နှမ်းသီးနှံမှတစ်ဆင့် စားသုံးဆီသို့
နှမ်းသီးနှံကို လူအများက နှမ်းဆီကြိတ်၍ စားသုံးကြသလို နှမ်း သီးနှံအတိုင်းကို လိုအပ်သလိုပြုလုပ်၍ စားသုံးကြသည်။ နှမ်းသီးနှံ ကို ဆီကြိတ်၍ စားသုံးလျှင် ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေ သည်။ နှမ်းသီးနှံတစ်တင်းကို ဆီကြိတ်လျှင် ဆီခြောက်ပိဿာခန့်ထွက် ရှိပြီး နှမ်းဖတ်ငါးပိဿာခန့် ထွက်ရှိသည်။ နှမ်းကို ဆီကြိတ်ရာတွင် နှမ်းနီကို အဓိကထား၍ ဆီကြိတ်ကြပြီး နှမ်းနီမရှိလျှင် နှမ်းနက်ကို ဆီကြိတ်ကြသည်။ နှမ်းနီကို ဆီကြိတ်လျှင် ဆီအထွက်နှုန်းကောင်းပြီး နှမ်းနက်ကို ဆီကြိတ်လျှင် ဆီအထွက်နှုန်းနည်းပြီး ဆီအရောင်မှာ အနည်းငယ် မည်းတတ်သည်။ နှမ်းနီမှထွက်ရှိသောဆီမှာ စားသုံးရန် သင့်တော်ပြီး နှမ်းနက်မှထွက်ရှိသော