Main menu

Background

Tuesday, 18 Aug 2015

     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် အထည်ချုပ်လုပ်ငန်း ငါးခုအပါအဝင် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ၁၁ ခုကို ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက် ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင် ခွင့်ပြုရန် တင်ပြလာသည့် လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြလာသည့် လုပ်ငန်းနှင့်ဆက်စပ်သော ပြည်ထောင်စုဝန်ကြီးဌာန များမှ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်အပေါ် အခြေခံ၍လုပ်ငန်းလုပ် ကိုင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက

Thursday, 9 Jul 2015

ဂျပန်နိုင်ငံအခြေစိုက် LINE Corporation  သည် မြန်မာနိုင်ငံတွင်LINE Messenger App  ကို ဇူလိုင်လ ၃ရက်နေ့မှစတင်ကာ တရားဝင် ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း သိရသည်။LINEကို မြန်မာနိုင်ငံ တွင် ယခုနှစ် မတ်လအတွင်းက စမ်းသပ်လုပ်ဆောင် ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပြီး အသုံးပြုသူအရေအတွက်မှာ ၃၀၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သဖြင့် ယခုကဲ့သို့ တရားဝင်မိတ်ဆက်ကာ ဖြန့်ချိရခြင်းဖြစ်ကြောင်းLINE Myanmar ၏ အထွေထွေမန်နေဂျာ မစ္စတာဒါရင်ဟွမ်က ပြောကြားခဲ့သည်။LINE  သည် အခြေခံဝန်ဆောင်မှုများဖြစ်သည့် Message များ ပေးပို့ခြင်း၊ Voice Call , Video Calls  နှင့်Group Chatting များသာမက ခံစားချက်များ ကို ပိုမိုပေါ်လွင်စေသည့် Stick

Wednesday, 8 Jul 2015

ဇွန်လ  နောက်ဆုံးပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်းတန်ဖိုးရှိ နှမ်းဖြူ(အခွံချွတ်)၁၀၇ တန်ခွဲနဲ့ ကန်ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ နှမ်းလှော် ၃ တန်တင်ပို့ခဲ့ပါတယ်။

Wednesday, 8 Jul 2015

Minh Vi Exhibition & Advertising Service Co., Ltd. နှင့် မြန်မာနိုင်ငံဆေးဝါးနှင့်   ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း & Medical Equipment     Entrepreneurs' Association(MPMEEA) တို့ ပူး ပေါင်းကျင်းပပြီး  မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း၏     ပံ့ပိုးမှုဖြင့်  တတိယအကြိမ်မြောက်  မြန်မာ့နိုင်ငံ တကာဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာ လုပ်ငန်းများ   ပြပွဲနှင့် တွေ့ဆုံပွဲကို ဇူလိုင်  ၉ရက်မှ ၁၁ ရက်အထိ ရန်ကုန် မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။

Tuesday, 7 Jul 2015

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ  ဇွန်လ တွင် ကန်ဒေါ်လာ ၁၂၈၈၆၅ တန်ဖိုးရှိ ကော်ဖီစေ့ ၁၁၉ တန်တင်ပို့ခဲ့ပါတယ်။အနီးစပ်ဆုံး မေလက ၂၇၉ တန် တင်ပို့ ခဲ့တာကြောင့် မူဆယ်နယ်စပ်မှ တရုတ် ပြည်သို့ ကော်ဖီစေ့ပုံမှန်တင်ပို့နေတယ် လို့ ဆိုရပါမယ်။ရှမ်းပြည်နယ်နဲ့   အခြားဒေသ တွေကထွက်ရှိတဲ့   ကော်ဖီစေ့တွေဟာ  အရည်အသွေး  ပိုကောင်းတာကြောင့် မြန်မာ-တရုတ်နယ်စပ်မှ   ကုန်သည် များက အဓိကဝယ်ယူနေကြကြောင်း ၊ နိုင်ငံတစ်ဝန်းလုံးတွင် ကော်ဖီစိုက်ပျိုး လျက်ရှိနေကြပြီး၊  ပြီးခဲ့တဲ့နှစ်က ဂျပန်နဲ့ ကိုရီးယားမှ ကော်ဖီအဝယ်တော်တွေ ပြင်ဦးလွင်အထိ    လာဝယ်ကြတယ်လို့ မြန်မာကော်ဖီစိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်တဲ့ ကုမ္ပ

Tuesday, 7 Jul 2015

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဇွန်လနောက်ဆုံးပတ်တွင် ကန် ဒေါ်လာ သုည ဒသမ ၅၆၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၁၀၈၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့  မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြက်ဆူစေ့၊ ကြောင်ပန်းစေ့၊ ဆီးသီးခြောက်၊ ဝဥခြောက် ၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ မာလာဥ၊ ချဉ်ပေါင်ဖာလာ၊ တောချင်းနဲ့တောင်လုံးကျော်တို့ဖြစ် ပါတယ်။တရုတ်နယ်စပ်မှ ပရဆေး တင်ပို့ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ကန်ဒေါ်လာ ၉၃၀၂ တန်ဖိုးရှိ ဆီးဖြူသီးခြောက် ၁၅ တန်ခွဲကို တင်ပို့ခဲ့တာတွေ့ရပါတယ်။

Tuesday, 7 Jul 2015

ယောချောင်း၊ ကျောချောင်း ဧရာဝတီမြစ်ကမ်းနံဘေး တစ်လျှောက် ချောင်းရေမြစ်ရေကျ ချိန်မှာ ပေါ်ပေါက်လာတဲ့   သဲနုန်းမြေတွေပေါ်မှာ စိုက်တဲ့ကြက်သွန်နီကို တောင်သူတွေက ဆောင်းစိုက်  ချောင်းစိုက် ကြက် သွန်နီလို့ ခေါ်ကြပါတယ်။ ချောင်းစိုက်  ကြက်သွန်နီဟာ  ဧပြီလမှာ စတင် ပေါ်ပေါက်ပါတယ်။ ဒေသအခေါ် လှောင်လို့ရတဲ့ ကြက်သွန်နီလို့ခေါ် ပါတယ်။ မိုးတွင်းကာလမှာ စိုက်တဲ့ '' ဥ '' စိုက်ကြက်သွန်နီများ ဒေသအခေါ် မိုးတွင်းကာလမှာ မျိုးကြက်သွန်ဥကို  စိုက်တဲ့ကြက်သွန်နီတွေဟာ ဆောင်း စိုက်ချောင်းစိုက်ကြက်သွန်နီတွေ  ကုန်ခါနီးမှာ ကြားဖြတ်ပေါ်လာပေမယ့် အလှောင်မခံ၊ အထားမခံတဲ့ ကြက်သွန်နီပါ၊

Tuesday, 7 Jul 2015

ဇွန်လ ၂၁ ရက်မှ ၂၇ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၃၃၈၇၇၃၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၈ ဒသမ ၆၉၂ တန်နဲ့ ကန်ဒေါ်လာ ၁၃၆၆၅၁၄၆ တန်ဖိုးရှိ ဒီဇယ် ၂၀၀ ဒသမ ၃၉၂ တန် ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ တင် သွင်းရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့  သိရပါတယ်။   ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၂၇၃ တန်ကျော်  ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၇၅ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ် ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၇၄၄ ကျော် ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၅၄၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်၃ ရက် နေ့အတွင်း ရောင်းချနေတဲ့ဓာတ်ဆီ

Tuesday, 7 Jul 2015

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က ဈေးကျဆင်းသွားခဲ့ပြီးနောက် ဈေး ကွက်ပြန်ဖွင့်ချိန်တွင် အနိမ့်ဈေးဖြင့် ဈေးဖွင့်လာခဲ့သော်လည်း  ဈေးကွက် ပိတ်ရက်ရောက်ချိန်တွင် ဈေးပြန်လည် မြင့်တက်လာခဲ့ပြန်ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။အစိုးရဘဏ်များနှင့်    ပုဂ္ဂလိက ဘဏ်များက သွင်းကုန်ပမာဏများပြား သည့်လုပ်ငန်းရှင်များအား  ဒေါ်လာ များရောင်းချပေးရန် ဗဟိုဘဏ်မှ ညွှန် ကြားချက်များထုတ်ပြန်ပြီးသည့်နောက် တွင် ဒေါ်လာဈေးများ ကျဆင်းခဲ့သော် လည်း လက်တွေ့တွင်မူ ပုဂ္ဂလိကဘဏ် များမှ ရောင်းချပေးနိုင်ခြင်းမရှိ၍ ပြင်ပ ဈေးကွက်ကိုပင် သွင်းကုန်လုပ်ငန်းရှင် များ အားထားလာခဲ့ရသည်။ထို့ကြောင့် ပြည်တွင်းငွေ လဲနှုန်း များမှာ    ကျဆင်းသ

Friday, 3 Jul 2015

ရှမ်းနနွင်းကတော့ ပုံမှန်သာအရောင်းအဝယ်ဖြစ်နေပါတယ်။ အဝင်ကတော့ နည်းသွားပါပြီ။ တောင်သူတွေလက်ထဲမှာ ကုန်သလောက်ဖြစ်သွားပြီး လှောင်လက် တွေဆီမှာတော့ အနည်းငယ်သာကျန်ရှိနေ တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ နနွင်းကို တစ်ခါတည်းများများစားစား ရောင်းရတာမျိုး  အနည်းငယ်သာရှိခဲ့ပြီး၊ ဈေးပတ် သမားတွေနဲ့ စစ်တွေ၊ မုံရွာဝယ်လက်တွေက တစ်ခါဝယ်ရင် နည်းနည်းနဲ့ ဝယ်ယူနေ လို့ နေ့စဉ်၊ အပတ်စဉ်တော့ အရောင်းအဝယ်ဖြစ်နေတယ်လို့  သိရပါတယ်။

Pages