Main menu

Background

Friday, 3 Jul 2015

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက် ဆည်မြို့နယ ်တွင် နွေနှမ်းစိုက်ဧကမှာ   ဧက ၃၃၀၀၀ ကျော်၊ စစ်ကိုင်းမြို့နယ်တွင် ဧက ၁၈၈၀၀ ကျော်၊ မြစ်သား မြို့နယ် တွင် ဧက ၂၁၉၀၀ ကျော်၊ တံတားဦးမြို့နယ်တွင် ဧက ၉၀၀ ကျော်၊ စုစုပေါင်း ၇၄၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

Friday, 3 Jul 2015

     ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၀ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ ၂၇၆၂ တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာတန်ချိန် ၇၇၁၉ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ ၄၉၅၀ တန်ကျော်အဝင်လျော့ ခဲ့တယ်လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာ အဝင်မှာ  ၁၂၄၇၃ တန် ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၁၆၆၁၃  တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၄၁၃၀ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။

Thursday, 2 Jul 2015

ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-
ဇွန်လ ၁၄ ရက်မှ ၂၀ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှဘိလပ်မြေ အဝင်မှာ ၂၂၀၆၄ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်မှာ ၉၉၂၆၇  တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန် ၇၇၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့  သိရပါတယ်။  နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ ၉၇၀၀  တန်ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၁၈၈၀၀  တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ၉၁၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ရောနယ်စပ် လမ်းမှပါ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။

Tuesday, 30 Jun 2015

မြန်မာ့သစ်သီးဝလံများ ပြင်ပတင်ပို့မှုမှုကို လေ့လာရာမှာ သရက်သီး၊ ဖရဲသီးနှင့် သခွားမွှေးတို့က အများဆုံး တင်ပို့နိုင်တဲ့ အမယ် တွေဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာတယ်လို့ သိရပါတယ်။ ဒီအမယ် သုံးမျိုးထဲက သရက်သီးတစ်မျိုးတည်းရဲ့ တင်ပို့နိုင်မှုဟာ ယခင်ဘဏ္ဍာနှစ်တွေမှာ အမေရိကန် ဒေါ်လာ ဆယ် သန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ ၁၃ သန်း အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့တယ်လို့သိရပါ တယ်။ ပို့ကုန်အတွက် အလားအလာကောင်းများရှိနေတဲ့ မြန်မာ့ ထွက်ကုန်သရက်သီးကို အရည်အသွေးမြှင့်တင်ရန် ပြည်တွင်း/ပြည်ပဈေးကွက်တိုးချဲ့ရန်၊ သရက်စိုက် တောင်သူ များအားနည်းပညာ နဲ့ ဈေးကွက်သတင်းအ

Monday, 29 Jun 2015

ဇွန်လနောက်ဆုံးပတ်ရဲ့ ပြည် ကြက်သွန်နီပွဲရုံများမှာ     အရောင်း အဝယ်အေးနေသော်လည်း ကြက်သွန် နီဈေးတွေ ထပ်တက်လာတာ  တွေ့ရ ပါတယ်။ ကြက်သွန်နီထွက်ရှိရာဒေသများဖြစ်တဲ့   တောင်တွင်းကြီး၊ မကွေး၊ အောင်လံ၊ မင်းတုန်း၊ ရေနံချောင်း၊ ချောက်၊ ဆိပ်ဖြူမြို့များဟာ ဆက်သွယ် ရေးကောင်းမွန်ခြင်းကြောင့် တိုက်ရိုက် တင်ပို့နေပါတယ်။ယခင်လို ပြည်မှတစ်ဆင့်ခံ တင်ပို့ ခြင်းမျိုးမဟုတ်တော့တာကြောင့် တိုင်း အတွင်း၊ ဒေသတွင်း အရောင်းအဝယ်ရှိမှုလောက်သာရှိခဲ့လို့  အရောင်းအဝယ် အေးနေခဲ့တာ  ဖြစ်ပါတယ်။ ယခုတစ် ပတ် ကြက်သွန်နီ ဝင်ရောက်မှုလည်း  ပုံမှန်ထက်နည်းနေပြီး ရန်ကုန်သို့တိုက် ရိုက်တင်ပို့နေပါတယ်။

Monday, 29 Jun 2015

ဇွန် ၁၄ ရက်မှ  ၂၀ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၈၃၇၇၉၇၄ တန်ဖိုးရှိ ဓာတ်ဆီ ၂၇၃ ဒသမ ၀၅၇ တန်နဲ့ ကန်ဒေါ်လာ ၅၀၅၇၀၅၀၆ တန်ဖိုးရှိ ဒီဇယ် ၇၄၄ ဒသမ ၉၇၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်း ရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ယခင်တစ်ပတ် ဓါတ်ဆီ အဝင်မှာ ၃ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန်၂၇၀ ကျော် အဝင်ပို ခဲ့တယ်လို့ သိရပါတယ်။ဒီဇယ်ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၃၀ ကျော်ဝင် လာခဲ့တာကြောင့်  ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၇၁၀ ကျော် အဝင်ပိုခဲ့တယ် လို့သိရပါတယ်။ဒီတစ်ပတ်ဒီဇယ်ရောဓါတ်ဆီပါအဝင်ပိုခဲ့ပါတယ်။

Thursday, 25 Jun 2015

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင် ခရိုင်၊ကနီမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဆီးစိုက်ပျိုးဧက ၆၈၇၃ ရှိပြီး၊ တတိယအများဆုံး  ဆီးစိုက်ပျိုးထုတ်လုပ်ရာဒေသ  ဖြစ်ပါတယ်။  ဒေသခံတောင်သူတွေ အနေနဲ့ ဆီးခြံ များ တွင် ရာသီအလိုက် ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ ကြက်သွန်တို့ကို သီးညှပ်အဖြစ် စိုက်ပျိုး ခဲ့ကြသလို ဆီးပွင့်ရာသီမှာ မွေးမြူရေး ပျားအုံ များ အငှားချထားခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြတာ တွေ့ရပါတယ်။ဒေသထွက် ဆီးသီးခြောက်ကို ပြည်ပ ပို့ကုန်အဖြစ် လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ထုတ်လုပ်လျက်ရှိပြီး တရုတ်ပြည်ဈေးကွက်ကို အားပြုတင်ပို့ခဲ့ကြတာ တွေ့ရပါတယ်။ ယခု အခါမှာ တရုတ်ဝယ်လက်ရဲ့ ဝယ်လိုအား ကျဆင်းမှုကြောင့် ဆီး

Thursday, 25 Jun 2015

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ရဲ့ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ကော်မတီအနေနဲ့ ဒေသခံပြည်သူများ၊ နည်းပညာ ဈေးကွက်နဲ့ အရင်းအနှီးရရှိရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးတို့ကို အင်တိုက်အားတိုက် စည်းရုံးဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် ကျောက္ကာ (မြောက်) ကျေးရွာရှိ ယွန်းထည်လုပ်ငန်းများ စဉ်ဆက် မပြတ် ရှင်သန်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်တဲ့ အရင်းအနှီးများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဇေယျာပဒေသာဖောင်ဒေးရှင်းနဲ့ ချိတ်ဆက်ပြီး ချေးငွေ ရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

Thursday, 25 Jun 2015

ယင်းမာပင်ခရိုင်အတွင်းမှာ ဆည်ရေနှင့်ရေလျှံတွင်းများ ချောင်းရေ များဖြင့် နွေနှမ်း၊ မိုးနှမ်းများ ရိတ်သိမ်းစိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက် နေကြရာမှာ အချို့နွေနှမ်းကို စောစွာစိုက်ပျိုးသူများက ရိတ်သိမ်းကြ နောက်ကျသူများ ၏နှမ်းခင်းများ သီးပွင့်နေကြ၊ မိုးနှမ်းများလည်း ဆက် လက်စိုက်ပျိုးခြင်းဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိပါတယ်။သီးနှံများအဆက် မပြတ် ဖူးပွင့်သီးနေချိန်မှာ ရွှေ့ပြောင်းပျားမွေးမြူ ရေးသမားများလာရောက်၍ ပျားကောင်များ ပွားခြင်းလုပ်ငန်းကို လုပ်ကိုင် နေကြပါတယ်လို့ ပုလဲမြို့နယ် ရာပြည့်ပျားမွေးမြူရေးလုပ်ကိုင်နေသူ ဦးလှမျိုးအောင်က ပြောပြပါတယ်။ ယခုအချိန်မှာ ပျားရည်ထုတ်လုပ်ခြင်း လုပ်ငန်းကိုမလုပ်ဘဲ

Pages