Main menu

Background

Wednesday, 10 May 2023

၂၀၂၃ ခုနှစ် မေလပထမပတ်အတွင်း မြစ်ကြီးနားမြို့၊ စည်ပင်သာယာဈေး၌ အခြေခံစားကုန်များဖြစ်သော လုံးသွယ်မွှေးဆန် တစ်ပြည် ကျပ် ၃၇၀ဝ ကျပ်၊ ဆင်းဧကရီ-၃ ဆန်တစ်ပြည် ၂၈၀ဝ ကျပ်၊ ဧရာမင်း ဆန်တစ်ပြည် ၃၀ဝ၀ ကျပ်၊ မနော်သုခ ဆန်တစ်ပြည် ကျပ် ၃၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

Wednesday, 10 May 2023

ရခိုင်ပြည်နယ်ရှိ ဆားထုတ်လုပ် တောင်သူများကို  နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေထဲမှ အစုအဖွဲ့ပုံစံနှင့် ငွေ ကျပ်သိန်း  ၁၀ဝ၀ဝ ထုတ်ချေးပေးသွားမည် ဖြစ်‌ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 
အဆိုပါ ရခိုင်ပြည်နယ်ရှိ   ဆားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်  ရည်ရွယ်ပြီး ဆားထုတ်လုပ်သည့် မြို့နယ်အများစုကို ယခု မေလ အတွင်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

Tuesday, 9 May 2023

ဧပြီ ၂၀ ရက်မှ မေ ၂ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။

Tuesday, 9 May 2023

ပဲခူးတိုင်းဒေသကြီး၏ ကြက်သွန်နီ ဈေးနှုန်းများမှာ မတ်လတွင် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ၊ လက်ကား ဈေးနှုန်း ကျပ် ၁၄၀ဝ ရှိခဲ့ပြီး ဧပြီလ တတိယပတ် တွင် ကြက်သွန်နီဈေး တစ်ပိဿာ  ကျပ် ၁၈၀ဝ၊ လက်ကား ဈေးနှုန်း တစ်ပိဿာ  ကျပ် ၁၆၅၀ ဖြင့် ဈေးအနည်းငယ် မြင့်တက်လာခဲ့သည်။

Wednesday, 26 Apr 2023

လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ် ၂၉ သိန်းကျော် ဝန်းကျင်တွင်သာ ဆက်လက်တည်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

ဧပြီ ၂၀ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၉၉၂ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ၂၉၆၇၀ဝ၀ ကျပ်ဖြစ်ကြောင်း သိရသည်။

Tuesday, 25 Apr 2023

၂၀၂၃ခုနှစ် ဧပြီလ တတိယပတ် အတွင်း   ရွှေဘိုမြို့နယ်တွင်  အခြေခံ စားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်း ဆန်(သစ်)တစ်ပြည် ကျပ် ၃၅၀ဝ ၊ ဧရာ မင်းဆန်(သစ်) တစ်ပြည် ကျပ် ၃၀ဝ၀ ဖြင့်   အရောင်းအဝယ်   ဖြစ်လျက်ရှိ သည်။  

Monday, 24 Apr 2023

လက်ရှိ သရက်လှိုင်လှိုင်ပေါ်ချိန်တွင် ပြည်ပ နိုင်ငံများသို့ တင်ပို့ရန်အတွက်   အရည်သွေးမီသည့် သရက်သီးများ ဈေးကောင်းရရှိနေကြောင်း သရက် သီးတင်ပို့ရောင်းချသူများထံမှ သိရသည်။
အသီးကောင်း၊ အသီးရင့်၊  အသီးလှပါက ဈေးကောင်းပေးဝယ်ကြပြီး   စိန်တလုံးတစ်ခြင်းလျှင် ပျမ်းမျှ ၁၂၀ ယွမ် မှ ၁၇၀ ယွမ်အထိ ရရှိကြောင်း သိရသည်။

Monday, 24 Apr 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ အောင်မြင်စွာ စိုက်ပျိုးပြီးစီးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် နွေနှမ်းလျာထားစိုက်ဧက ၃၉၇၀၃ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိရာ အမှန်စိုက်ပျိုးဧက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ၂၈၁၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ 

Friday, 31 Mar 2023

၂၀၂၃ ခုနှစ် မတ်လ စတုတ္ထပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးနှုန်းမှာ ပထမပတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိပြီး စားဖိုဆောင်သီးနှံဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။မတ်လ ပထမပတ်အတွင်း   ပေါ်ဆန်း (အသစ်)ဆန် ၂၄ ပြည်ပါ    တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ၇၂၀ဝ၀၊ ဧည့်မထ ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ၊  ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၆၀ဝ၀ မှ ၅၈၀ဝ၀ အတွင်း စားဖိုဆောင် သီးနှံများဖြစ်သော ကြက်သွန်ဖြူ (ရှမ်း)၁၀ပိဿာ တစ်အိတ်ကျပ် ၆၇၀ဝ၀မှ ၆၈၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ် အိတ် ကျပ် ၄၃၀ဝ၀ မှ ၄၄၀ဝ၀ အတွင်း ချင်း တစ်ပိဿာ ကျပ် ၂၂၀ဝ မှ

Thursday, 30 Mar 2023

ကရင်ပြည်နယ်ထွက် သီဟိုဠ်စေ့ ကုန်ကြမ်းများမှာ ယခုနှစ်တွင် ယခင်နှစ်ထက် ကုန်ကြမ်းဈေးနှုန်း နှစ်ဆခွဲခန့် ရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း သီဟိုဠ်စေ့ထွက်ရှိချိန်မှာ ဖေဖော်ဝါရီလလယ်မှ ဧပြီလလယ်ထိဖြစ်ပြီး ယမန်နှစ်က အရည်အသွေးကောင်းမွန်သည့် သီဟိုဠ်စေ့ တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ ဖြင့် ဈေးပိတ်ခဲ့သည်။ ယခုနှစ် အဖွင့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဖြင့် ဈေးနှုန်းဖွင့်ခဲ့ကာ ဈေးကွက်လိုအပ်ချက်အရ ယခုနှစ် မတ်လလယ်တွင် တစ်ပိဿာလျှင် ကျပ် ၄၉၀ဝ မှ ၅၂၀ဝ အထိ ‌ဈေးနှုန်းဖြစ်ပေါ်လျက်ရှိကြောင်း ကော့ကရိတ်မြို့ရှိ သီဟိုဠ်စေ့ အဝယ်ဒိုင်လုပ်ငန်းရှင် ဦးလှရွှေက ပြောသည်။

Pages