Main menu

Background

Thursday, 3 Feb 2022

 ထိုင်းနိုင်ငံ ပြည်တွင်းစားသုံးသူများအတွက် အရေအတွက် လျော့နည်းမှုရှိနေသဖြင့် ထိုင်းနိုင်ငံမှ ပြည်ပသို့ ဝက်အရှင်တင်ပို့မှုကို ဇန်နဝါရီ ၆ ရက်မှ ဧပြီ ၅ ရက်အထိ သုံးလရပ်ဆိုင်းလိုက်ကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ ဇန်နဝါရီ ၁၀ ရက်တွင် အသိပေးအကြောင်းကြားစာ ပေးပို့ခဲ့ ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ဇန်နဝါရီ  ၅ ရက်တွင်  ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ကုန်စည်နှင့် ဝန်ဆောင်မှု ဈေးနှုန်းထိန်းချုပ်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီး Mr.

Tuesday, 28 Dec 2021

ကရင်ပြည်နယ် မြဝတီခရိုင်  ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကိုနှင့် ဝန်ထမ်းများသည် ဒီဇင်ဘာ ၆ ရက်  နံနက် ၁၀ နာရီတွင်  မြဝတီမြို့ အမှတ် (၄)ရပ်ကွက် အလိုတော်ပြည့်၊  ဇော်ဂျီ(၄)လမ်း၊  လမ်းသွယ်(၅)ရှိ   ပိုင်ရှင် ဒေါ်လှမွန် ဓနိဖူးလက်ဖက်ခြောက်လုပ်ငန်းသို့   ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

Monday, 5 Jul 2021

ယခုတစ်ပတ် ဇွန်   ၁၉ ရက်မှ ၂၅ ရက်အထိ   ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀ သန်းရှိပြီး တန်ချိန် အားဖြင့် ၁၆၀ဝ၀ ကျော် တင်သွင်းခဲ့ကြောင်း သိရှိရသည်။ စခန်းအလိုက်တင်သွင်းမှု အခြေအနေများအား လေ့လာကြည့်ရာတွင် ကော့သောင်းကုန်သွယ်စခန်းမှ အမေ ရိကန်ဒေါ်လာ ဝ ဒသမ ၅၃၈ သန်းရှိပြီး တန်ချိန် ၇၀ဝ၀ ကျော် တင်သွင်းနိုင်ခဲ့ကြောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  ဝ ဒသမ ၂၄၄ သန်းရှိပြီး တန်ချိန် အားဖြင့် ၃၀ဝ၀ ကျော်  တင်သွင်းနိုင်ခဲ့သည်။ 

Friday, 2 Jul 2021

ဘုရင့်နောင်ကုန်စည်ဒိုင်သို့   ရှမ်းပြည်နယ် ဟဲဟိုးမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး ဇွန် ၁၇ ရက် ဟဲဟိုးမြို့မှ ဝင်ရောက်လာသော အာလူးတစ်ပိဿာ  ဈေးနှုန်းများမှာ  အာလူး A1 ကျပ် ၄၀ဝ၊ အာလူးOK  ကျပ် ၆၅၀၊ အာလူး  S1 ကျပ် ၆၅၀ ၊ အာလူး S2 ကျပ် ၅၅၀ ဈေး နှုန်းအသီးသီးဖြစ်သည်ရန်ကုန်မြို့ဒေသအတွင်း လက်လီပြန်လည်ရောင်းချသူများနှင့် အာလူးကြော်လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြ ကြောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဇွန် ၁၇ ရက် အာလူးဝင်ရောက်မှုမှာ  တစ်နေ့လျှင် ပျမ်းမျှကား အစီးအရေအတွက် ၁၃  စီးခန့်နှင့် တစ်နေ့လျှင် ပျမ်းမျှ ပိဿာချိန် ၇၈၀ဝ၀ ဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

Friday, 2 Jul 2021

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် ရာသီ သီးနှံအလိုက် စိုက်ပျိုး ရေး အဆင်ပြေသောကြောင့်  လယ်ယာနှင့်ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုင်းယောင်းမြို့၌ ရော်ဘာစိုက်ဧက  ၁၇၈၆၇ ခန့်ရှိပြီး ရိတ်ဧက ၅၂၀၄ တွင် အစေးခြစ်ရာ ၂၇၃၀၅၅၆ ပေါင် ထွက်ရှိကြောင်း သိရှိရသည်။နှစ်စဉ် ဧပြီလတတိယပတ်မှ နိုဝင်ဘာလကုန်အထိ ရော်ဘာအစေးခြစ်ခြင်းကို လုပ်ကိုင်ပြီး ကျန်လေးလအတွင်း နှစ်ရှည် ပင်များဖြစ်သည့်အလျောက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေသြဇာ (နွားချေး၊ဝက်ချေး)စသည်များ   ထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရသည်။ ရော်ဘာစေးကို တစ်ကီလိုလျှင် ကျပ် ၇၀ဝ

Thursday, 10 Jun 2021

 

မကွေးတိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သရက်သီးမှည့်များ လှိုင်လှိုင်ပေါ်နေပြီး ရောင်းလိုအား ဝယ်လိုအား လိုက်နေကြောင်း ရေနံချောင်းမြို့နယ်မှ သရက်သီးမှည့် ရောင်းဝယ်သူများထံမှသိရသည်။ “သရက်သီးကတော့ သရက်စိန်တလုံး၊ ဘုရားကုန်းသရက်သီး၊ ပျားရည်စမ်း  အမျိုးအစားငါးခုခန့်ဝင်နေပြီး သရက်သီးမှည့် အဝင်များပြီး ဈေးကလည်း အနိမ့်ဆုံးသရက်သီး ၁၀လုံးလျှင် ငွေကျပ် ၁၀ဝ၀ ကနေ စိန်တလုံး  သရက်သီးမှည့် ၁၀ လုံးလျှင် ငွေကျပ် ၁၅၀ဝ အတွင်းရှိပြီး ယခင်နှစ်ပတ်ခန့်က သရက်သီး တစ်ဝယ်လုံးလျှင် ငွေကျပ် ၂၀ဝ၀၊ ငွေကျပ် ၃၀ဝ၀အတွင်း ဈေး ပေါက်ကြတယ်”ဟု သရက်သီးမှည့်ရောင်းသည့်ဈေးသည်များထံမှ သိရသည်။

Thursday, 11 Mar 2021

၁။           မြဝတီကုန်သွယ်ရေးဇုန်တွင် ထိုင်းနိုင်ငံမှ သွင်းကုန်ပစ္စည်းများ အမယ်ပေါင်းများပြားစွာ တင်သွင်းလျှက်ရှိရာ လူသုံး/အိမ်သုံးလျှပ်စစ်ပစ္စည်းများလည်း တင်သွင်းလျက်ရှိပါသည်။ လျှပ်စစ်ပစ္စည်း များဟုဆိုရာတွင် မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါ သည်။ မြဝတီကုန်သွယ်ရေးဇုန်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တင်သွင်းခဲ့သော လျှပ်စစ်ပစ္စည်း များ၏ သွင်းကုန်ဂျူတီစျေးနှင့် အကောက်ခွန်နှုန်းထားများကို ဖော်ပြလိုပါသည်။

Tuesday, 23 Feb 2021

ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါများ ပျံ့နှံ့ဖြစ်ပွားနေခဲ့ ပြီး နိုင်ငံအနှံ့အပြားတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေး နေခဲ့သည့် ကာလများအတွင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အနေဖြင့် အကျပ်အတည်းမှသည်   အခွင့်အလမ်းတစ်ရပ်ဆီသို့ ရောက်ရှိအောင်  အောင်မြင်စွာ ဆောင်ရွက်နိုင်မှုအဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မန့်ဝိန်းဂိတ်အား ၂၄ နာရီ အချိန် ပြည့် ၁၀ ရက်တိတိ ဖွင့်လှစ်ခွင့်ရရှိရန် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ယခင်ထက်သာလွန်၍ အချိန်ပြည့်ဆောင် ရွက်နိုင်ခဲ့သည့်အတွက် ယခုနှစ်  ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ ပို့ကုန်များ တစ်ဖက် တရုတ်နိုင်ငံသို့ ပိုမိုတင်ပ

Pages