Background
ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း မြဝတီကုန် သွယ်ရေးဇုန်မှ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁၆၅ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ဝ၉၇ သန်း ရှိပြီး ကုန်သွယ်မှုပမာဏ ၄၂ ဒသမ ၂၆၂ သန်းဖြစ်ပြီး အနီးစပ် ဆုံး ယခင်တစ်ပတ် ဆောင်ရွက်နိုင်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် ၁၀ ဒသမ ၇၈၆ သန်း လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်း တွင် သုည ဒသမ ၅၆၁ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၂၅ သန်း လျော့နည်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်သီးနှံများ နှစ်စဉ် တင်ပို့မှုရှိရာ ၂၀၂၂ ခုနှစ်ဧပြီလမှစတင် ၍ မြန်မာနိုင်ငံမှတရုတ်ပြည်သူ့သမ္မတ နိုင်ငံ (GACC) တို့ လက်မှတ်ရေးထိုး ထားသည့် SPS Protocool အရ တရုတ် နိုင်ငံသို့ ပြောင်းဆန်တင်ပို့ရန် အဆိုပြုလွှာများခေါ်ယူခဲ့ရာ မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့်နှမ်းကုန်သည်များအသင်းမှ ကုမ္ပဏီ ၁၁၁ ခုနှင့် ပြောင်းလုပ်ငန်းအသင်းမှ ကုမ္ပဏီ ၃၀ ခု စုစုပေါင်း ကုမ္ပဏီ ၁၄၁ ခုအား စစ်ဆေးပေးနိုင်ရန် အဆိုပြုလွှာ တင် သွင်းလာသည်။ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စားသုံးသူရေးရာဦးစီးဌာနနေပြည်တော်ဦးစီးမှူးနှင့်အဖွဲ့မှ SPS Protocoolအရ တရုတ်နိုင်ငံသို
ကယားပြည်နယ်တွင် စပါး၊ ပြောင်း၊ နှမ်း သီးနှံတို့ကို အဓိကစိုက်ပျိုးသော ဒေသဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ် လအထိ အခြားဒေသမှ ပြည်နယ်တွင်းသို့ ဆန် တင်သွင်းမှုမှာ ၁၇၄၈၈ အိတ်၊ ၈၇၄ တန်၊ ကယား ပြည်နယ်မှအခြားဒေသသို့ဆန်တင်ပို့မှုမှာ၂၀၈၂၄ အိတ်၊ ၁၀၄၁ တန်၊ ပြောင်းတင်ပို့မှုမှာ ၁၈၄၃၀၅ အိတ်၊၉၀၂၉ တန်နှင့် နှမ်းတင်ပို့မှုမှာ ၆၆၁၀ အိတ်၊ ၁၆၂ တန်တို့ဖြစ်ပြီး ဆန်ကို ရန်ကုန်၊ မန္တလေးသို့ လည်းကောင်း၊ ပြောင်းကို မြဝတီမြို့ သို့လည်းကောင်း၊ နှမ်းကို မန္တလေးသို့လည်းကောင်း အများ ဆုံး တင်ပို့ကြကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရသည်။ကယားပြည်နယ်တွင် စပါးနှင့်ပြောင်းကို အဓိကထားစိုက်ပျိုးလျက်ရှိပ
၂၀၂၂ ခုနှစ် မတ်လတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၃၉၅၀ ခန့် တင်ပို့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၉၅၆ သန်းကျော်ရရှိကြောင်း သိရသည်။နိုင်ငံအလိုက် တင်ပို့မှုများ အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ ရော်ဘာတန်ချိန် ၂၅၃၂၀ ခန့်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၅၆၆၀ခန့်၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၇၈၀ ကျော် ၊ ထိုင်ဝမ်သို့ တန်ချိန် ၂၀ဝ ခန့်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၃၀ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၉ ခန့်၊ ဂျပန်နိုင်ငံသို့ တန်ချိန် ၂၈၀ ခန့်၊ ကိုရီးယားနိုင်ငံသို့ တန်ချိန် ၃၄၀ ခန့်နှင့် အင်ဒိုနီးရှား နိုင်ငံသို့ တန်ချိန် ၄၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။၂၀၂၂ ခ
ပြောင်းဖူးပင်များကို Ever Shine Lashio co.ltd က ဝယ်ယူကာ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချပေးနေသည့်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ပြောင်းဖူးစိုက်သည့်တောင်သူများ ပြောင်းဆံနှင့် ပြောင်းဖူးပင်ဈေးကွက်နှစ်ခုရရှိ နေ၍ အဆင်ပြေလျက်ရှိပြီး ပြောင်းစိုက်တောင်သူများထံမှပြောင်းပင်များကို အပြင်လိုက်ဝယ်ယူပြီး ပြောင်းချဉ်ဖတ်လုပ်ကာအိမ်နီးချင်းတရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့ရောင်းချပေးနေသည့် ဈေးကွက်တစ်ခုဖြစ်ပေါ်လာ၍ပြောင်းဖူးချိုးပြီးသား အပင်များအလဟဿမဖြစ်စေတော့သည့်အတွက် ပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ယခင်ကပြောင်းဖူးစိုက်သည့်အခါတွင်အဖူးချိုးခြင်း၊ခြွေခြင်း လှန်းခြင်းတို့ကို
မြန်မာနိုင်ငံတွင် ငါးရှဥ့်ကို ဗီယက်နမ် နည်းပညာအတိုင်း သုတေသနပြုလုပ်၍ မွေး မြူရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။အဆိုပါနည်းပညာကို လက်ရှိတွင် စမ်းသပ်လုပ်ဆောင်ရန် စီစဉ် နေပြီး အောင် မြင်ဖြစ်ထွန်းသွားသည့်အခါ လယ်သမားများ ကို မျှဝေပေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က မတ် ၉ ရက်တွင် ပြောသည်။“ကျွန်မတို့က ဗီယက်နမ်မှာလည်း ငါး ရှဥ့် ဖောက်တာ သွားကြည့်ခဲ့တယ်။ ဒီက ငါး လုပ်ငန်းအဖွဲ့ချုပ်မှာလည်း ဖောက်ခဲ့ဖူး တယ်။ ဖောက်တုန်းကလည်း အောင်မြင် တယ်ပေါ့နော်။ သားပေါက်တဲ့အထိကို ထွက် တယ်ပေါ့။ ဒီပရော့ဂျက်ကို မလုပ်ချင်ဘူး လားလို့ လယ်သမား တွေက
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီ လိတ်မြို့နယ်အတွင်းရှိ ဖန်မင်အုပ်စု၊ ဝမ်ကောကျေးရွာနှင့် တာလေမြို့နယ်ခွဲတို့တွင် ွဗဏ-ွသသိ ဗါမငခကူအကမန ဏမခေအငခနျ စနစ်ဖြင့် (သီးနှံများစတင် စိုက်ပျိုးရန် မြေစတင်ရွေးချယ်ချိန်မှ စ၍ စားသုံးသူများ လက်ဝယ်ရောက်ရှိသည်အထိ စိုက်ပျိုး ထုတ်လုပ်မှုအဆင့်တိုင်းကို သီးနှံများတွင် ဓာတုဆေးများ၊ ကူးစက်မှုများစသည့် ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူး ဂရုပြုဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်း) စိုက်ပျိုးထားရှိ သော ပျားလိမ္မော်ဧက ၅၀ဝ ကျော်ပိုင်ဆိုင်သော ရွှေရှင်းပျား လိမ္မော်ခြံ၏ စိုက်ဧက၊ သွင်းအားစု၊ သီးနှံထွက်ရှိမှု အခြေအနေ နှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့အား သိရှိနိုင
ထိုင်းနိုင်ငံ ပြည်တွင်းစားသုံးသူများအတွက် အရေအတွက် လျော့နည်းမှုရှိနေသဖြင့် ထိုင်းနိုင်ငံမှ ပြည်ပသို့ ဝက်အရှင်တင်ပို့မှုကို ဇန်နဝါရီ ၆ ရက်မှ ဧပြီ ၅ ရက်အထိ သုံးလရပ်ဆိုင်းလိုက်ကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ ဇန်နဝါရီ ၁၀ ရက်တွင် အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ဇန်နဝါရီ ၅ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ကုန်စည်နှင့် ဝန်ဆောင်မှု ဈေးနှုန်းထိန်းချုပ်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီး Mr.
ကရင်ပြည်နယ် မြဝတီခရိုင် ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာ ၆ ရက် နံနက် ၁၀ နာရီတွင် မြဝတီမြို့ အမှတ် (၄)ရပ်ကွက် အလိုတော်ပြည့်၊ ဇော်ဂျီ(၄)လမ်း၊ လမ်းသွယ်(၅)ရှိ ပိုင်ရှင် ဒေါ်လှမွန် ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ယခုတစ်ပတ် ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀ သန်းရှိပြီး တန်ချိန် အားဖြင့် ၁၆၀ဝ၀ ကျော် တင်သွင်းခဲ့ကြောင်း သိရှိရသည်။ စခန်းအလိုက်တင်သွင်းမှု အခြေအနေများအား လေ့လာကြည့်ရာတွင် ကော့သောင်းကုန်သွယ်စခန်းမှ အမေ ရိကန်ဒေါ်လာ ဝ ဒသမ ၅၃၈ သန်းရှိပြီး တန်ချိန် ၇၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့ကြောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ဝ ဒသမ ၂၄၄ သန်းရှိပြီး တန်ချိန် အားဖြင့် ၃၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့သည်။