Background
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အာလူး များ ဝင်ရောက်လျက်ရှိပြီး ဇူလိုင် ၂၃ ရက်တွင် အောင်ပန်းမြို့မှ ဝင်ရောက် လာသော အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အာလူး ဗ၁ ကျပ် ၅၈၀၊ အာလူး ဥု ကျပ် ၇၀ဝ၊ အာလူး ှ၁ ကျပ် ၇၅၀၊ အာလူး ှ၂ ကျပ် ၈၃၀ ဈေးနှုန်းအသီးသီးဖြစ်သည်။ အောင်ပန်းအာလူးဈေးများမှာ ယခင်တစ် ပတ် ဈေးနှုန်းထက် အာလူး ဗ၁ ကျပ် ၂၀၊ အာလူး ဥု ကျပ် ၄၀၊ အာလူး ှ၁ ကျပ် ၅၀၊ အာလူး ှ၂ မှာ ကျပ် ၁၅၀ ခန့်စီ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ရန်ကုန်မြို့ ဒေသအတွင်း လက်လီပြန်လည်ရောင်းချသူများနှင့် အာလူးကြော်လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြကြောင်း၊ ဘုရင့်နောင်ကုန် စည်ဒိုင်သို့
ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၄၉၃၀၅ တန်ဖိုးရှိ ဘိလပ်မြေ ၂၇၄၄၀ ဒသမ ၁၂ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ နှင့် အင်ဒိုနီးရှားနိုင်ငံမှ ၂၇၃၄၀ ဒသမ ၁၂ တန်တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ဘိလပ်မြေ ၂၀ဝ ဒသမ ၄၀ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှု နှင့် နှိုင်းယှဉ်လျှင် ၂၇၂၃၉ ဒသမ ၇၂ တန် ပိုမိုတင်သွင်းခဲ့သည်။
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ်သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဇွန် ၂၂ ရက်မှ ၂၉ ရက်အထိ ဖရဲသခွားတင်ပို့မှု မရှိသော်လည်း သရက် ၂၈၈ စီး၊ ၁၆၂၆ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့သည်။
ဇွန်လ တတိယပတ်နှင့် ယခုပတ်တင်ပို့မှုနှိုင်းယှဉ်လျှင် ဇွန် ၁၅ ရက်မှ ၂၁ ရက်အတွင်း တင်ပို့မှု ၅၃၈ စီး၊ ၃၄၄၇ တန် ဖြစ်သည့်အတွက် ယခုတစ်ပတ်တွင် သရက်တင်ပို့မှုမှာ ၁၈၂၀ ဒသမ ၅ တန် လျော့နည်းခဲ့သည်။ သရက်သီးဈေးနှုန်းမှာ ဇွန် ၂၂ ရက်မှစ၍ ကျဆင်းလျက်ရှိပြီး ဇွန် ၂၉ ရက်တွင် တစ်တန်လျှင် ၄၈၀ဝ ယွမ်ဖြင့် ဈေးနှုန်းကျဆင်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ငါး၊ ပုစွန်မွေးမြူရေးကန် ဧက ပေါင်း ငါးသိန်းနီးပါးခန့် မွေးမြူထုတ်လုပ်လျက်ရှိသည်။ ငါး၊ ပုစွန်မွေးမြူရေးကန်များကို လယ်ယာ မြေနှင့် မြေလွတ်၊ မြေရိုင်းများပေါ်တွင် တူးဖော် မွေးမြူနေကြခြင်းဖြစ်သည်။ ယခင်ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေနှင့် ယခုလက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် လယ်ယာမြေဥပဒေများတွင် ငါး မွေးမြူရေးလုပ်ငန်းများအတွက် အခြားနည်းလမ်း ဖြင့် အသုံးပြုခွင့်လျှောက်ထားရမည်ဟု ပါရှိသော် လည်း လက်တွေ့လျှောက်ထားရာတွင် အဟန့် အတား အမျိုးမျိုးကြောင့် ငါး၊ ပုစွန် မွေးမြူရေးကန် ပေါင်းဧက ၁၂၀ဝ၀ဝ ခန့်သာ အခြားန
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ နေ့စဉ် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဇွန် ၁ ရက်မှ ၁၅ ရက်အထိ ဖရဲ၊ သခွားတင်ပို့မှုမရှိသော်လည်း သရက် ၁၁၈၁၁ တန် တင်ပို့နိုင်ခဲ့သည်။ ဇွန်လပထမပတ်နှင့် ဒုတိယပတ်တင်ပို့မှုနှိုင်းယှဉ်လျှင် ဇွန် ၁ ရက် မှ ၇ ရက်ထိ ခုနစ်ရက်အတွင်း သရက်တင်ပို့ကားစီးရေ ၁၀ဝ၁ စီး၊ ၆၈၄၈ တန်ဖြစ်ပြီး ဇွန် ၈ ရက်မှ ၁၅ ရက်ထိ ကားစီးရေ ၇၁၇ စီး ၄၉၆၃ တန်ဖြစ် သည့်အတွက် ဇွန်လပထမပတ်တွင် သရက်တင်ပို့မှု ၁၈၈၅ တန် လျော့ နည်းခဲ့သည်။ သရက်သီးဈေးနှုန်းမှာ ဇွန် ၇ ရက်တွင် တစ်တန် ယွမ် ၆၀ဝ၀၊ ကျပ် ၁၁၄၆၀ဝ၀ ဖြစ်ပြီး ကြားရက်များ၌ သရက်ဈေး အနည်းငယ်ကျသော် လည်း ဇွန် ၁၅ရက်တွင် တစ်တ
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းအဝင် မရှိသော်လည်း လှောင်နှမ်းလက်ကျန်များဖြင့် ရက်ခြားသာအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေနှမ်းများပေါ်ချိန်ဖြစ်သော်လည်း တချို့တောင်သူများက မိုးကြိုနှမ်းနှင့် မိုးနှမ်းစိုက်ပျိုးရန်အ တွက် မျိုးအဖြစ်ပြန်ထားကြသဖြင့် ဈေးကွက်သို့ရောက်ရှိမလာသည်ကိုတွေ့ရသည်။ ဈေးကွက်တွင် အရောင်းအဝယ်မှာ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေသည်။ ခုတစ်ပတ်နှမ်းနီမှာ ဒေသတွင်းဆီစက်သမားများက အဝယ် ပြန်လိုက်လာ၍ တစ်တင်းလျှင် ကျပ်၃၉၀ဝ၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ပြီး အိတ် ၅၀-၆၀ ခန့်သာ ရက်ခြား အရောင်းအဝယ်ဖြစ်သည် ကိုတွေ့ရသည်။ နှမ်းနက်မှာ ဝယ်လက်ပါးသွားသည့်အတွက် တစ်တင်းလျှင် ကျပ်
မေ ၃၁ ရက်မှ ဇွန် ၆ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅၂၈၁၉၄၀ တန်ဖိုးရှိ ဓာတ်ဆီ၂၇၅၁၅ဒသမ ၅၅ တန်နှင့် အမေရိကန်ဒေါ်လာ ၂၈၃၅၉၃၈၈ တန်ဖိုးရှိ ဒီဇယ် ၉၅၅၉၇ ဒသမ ၁၄ တန်၊ စုစုပေါင်း ၁၂၃၁၁၂ ဒသမ ၆၉ တန်ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီ ၃၀၂၅၈ ဒသမ ၂၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၇၄၂ ဒသမ ၅၀ တန် တင်သွင်းမှုလျော့ နည်းခဲ့ပြီး ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၄၆၄၉၇ ဒသမ ၆၈ တန်တင်သွင်းခဲ့ ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၄၉၀၉၉ ဒသမ ၄၆ တန်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့်ယခုတစ်ပတ်ဒီဇယ်အ
ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ ပခုက္ကူ၊ အောင်လံနယ်တို့မှ ပိဿာ ၃၀ ဝင်အိတ် ၃၀ဝ-၃၅၀ ခန့် ဝင်ရောက်မှုရှိနေပြီး ပခုက္ကူနယ်ဘက်မှ ကြက်သွန်နီများ အရည်အသွေးကောင်းသဖြင့် ပိုမိုဝင်ရောက်မှုရှိနေသည်။ အောင်လံနယ်ဘက်မှ ကြက်သွန်နီမှာ အရည်အသွေး အနည်းငယ်ညံ့သဖြင့် အိတ် ၅၀ ခန့်သာဝင်ရောက်မှုရှိကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှု၏ထက် ဝက်ခန့်သာ ရောင်းဝယ်မှုရှိနေပြီး အရည်အသွေးပေါ် မူတည် ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ပခုက္ကူ၊ ရေနံ ချောင်း ကြက်သွန်နီအစများကို စားသုံးသူပြည်သူများ အကြိုက်တွေ့သဖြင့် ပိုမိုရောင်းဝယ်မှုရှိနေသည်။ ဈေးနှုန်း များအနေဖြင့် ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင