ပြည်ခရိုင်အတွင်းမှ အခြေခံစားသောက်ကုန် ဈေးနှုန်းအခြေအနေ
ပြည်ခရိုင်အနေဖြင့် စက်တင်ဘာလ နောက်ဆုံးပတ် တွင် ဧည့်မထဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀ ဈေးရှိပြီး တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ နှုန်းဖြင့် ဆန်ဆိုင်နှင့် ဆန်ပွဲရုံများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိသည်။ ဆီဈေး နှုန်းအနေဖြင့် ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀ ၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၆၅၀ဝ နှင့် စားအုန်းဆီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ဈေးရှိသည်။