Background
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၀ဝ၀ အထက်တွင်ရှိပြီး စိုက်ပျိုးမြေဧရိယာ အများဆုံးမှာ ကော်ဖီ ဖြစ်သည်။ သံတောင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ ရရှိသည့်စာရင်းအရ လျားထားစိုက်ဧက ၉၈၃၆ ဧကရှိပြီး စိုက်ပျိုး ပြီး ဧကမှာ ၉၈၀၆ ဧကဖြစ်သည်။ စိုက်ပျိုးသည့်ကော်ဖီမှာ Robusta အမျိုးအစားဖြစ်သည်။ အသီးဆွတ်ခူးနိုင်သည့် အပင်မှာ ၇၅၄၇ ဧက ရှိသည်။ ယခုနှစ် ကော်ဖီအထွက်နှုန်းမှာ တစ်ဧကလျှင် ၁၇၂ ပိဿာ ရှိသဖြင့် ကော်ဖီစေ့ ၂၁၂၀ တန်ခန့် ထွက်ရှိသည်။ သံတောင်ကြီး မြို့နယ်သည် သီးနှံများ စိုက်ပျိုးရာတွင် ဓာ
အစေ့ထုတ်ပြောင်းသီးနှံသည် ပြည်တွင်း မွေးမြူရေးအစားအစာနှင့်ပြည်ပသို့ တင်ပို့ရောင်း ချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ် သည်။ အစေ့ထုတ်ပြောင်းသီးနှံကို တောင်ပေါ် ဒေသများတွင် ဧကရီ၊ ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊စူဝမ်(၃)၊ရေဆင်း စပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အဓိကထားပျိုးကြ သည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ရေစိမ့် ဝင်မှုကောင်း၍ ရေမဝပ်သောမြေ၊ နုန်းမြေ၊စနယ် မြေ၊ သဲနုန်းမြေ၊ မြေနီနှင့် စနယ်မြေနက်တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင
ယခုတစ်ပတ်တွင် ပြည်ပွဲရုံများသို့ တစ်ရက်လျှင် ချင်းအိတ် ၅၀၊ ၆၀ ခန့် ဝင်ရောက်နေသည်။ ဝင်ရောက်လာသော ချင်းများမှာ ချင်းအသစ်များဖြစ်ပြီး အရည်အသွေးကောင်းကာ အစိုဓာတ်အနည်းငယ်သာရှိ၍ အရောင်းအဝယ်ပုံမှန် ဖြစ် သည်။ ဝင်ရောက်မှုများသည့်အတွက် ဈေးအနည်းငယ်ကျလာသည်။ ကထိန်ရာသီဖြစ်သည့်အတွက် ဓားလှီးချင်းသမားများ အဝယ်လိုက်နေသည်။ ယခုတစ်ပတ် ချင်း တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၁၅၀ဝ-၁၆၀ဝ သည် အိတ်ဆွဲဈေး ဖြစ်ပြီး လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရောင်းချလျက်ရှိသည်။ ချင်းဖတ် တစ်ပိဿာလျှင် ကျပ် ၂၁၀ဝ ဈေးဖြစ် ပြီး ယခင်တစ်ပတ်ကထက် ပွဲရုံဈေး တစ်ပိဿာပေါ်တွင် ၁၀ဝ ကျပ် ဈေးထပ်မံကျဆင်းလာသည်။
မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ များလည်း မြေနုကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်က မြေပဲသီးနှံကို အဓိက စိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက်ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရ သည်။
ကိုင်းမြေများ၌ ဆီထွက်သီးနှံ မြေပဲ၊ နေကြာအပြင် ပဲမာများအဖြစ် ကုလားပဲ၊ စားတော်ပဲ၊ ပဲတီစိမ်းအပြင် ပဲလွမ်းကိုလည်း အဓိက စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
ယခုလက်ရှိ ကိုင်းမြေများတွင် ပဲလွမ်းကို စိုက်နေကြပြီး ပဲလွမ်းမှာ စိုက်ပျိုးစရိတ် သက်သာသည့်အပြင် အသစ်ပေါ်ချိန်၌ ဈေးကောင်းရရှိသဖြင့် ပဲလွမ်းကို အဓိကသီးနှံအဖြစ် စိုက်ပျိုးကြကြောင်း ရေနံချောင်းမြို့နယ် ပဲစိုက်တောင်သူ ဦးထွန်းအေးထံမှ သိရသည်။
ပဲလွမ်းကို မြေပဲစိုက်ခင်းများရိတ်သိမ်းအပြီး၌ သီးထပ်အဖြစ် ယာမြေများ၌ စိုက်ကြကြောင်း၊ လက်ရှိ ပဲလွမ်းအသစ်များမှာ တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ယာမြေများတွင်စိုက်သည့် ပဲနောက်ပင်များ ဆွတ်ခူးနေကြပြီဖြစ်သောကြောင့် စိုက်တောင်သူများ ဝင်ငွေရနေကြောင်း သိရသည်။ မိုးသီးနှံ နှမ်းနှင့် မြေပဲများ စိုက်ပျိုးရိတ်သိမ်း ပြီးနောက် သီးထပ်အဖြစ် မြေပြုပြင်ကာ နွားချေး၊ မြေသြဇာများချ၍ ထွန်ရေး၌ သီးထပ်အဖြစ် ပဲနောက်ကိုစိုက်ကြကြောင်း၊ တောင်သူများအနေဖြင့် မူလသီးနှံနှမ်းနှင့် မြေပဲအပြင် ပဲနောက်ကလည်း ဝင်ငွေရသည့်အပြင် နွားစာအဖြစ် ဖူလုံကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ "ပဲနောက် လှိုင်လှိုင် ဆွတ်ခူးနေကြပါတယ်။ ယခုနှစ်စိုက် သီးထပ် တွေဖြစ်တဲ့ ပဲနောက်ကနေ ဝင်ငွေရတဲ့အပြင် အပင်အရို နွားစာအဖြစ် အသုံးဝင်တယ်"ဟု လင
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ဆိတ်ကို တစ်ပိုင်တစ်နိုင် မွေးမြူ ကြရာ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။"စမွေးတုန်းကတော့ ၁၀ ကောင်ပဲမွေးနိုင်တာ။ ဒါကို ကျပ် ၁၀ သိန်းလောက်ကုန်တယ်။ ယခု ဆိတ် ကောင်ရေ ၃၀ ရှိပါပြီ။ ဒါလေးက မိသားစု ဝင်ငွေရ တယ်။ လက်လုပ်လက်စားသမားတွေအတွက် ပိုအဆင်ပြေတယ်"ဟု ဒေသခံ ဒေါ်ဝင်းဌေးက ပြော သည်။"ကျွန်တော့်ရွာမှာက ဆိတ်ကတော့ အဓိကထား မွေးတာဗျ။ ရာသီဥတုနဲ့ကိုက်တဲ့အပြင် လွှတ်ကျောင်း စနစ်နဲ့ မွေးရတယ်ဗျ။ အောင်မြင်ဖြစ်ထွန်းတဲ့လုပ်ငန်း ပါပဲ"ဟု ရုံးကုန်းကျေးရွာအုပ်စုနေ ဦးသန်းထိုက်က ပြောသည်။ဒေသတွင်း၌ ဆိတ်ကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် မွေးမြူလာ ကြသည
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ တတိယပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ တည်ငြိမ်နေသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ အောက်တိုဘာလ
ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၅၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၇၁၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့
အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း အိတ်ရေ ၁၃၄၁၀ဝ၊ တန်အားဖြင့် ၆၇၀၅တန် စီးထွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား သော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ မြစ်ချောင်း အင်းအိုင် ပေါများသောကြောင့် ရေထွက်ပစ္စည်းများဖြစ်သော ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်း ထွက်သည့်အနက် ပဲခူးဒေသ ထွက် ငါးရံ့ခြောက်သည်နာမည်ကြီးသည်။ပဲခူးဒေသထွက် ငါးရံ့ခြောက်သည်ဆားပေါ့၍အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့်လက်ဆောင်ပေးခြင်းအတွသော် လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချိုအင်းအိုင်မျ
ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြ သော ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ကမ္မ၊ ယောနယ်ဒေသနှင့် ဆိပ်ဖြူဒေသတို့မှ ဆောင်းစိုက်(ပင်စိုက်) များ အရောင်းအဝယ် ဖြစ်နေသည်။ ပခုက္ကူ ကြက်သွန်နီ ကုန်ဝယ်ဒိုင်သို့ အခြား နယ်များဖြစ်ကြသော မြင်းခြံ၊ တောင်သာ၊ ညောင်ဦးနယ်များမှ လည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသည်။ စက်တင် ဘာလ ဒုတိယပတ်၏ ကြက်သွန်နီလက်ကားဒိုင် ပြတ်ဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၂၅၀၊ အလတ်စ တစ်ပိဿာ ကျပ် ၂၈၀ဝ၊ အနိမ့်စ တစ်ပိဿာ ကျပ် ၂၂၀ဝ ဖြင့် နေ့စဉ် ကုန်ချိန် ၁၅၀ဝ၀ ကျော်အရောင်းအဝယ်ဖြစ်နေသည်။ပခုက္ကူ မြို့မဈေးနှင့် ပန်းခြံဈေးတို့၏ ကြက်သွန် လက်လီရောင်းချသည့် ဈေးနှုန်းမှာ အရည် အသွေးကို လိုက်၍ ထိ