Main menu

Background

Wednesday, 15 Jun 2016

        ကသာခရိုင်က ဆန်စပါးစိုက်ပျိုး မှုများတဲ့ ဒေသဖြစ်တဲ့အတွက် ဒီလုပ် ငန်းကို အမှီပြုကာ  စပါးခြွေလှေ့စက် ထုတ်လုပ်တဲ့ ဒေသတွင်းစက်မှုလုပ်ငန်း များ တည်ထောင်ခဲ့ကြပြီး  ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ လည်း ရရှိခဲ့ကြပါတယ်။ ကသာခရိုင်အတွင်း မှာ စပါးခြွေလှေ့စက်၊ စက်ရုံ ၁၆ရုံရှိပြီး စပါးေခြွေလှေ့စက် ၁၈၁၇ လုံးရှိတယ် လို့ စီမံကိန်းစာရင်းများအရသိရပါ တယ်။ ယခုစက်မှုလယ်ယာပြောင်းလဲမှု နဲ့ စပါးခြွေလှေ့စက်ထက် ပိုမိုအဆင် ပြေတဲ့ ရိတ်သိမ်းခြွေလှေ့စက်  Combine Harvester  ပြောင်းလဲသုံးစွဲလာ တဲ့အတွက် ရိုးရိုးခြွေလှေ့စက် လုပ်ငန်း ရှင်များ အရောင်းအဝယ်ပါးတယ်လို့ ခြွေလှေ့စက်လုပ်ငန်းရှင်များထံမှ သိရ ပါတယ်။

Wednesday, 15 Jun 2016

       ပြည်ဈေးကွက်သို့  မင်းတုန်း၊ ကံမနဲ့ရခိုင်ပြည်နယ် မာန်အောင်ဘက်မှ မြေပဲဆန် တစ်နေ့လျှင် အိတ် ၅၀၀ ခန့်သာ အဝင်ရှိတော့သဖြင့် အဝင်နည်းလာတာ တွေ့ရပါတယ်။ မြေပဲဆန်၊ ဆီဆန်ကို မြို့တွင်းဆီစက်နဲ့ မကွေးဆီ စက်များက အဝယ် ရှိနေသဖြင့် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် တစ်ပိဿာကို ကျပ် ၁၀၀ ဈေးမြင့်လာတာတွေ့ရပါတယ်။ စားသုံးသူများက နှမ်းဆီထက်မြေပဲဆီကို စားသုံးကြသဖြင့် မြေပဲဆီဈေးမှာ နှမ်းဆီဈေး ထက်ပိုမြင့်နေတာတွေ့ ရပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၂၃၀၀ ဖြင့် ယခင်တစ်ပတ်ထက်ဈေးပိုလာပြီး မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၅၂၀၀ဖြင့် ဈေးမြင့်လာတာ တွေ့ရပါတယ်။ လုံးဆန်ကို ရန်ကုန်၊ မန္တလေးဝယ်လက်များက ဝယ်နေသော်လည်း

Wednesday, 15 Jun 2016

     မေ ၂၉ရက်မှ ဇွန် ၂ ရက်သီတင်းပတ်အတွင်း နနွင်း ၃၅၇ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဘင်္ဂလား ဒေရှ့်သို့ ၅၆ တန်၊ အိန္ဒိယသို့ ၅၆ တန်၊ မလေးရှားသို့ ၁၆၅ တန်နဲ့  စင်ကာပူသို့ ၈၀ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့မှုမှာ ၇ တန်ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၃၅၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၇၁၃၈၆ ဝင် ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလမှာ နနွင်း တန်ချိန် ၁၁၇၀ ကျော် တင်ပို့နိုင်ခဲ့ပြီး မေလမှာ တန်ချိန် ၆၅၀ ကျော်တင်ပို့နိုင်ခဲ့တ

Tuesday, 14 Jun 2016

             ဆီပန့်အငယ်များဖြင့် စက်သုံးဆီရောင်းချနေသည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများအတွက်စက်သုံးဆီ ဖြန့်ဖြူးရောင်း ချခွင့်လိုင်စင် ထုတ်ပေးနိုင်ခြင်းမရှိကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

Tuesday, 14 Jun 2016

          မုံရွာကုန်စည်ဒိုင် ဇွန်ပထမပတ်ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအား မြင့်မားလာတာကြောင့် ငုံနီနဲ့စိမ်းကြီးတို့ ဈေးအနည်းငယ်တက် လာခဲ့သလို အရောင်းအဝယ်ပါ သွက်လာခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ရက် သတ္တပတ်က တစ်တင်း ကျပ် ၄၆၃၀၀ အထိကျ ဈေးဖြစ်ပေါ်ခဲ့တဲ့ ငုံနီမှာ ယခုတစ်ပတ် ဝယ်လိုအားသွက်လာလို့ တစ်တင်း ကျပ် ၄၈၄၀၀ အထိ ဈေးအမြင့်ဆုံးတက်ခဲ့ပြီး အရောင်းအဝယ် အနေနဲ့ တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင်ြ ဖစ် နိုင်တယ်လို့ လေ့လာသိရှိရပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းဈေးကွက်မှာလည်း နယ်စုံက ခပ်ပါးပါးသာ ဒိုင်ကိုဝင်ရောက်ခဲ့ပြီး ဝယ်လိုအားမြင့်မားမှုရှိလို့ စိမ်းကြီးတစ်တင်း ကျပ် ၃၁၅၀၀ မှ  ကျပ်၃၃၀၀၀၊ စိမ်းသေးက တစ်တင်း ကျပ် ၂၆၀၀၀ မှ

Tuesday, 14 Jun 2016

          မေ ၂၉ရက်မှ ဇွန် ၄ ရက် သီတင်း ပတ်အတွင်း နို့ဆီ/နို့စိမ်း ၅၇၁ ဒသမ ၃၂ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းတံဆိပ်တစ်မျိုးသာတင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်  သီတင်းပတ် နို့ဆီ/နို့စိမ်းအဝင်မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ တာဖြစ်ပါတယ်။

Tuesday, 14 Jun 2016

          ယခုတစ်ပတ်အတွင်း  ပြည်တွင်းရွှေဈေးများသည် ကျပ်တစ်သောင်းနီးပါး မြင့်တက်ခဲ့ကြောင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက် လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြ စ်ပြီး ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်လာမှုကြောင့်လည်း ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ ရွှေဈေးများမြင့်တက်လာမှုကြောင့် ဈေးကွက်အတွင်း ပြန်လ ည်ရောင်း ချသူများ များပြားလာခဲ့ကြောင်း သိရသည်။

Tuesday, 14 Jun 2016

             ပဲခူးတိုင်း ဒေသကြီးအတွင်း ဆောင်းပဲ၊ မိုးပဲဆိုပြီး အခြားပဲများ စိုက် ပျိုးမှု များရှိသော်လည်း၊ ထောပတ်ပဲ သီးနှံကတော့ ဆောင်းပဲအဖြစ် စိုက်ပျိုး တဲ့အတွက် စိုက်ဧက အနည်းငယ်သာရှိကာ ပြည်ခရိုင်အတွင်း ရှိ ရွှေေ တာင်မြို့ နယ်နှ င့်  ပန်းတောင်းမြို့နယ်များတွင်သာ စိုက်ဧက လေးထောင်ကျော်စိုက်ပျိုး ခဲ့ပါတယ်။ ဒါကြောင့်  ပဲဈေးကွက်မှာ အရောင်းအဝယ်နည်းကာ  ပဲပေါ်ချိန် ကာလ တွင်သာ အရောင်းအဝယ်သွက် ခဲ့ပါတယ်။ နောက်ပိုင်း ကာလများတွင် အရောင်းအဝယ်အေးပြီး လက်လီဝယ် ယူမှုများသာရှိခဲ့ကြပါတယ်။ ထောပတ် ပဲသီးနှံမှာ ယခုနှစ်အတွင်း ဈေးအေးခဲ့ တဲ့အတွက် တစ်တင်း ကျပ် ၁၅၀၀၀ ဖြင့် ဈေးကွက်အတွင်း ဈေးအနိမ့်ဆုံး ရခဲ့ပါတယ်။ ဧပြီလ

Tuesday, 14 Jun 2016

            ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ ဇွန် ၁၀ ရက် လက်ကား ဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ အလတ်စ  ဆန်တစ်အိတ် ၃၂၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ထိပ်စ ဆန်တစ် အိတ်ကို ၅၀၀ ကျပ်ခန့်  ဈေးမြင့်လာ ပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်ဖြစ်လို့  ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း၊ နယ်စုံပေါ်ဆန်းဆန် များကတော့ ထိပ်စ တစ်အိတ် ၃၃၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၂၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ် ပတ်နဲ့  ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ဆန်လတ်စ  တစ်အိတ် ၅၀၀ ကျပ်ခန့် ဈေးမြင့်လာကြောင်း ဝါးတန်းကုန်စည် ဒိုင် ဈေးနှုန်းများ အရ စိစစ်တွေ့ရ

Wednesday, 8 Jun 2016

          ပြည်ပဲဈေးကွက်မှာ ပဲပေါ်ချိန်ကာလတွင်သာ ပဲလွန်းဖြူသီးနှံအနေဖြင့် လက်လီ/လက်ကားအဝယ်လိုက်ခဲ့သော်လည်း ကျန်အချိန်များတွင် လက်လီသမားလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲလက်ကျန်ကလည်း အနည်း ငယ်သာရှိခဲ့ပါတယ်။ နေ့စဉ်အရောင်းအဝယ်ရှိခဲ့ပေမယ့် အိတ်အနည်းငယ်သာ ရောင်းချခဲ့ကြပါတယ်။ မေလအတွင်းကတည်းက ပဲဈေးနှုန်းတစ်တင်းကျပ် ၂၁၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် ဈေးငြိမ်နေခဲ့ တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခင်နှစ်က နှစ်ကုန်ခါနီးအချိန်တွင် ပဲဈေးအားလုံးလိုလိုမြင့်တက်ခဲ့ကြတဲ့အတွက် ပြည်ပဝယ်လက်ပဲရော၊ ပြည်တွင်းဝယ်လက်များပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ပဲပုပ်နှင့်ထောပတ်ပဲမှ လွဲလျှင် ဈေးေ ကာင်း ရရှိခဲ့ကြပါတယ်။  ဖေဖော်ဝါရီလမ

Pages