Main menu

Background

Wednesday, 26 Aug 2015

       ပြည်ပဲဈေးကွက်မှာ လက်ကျန်ပဲသာရှိပြီး လက်လီအရောင်းအဝယ်ဖြစ်တဲ့ ပဲထဲမှာ ဈေးအမြင့်ဆုံးရနေတဲ့ သီးနှံကတော့ စားတော်ပဲသီးနှံဖြစ်ခဲ့ပါတယ်။ အိတ်အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ခဲ့လို့ လက်ကျန်ပဲများ ထုတ်ရော င်းချခဲ့ရပြီး တစ်တင်း ၃၅၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်မှစ၍ ဈေးမြင့်တက်ခဲ့ကာ ယခုတစ်ပတ်မှာလည်း ၎င်းဈေးအတိုင်း ဈေးအမြင့်နဲ့ လက်လီသမားများ ဆက်လက်အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ စားတော်ပဲ သီးနှံဟာ နှစ်စဉ်ေ ဈးကောင်းရတဲ့  ပဲဖြစ်ခဲ့ပြီး ယခင်နှစ် သြဂုတ်လအတွင်းမှာလည်း တစ်တင်း ၂၈၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ထိ ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။

 

ခင်ဆွေဝင်း-ပြည်

Wednesday, 26 Aug 2015

      မုံရွာကုန်စည်ဒိုင် သြဂုတ်လလယ် ပဲဈေးကွက်မှာ ငုံနီ၊ မတ်ပဲ၊ ကုလားပဲစတဲ့ Export ဈေးကွက်ဝင်ပဲတွေ လက်ကျန်နည်းလို့ အရောင်းအဝယ်ပါးနေပေမယ့် နယ်စုံက အသစ်ဝင် လာတဲ့ စိမ်းကြီးကတော့ အရောင်းအဝယ် အ နည်းငယ်သွက်လာခဲ့တယ်လို့ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း ချင်းတွင်းမြစ်ရေလျှံခြင်းနဲ့ ကင်းလွတ်ခဲ့တဲ့ ဒေသတွေမှာ စိုက်ပျိုးခဲ့ကြတဲ့ စိမ်းကြီးတွေ နယ်စုံ ကဒိုင်ကိုဝင်လာခဲ့ပြီး၊ တစ်တင်း ၃၃၀၀၀ ကျပ်ဈေးနဲ့ တစ်ရက် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 26 Aug 2015

      အိမ်နီးချင်းတရုတ်နိုင်ငံတွင် ယွမ် ငွေတန်ဖိုး ကျဆင်းလာမှုနှင့် ပြည်တွင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ကောလာဟလသတင်းများကြောင့် ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်ရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပုဂ္ဂလိကဘဏ်များနှင့် ပြည်တွင်းရှိ ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာများကို လဲလှယ်၍ရနေသော်လည်း လိုသလောက်ရောင်းချမပေးနိုင်ခြင်းနှင့် ယွမ်ငွေတန်ဖိုးကျဆင်းမှု၏ ဂယက်ကြောင့် ပြည်တွ င်းငွေလဲနှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ဈေးကွက်သုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

Friday, 21 Aug 2015

Electric Myanmar  2015 ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ UMFCCI ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ဥက္ကဋ္ဌ ဦးကျော်ပိုင်၊  Fireworks Trade Media Pte .,Ltd. Director Mr.Danen Soo တို့  တက်ရောက်ကြပြီး  အခမ်းအနားအား  ဖွင့်လှစ်ပေးကြပါသည်။

Wednesday, 19 Aug 2015

     သြဂုတ် ၂ ရက်မှ ၈ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ    ၄၈၁၇၀၂၆ တန်ဖိုးရှိ  ဘိလပ်မြေ ၅၇၉၅၆ ဒသမ ၈၂ တန်ကို  ပင်လယ်ရေကြောင်း  ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၁၈၇ တန်၊ ဂျပန်နိုင်ငံမှ ၁၅၀၂ ဒသမ ၂၀ တန်နဲ့  ထိုင်းနိုင်ငံမှ ၅၆၂၆၇ တန် အသီးသီး  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်၊ ဆင်၊ မောင်တိန်းနဲ့ အခြားဘိလပ်မြေများ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအ ဝင်မှာ တန်ချိန် ခြောက်သောင်းငါး ထောင့်နှစ်ရာကျော် ရှိခဲ့တာကြောင့်  ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ၇၂၈၄ တန် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 19 Aug 2015

     ကမ္ဘာ့ရွှေဈေး  မြင့်တက်လာခြင်း နှင့် ငွေလဲနှုန်းများ မြင့်တက်လာခြင်းတို့ ကြောင့် ပြည်တွင်း ရွှေဈေးများ ပြန်လည်မြင့်တက်လာရကြောင်း ရွှေဈေး ကွက်အတွင်းမှစုံစမ်းသိရှိရသည်။ မြန်မာ့ရွှေဈေးသည်  တစ်ပတ်အတွင်း ကျပ် သုံးသောင်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။ မြန်မာ့ရွှေဈေးသည် ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်လာမှုနှင့်အတူ  လိုက်ပါမြင့်တက်ခဲ့ပြီး ပြည်ပရွှေဈေး ကွက်တွင်လည်း  ဈေးများပြန်လည်မြင့် တက်လျက်ရှိသဖြင့် ေ ဈးများ မြင့်တက် လာရခြင်းဖြစ်ကြောင်း သိရသည်။

Wednesday, 19 Aug 2015

     ပြီးခဲ့သည့်ရက်သတ္တပတ်အထိ ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း ပြန်လည်မြင့်တက်လာခဲ့ရာ တစ်ပတ်အတွင်း ကျပ် ၃၀ ကျော်မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Wednesday, 19 Aug 2015

     သြဂုတ်လ ဒုတိယပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်  စားဖို ဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီ ဈေးဆက်မြင့်တက်လာပါတယ်။ နယ်မှ ကြက်သွန်နီအိတ်များ  ပြည်ဘက်သို့ အဝင်နည်းပြီး အခြားနယ်ဘက်များမှ အဝယ်ရှိ တာကြောင့် ကြက်သွန်နီဈေး တွေ မြင့်တက်လာခြင်းဖြစ်ပါတယ်။ ကြက်သွန်နီပွဲရုံ လက်ကားဈေး တစ်ပိဿာ  ကြီး ၁၇၃၀ ကျပ်-၁၂၀၀ ကျပ်၊ အသေး  ၁၀၅၀ ကျပ်တို့ဖြစ်ပြီး ဒေသတွင်း လက်လီရောင်းဈေးကတော့ အကြီး ၁၆၀၀ ကျပ်၊ အလတ် ၁၅၀၀ ကျပ်၊ အသေး ၁၂၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ အရောင်းအဝယ်များ အေးသော်လည်း ပုံမှန်စားသုံးမှုကြောင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ တစ်ရက်ကို ကြက်သွန်နီအိတ် ၉၀-၁၀၀ ခန့်  အရောင်း အဝယ်ရှိနေပါတယ်။

Wednesday, 19 Aug 2015

     သြဂုတ်လဒုတိယပတ် ကုလားပဲဈေးကွက်မှာ မုံရွာကုန်စည်ဒိုင်ရှိ ကုန်သည် တွေရဲ့လက်ထဲ ပဲလက်ကျန် လျော့လာတာနဲ့အမျှ ပြည်ပဝယ်လက်နဲ့ ဒေသတွင်း ကုန်ကြမ်းလိုအပ်ချက်ရှိတဲ့ လုပ်ငန်းသမားတွေရဲ့ ဝယ်လိုအားမြင့် မားလာတာကြောင့် နေ့စဉ်တက်ဈေးဖြစ်နေတာ တွေ့ရပါတယ်။ ယခုနှစ်အစ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ကုလားပဲပေါ်ချိန်က ဈေးထက် နှစ်ဆ နီးပါး ဈေးမြောက်လာခဲ့ခြင်းဖြစ်ပြီး   ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၃၀၀၀၀ ကျပ်၊ ၉၂၉  ကုလားပဲ  တစ်တင်း ၃၀၅၀၀ ကျပ်အထိ အသီးသီး အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။

Tuesday, 18 Aug 2015

    ဇူလိုင်  ၂၇ ရက်က ကျင်းပပြု လုပ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုမြှင့်တင်ရေး  ညှိနှိုင်း အစည်းအဝေးမှာ ကရင်ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ကျပ်ငွေဖြင့် တင်သွင်းတဲ့ ဒေသသုံး စက်သုံးဆီများကို ယခင်က ဒေသေ ကျာ်လွန် သယ်ဆောင်ခွင့်မပြုခဲ့သော်လည်း ယခုအခါ ရုံးချုပ်မှ ညွှန်ကြားချက်အရ ဒေသကန့်သတ်ချက်မရှိတော့ဘဲ လွတ်လပ်စွာပြည်တွင်းသို့ သယ်ဆောင်ခွင့်ပြုကြောင်း၊ စက်သုံးဆီ တင်သွင်းတဲ့  လုပ်ငန်းရှင်အားလုံးသိရှိအောင်   အသိပေးအကြောင်းကြားရန်  မြဝတီကုန်သွယ်ရေးဇုန်  စခန်းတာဝန်ခံ ညွှန် ကြားရေးမှူး   ဦးစိုးလွင်က ပြောကြားခဲ့တယ်လို့  သတင်းရရှိပါတယ်။

 

ယဉ်ယဉ်အေး

Pages