ကျပ် တစ်သောင်းခန့်သ

Wednesday, 2 Sep 2015

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ  ၁ ဒသမ ၉၉၈ သန်းဖိုးရှိတဲ့ ရေထွက်ကုန် ၈၆၄ တန်ကျော်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက် နေ့ထိ ကာလအတွင်းမှာ တရုတ်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့တဲ့ ရေထွက်ကုန်တွေကတော့ ကဏန်း ၃၃၈ တန်ခန့်၊ ငါးရှဉ့် ၂၄၅ တန်ကျော်၊ ရေခဲငါး ၉၆ တန်ကျော်၊ ငါးမှုန့် ၃၄ တန်၊ ငါးလေးခြောက် ၁၇ တန်၊ ငါးဆားနယ် ၂၆ တန်၊ ငါးစီဖောင်း တန်ဝက်ကျော်၊ ငါးကြင်းစီဖောင်း ၄ တန်ကျော်၊ ရေခဲ ပုစွန် ၂၉ တန်ကျော်နဲ့ငါးဟောက်အရှင် ၄ တန်ကျော် ဖြစ်ပါတယ်။ မူဆယ်မှ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၃၄ တန် ခန့် ပိုမိုတင်ပို့နိုင်ခ

Thursday, 27 Aug 2015

       ပို့ကုန်အမယ်သစ် ဖြစ်လာမယ့် ကြယ်ပဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ကျေးရွာတော်တော်များများမှာ တောင်သူများစမ်းသပ်စိုက်ပျိုးနေတာကြောင် လားရှိုးမြို့နဲ့ ၁၆ မိုင်အကွာ နမ့်တွန်းကျေးရွာအုပ်စု၊ ဟော င်း လိမ်ကျေးရွာတို့ရှိ တောင်သူဦးထန်အောင်ရဲ့ အော်ဂဲနစ်စိုက်ခင်း ကိုလေ့လာရာ စိုက်ပျိုးသူအနေဖြင့် ခြောက်ဧကခန့် စိုက်ပျိုးထားပြီး နာနတ်၊ နှစ်ရှည်ပင်၊ သစ်မွှေးနဲ့ နံ့သာ နီပင်တွေပါ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါတယ်။ ကြယ်ပဲ ကို တောင်သူများ တိုးချဲ့ စိုက်ပျိုးနေတာကြောင့် စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေနဲ့ စီးပွားရေးအကျိုးအမြတ်ရှိနိုင်မယ့် အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်

Thursday, 27 Aug 2015

       မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း ကန်ဒေါ်လာ ၄၁၇၅၉ တန်ဖိုးရှိ ဖရဲသီး ၃၈၃ တန်တင်ပို့ခဲ့ရာ ဇူလိုင်လအတွင်းက တင်ပို့ခဲ့တဲ့ ဖရဲသီးတန်ချိန်  ၂၄၉ တန်ထ က် ပိုမိုတင် ပို့ခဲ့တာကို တွေ့ရပါတယ်။ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်က လွဲပြီး ဖရဲ၊ သခွားကို နိုင်ငံတစ်ဝန်း စိုက်ပျိုးကြပြီး စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးတို့တွင် စိုက်ဧက အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ  ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့မှ သိရပါတယ်။ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်သို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဖရဲလာရောက်ရောင်းချတဲ့ ကားစီးရေ တစ်ရက်လျှင် အ

Thursday, 27 Aug 2015

       သြဂုတ် ၁၅ ရက် ၂၃း၂၀ ချိန်ခန့်မှာ ယာဉ်အမှတ် တပ်ဆင်ထားခြင်းမရှိသလို တရားဝင် စာရွက်စာတမ်းလည်း တင်ပြနိုင်ခြင်းမရှိတဲ့ ယာဉ်မှတ်ပုံတင်မထားတဲ့ Nissan LIDX UD   တစ်စီး၊ Concrete Mixer Truck   နှစ်စီး၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၈၀၀ စီ ၊ စုစုပေါင်း ကျပ်သိန်း ၁၆၀၀ တန်ဖိုးကို နောင်ချို Asia World  ယာယီအခြေပြု  Mobile Teamအဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

MIRT

Thursday, 27 Aug 2015

       မန္တလေးမှ လားရှိုးဘက်သို့ မောင်းနှင်လာတဲ့ မီးရထားပေါ်မှာ ဆိတ်များသယ်ဆောင်လာတယ်လို့ သတင်းရရှိတဲ့အတွက် နောင်ချို ယာယီအခြေစိုက် Mobile Team အဖွဲ့သည် နောင်ချိုဘူတာမှာ သွားရောက်စောင့်ဆိုင်းခဲ့ပါ တယ်။ သြဂုတ်လ ၁၂ ရက်နေ့ ၁၁း၀၀ နာရီချိန် နောင်ချိုဘူတာကို ဆိုက်ရောက်လာတဲ့ မန္တလေး-လားရှိုး ၁၃၁ Up ရထားပေါ်မှာ ဆိတ်ကောင် ရေ ၁၇၀ အား တန်ဆာလုပ်သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရပါတယ်။ မန္တေ လးမြို့ဟောင်းဘူတာမှ သီပေါမြို့ထိ တန်ဆာခပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စာရွက်စာတမ်းများ တောင်းခံစိစစ်ရာမှာ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနရဲ့ ဖေဖော်ဝါရီလ ၂ ရက်နဲ့ မေလ ၁၂ ရက် ရက်စွဲပါကုသေ ရးဦးစီးဌာနရဲ့ တိရစ္ဆာန်ကျ

Thursday, 27 Aug 2015

      သြဂုတ်လ ၁၄ ရက် ဝရး၅၀ ချိန် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီးယာဉ်အား နောင်ချို ယာယီအခြေပြု Mobile Team အဖွဲ့က ရပ်တန့်စစ်ဆေးစဉ် ပြောင်းဖူးစေ့အိတ် များဖုံးအုပ်သိုဝှက် တင်ဆောင်လာ တဲ့ တမလန်းသစ်များကို စစ်ဆေးတွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်ခေါင်းခန်းကို စစ်ဆေးရာမှာ မြန်မာကျပ်ငွေ သိန်းနှစ်ဆယ့်ရှစ်သောင်းခြောက်ထောင် ကျပ်ကို ထပ်မံတွေ့ရှိရတယ်လို့သတင်းရရှိပါတယ်။

Thursday, 27 Aug 2015

       စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၏ တမူး-ကလေးကားလမ်းပိုင်းသည် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ကာ ချောင်းရေစီးကြမ်းမှုကြောင့် တံတား ၄ စင်းဖြစ်တဲ့ တွီဗန်တံတား၊ ကမ္မကြီးတံတား၊ ကနန်တံတား၊ ခမ်းပတ်တံတားများမှာ ပျက်ဆီးချို့ယွင်းမှုများဖြစ်ပေါ် ပြီး ယာဉ်များသွားလာနိုင်ခြင်းမရှိတဲ့အတွက် ကုန်သွယ်မှုရပ်တန့်သွားတယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေးမှ သိရပါတယ်။ ကုန်သွယ်မှုရပ်တန့်မှုကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ရှိ နန့်ဖာလုံဈေးကိုလည်း နှစ်ပတ်ကျော်သည်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း၊ နန့်ဖာလုံဈေးသူဈေးသားများထံမှ စုံစမ်းသိရှိရပါတယ်။ ပြည်တွင်းမှ ပုံမှန်တင်သွင်းလေ့ရှိတဲ့ အစား

Thursday, 27 Aug 2015

      ရေဘေးကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ်ပေါ်မှ အကောက်ခွန်မဲ့တင်ဆောင်လာသော ကားအလှဆင်ပစ္စည်းများကို Mobile Team အဖွဲ့က  စစ်ဆေးတွေ့ရှိခဲ့တဲ့သတင်းကို ဖတ်လိုက်ရတော့ ဖြူစင်တဲ့ ကု သိုလ်အမှုပြုလုပ်တာကို ဘာကြောင့် တရားမဝင်လို့ဘဲပြောပြော မှောင်ခိုလုပ်တယ်ပဲဆိုဆို အနက်ရောင်မဆိုးသင့်ဘူး၊ အဖြူကို အနက်မဆိုးသင့် ပါလို့ တီးတိုးရေရွတ်မိလိုက်ပါတယ်။

Thursday, 13 Aug 2015

     မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်ရေး စခန်း ၁၅ ခုရှိတဲ့အနက် ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလ (ဧပြီ၊ မေ၊ ဇွန်) အတွင်းမှာ ကုန်သွယ်မှုလျာထားချက်အပေါ် အများဆုံးဆောင်ရွက်နိုင်တဲ့ အ ဆင့် (၁)ရရှိပြီး ရာနှုန်းပြည့်ထက် ကျော်လွန်အောင်ဆောင်ရွက်နိုင်သော စခန်းများအလိုက် ထိပ်ဆုံးမှာရှိတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။ ယခုကဲ့သို့ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းဟာ ကုန်သည်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကုန်သည်အသင်း၊ ဌာနဆိုင်ရာတို့ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်နိုင်မှုကြောင့်ဖြစ်တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့က ရိဒ်ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာ ကျင်းပပြ

Pages